28-Sep-2021 မန်ချက်စတာယူနိုက်တက် သတင်းများ

[UNICODE]

599734008-0
IMAGE: GOAL

⚽ မန်ယူဂန္ထဝင်နည်းပြဟောင်း ဖာဂူဆန်က သူကိုင်တွယ်နေတဲ့ သက်တမ်းတစ်လျှောက်မှာ အင်တာမီလန် ကွင်းလယ်လူဟောင်း ရှနိုက်ဒါနဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့ပေမဲ့ လက်တွေ့မှာတော့ သူ့အနေနဲ့ရှနိုက်ဒါကို ခေါ်ယူဖို့ လုံး၀ စိတ်ဝင်စားခဲ့ခြင်း မရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

bruno-fernandes-gary-neville
IMAGE: GOAL

⚽ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ကွင်းလယ်လူ ဖာနန်ဒက်စ်အနေနဲ့ ပင်နယ်တီကို လွဲအောင်ကန်ပြီးမှ ပြန်တောင်းပန်တဲ့ပုံစံက အရှက်ရဖွယ်ဖြစ်ကြောင်း၊ ဖာနန်ဒက်စ်အနနဲ့ သူ့ PR Team ကို အလုပ်ထုတ်ပစ်သင့်ကြောင်း ဝေဖန်ခဲ့ပါတယ်။

LONDON-ENGLAND-JULY-24-Juan-Mata-of-Manchester-United-during-the-pre-season-friendly-between-Queens
IMAGE: GOAL

⚽ မန်ယူဝါရင့် တောင်ပံကစားသမား မာတာအနေနဲ့ သူ့အနေနဲ့ ပြန်လည် သုံးသပ်လျက်ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ၃၃ နှစ်အရွယ် ကစားသမားရဲ့ စာချုပ်သက်တမ်းဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး မာတာအနေနဲ့ ဇန်နဝါရီမှာပဲ အသင်းပြောင်းရွှေ့ဖွယ် ရှိနေတာပါ။

Getty-Images-1234863040
IMAGE: GOAL

⚽ မန်ချက်စတာယူနိုက်တက်အနေနဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်ရဲ့ ကြံ့ခိုင်မှု အနေအထားကို အထောက်အကူပြုနိုင်ဖို့ တံခါးပိတ်ခြေစမ်းပွဲ ကစားသွားမှာဖြစ်ကြောင်း သိရပါတယ်။ ရက်ဖို့ဒ်အနေနဲ့ နိုင်ငံတကာ ရက်သတ္တပတ်အပြီးမှ ပြန်ကစားနိုင်မှာဖြစ်ပြီး အဲဒီကာလအတွင်း မန်ယူဟာ ခြေစမ်းပွဲ ကစားဖို့ စီစဉ်နေတာပါ။

Getty-Images-1235369184
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အနေနဲ့ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီလန်ရိုက်အစား ဒေ့ါမွန်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ခေါ်ယူသင့်တာဖြစ်ကြောင်း ဂယ်ရီနဗီးလ်က အကြံပြုတိုက်တွန်းခဲ့ပါတယ်။

kalvin-phillips-manchester-united-gfx-v9hogsglidjt1ep9vmynzkkc5
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အနေနဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့အတွက် ဒီလန်ရိုက်အစား လိဒ်စ်ကြယ်ပွင့် ကီဗင်ဖီးလစ်ဘက်ကို မြားဦးလှည့်လာခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားပါတယ်။ ဖီးလစ်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်နဲ့အတူ ခြေစွမ်းပြပြီး ထွန်းတောက်လာခဲ့သူပါ။

⚽ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကတော့ လက်ရှိမန်ယူရဲ့ အကောင်းဆုံးလူစာရင်းကို ရွေးချယ်ခဲ့ရာမှာ ရက်ဖို့ဒ်နဲ့ ဆန်ချိုတို့ကို ချန်လှပ်သွားခဲ့ပါတယ်။ ဂိုးသမားနေရာအဖြစ် ဒီဂီယာ၊ နောက်တန်းအဖြစ် လုရှောခ်၊ မက်ဂွဲရား၊ ဗာရာနီ၊ ဘစ်ဆာကာ၊ ကွင်းလယ်မှာ တွမ်မီနေး၊ ပေါ့ဂ်ဘာ၊ ဖာနန်ဒက်စ်၊ တိုက်စစ်မှာ ကာဗာနီ၊ ရော်နယ်ဒိုနဲ့ ဂရင်းဝုဒ်တို့ကို ရွေးချယ်သွားခဲ့တာပါ။

paul-pogba
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အနေနဲ့ စာချုပ်သစ်အတွက် ကွင်းလယ်လူ ပေါ့ဂ်ဘာရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြောင်း ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ မန်ယူဟာ ပေါ့ဂ်ဘာကို စာချုပ်သစ်အတွက် ကမ်းလှမ်းခဲ့ပြီးပြီဖြစ်ကြောင်း၊ ပေါ့ဂ်ဘာအနေနဲ့ လက်ရှိပုံစံတွေကြောင့် မန်ယူမှာ နေရတာပျော်နေပေမဲ့ အဖြေမပေးသေးကြောင်း သိရပါတယ်။

[ZAWGYI]

599734008-0
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အနေနဲ့ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ ၀က်စ်ဟမ်းကွင်းလယ်လူ ဒီလန်ရိုက်အစား ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ခေါ်ယူသင့်တာဖြစ်ကြောင်း ဂယ်ရီနဗီးလ်က အကြံပြုတိုက်တွန်းခဲ့ပါတယ်။

IMAGE: GOAL



paul-pogba
IMAGE: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!