28-Sep-2021 ခ်ဲလ္ဆီး သတင္းမ်ား

[UNICODE]

0-Getty-Images-1313690791
IMAGE: GOAL

⚽ စပါးဂိုးသမားလိုရစ်ကတော့ ချဲလ်ဆီးနဲ့ မိမိတို့အသင်းအကြား နှိုင်းယှဉ်မှုတွေက အဓိပ္ပာယ်မရှိကြောင်း၊ လက်ရှိမှာတော့ ချဲလ်ဆီးဟာ မိမိတို့အသင်းထက် များစွာပိုကောင်းကြောင်း၊ ချဲလ်ဆီးက ဆုဖလားတွေများစွာလည်း ရယူထားကြောင်း၊ မိမိတို့က တိုးတက်ဖို့ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

⚽ လက်ရှိအချိန်မှာ စပိန်အသင်းရဲ့ အကောင်းဆုံး ကစားသမားစာရင်းမှာ ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ပီကျူတာက အဆင့် ၂ နေရာမှာ သတ်မှတ်ခံခဲ့ရပါတယ်။ စပိန်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ဘာစီလိုနာကြယ်ပွင့် ပတ်ဒရီက ရှိနေတာပါ။

Declan-Rice-1
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအနေနဲ့ ချဲလ်ဆီး ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူ ဒီလန်ရိုက်ကို ပေါင်သန်း ၉၀ ရရင် ရောင်းထုတ်သွားမှာဖြစ်ကြောင်း Football Insider ကဖော်ပြထားပါတယ်။

gf9xiuiuaggrjn7w3mfg
IMAGE: GOAL

⚽ ချဲလ်ဆီးပရိသတ်တွေကတော့ ပဲလေ့စ်ကိုအငှားချထားတဲ့ ကွင်းလယ်ကြယ်ပွင့် ဂယ်လင်ဟာရဲ့ ခြေစွမ်းကို သဘောကျနေကြပီး လာမဲ့ရာသီ တူချယ်ရဲ့အသင်းမှာ နေရာပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်နေကြပါတယ်။

Liverpool-v-Chelsea-Premier-League-f4fd570e5ed9748197f7834de364c8c4
IMAGE: GOAL

⚽ လက်ရှိအချိန်မှာ ပြင်သစ်အသင်းရဲ့ အကောင်းဆုံး ကစားသမားစာရင်း ထွက်ပေါ်လာခဲ့ရာ ချဲလ်ဆီးကွင်းလယ်လူ ကန်တီက အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ ပြင်သစ်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ဘန်ဇီမာ ရှိနေပြီး အဆင့် ၂ နေရာမှာတော့ အမ်ဘာပေက ရှိနေတာပါ။

rio-ferdinand-chelsea-man-city
IMAGE: GOAL

⚽ မန်ယူနောက်ခံလူဟောင်း ဖာဒီနန်ကတော့ ချဲလ်ဆီးနည်းပြတူချယ်အနေနဲ့ မန်စီးတီးနဲ့ပွဲမှာ နည်းစနစ်ပိုင်းအမှားတွေ များစွာကျူးလွန်ခဲ့ကြောင်း၊ ဒီလိုပုံစံနဲ့ ချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မလားဆိုတာ သံသယဖြစ်ဖွယ်ကောင်းကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

sipa-35189260-1
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနည်းပြတူချယ်က ဒဏ်ရာပြဿနာ ရင်ဆိုင်နေရတဲ့ ကွင်းလယ်လူ မစ်ဆန်မောင့်အနေနဲ့ ဂျူဗင်တပ်နဲ့ ယှဉ်ပြိုင်မဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ပါဝင်ကစားဖို့ မသေချာကြောင်း ဖွင့်ဟခဲ့ပါတယ်။

skysports-tammy-abraham-roma-5492806
IMAGE: GOAL

⚽ စပါးတိုက်စစ်မှူးဟောင်း Garth Crooks က ချဲလ်ဆီးအနေနဲ့ တိုက်စစ်မှူး အေဘရာဟမ်ချ်ကိုရောင်းထုတ်ပြီး တီမိုဝါနာကို ဆက်ထိန်းခဲ့တာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။ လက်ရှိမှာအေဘရာဟမချ်အနေနဲ့ စီးရီးအေမှာ ခြေစွမ်းပြလျက် ရှိနေတာပါ။

[ZAWGYI]

0-Getty-Images-1313690791
IMAGE: GOAL



Declan-Rice-1
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


sipa-35189260-1
IMAGE: GOAL


IMAGE: GOAL

⚽ စပါးတိုက်စစ်မှူးဟောင်း Garth Crooks က ချဲလ်ဆီးအနေနဲ့ တိုက်စစ်မှူး အေဘရာဟမ်ခ်ျကိုရောင်းထုတ်ပြီး တီမိုဝါနာကို ဆက်ထိန်းခဲ့တာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။ လက်ရှိမှာအေဘရာဟမခ်ျအနေနဲ့ စီးရီးအေမှာ ခြေစွမ်းပြလျက် ရှိနေတာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!