24-July-2021 အေစာဆံုးသတင္းမ်ား

[UNICODE]

3178155-65118368-2560-1440
IMAGE: GOAL

⚽ အာဆင်နယ်လူငယ်ကြယ်ပွင့် စမစ်ရို့စ်ကတော့ သူ့အနေနနဲ့ အာဆင်နယ်မှာ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်လိုကြောင်း၊ အာဆင်နယ်နဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့အပေါ် ဝမ်းမြောက်မိကြောင်း ဆိုခဲ့ပါတယ်။ စမစ်ရို့စ်ဟာ ဘားကမ့်၊ အိုဇေးလ်တို့ရဲ့ ဂန္ထဝင်ကျောနံပါတ် ၁၀ ကို ဝတ်ဆင်သွားမှာပါ။

Alassane-Plea-betters-Thierry-Henry-s-fake-shot-pass-with-stunning-volley-from-his-standing-foot-in
IMAGE: GOAL

⚽ မိုချန်ဂလာဘတ်တိုက်စစ်မှူး ပလာယာကို ခေါ်ယူဖို့ ပြင်သစ်ကလပ်တွေဖြစ်ကြတဲ့ လိုင်ယွန်နဲ့ ရိန်းနက်စ်တို့က အပြိုင်ကြိုးပမ်းလျက် ရှိနေကြပါတယ်။ ၂၈ နှစ်အရွယ်ကစားသမားဟာ ဂလာဘတ်ချ်နဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိပြီး အသင်းကနေ ထွက်ခွာလိုလျက် ရှိနေတာပါ။

https-s3-images-sportbible-com-s3-content-bed14a2860f1a55f5dd4cd2cc81ed91c
IMAGE: GOAL

⚽ ဗီလာအသင်းခေါင်းဆောင် ဂရီးလစ်ရှ်အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း Football Insider က ဖော်ပြထားပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ဂရီးလစ်ရှ်ကို သဘောကျသူဖြစ်ပြီး နွေရာသီမှာ ထိပ်တန်း ကစားသမားတွေကို အားဖြည့်သွားဖို့ ကြံရွယ်နေတာပါ။

i
IMAGE: GOAL

⚽ လီဗာပူးဂနဝ္ထဝင်ဟောင်း စတီဗင်ဂျရတ်က သူ့အနေနဲ့ မာဆေးဆိုက်ဒါဘီပြိုင်ဘက် အဲဗာတန်ကို ကိုင်တွယ်ဖို့ ဆိုတာ လုံး၀ မဖြစ်နိုင်ကြောင်း၊ ဘင်နီတက်ဇ်ဟာ မာဆေးဆိုက်မှာ မွေးဖွားခဲ့တာ မဟုတ်လို့ ဒီလိုခံစားမိမှာ မဟုတ်ကြောင်း၊ ဘင်နီတက်ဇ်အနေနဲ့ သူ့ရဲ့ပရော်ဖက်ရှင်နယ်ဆန်စွာ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

kylian-mbappe-psg-2020-21-erwzgw9j5mn21ba529ez9xme5
IMAGE: GOAL

⚽ ပီအက်စ်ဂျီ ကစားသမားသစ် ဝီနယ်ဒမ်ကတော့ အသင်းမှာရှိတဲ့လူတိုင်း တိုက်စစ်မှူး အမ်ဘာပေကို အသင်းမှာ ဆက်နေစေလိုကြကြောင်း၊ မိမိအနေနဲ့ ပီအက်စ်ဂျီကို ပြောင်းလာခြင်းရဲ့ အဓိကအကြောင်းတစ်ခုက အမ်ဘာပေနဲ့ တွဲကစားချင်လို့ဖြစ်ကြောင်း၊ အသင်းကလည်း အမ်ဘာပေနဲ့ ပတ်သက်ပြီး အကော်ငးဆုံးလုပ်ဆောင်နေကြောင်း ဆိုခဲ့ပါတယ်။

