[UNICODE] လက်စတာ ၂-၂ နာပိုလီ

လက်စတာကတော့ အိမ်ကွင်းမှာ ဦးဆောင်ဂိုးတွေကို မထိန်းနိုင်ဘဲ နောက်ကျချေပဂိုးတွေနဲ့ နစ်နာခဲ့ရပါတယ်။ လက်စတာအနေနဲ့ ခံစစ်ကိုသာ ဦးစားပေးပြီး တန်ပြန်တိုက်စစ်ကို ထိထိရောက်ရောက် အသုံးချနိုင်ခဲ့ပါတယ်။ နာပိုလီဟာ လက်စတာရဲ့ မာကျောလှတဲ့ ခံစစ်ကစားပုံကို ထိုးဖောက်ဖို့ အခက်တွေ့နေခဲ့ပါတယ်။ ၉ မိနစ်မှာ ပီရက်ဇ်၊ ၆၄ မိနစ်မှာ ဟာဗေးဘန်းစ်တို့က လက်စတာအတွက် ဦးဆောင်ဂိုး သွင်းခဲ့ပေမဲ့ ပွဲချိန်နှောင်းပိုင်းမှာ လက်စတာ အာရုံစိုက်မှုလျော့နည်းခဲ့လို့ ချေပဂိုးတွေပြန်ပေးခဲ့ရပြီး အိုရှင်ဟန်တစ်ဦးတည်းက သွင်းခဲ့တာပါ။
ရိန်းနက်စ် ၂-၂ စပါး

စပါးကတော့ ယူရိုကွန်ဖရင့်လိဂ် အဖွင့်ပွဲစဉ်မှာ သရေသာ ကစားနိုင်ခဲ့ပါတယ်။ စပါးအနေနဲ့ ကိန်း၊ ဘာဂ်ဝင်၊ မော်ရာ၊ အစရှိတဲ့ အဓိက တိုက်စစ်ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပြီး ရိန်းနက်စ်ကို ရင်ဆိုင်ခဲ့တာပါ။ ဒါပေမဲ့ ရိန်းနက်စ်ကလည်း အိမ်ကွင်းမှာ စပါးကိ မာမာထန်ထန် တုံ့ပြန်ခဲ့တာဖြစ်လို့ စပါးအခက်တွေ့ခဲ့ရပါတယ်။စပါးအတွက်ဂိုးတွေကို ၁၁ မိနစ်မှာဘလိတ်က OG နဲ့ ၇၆ မိနစ်မှာ ဟော့ဘတ်ချ်တို့က သွင်းခဲ့ပေမဲ့ ရိန်းနက်စ်အတွက် ချေပဂိုးကိေုတာ့ ၂၃ မိနစ်မှာ တက်ချ်နဲ့၇၁ မိနစ်မှာ လာဘော်ဒီတို့က သွင်းခဲ့တာပါ။ ဒီပွဲမှာ မော်ရာနဲ့ ဘာဂ်ဝင်းတို့ရဲ့ ဒဏ်ရာပြဿနာကလည်း စပါးအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။
ဒိုင်နမိုဇာဂရက် ဝ-၂ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းကတော့ အဝေးကွင်းမှာ အနိုင် ၃ မှတ်ရယူပြီး ယူရိုပါလိဂ်မှာ အဖွင့်လှခဲ့ပါတယ်။ ဝက်စ်ဟမ်းအနေနဲ့ ပရီးမီးယားလိဂ်ထက် ကောင်းမွန်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး တစ်ပွဲလုံး စုစည်းမှုအပြည့်နဲ့ ကစားနိုင်ခဲ့တာပါ။ အိမ်ရှင်အသင်းဟာ ဂိုးပေါက်တစ်ကြိမ်တောင် တည့်ခဲ့ခြင်းမရှိဘဲ ဝက်စ်ဟမ်းအတွက် ဂိုးတွေကိုတော့ အန်တိုနီယိုနဲ့ ဒီလန်ရိုက်တို့က သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီလန်ရိုက်(၂၂ နှစ်၊ ၂၄၅ ရက်)ဟာ ၁၉၉၉-၀၀ ရာသီက လမ်းပတ်(၂၁ နှစ်၊ ၈၈ ရက်)နောက်ပိုင်း ဥရောပအဓိကပြိုင်ပွဲမှာ ဝက်စ်ဟမ်းအတွက် အသက်အငယ်ဆုံး ဂိုးသွင်းနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

