[UNICODE]

⚽ အာဆင်နယ်နည်းပြအာတီတာကတော့ စပါးနဲ့ပွဲမှာ နောက်ခံလူ ဟိုလ်ဒင်းနဲ့ ဝီလော့တို့ မပါဝင်ရတဲ့အကြောင်းကို ရှင်းပြခဲ့ပါတယ်။ နောက်ခံလူ ဟိုးလ်ဒင်းအနေနဲ့ ကြံ့ခိုင်မှုမပြည့်ဝလို့ မပါဝင်တာဖြစ်ကြောင်း၊ ဝီလော့ခ်မပါတဲ့အကြောင်းကိုရှင်းပြနိုင်တဲ့အချိန်မှာ ရှင်းပြမှာဖြစ်ကြောင်း အာတီတာက ဆိုခဲ့ပါတယ်။

⚽ ဘာစီလိုနာနောက်ခံလူ ဆာဂျီနိုဒက်စ်ဟာ မက်ဆီရဲ့နှုတ်ဆက်ပွဲမှာ ဘက်စကတ်ဘောဂျာစီနဲ့ တက်ရောက်လာခဲ့လို့ ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါဟာ အလေးမထားရာရောက်ကြောင်း၊ ဆာဂျီနိုဒက်စ်ရဲ့လုပ်ရပ်ဟာ စိတ်ပျက်စရာကောင်းကြောင်း ပရိသတ်တွေက ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။

⚽ စီးရီးအေကလပ် ရိုးမားအသင်းဟာ တိုက်စစ်ပိုင်းအတွက် ပီအက်စ်ဂျီတိုက်စစ်မှူး အိုက်ကာဒီကို ခေါ်ယူဖို့ အဓိက ပစ်မှတ်ထားနေကြောင်း Gazzetta dello Sport က ဖော်ပြထားပါတယ်။ မက်ဆီရောက်လာခြင်းကြောင့် ပီအက်စ်ဂျီမှာ အိုက်ကာဒီရဲ့အနာဂတ်က မှေးမှိန်လျက်ရှိနေပြီး ရိုးမားက အရယူခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။

⚽ မန်ချက်စတာယူနိုက်တက်နည်းပြ နည်းပြ ဆိုးလ်ရှား အသင်းတွင်း ပရော်ဖက်ရှင်နယ်အဆန်ဆုံး ကစားသမားကို ရွေးချယ်ခိုင်းခဲ့ရာမှာတော့ ကွင်းလယ်လူ တွမ်မီနေးကို ရွေးချယ်ခဲ့ပါတယ်။ “အသင်းမှာ ပရော်ဖက်ရှင်နယ်ဆန်တဲ့ ကစားသမားတွေအများကြီး ရှိပါတယ်။ ဒါပေမဲ့ ငါအနေနဲ့ တွမ်မီနေးကိုပဲပြောမယ်ဆိုတာ မင်းတို့လည်း သိတယ်မလား”လို့ ဆိုးလ်ရှားက ဖွင့်ဟခဲ့ပါတယ်။

⚽ အင်္ဂလန်ကစားသမားဟောင်း ကလင်းဂျွန်ဆင်ကတော့ ချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့အတွက် ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီလန်ရိုက်ကို ခေါ်ယူဖို့လိုအပ်နေကြောင်း၊ ဒီလန်ရိုက်ဟာ စိတ်ဓာတ် အလွန်ပြင်းပြသူဖြစ်ပြီး ချဲလ်ဆီးနဲ့ လိုက်ဖက်သူဖြစ်ကြောင်း၊ ကန်တီနဲ့ ဒီလန်ရိုက်တို့နဲ့ အတွဲအဖက်ကို သူ့အနေနဲ့မြင်တွေ့လိုကြောင်း ဖွင့်ဟခဲ့ပါတယ်။

⚽ ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်ဟာ လီဗာပူးကွင်းလယ်လူ ချန်ဘာလိန်ကို ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိကြောင်း The Sun က ဖော်ပြထားပါတယ်။ ချန်ဘာလိန်အနေနဲ့ လာမဲ့ရာသီ လီဗာပူးမှာ ပုံမှန်ကစားခွင့်မရပါက အသင်းပြောင်းဖွယ်ရှိနေပြီး သူ့ကို အသင်းဟောင်း ဆောက်သမ်တန်က စိတ်ဝင်စားလာတာပါ။

