28-Sep-2021 Tea Break သတင္းမ်ား
[UNICODE]
0-Getty-Images-515909936
IMAGE: GOAL
⚽ မန်ယူဂန္ထဝင်နည်းပြ ဖာဂူဆန်က သူ့ရဲ့ နည်းပြဘဝတစ်လျှောက်မှာ နယးူကာဆယ်ကနေ ဂတ်ကွိုင်နီကို အရမခေါ်နိုင်ခဲ့တာကို နောင်တအရဆုံးဖြစ်ကြောင်း၊ ဂတ်ကွိုင်နီဟာ အံ့ဖွယ်ကစားသမားဖြစ်ပြီး မန်ယူကိုသာ ပြောင်းလာခဲ့ရင် ပိုပြီးတောက်ပခဲ့မှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ မန်ယူဟာ ၁၉၉၈ ခုနှစ်အတွင်း နုယူးကာဆယ်ကနေ ဂတ်ကွိုင်နီကို ခေါ်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ နောက်ဆုံးမှာ စပါးကိုသာ ပြောင်းရွှေ့ခဲ့ပါတယ်။
Ac-Milan-Cagliari-Calcio-Franck-Kessie-of-Ac-Milan-in-action-during-the-Serie-A-match-between-Ac-Mil
IMAGE: GOAL
⚽ အေစီမီလန်ကွင်းလယ်လူ ကက်ဆီအနေနဲ့ တကယ်လို့ အေစီနဲ့ စာချုပ်သက်တမ်း မတိုးနိုင်ခဲ့ရင် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့က ဦးစားပေးပစ်မှတ်ဖြစ်ကြောင်း သိရပါတယ်။ ၂၄ နှစ်အရွယ် ကွင်းလယ်လူအနေနဲ့ သူ့အနာဂတ်ကို ဇန်နဝါရီမှာ ဆုံးဖြတ်သွားဖွယ် ရှိနေပါတယ်။
Cesar-Azpilicueta-sends-challenging-message-to-Chelsea-fans-after-loss
IMAGE: GOAL
⚽ လက်ရှိအချိန်မှာ စပိန်အသင်းရဲ့ အကောင်းဆုံး ကစားသမားစာရင်းမှာ ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ပီကျူတာက အဆင့် ၂ နေရာမှာ သတ်မှတ်ခံခဲ့ရပါတယ်။ စပိန်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ်ဘာစီလိုနာကြယ်ပွင့် ပတ်ဒရီက ရှိနေတာပါ။
fernandinho-manchester-city-2020-21-81gqzec3ygvw1xwifrgflyo7n
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးဝါရင့်ကွင်းလယ်လူ ဖာနန်ဒင်ဟိုက သူ့အနေနဲ့ မန်စီးတီးကနေ ထွက်ခွာဖို့ နီးစပ်ခဲ့ြ့ပီး ဘရာဇီးကလပ်ထံကနေ ကမ်းလှမ်းမှု ရရှိခဲ့ကြောင်း၊ ဒါပေမဲ့ မန်စီးတီးက စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းလာချိန်မှာ ဇနီးနဲ့ တိုင်ပင်ပြီး ဆက်နေဖြစ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။
Getty-Images-490344485
IMAGE: GOAL
⚽ အာဆင်နယ်နောက်ခံလူဟောင်းကလစ်ချီကတော့ အာတီတာဟာ အာဆင်ဝင်းဂါးလိုမျိုးဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ “အာတီတာက ဗဟုသုတပိုင်း ကြွယ်ဝပြီး ဂွါဒီယိုလာဆီကနေ ကောင်းကောင်း သင်ယူခဲ့ရတာပါ။ သူဟာ ရေရှည်မှာ အာဆင်ဝင်းဂါးနောက်တစ်ယောက် ဖြစ်လာမယ်လို့ ကျွန်တော် ယုံပါတယ်။ အာတီတာကို အချိန်ပေးလိုက်ရင် သူက လူတွေမှားယွင်းကြောင်း သက်သေပြနိုင်မှာပါ”လို့ ကလစ်ချီကဆိုခဲ့ပါတယ်။
kylian-mbappe-erling-haaland-psg-dortmund-gfx-9zhhiqyi8isyzf2sd6acc1l4
IMAGE: GOAL
⚽ လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်အနေနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေနဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းတို့ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက် မြင့်တက်နေကြောင်း သိရပါတယ်။ ရီးရဲအနေနဲ့ လာမဲ့နွေရာသီမှာ အဆို ကစားသမားနှစ်ဦးစလုံးကို ခေါ်နိုင်ဖို့ ပြင်ဆင်နေတာပါ။
Lorenzo-Insigne-1-scaled-e1623086320233
IMAGE: GOAL
⚽ စီးရီးအေကလပ် နာပိုလီအနေနဲ့ အဓိကတိုက်စစ်မှူး အင်ဆစ်ဂ်နီကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ အဆင်မပြေဖြစ်လျက်ရှိနေကြောင်း Calcio Mercato က ဖော်ပြထားပါတယ်။ ၃၀ နှစ်အရွယ်ကစားသမားဟာ လာမဲ့နွေမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ပရီးမီးယားလိဂ်အသင်းတွေထံကနေ စိတ်ဝင်စားဖွယ် ကမ်းလှမ်းမှုမျိုး ရထားတယ်လို့ သိရပါတယ်။
Sevilla-v-Paris-Saint-Germain-Pre-Season-Friendl-2ad932d98a42a69561a7cf5d1d0237a8
IMAGE: GOAL
⚽ ပီအက်စ်ဂျီကွင်းလယ်လူ ဟာရဲရားက ဒီရာသီမှာ ပီအက်စ်ဂျီလောက် ဖိအားများတဲ့အသင်းမရှိကြောင်း၊ သူတို့အနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားကို မဖြစ်မနေ အရယူနိုင်ရမှာဖြစ်ကြောင်း၊ ဒါပေမဲ့ ချန်ပီယံလိဂ်ဖလား ရဖို့က အသင်းတိုင်းရဲ့ အိပ်မက်ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
[ZAWGYI]
0-Getty-Images-515909936
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးဝါရင့်ကွင်းလယ်လူ ဖာနန်ဒင်ဟိုက သူ့အနေနဲ့ မန်စီးတီးကနေ ထွက်ခွာဖို့ နီးစပ်ခြဲ့ပီး ဘရာဇီးကလပ်ထံကနေ ကမ်းလှမ်းမှု ရရှိခဲ့ကြောင်း၊ ဒါပေမဲ့ မန်စီးတီးက စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းလာချိန်မှာ ဇနီးနဲ့ တိုင်ပင်ပြီး ဆက်နေဖြစ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!