Ole-Gunnar-Solskjaer-Jadon-Sancho-pic-via-Manchester-United
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်ဟာ အင်္ဂလန်တိုက်စစ်မှူး ဆန်ချိုကို တရားဝင် လက်မှတ်ရေးထိုးခဲ့ပြီဖြစ်ပါတယ်။ မန်ယူနဲ့ လက်မှတ်ရေးထိုးပြီးနောက် ဆန်ချိုက မန်ယူကို ပြောင်းရွှေ့ခွင့်ရတာအိပ်မက်တစ်ခုလိုဖြစ်ကြောင်း၊ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ဖို့ မစောင့်နိုင်အောင်ဖြစ်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။

pedro-gol-02-udinese-roma
IMAGE: GOAL

⚽ ရိုးမားဝါရင့်တောင်ပံကစားသမား ပတ်ဒရိုကို စီးရီးအေကလပ် ဂျီနိုအာက ခေါ်ယူလိုလျက် ရှိနေပါတယ်။ ပတ်ဒရိုဟာ နည်းပြ မော်ရင်ဟိုရဲ့ ရာသီကြိုလေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်ခြင်း မရှိခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေပါပြီ။ ဂျီနိုအာအနေနဲ့ ပတ်ဒရိုကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

Timo-Werner
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာအနေနဲ့ အသင်းကနေ ထွက်ခွာချင်လျက်ရှိနေကြောင်း 90min က ဖော်ပြထားပါတယ်။ ဝါနာဟာ ပြီးခဲ့တဲ့ရာသီ ချဲလ်ဆီးမှာ ရုန်းကန်ခဲ့ရပြီးနောက် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုလျက် ရှိနေတာပါ။

[ZAWGYI]

3178155-65118368-2560-1440
IMAGE: GOAL

⚽ အာဆင္နယ္လူငယ္ၾကယ္ပြင့္ စမစ္ရို႕စ္ကေတာ့ သူ႔အေနနနဲ႔ အာဆင္နယ္မွာ ဂႏၳ၀င္ကစားသမားတစ္ဦးျဖစ္လုိေၾကာင္း၊ အာဆင္နယ္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏုိင္ခဲ့တဲ့အေပၚ ၀မ္းေျမာက္မိေၾကာင္း ဆုိခဲ့ပါတယ္။ စမစ္ရုိ႕စ္ဟာ ဘားကမ့္၊ အိုေဇးလ္တုိ႔ရဲ႕ ဂႏၳ၀င္ေက်ာနံပါတ္ ၁၀ ကုိ ၀တ္ဆင္သြားမွာပါ။

Alassane-Plea-betters-Thierry-Henry-s-fake-shot-pass-with-stunning-volley-from-his-standing-foot-in
IMAGE: GOAL

⚽ မိုခ်န္ဂလာဘတ္တုိက္စစ္မွဴး ပလာယာကို ေခၚယူဖုိ႔ ျပင္သစ္ကလပ္ေတြျဖစ္ၾကတဲ့ လိုင္ယြန္နဲ႔ ရိန္းနက္စ္တုိ႔က အၿပိဳင္ႀကိဳးပမ္းလ်က္ ရွိေနၾကပါတယ္။ ၂၈ ႏွစ္အရြယ္ကစားသမားဟာ ဂလာဘတ္ခ်္နဲ႔ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းရွိၿပီး အသင္းကေန ထြက္ခြာလိုလ်က္ ရွိေနတာပါ။

https-s3-images-sportbible-com-s3-content-bed14a2860f1a55f5dd4cd2cc81ed91c
IMAGE: GOAL

⚽ ဗီလာအသင္းေခါင္းေဆာင္ ဂရီးလစ္ရွ္အေနနဲ႔ ပရီးမီးယားလိဂ္ ခ်န္ပီယံ မန္စီးတီးကို ေျပာင္းေရႊ႕ဖုိ႔ ပုဂၢိဳလ္ေရးဆုိင္ရာ သေဘာတူညီခ်က္ ရယူႏုိင္ခဲ့ၿပီျဖစ္ေၾကာင္း Football Insider က ေဖာ္ျပထားပါတယ္။ မန္စီးတီးနည္းျပ ဂြါဒီယိုလာဟာ ဂရီးလစ္ရွ္ကို သေဘာက်သူျဖစ္ၿပီး ေႏြရာသီမွာ ထိပ္တန္း ကစားသမားေတြကို အားျဖည့္သြားဖုိ႔ ႀကံရြယ္ေနတာပါ။