⚽ အာဆင်နယ်ပရိသတ်တွေကတော့ အီတလီကွင်းလယ်လူ လိုကာတယ်လီကို ရအောင်မခေါ်နိုင်ခဲ့တဲ့ အသင်းရဲ့ ဆုံးဖြတ်ချက်ကို နောင်တရလျက် ရှိနေပါတယ်။ လက်ရှိမှာ လိုကာတယ်လီအနေနဲ့ ဂျူဗင်တပ်အတွက်ခြေစွမ်းပြကစားနေတာပါ။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ လိုကာတယ်လီကို ကြိုးပမ်းခဲ့သေးပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာလူငယ်ကြယ်ပွင့် ဖာတီဟာ နူးကမ့်မှာသာ ဆက်နေလိုပြီး တခြားဘယ်အသင်းကိုမှ ပြောင်းရွှေ့မှာ မဟုတ်ကြောင်း သိရပါတယ်။ လက်ရှိမှာဖာတီဟာ ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်နေရပြီး ဘာစီလိုနာက သူ့ကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ကြိုးပမ်းနေပါတယ်။

⚽ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအတွင်း အသင်းခေါင်းဆောင် ခန့်အပ်မှုပိုင်းနဲ့ ပတ်သက်ပြီး အပြောင်းအလဲ အနည်းငယ်ဖြစ်ပေါ်ခဲ့ပါတယ်။ ဖာနန်ဒင်ဟိုက ပထမခေါင်းဆောင်၊ ဂန်ဒိုဂန်က ဒုတိယခေါင်းဆောင်ဖြစ်ပြီး ဒီရက်စ်က ဒီဘရိုင်းကိုကျော်ကာ တတိယအသင်းခေါင်းဆောင်ဖြစ်လာကာ ဒီဘရိုင်းကတော့ စတုတ္ထနေရာကို ရောက်ရှိသွားခဲ့ရပါတယ်။

⚽ ချဲလ်ဆီးနောက်ခံလူ ရီစီဂျိမ်းစ်က သူ့အနေနဲ့ အိမ်မှာ မရှိစဉ် လူတစ်စုက အိမ်ကို ဖောက်ထွင်းဝင်ရောက်ပြီး ချန်ပီယံလိဂ်နဲ့ ဥရောပစူပါဖလား ရွှေတံဆိပ်ဆုတွေကို ခိုးယူဖို့ ကြိုးပမ်းခဲ့ကြောင်း Instagram မှာ ထုတ်ဖော်ခဲံပါတယ်။ ဒါပေမဲ့ ဖောက်ထွင်းသူတွေအနေနဲ့ ပစ္စည်းတချို့ကို ယူဆောင်သွားနိုင်ပေမဲ့ ရွှေတံဆိပ်ဆုတွေကို ရယူသွားနိုင်ခဲ့ခြင်း မရှိပါဘူး။

⚽ မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က သူ့အသင်းဖော်ဟောင်း ရွန်းနီဟာ ကစားသမားဘဝကတည်းက မန်နေဂျာတစ်ဦးလိုဖြစ်ကြောင်း၊ ရွန်းနီဟာ တစ်ခါတစ်လေ အော်ဟစ်တတ်ပြီး စိတ်ဓာတ်ပြင်းပြသူဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
[ZAWGYI] လက္စတာ ၂-၂ နာပိုလီ

