25-July-2021 အေျပာင္းအေရႊ႕ သတင္းမ်ား

[UNICODE]

0-Getty-Images-1232879895
IMAGE: GOAL

⚽ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်ဟာ ပစ်မှတ်ထားနေတဲ့ ပီအက်စ်ဗွီတောင်ပံကစားသမား မာလန်းကို လာမဲ့ရက်ပိုင်းအတွင်း ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ဒေါ့မွန်ဟာ မန်ယူကိုပြောင်းရွှေ့သွားတဲ့ ဆန်ချိုရဲ့ နေရာမှာ အစားထိုးဖို့ မာလန်းကို အဓိက ပစ်မှတ်ထားနေတာပါ။

202106180602-main-cropped-1623970977
IMAGE: GOAL

⚽ ယူရို ၂၀၂၀ ပြိုင်ပွဲမှာခြေစွမ်းပြနိုင်ခဲ့တဲ့ နယ်သာလန်ကြယ်ပွင့် ဒန်ဖရိုင်းဟာ စီးရီးအေကလပ် အင်တာမီလန်ကို ပြောင်းရွှေ့လိုလျက် ရှိနေကြောင်း သိရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မိခင်ကလပ် ပီအက်စ်ဗွီကတော့ ရောင်းလိုခြင်းမရှိ ဖြစ်နေပါတယ်။

antoine-griezmann-france-euro-2020-wwhcjabghyum1wackjiymqdaw
IMAGE: GOAL

⚽ ဘာစီလိုနာတိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ တကယ်လို့ အသင်းပြောင်းရွှေ့ရပါက အသင်းဟောင်း အက်သလက်ကိုသာ ပြန်လည်ပြောင်းရွှေ့လိုကြောင်း သိရပါတယ်။ ဘာစီလိုနာဟာ ဘဏ္ဍာရေး လိုအပ်ချက်အရ ဂရစ်ဇ်မန်းကို ရောင်းထုတ်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

clementlenglet-cropped-j9h046b72n5m1tq3jwfhbap6t
IMAGE: GOAL

⚽ ဘာစီလိုနာနောက်ခံလူ လန်လက်ချ်အနေနဲ့ နူးကမ့်မှာသာ ဆက်နေပြီးအောင်မြင်မှုကို ရှာဖွေလိုလျက် ရှိနေကြောင်း သိရပါတယ်။ Mundo Deportivo ရဲ့ ဖော်ပြချက်အရ သူု့ကို ချိတ်ဆက်နေတဲ့အသင်းများစွာ ရှိပေမဲ့ လန်လက်ချ်ကိုယ်တိုင်က အသင်းပြောင်းလိုခြင်း မရှိပါဘူး။

D5-Z1s-Mj-Xs-AADH8g
IMAGE: GOAL

⚽ ဒီဂျွန်တိုက်စစ်မှူး မာမာဘလိတ်ဟာ ထရွိုင်းယက်စ်ကို ပြောင်းရွှေ့တော့မှာဖြစ်ကြောင်း Foot Mercato က ဖော်ပြထားပါတယ်။ ထရွိုင်းယက်စ်ဟာ ဒီဂျွန်နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ဆွေးနွေးနေပြီး အပေါင်းလက္ခဏာဆောင်လျက်ရှိကြောင်း သိရပါတယ်။ ဘလိတ်ဟာ ထရွိုင်ယက်စ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိပြီးပြီလို့ သိရပါတယ်။

denis-zakaria-gladbach-1sef46iuu7sls1trcz1subt4n5
IMAGE: GOAL

⚽ ဘွန်ဒက်လီဂါကလပ် မိုချန်ဂလာဘတ် အားကစားဒါရိုက်တာ မက်အယ်ဘာကတော့ အသင်းရဲ့ ကြယ်ပွင့် ကစားသမား ဇာကာရီယာအနေနဲ့ အသင်းကနေ ထွက်ခွာလိုလျက်ရှိနေကြောင်း၊ သူ့ရဲ့ကိုယ်စားလှယ်တွေဟာ အသင်းပြောင်းမယ်လို့ ရှင်းရှင်းလင်းလင်းပြောထားခဲ့ပြီးဖြစ်ကြောင်း၊ အခြေအနေတွေကိုစောင့်ကြည့်ရာမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ လက်ရှိမှာ ဇာကာရီယာကို အာဆင်နယ်နဲ့ မန်စီးတီးတို့က ချိတ်ဆက်နေပါတယ်။

