28-Sep-2021 အပြောင်းအရွှေ့ သတင်းများ
[UNICODE]
1005309093-1
IMAGE: GOAL
⚽ ဘာစီလိုနာအနေနဲ့ လူငယ်ကြယ်ပွင့် ဖာတီကို ၂ နှစ်စာချုပ်တိုးမြှင့်ဖို့ ကမ်းလှမ်းသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဘာစီလိုနာအနေနဲ့ ၁၈ နှစ်အရွယ်ကြယ်ပွင့်ကို ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး မကြာခင် သက်တမ်းတိုးနိုင်မယ်လို့ ယုံကြည်နေပါတယ်။
Uc-Sampdoria-v-Ac-Milan-Genova-Italy-23-August-2021-Alessio-Romagnoli-of-Ac-Milan-looks-on-during-th
IMAGE: GOAL
⚽ စီးရီးအေထိပ်သီးကလ်ပ အေစီမီလန်အနေနဲ့ အသင်းခေါင်းဆောင် ရိုမန်နိုလီကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ အဆင်မပြေဖြစ်နေကြောင်း သိရပါတယ်။ အေစီမီလန်ဟာ လာမဲ့နွေမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မဲ့ ကစားသမားအတွက် လစာတိုးပေးဖို့ရာ အခက်တွေ့နေပါတယ်။
aurelien-tchouameni-monaco-chelsea-gfx-ibs0yzvvc89k163hj7f2vxtew
IMAGE: GOAL
⚽ စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်ကတော့ ချဲလ်ဆီးပစ်မှတ်ထားနေတဲ့ မိုနာကိုကြယ်ပွင့် Tchouameni ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။ မိုနာကိုကတော့ ၂၁ နှစ်အရွယ် ကြယ်ပွင့်အတွက် ယူရိုသန်း၄၀ ရရင် ရောင်းထုတ်သွားမှာ ဖြစ်ပါတယ်။
d258ecec012070aadf200c256f30cdd6
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်ဟာ လာမဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ အာဆင်နယ်ကွင်းလယ်လူ မစ်လန်းနိုင်းလ်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားဦးမှာ ဖြစ်ပါတယ်။ မစ်လန်းနိုင်းလ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အဲဗာတန်ကိုမပြောင်းခဲ့ရလို့ စိတ်ပျက်နေခဲ့သူ ဖြစ်ပါတယ်။
elnqqr85nnwsh5z4et5d
IMAGE: GOAL
⚽ ဒယ်လက်ကြယ်ပွင့် ရီကာဒို ပါပီကို ခေါ်ယူလိုတဲ့အသင်းတွေထဲ နယ်သာလန်ထိပ်သီးကလပ် အေဂျက်ဇ်လည်း ပါဝင်လာခဲ့ပြီဖြစ်ကြောင်း90min က ဖော်ပြထားပါတယ်။ အဆိုပါ ၁၈ နှစ်အရွယ် အမေရိကန်ကြယ်ပွင့်ကိုဥရောပထိပ်သီးတွေက အပြိုင်ပစ်မှတ်ထားနေကြတာပါ။
kalvin-phillips-manchester-united-gfx-v9hogsglidjt1ep9vmynzkkc5
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အနေနဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့အတွက် ဒီလန်ရိုက်အစား လိဒ်စ်ကြယ်ပွင့် ကီဗင်ဖီးလစ်ဘက်ကို မြားဦးလှည့်လာခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားပါတယ်။ ဖီးလစ်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်နဲ့အတူ ခြေစွမ်းပြပြီး ထွန်းတောက်လာခဲ့သူပါ။
mini-1200x750-lenglet
IMAGE: GOAL
⚽ လာလီဂါကလပ် ဆီဗီးလ်အနေနဲ့ ဘာစီလိုနာနောက်ခံလူ လန်လက်ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ကွန်ဒီရဲ့ အနာဂတ် မရေရာဖြစ်လာချိန်မှာ ဆီဗီးလ်အနေနဲ့နောက်ခံလူသစ် ရှာဖွေလျက် ရှိနေပါတယ်။
orig-555711
IMAGE: GOAL
⚽ နာပိုလီနည်းပြဟောင်း ဂတ်တူဆိုအနေနဲ့ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားလျက် ရှိနေပါတယ်။ နယူးကာဆယ်ဟာ ရလဒ်တွေဆိုးရွားနေတာကြောင့် နည်းပြ စတိဗ်ဘရုကိုထုတ်ပယ်ဖို့ စီစဉ်လျက် ရှိနေတာပါ။
[ZAWGYI]
1005309093-1
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
mini-1200x750-lenglet
IMAGE: GOAL
orig-555711
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!