⚽ စီးရီးအေကလပ် ဆမ်ဒိုးရီးယားအနေနဲ့ အေစီမီလန်ကွင်းလယ်လူ ပိုပီဂါကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်လျက် ရှိနေကြောင်း Calcio Mercato ကဖော်ပြထားပါတယ်။ ဆမ်ဒိုးရီးယားဟာ ၂၂ နှစ်အရွယ်ကြယ်ပွင့်ကိုကနဦး အငှားနဲ့ခေါ်ယူလိုနေတာပါ။

⚽ ဘာစီလိုနာပရိသတ်တွေဟာ ဂျူဗင်တပ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ ပွဲချိန် ၁၀ မိနစ်မှာ မက်ဆီရဲ့နာမည်ကို ဟစ်ကြွေးပြီး အားပေးခဲ့ကြပါတယ်။ ဘာစီလိုနာပရိသတ်တွေအနေနဲ့ လာမဲ့လာလီဂါပွဲစဉ်တွေမှာလည်း မက်ဆီကို သတိရတဲ့အနေနဲ့ ပွဲချိန် ၁၀ မိနစ်တိုင်းမှာ အဲဒီလို မက်ဆီရဲ့နာမည်ကို ဟစ်ကြွေးဖို့ စီစဉ်ထားပါတယ်။
[ZAWGYI]

⚽ အာဆင္နယ္နည္းျပအာတီတာကေတာ့ စပါးနဲ႔ပြဲမွာ ေနာက္ခံလူ ဟိုလ္ဒင္းနဲ႔ ၀ီေလာ့တို႔ မပါ၀င္ရတဲ့အေၾကာင္းကို ရွင္းျပခဲ့ပါတယ္။ ေနာက္ခံလူ ဟိုးလ္ဒင္းအေနနဲ႔ ႀကံ႕ခိုင္မႈမျပည့္၀လို႔ မပါ၀င္တာျဖစ္ေၾကာင္း၊ ၀ီေလာ့ခ္မပါတဲ့အေၾကာင္းကိုရွင္းျပနုိ္င္တဲ့အခ်ိန္မွာ ရွင္းျပမွာျဖစ္ေၾကာင္း အာတီတာက ဆုိခဲ့ပါတယ္။

⚽ ဘာစီလိုနာေနာက္ခံလူ ဆာဂ်ီႏဳိဒက္စ္ဟာ မက္ဆီရဲ႕ႏႈတ္ဆက္ပြဲမွာ ဘက္စကတ္ေဘာဂ်ာစီနဲ႔ တက္ေရာက္လာခဲ့လို႔ ပရိသတ္ေတြရဲ႕ ေ၀ဖန္မႈနဲ႔ ရင္ဆုိင္ခဲ့ရပါတယ္။ ဒါဟာ အေလးမထားရာေရာက္ေၾကာင္း၊ ဆာဂ်ီႏိုဒက္စ္ရဲ႕လုပ္ရပ္ဟာ စိတ္ပ်က္စရာေကာင္းေၾကာငး္ ပရိသတ္ေတြက ေ၀ဖန္ခဲ့ၾကတာ ျဖစ္ပါတယ္။

⚽ စီးရီးေအကလပ္ ရိုးမားအသင္းဟာ တုိက္စစ္ပိုင္းအတြက္ ပီအက္စ္ဂ်ီတုိက္စစ္မွဴး အုိက္ကာဒီကို ေခၚယူဖုိ႔ အဓိက ပစ္မွတ္ထားေနေၾကာင္း Gazzetta dello Sport က ေဖာ္ျပထားပါတယ္။ မက္ဆီေရာက္လာျခင္းေၾကာင့္ ပီအက္စ္ဂ်ီမွာ အိုက္ကာဒီရဲ႕အနာဂတ္က ေမွးမွိန္လ်က္ရွိေနၿပီး ရိုးမားက အရယူေခၚယူႏုိင္ဖုိ႔ ျပင္ဆင္ေနပါတယ္။

