28-Sep-2021 အာဆင္နယ္သတင္းမ်ား

[UNCIODE]

comp-1632724915
IMAGE: GOAL

⚽ အီယန်ရိုက်ကတော့ စပါးနဲ့ပွဲက ကွင်းလယ်လူ အိုဒီဂတ်ရဲ့စွမ်းရည်ကို ချီးကျူးခဲ့ပြီး အိုဒီဂတ်ဟာ အာဆင်နယ်ကို ခြားနားခြင်းတွေ ယူဆောင်လာပေးမဲ့ကစားသမားဖြစ်ကြောင်း၊ အိုဒီဂတ်ဟာ အလွန်တည်ငြိမ်သူဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

d258ecec012070aadf200c256f30cdd6
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်ဟာ လာမဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ အာဆင်နယ်ကွင်းလယ်လူ မစ်လန်းနိုင်းလ်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားဦးမှာ ဖြစ်ပါတယ်။ မစ်လန်းနိုင်းလ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အဲဗာတန်ကိုမပြောင်းခဲ့ရလို့ စိတ်ပျက်နေခဲ့သူ ဖြစ်ပါတယ်။

⚽ စပါးကို အနိုင်ရခဲ့တဲ့ပွဲမှာ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဆာကာနဲ့ စမစ်ရို့စ်တို့က အရေးပါခဲ့ကြောင်း၊ အာဆင်နယ်ဟာ အထူးသဖြင့် ပထမပိုင်းမှာ ကစားပုံ အလွန်ကောင်းခဲေ့ကြာင်း အဲဒီပွဲကို ကိုယ်တိုင်ကိုယ်ကျလာကြည့်ခဲ့တဲ့ အွန်နရီက မှတ်ချက်ပြုခဲ့ပါတယ်။

Getty-Images-1235519931
IMAGE: GOAL

⚽ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကတော့ စပါးကိုနိုင်ခဲ့တဲ့ပွဲမှာ အာဆင်နယ်နည်းပြအာတီတာရဲ့ နည်းစနစ်ပိုင်းမှန်ကန်ခဲ့ကြောင်း ချီးကျူးခဲ့ပါတယ်။ “အာဆင်နယ်ရဲ့ တန်ပြန်တိုက်စစ်တွေကောင်းခဲ့ပြီး အာတီတာရဲ့ Game Plan ကကောင်းမွန်ခဲ့ပါတယ်”လို့ နဗီးလ်က မှတ်ချက်ပြုခဲ့ပါတယ်။

Getty-Images-1342815779-1
IMAGE: GOAL

⚽ အာဆင်နယ်ကစားသမားဟောင်း မာတင်ကီအွန်က အာဆင်နယ်ရဲ့ တိုက်စစ် ၄ ယောက်တွဲဖြစ်တဲ့ အူဘာ၊ စမစ်ရို့စ်၊ ဆာကာနဲ့ အိုဒီဂတ်တို့ဟာ ဒီပုံစံအတိုင်းဆိုရင် ပြောစမှတ်တွင်တဲ့ တိုက်စစ်အတွဲဖြစ်လာနိုင်ကြောင်း၊ သူတို့ရဲ့ ရွေ့လျားမှု၊ ချိတ်ဆက်ပုံတွေက ကောင်းမွန်ကြောင်း၊ ဆာကာနဲ့ စမစ်ရို့စ်တို့က အံ့ဖွယ်ဖြစ်ပြီး အိုဒီဂတ်ရဲ့အမြင်နဲ့ အူဘာရဲ့ လှုပ်အားတို့ကလည်း ကောင်းမွန်ကြောင်း ဆိုခဲ့ပါတယ်။

Getty-Images-1342888503
IMAGE: GOAL

⚽ အာဆင်နယ်နောက်ခံလူဟောင်း ဆိုးကမ်းဘဲလ်က စပါးနဲ့ပွဲမှာ ဂိုးသမားရမ်ဒေးလ်ရဲ့ လက်စွမ်းကအားရစရာကောင်းခဲ့ကြောင်း၊ ရမ်ဒေးလ်အနေနဲ့ ၃-၂ ဖြစ်သွားနိုင်တဲ့ မော်ရာရဲ့ ကန်သွင်းချက်ကိုကာကွယ်နိုင်ခဲ့ကြောင်း၊ ရမ်ဒေးလ်ရဲ့ ပုံစံကိုမြင်တွေ့ရတာ ကျေနပ်စရာကောင်းကြောင်း ဖွင့်ဟခဲ့ပါတယ်။

Getty-Images-1342899961
IMAGE: GOAL

⚽ စပါးကွင်းလယ်လူဟောင်း အိုဟာရာကတော့ စပါးကို အနိုင်ယူပြီး အလွန်အကျူးအောင်ပွဲခံနေတဲ့ အာဆင်နယ်ပရိသတ်တွေကို မျက်စီဆံပင်မွှေးစူးနေပါတယ်။ အာဆင်နယ်ဟာ သာမန်အဆင့်မျှရှိတဲ့ စပါးကို အနိုင်ယူခဲ့တာဖြစ်ကြောင်း၊ ဒါကို အာဆင်နယ်ပရိသတ်တွေက ဖလားရသလို အောင်ပွဲခံနေကြကြောင်း အိုဟာရာက ဖွင့်ဟခဲ့ပါတယ်။

Getty-Images-1342916192
IMAGE: GOAL

⚽ အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်က သူတို့အသင်းသားအနေနဲ့ မန်စီးတီးကို ရှုံးနိမ့်ပြီးချိန်မှာ တွေ့ဆုံဆွေးနွေးခဲ့ကာ ရလဒ်ဆိုးတွေကို တွန်းလှန်နိုင်ဖို့ အဖြေရှာခဲ့ကြကြောင်း၊ လက်ရှိမှာတော့ သူတို့အနေနဲ့ပုံစံကောင်းကို ပြနေနိုင်တယ်လို့ ထင်မြင်မိပြီး အကောင်းဆုံးရှေ့ဆက်သွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

[ZAWGYI]

comp-1632724915
IMAGE: GOAL


IMAGE: GOAL



IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!