လက္စတာကေတာ့ အိမ္ကြင္းမွာ ဦးေဆာင္ဂိုးေတြကို မထိန္းႏိုင္ဘဲ ေနာက္က်ေခ်ပဂိုးေတြနဲ႔ နစ္နာခဲ့ရပါတယ္။ လက္စတာအေနနဲ႔ ခံစစ္ကိုသာ ဦးစားေပးၿပီး တန္ျပန္တုိက္စစ္ကုိ ထိထိေရာက္ေရာက္ အသံုးခ်ႏုိင္ခဲ့ပါတယ္။ နာပိုလီဟာ လက္စတာရဲ႕ မာေက်ာလွတဲ့ ခံစစ္ကစားပံဳကို ထိုးေဖာက္ဖုိ႔ အခက္ေတြ႕ေနခ့ဲပါတယ္။ ၉ မိနစ္မွာ ပီရက္ဇ္၊ ၆၄ မိနစ္မွာ ဟာေဗးဘန္းစ္တုိ႔က လက္စတာအတြက္ ဦးေဆာင္ဂိုး သြင္းခဲ့ေပမဲ့ ပြဲခ်ိန္ေႏွာင္းပိုင္းမွာ လက္စတာ အာရုံစိုက္မႈေလ်ာ့နည္းခဲ့လို႔ ေခ်ပဂိုးေတြျပန္ေပးခဲ့ရၿပီး အုိရွင္ဟန္တစ္ဦးတည္းက သြင္းခဲ့တာပါ။
ရိန္းနက္စ္ ၂-၂ စပါး

စပါးကေတာ့ ယူရိုကြန္ဖရင့္လိဂ္ အဖြင့္ပြဲစဥ္မွာ သေရသာ ကစားႏုိင္ခဲ့ပါတယ္။ စပါးအေနနဲ႔ ကိန္း၊ ဘာဂ္၀င္၊ ေမာ္ရာ၊ အစရွိတဲ့ အဓိက တိုက္စစ္ကစားသမားေတြနဲ႔ ပြဲထြက္ခဲ့ၿပီး ရိန္းနက္စ္ကို ရင္ဆုိင္ခဲ့တာပါ။ ဒါေပမဲ့ ရိန္းနက္စ္ကလည္း အိမ္ကြင္းမွာ စပါးကိ မာမာထန္ထန္ တုံ႔ျပန္ခဲ့တာျဖစ္လို႔ စပါးအခက္ေတြ႕ခဲ့ရပါတယ္။စပါးအတြက္ဂိုးေတြကို ၁၁ မိနစ္မွာဘလိတ္က OG နဲ႔ ၇၆ မိနစ္မွာ ေဟာ့ဘတ္ခ်္တုိ႔က သြင္းခဲ့ေပမဲ့ ရိန္းနက္စ္အတြက္ ေခ်ပဂိုးကိေုတာ့ ၂၃ မိနစ္မွာ တက္ခ်္န႔ဲ၇၁ မိနစ္မွာ လာေဘာ္ဒီတုိ႔က သြင္းခဲ့တာပါ။ ဒီပြဲမွာ ေမာ္ရာနဲ႔ ဘာဂ္၀င္းတုိ႔ရဲ႕ ဒဏ္ရာျပႆနာကလည္း စပါးအတြက္ ထိုးႏွက္ခ်က္ျဖစ္ခဲ့ပါတယ္။
ဒုိင္နမိုဇာဂရက္ ၀-၂ ၀က္စ္ဟမ္း

၀က္စ္ဟမ္းကေတာ့ အေ၀းကြင္းမွာ အႏုိင္ ၃ မွတ္ရယူၿပီး ယူရိုပါလိဂ္မွာ အဖြင့္လွခဲ့ပါတယ္။ ၀က္စ္ဟမ္းအေနနဲ႔ ပရီးမီးယားလိဂ္ထက္ ေကာင္းမြန္တဲ့ေျခစြမ္းကို ျပသႏိုင္ခဲ့ၿပီး တစ္ပြဲလံုး စုစည္းမႈအျပည့္နဲ႔ ကစားႏုိင္ခဲ့တာပါ။ အိမ္ရွင္အသင္းဟာ ဂိုးေပါက္တစ္ႀကိမ္ေတာင္ တည့္ခဲ့ျခင္းမရွိဘဲ ၀က္စ္ဟမ္းအတြက္ ဂိုးေတြကိုေတာ့ အန္တုိနီယိုနဲ႔ ဒီလန္ရိုက္တို႔က သြင္းခဲ့တာ ျဖစ္ပါတယ္။ ဒီလန္ရိုက္(၂၂ ႏွစ္၊ ၂၄၅ ရက္)ဟာ ၁၉၉၉-၀၀ ရာသီက လမ္းပတ္(၂၁ ႏွစ္၊ ၈၈ ရက္)ေနာက္ပိုင္း ဥေရာပအဓိကၿပိဳင္ပြဲမွာ ၀က္စ္ဟမ္းအတြက္ အသက္အငယ္ဆံုး ဂိုးသြင္းႏုိင္သူအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။