⚽ မန္ခ်က္စတာယူႏုိက္တက္နည္းျပ နည္းျပ ဆုိးလ္ရွား အသင္းတြင္း ပေရာ္ဖက္ရွင္နယ္အဆန္ဆံုး ကစားသမားကို ေရြးခ်ယ္ခိုင္းခဲ့ရာမွာေတာ့ ကြင္းလယ္လူ တြမ္မီေနးကို ေရြးခ်ယ္ခဲ့ပါတယ္။ “အသင္းမွာ ပေရာ္ဖက္ရွင္နယ္ဆန္တဲ့ ကစားသမားေတြအမ်ားႀကီး ရွိပါတယ္။ ဒါေပမဲ့ ငါအေနနဲ႔ တြမ္မီေနးကိုပဲေျပာမယ္ဆုိတာ မင္းတုိ႔လည္း သိတယ္မလား”လို႔ ဆုိးလ္ရွားက ဖြင့္ဟခဲ့ပါတယ္။

⚽ အဂၤလန္ကစားသမားေဟာင္း ကလင္းဂၽြန္ဆင္ကေတာ့ ခ်ဲလ္ဆီးအေနနဲ႔ ပရီးမီးယားလိဂ္ဖလားကုိ ရယူႏုိင္ဖို႔အတြက္ ၀က္စ္ဟမ္း ကြင္းလယ္လူ ဒီလန္ရိုက္ကို ေခၚယူဖုိ႔လိုအပ္ေနေၾကာင္း၊ ဒီလန္ရိုက္ဟာ စိတ္ဓာတ္ အလြန္ျပင္းျပသူျဖစ္ၿပီး ခ်ဲလ္ဆီးနဲ႔ လိုက္ဖက္သူျဖစ္ေၾကာင္း၊ ကန္တီနဲ႔ ဒီလန္ရိုက္တုိ႔နဲ႔ အတြဲအဖက္ကို သူ႔အေနနဲ႔ျမင္ေတြ႕လိုေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

⚽ ပရီးမီးယားလိဂ္ကလပ္ ေဆာက္သမ္တန္ဟာ လီဗာပူးကြင္းလယ္လူ ခ်န္ဘာလိန္ကို ေခၚယူဖို႔ ႀကိဳးပမ္းလ်က္ရွိေၾကာင္း The Sun က ေဖာ္ျပထားပါတယ္။ ခ်န္ဘာလိန္အေနနဲ႔ လာမဲ့ရာသီ လီဗာပူးမွာ ပံုမွန္ကစားခြင့္မရပါက အသင္းေျပာင္းဖြယ္ရွိေနၿပီး သူ႔ကို အသင္းေဟာငး္ ေဆာက္သမ္တန္က စိတ္၀င္စားလာတာပါ။

⚽ စီးရီးေအကလပ္ ဆမ္ဒုိးရီးယားအေနနဲ႔ ေအစီမီလန္ကြင္းလယ္လူ ပိုပီဂါကို ေခၚယူဖို႔ ေဆြးေႏြးမႈေတြျပဳလုပ္လ်က္ ရွိေနေၾကာင္း Calcio Mercato ကေဖာ္ျပထားပါတယ္။ ဆမ္ဒိုးရီးယားဟာ ၂၂ ႏွစ္အရြယ္ၾကယ္ပြင့္ကိုကနဦး အငွားနဲ႔ေခၚယူလိုေနတာပါ။

⚽ ဘာစီလိုနာပရိသတ္ေတြဟာ ဂ်ဴဗင္တပ္နဲ႔ ယွဥ္ၿပိဳင္ခဲ့တဲ့ ပြဲစဥ္မွာ ပြဲခ်ိန္ ၁၀ မိနစ္မွာ မက္ဆီရဲ႕နာမည္ကို ဟစ္ေၾကြးၿပီး အားေပးခဲ့ၾကပါတယ္။ ဘာစီလိုနာပရိသတ္ေတြအေနနဲ႔ လာမဲ့လာလီဂါပြဲစဥ္ေတြမွာလည္း မက္ဆီကို သတိရတဲ့အေနနဲ႔ ပြဲခ်ိန္ ၁၀ မိနစ္တိုင္းမွာ အဲဒီလို မက္ဆီရဲ႕နာမည္ကို ဟစ္ေၾကြးဖို႔ စီစဥ္ထားပါတယ္။