Jack-Grealish-4-1
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ဗီလာကွင်းလယ်လူ ဂရီးလစ်ရှ်ကို မန်စီးတီးကို ပြောင်းရွှေ့ဖို့ အရေး ပြန်လည်သုံးသပ်သွားမယ်လို့ သိရပါတယ်။ ဂရီးလစ်ရှ်ဟာ မန်စီးတီးကို ပြောင်းလိုနေပေမဲ့ ပွဲကစားချိန် လုံလုံလောက်လောက် မရမှာကို စိုးရိမ်လျက် ရှိနေပါတယ်။

paul-pogba-2020-21-manchester-united-186rd7841ftiu186be1y7277t7
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်ယူနည်းပြ ဆိုးလ်ရှားကတော့ ပေါ့ဂ်ဘာအနေနဲ့ ပီအက်စ်ဂျီကိုမပြောင်းဘဲ အသင်းမှာသာ ဆက်နေမယ်လို့ မျှော်လင့်မိကြောင်း၊ လက်ရှိမှာ ပေါ့ဂ်ဘာရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှု ပြုလုပ်လျက် ရှိနေကြောင်း၊ပေါ့ဂ်ဘာဟာ အသင်းနဲ့အတူ ရာသီသစ်စတင်နိုင်ဖို့ ပြင်ဆင်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။

[ZAWGYI]

0-Getty-Images-1232879895
IMAGE: GOAL

⚽ ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္ဟာ ပစ္မွတ္ထားေနတဲ့ ပီအက္စ္ဗီြေတာင္ပံကစားသမား မာလန္းကို လာမဲ့ရက္ပိုင္းအတြင္း ေခၚယူႏုိင္ေတာ့မွာ ျဖစ္ပါတယ္။ ေဒါ့မြန္ဟာ မန္ယူကိုေျပာင္းေရႊ႕သြားတဲ့ ဆန္ခ်ိဳရဲ႕ ေနရာမွာ အစားထုိးဖုိ႔ မာလန္းကို အဓိက ပစ္မွတ္ထားေနတာပါ။

202106180602-main-cropped-1623970977
IMAGE: GOAL

⚽ ယူရို ၂၀၂၀ ၿပိဳင္ပြဲမွာေျခစြမ္းျပႏုိင္ခဲ့တဲ့ နယ္သာလန္ၾကယ္ပြင့္ ဒန္ဖရိုင္းဟာ စီးရီးေအကလပ္ အင္တာမီလန္ကို ေျပာင္းေရႊ႕လိုလ်က္ ရွိေနေၾကာင္း သိရပါတယ္။ ဒါေပမဲ့ သူ႔ရဲ႕ မိခင္ကလပ္ ပီအက္စ္ဗီြကေတာ့ ေရာင္းလိုျခင္းမရိွ ျဖစ္ေနပါတယ္။

antoine-griezmann-france-euro-2020-wwhcjabghyum1wackjiymqdaw
IMAGE: GOAL

⚽ ဘာစီလိုနာတုိက္စစ္မွဴး ဂရစ္ဇ္မန္းဟာ တကယ္လို႔ အသင္းေျပာင္းေရႊ႕ရပါက အသင္းေဟာင္း အက္သလက္ကိုသာ ျပန္လည္ေျပာင္းေရႊ႕လုိေၾကာင္း သိရပါတယ္။ ဘာစီလိုနာဟာ ဘ႑ာေရး လိုအပ္ခ်က္အရ ဂရစ္ဇ္မန္းကို ေရာင္းထုတ္သြားမယ္လို႔ သတင္းေတြ ထြက္ေပၚေနတာပါ။

clementlenglet-cropped-j9h046b72n5m1tq3jwfhbap6t
IMAGE: GOAL

⚽ ဘာစီလိုနာေနာက္ခံလူ လန္လက္ခ်္အေနနဲ႔ ႏူးကမ့္မွာသာ ဆက္ေနၿပီးေအာင္ျမင္မႈကို ရွာေဖြလိုလ်က္ ရွိေနေၾကာင္း သိရပါတယ္။ Mundo Deportivo ရဲ႕ ေဖာ္ျပခ်က္အရ သူု႔ကို ခ်ိတ္ဆက္ေနတဲ့အသင္းမ်ားစြာ ရွိေပမဲ့ လန္လက္ခ်္ကုိယ္တုိင္က အသင္းေျပာင္းလိုျခင္း မရွိပါဘူး။