⚽ အာဆင္နယ္ပရိသတ္ေတြကေတာ့ အီတလီကြင္းလယ္လူ လိုကာတယ္လီကို ရေအာင္မေခၚႏုိင္ခဲ့တဲ့ အသင္းရဲ႕ ဆံုးျဖတ္ခ်က္ကို ေနာင္တရလ်က္ ရွိေနပါတယ္။ လက္ရွိမွာ လိုကာတယ္လီအေနနဲ႔ ဂ်ဴဗင္တပ္အတြက္ေျခစြမ္းျပကစားေနတာပါ။ အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ လုိကာတယ္လီကို ႀကိဳးပမး္ခဲ့ေသးေပမဲ့ မေအာင္ျမင္ခဲ့ပါဘူး။

⚽ လာလီဂါထိပ္သီးကလပ္ ဘာစီလုိနာလူငယ္ၾကယ္ပြင့္ ဖာတီဟာ ႏူးကမ့္မွာသာ ဆက္ေနလိုၿပီး တျခားဘယ္အသင္းကိုမွ ေျပာင္းေရႊ႕မွာ မဟုတ္ေၾကာင္း သိရပါတယ္။ လက္ရွိမွာဖာတီဟာ ဒဏ္ရာျပႆနာနဲ႔ရင္ဆုိင္ေနရၿပီး ဘာစီလိုနာက သူ႔ကို စာခ်ဳပ္သက္တမ္းတုိးျမွင့္ဖုိ႔ ႀကိဳးပမး္ေနပါတယ္။

⚽ ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးအတြင္း အသင္းေခါင္းေဆာင္ ခန္႔အပ္မႈပိုင္းနဲ႔ ပတ္သက္ၿပီး အေျပာင္းအလဲ အနည္းငယ္ျဖစ္ေပၚခဲ့ပါတယ္။ ဖာနန္ဒင္ဟိုက ပထမေခါင္းေဆာင္၊ ဂန္ဒိုဂန္က ဒုတိယေခါင္းေဆာင္ျဖစ္ၿပီး ဒီရက္စ္က ဒီဘရိုင္းကိုေက်ာ္ကာ တတိယအသင္းေခါင္းေဆာင္ျဖစ္လာကာ ဒီဘရိုင္းကေတာ့ စတုတၳေနရာကို ေရာက္ရွိသြားခဲ့ရပါတယ္။

⚽ ခ်ဲလ္ဆီးေနာက္ခံလူ ရီစီဂ်ိမ္းစ္က သူ႔အေနနဲ႔ အိ္မ္မွာ မရွိစဥ္ လူတစ္စုက အိမ္ကို ေဖာက္ထြင္း၀င္ေရာက္ၿပီး ခ်န္ပီယံလိဂ္နဲ႔ ဥေရာပစူပါဖလား ေရႊတံဆိပ္ဆုေတြကို ခိုးယူဖုိ႔ ႀကိဳးပမ္းခဲ့ေၾကာင္း Instagram မွာ ထုတ္ေဖာ္ခဲံပါတယ္။ ဒါေပမဲ့ ေဖာက္ထြင္းသူေတြအေနနဲ႔ ပစၥည္းတခ်ိဳ႕ကို ယူေဆာင္သြားႏုိင္ေပမဲ့ ေရႊတံဆိပ္ဆုေတြကို ရယူသြားႏိုင္ခဲ့ျခင္း မရွိပါဘူး။

⚽ မန္ယူေနာက္ခံလူေဟာင္း ဖာဒီနန္က သူ႔အသင္းေဖာ္ေဟာင္း ရြန္းနီဟာ ကစားသမားဘ၀ကတည္းက မန္ေနဂ်ာတစ္ဦးလိုျဖစ္ေၾကာင္း၊ ရြန္းနီဟာ တစ္ခါတစ္ေလ ေအာ္္ဟစ္တတ္ၿပီး စိတ္ဓာတ္ျပင္းျပသူျဖစ္ေၾကာင္း ထုတ္ေဖာ္ခဲ့ပါတယ္။