24-July-2021 အပြောင်းအရွှေ့ သတင်းများ

[UNICODE]

15689742547233
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် အက်သလက်တီကိုဟာ ဗလန်စီယာတိုက်စစ်မှူး မက်ဆီဂိုမက်ဇ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလျက်ရှိနေကြောင်း AS က ဖော်ပြထားပါတယ်။ အက်သလက်အနေနဲ့ ကစားသမားဟောင်း ဂရစ်ဇ်မန်းကို မခေါ်နိုင်ခဲ့ရင် ၂၄ နှစ်အရွယ် တိုက်စစ်မှူးကို အစားထိုးခေါ်သွားမှာလို့ သိရပါတယ်။

FC-Barcelona-v-Elche-CF-La-Liga-Santander-efe653b997471b2a86688b7b6e51fdc9
IMAGE: GOAL

⚽ ဘာစီလိုနာကွင်းလယ်လူ ပီဂျာနစ်ဟာ အသင်းဟောင်း ဂျူဗင်တပ်ကို ပြန်လည်ပြောင်းရွှေ့လိုလျက် ရှိနေပါတယ်။ ပီဂျာနစ်ဟာ လာမဲ့ရာသီ နည်းပြ ရော်နယ်ကိုးမန်းရဲ့ အစီအစဉ်ထဲမှာ မပါတော့ဘူးလို့ သိရပြီး သူ့အနေနဲ့ လာမဲတစ်ပတ်အတွင်း ဂျူဗီကို ပြန်ပြောင်းနိုင်ဖို့ စီစဉ်သွားမှာ ဖြစ်ပါတယ်။

Mohamed-Salah
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် လီဗာပူးဟာ တိုက်စစ်မှူး ဆာလတ်ကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖို့ ဆွေးနွေးလျက်ရှိနေကြောင်း Liverpool Echo က ဖော်ပြထားပါတယ်။ လက်ရှိမှာ ဆာလတ်ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၃ ခုနှစ်အထိသာ ကျန်ရှိတော့ပြီး လီဗာပူးက သူ့ကို ဆုံးရှုံးရမဲ့အရေး စိုးရိမ်လျက် ရှိနေတာပါ။

paul-pogba-france-2021-163d9zvmaebxr12w3c2o6ewsuk
IMAGE: GOAL

⚽ ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီကတော့ မန်ယူကွင်းလယ်လူပေါ့ဂ်ဘာကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။ ပီအက်စ်ဂျီအနေနဲ့ ပေါ့ဂ်ဘာကို ပေါင် ၄၃ သန်းနဲ့ ခေါ်နိုင်ဖို့ ကြိုးပမ်းလျက် ရှိနေတာပါ။ ပေါ့ဂ်ဘာကလည်း မန်ယူရဲ့စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

sasa-kalajdzic-der-angreifer-des-vfb-stuttgart-hat-einen-anruf-von-franco-foda-verpasst-e16151554584
IMAGE: GOAL

⚽ ချဲလ်ဆီး ပစ်မှတ်ထားနေတဲ့ ဂျာမနီကလပ် စတုဂတ်တိုက်စစ်မှူး Kalajdzic က သူ့အနေနဲ့ ကမ်းလှမ်းမှုတွေ တံခါး ဖွင့်ထားကြောင်း ဆိုခဲ့ပါတယ်။ “စတုဂတ်မှာ သူငယ်ချင်းတွေနဲ့ ရှိရတာ ပျော်စရာကောင်းပြီး ရာသီကြိုအတွက်လည်း ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ဆွဲဆောင်နိုင်တဲ့အသင်းရှိရင်လည်း ပြောင်းရွှေ့သွားမှာပါ”လို့ Kalajdzic ကဆိုခဲ့ပါတယ်။

Soualiho-Meite-Benfica
IMAGE: GOAL

⚽ ပေါ်တူဂီကလပ် ဘင်ဖီကာဟာ စီးရီးအေကလပ် တိုရီနိုကွင်းလယ်လူ မိုင်တီကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဘင်ဖီကာအနေနဲ့ အဆိုပါ ၂၇ နှစ်အရွယ် ကစားသမားကို ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့တာဖြစ်ပါတယ်။

SPORT-PREVIEW-Glen-Kamara-to-Arsenal
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ဟာ ရိန်းဂျားစ်ကြယ်ပွင့်ကာမာရာကို ပေါင် ၁၀ သန်းနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းသွားမှာ GiveMeSport က ဖော်ပြထားပါတယ်။ အာဆင်နယ်ဟာ ဝုဖ်ကွင်းလယ်လူ နီဗက်စ်ကို ခေါ်ယူရေး အခက်ကြုံနေရလို့ ကာမာရာဘက်ကို မြားဦးလှည့်မဲ့ သဘောပါပဲ။

SPORT-PREVIEW-Harry-Kane-to-Man-city
IMAGE: GOAL

⚽ မန်စီးတီးဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ သတင်းတွေ ထွက်နေသလို ပေါင်သန်း ၁၆၀ အထိ သုံးစွဲသွားမှာ မဟုတ်ဘူးလို့ Manchester Evening News က ဖော်ပြထားပါတယ်။ ဒါပေမဲ့မန်စီးတီးဟာ ဟယ်ရီကိန်းကို ခေါ်ယူဖို့တော့ ကြိုးပမ်းလျက် ရှိနေတာပါ။

[ZAWGYI]

15689742547233
IMAGE: GOAL


IMAGE: GOAL


Mohamed-Salah
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!