D5-Z1s-Mj-Xs-AADH8g
IMAGE: GOAL

⚽ ဒီဂၽြန္တုိက္စစ္မွဴး မာမာဘလိတ္ဟာ ထရိြဳင္းယက္စ္ကို ေျပာင္းေရႊ႕ေတာ့မွာျဖစ္ေၾကာင္း Foot Mercato က ေဖာ္ျပထားပါတယ္။ ထရိြဳင္းယက္စ္ဟာ ဒီဂၽြန္နဲ႔ ၿပီးခဲ့တဲ့ ရက္ပိုင္းကတည္းက ေဆြးေႏြးေနၿပီး အေပါင္းလကၡဏာေဆာင္လ်က္ရွိေၾကာင္း သိရပါတယ္။ ဘလိတ္ဟာ ထရိြဳင္ယက္စ္နဲ႔ ပုဂၢိဳလ္ေရးဆုိင္ရာ သေဘာတူညီမႈ ရရွိၿပီးၿပီလို႔ သိရပါတယ္။

denis-zakaria-gladbach-1sef46iuu7sls1trcz1subt4n5
IMAGE: GOAL

⚽ ဘြန္ဒက္လီဂါကလပ္ မုိခ်န္ဂလာဘတ္ အားကစားဒါရိုက္တာ မက္အယ္ဘာကေတာ့ အသင္းရဲ႕ ၾကယ္ပြင့္ ကစားသမား ဇာကာရီယာအေနနဲ႔ အသင္းကေန ထြက္ခြာလိုလ်က္ရွိေနေၾကာင္း၊ သူ႔ရဲ႕ကိုယ္စားလွယ္ေတြဟာ အသင္းေျပာင္းမယ္လုိ႔ ရွင္းရွင္းလင္းလင္းေျပာထားခဲ့ၿပီးျဖစ္ေၾကာင္း၊ အေျခအေနေတြကိုေစာင့္ၾကည့္ရာမွာျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ လက္ရွိမွာ ဇာကာရီယာကို အာဆင္နယ္နဲ႔ မန္စီးတီးတို႔က ခ်ိတ္ဆက္ေနပါတယ္။

Jack-Grealish-4-1
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ဗီလာကြင္းလယ္လူ ဂရီးလစ္ရွ္ကို မန္စီးတီးကို ေျပာင္းေရႊ႕ဖုိ႔ အေရး ျပန္လည္သံုးသပ္သြားမယ္လို႔ သိရပါတယ္။ ဂရီးလစ္ရွ္ဟာ မန္စီးတီးကို ေျပာင္းလိုေနေပမဲ့ ပြဲကစားခ်ိန္ လံုလံုေလာက္ေလာက္ မရမွာကို စိုးရိမ္လ်က္ ရွိေနပါတယ္။

paul-pogba-2020-21-manchester-united-186rd7841ftiu186be1y7277t7
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ မန္ယူနည္းျပ ဆုိးလ္ရွားကေတာ့ ေပါ့ဂ္ဘာအေနနဲ႔ ပီအက္စ္ဂ်ီကိုမေျပာင္းဘဲ အသင္းမွာသာ ဆက္ေနမယ္လို႔ ေမွ်ာ္လင့္မိေၾကာင္း၊ လက္ရွိမွာ ေပါ့ဂ္ဘာရဲ႕ကိုယ္စားလွယ္ေတြနဲ႔ ေဆြးေႏြးမႈ ျပဳလုပ္လ်က္ ရွိေနေၾကာင္း၊ေပါ့ဂ္ဘာဟာ အသင္းနဲ႔အတူ ရာသီသစ္စတင္ႏုိင္ဖုိ႔ ျပင္ဆင္ေနေၾကာင္း ဖြင့္ဟခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!