i
IMAGE: GOAL

⚽ လီဗာပူးဂႏဝၳ၀င္ေဟာင္း စတီဗင္ဂ်ရတ္က သူ႔အေနနဲ႔ မာေဆးဆုိက္ဒါဘီၿပိဳင္ဘက္ အဲဗာတန္ကို ကိုင္တြယ္ဖုိ႔ ဆုိတာ လံုး၀ မျဖစ္နုိင္ေၾကာင္း၊ ဘင္နီတက္ဇ္ဟာ မာေဆးဆုိက္မွာ ေမြးဖြားခဲ့တာ မဟုတ္လုိ႔ ဒီလိုခံစားမိမွာ မဟုတ္ေၾကာင္း၊ ဘင္နီတက္ဇ္အေနနဲ႔ သူ႔ရဲ႕ပေရာ္ဖက္ရွင္နယ္ဆန္စြာ ဆံုးျဖတ္ခ်က္ခ်ခဲ့တာျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

kylian-mbappe-psg-2020-21-erwzgw9j5mn21ba529ez9xme5
IMAGE: GOAL

⚽ ပီအက္စ္ဂ်ီ ကစားသမားသစ္ ၀ီနယ္ဒမ္ကေတာ့ အသင္းမွာရွိတဲ့လူတိုင္း တုိက္စစ္မွဴး အမ္ဘာေပကို အသင္းမွာ ဆက္ေနေစလိုၾကေၾကာင္း၊ မိမိအေနနဲ႔ ပီအက္စ္ဂ်ီကို ေျပာင္းလာျခင္းရဲ႕ အဓိကအေၾကာင္းတစ္ခုက အမ္ဘာေပနဲ႔ တြဲကစားခ်င္လုိ႔ျဖစ္ေၾကာင္း၊ အသင္းကလည္း အမ္ဘာေပနဲ႔ ပတ္သက္ၿပီး အေကာ္ငးဆံုးလုပ္ေဆာင္ေနေၾကာင္း ဆုိခဲ့ပါတယ္။

Ole-Gunnar-Solskjaer-Jadon-Sancho-pic-via-Manchester-United
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာယူႏုိက္တက္ဟာ အဂၤလန္တိုက္စစ္မွဴး ဆန္ခ်ိဳကို တရား၀င္ လက္မွတ္ေရးထိုးခဲ့ၿပီျဖစ္ပါတယ္။ မန္ယူနဲ႔ လက္မွတ္ေရးထုိးၿပီးေနာက္ ဆန္ခ်ိဳက မန္ယူကို ေျပာင္းေရႊ႕ခြင့္ရတာအိပ္မက္တစ္ခုလုိျဖစ္ေၾကာင္း၊ ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပနုိင္ဖုိ႔ မေစာင့္ႏုိင္ေအာင္ျဖစ္မိေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

pedro-gol-02-udinese-roma
IMAGE: GOAL

⚽ ရိုးမား၀ါရင့္ေတာင္ပံကစားသမား ပတ္ဒရိုကို စီးရီးေအကလပ္ ဂ်ီႏိုအာက ေခၚယူလိုလ်က္ ရွိေနပါတယ္။ ပတ္ဒရိုဟာ နညး္ျပ ေမာ္ရင္ဟိုရဲ႕ ရာသီႀကိဳေလ့က်င့္ခန္း အစီအစဥ္မွာ ပါ၀င္ျခင္း မရွိခဲ့ၿပီးေနာက္ အသင္းကေန ထြက္ခြာဖုိ႔ နီးစပ္ေနပါၿပီ။ ဂ်ီႏုိအာအေနနဲ႔ ပတ္ဒရိုကို အငွားနဲ႔ ေခၚယူဖို႔ ႀကိဳးပမ္းသြားမွာ ျဖစ္ပါတယ္။

Timo-Werner
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးတုိက္စစ္မွဴး တီမို၀ါနာအေနနဲ႔ အသင္းကေန ထြက္ခြာခ်င္လ်က္ရွိေနေၾကာင္း 90min က ေဖာ္ျပထားပါတယ္။ ၀ါနာဟာ ၿပီးခဲ့တဲ့ရာသီ ခ်ဲလ္ဆီးမွာ ရုန္းကန္ခဲ့ရၿပီးေနာက္ စိန္ေခၚမႈအသစ္ေတြကို ရင္ဆုိင္လိုလ်က္ ရွိေနတာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!