23-July-2021 Tea Break သတင္းမ်ား

[UNICODE]

0-gabriel-martinelli
IMAGE: GOAL

⚽ အာဆင်နယ်ကွင်းလယ်လူဟောင်း ဝီလ်ရှိုင်းယားကတော့ ပြီးခဲ့တဲ့ရာသီက လူငယ်ကြယ်ပွင့် မာတင်နယ်လီအနေနဲ့ အာဆင်နယ်မှာ ပိုကစားခွင့် ပိုမိုရသင့်ကြောင်း၊ မာတင်နယ်လီအပေါ် အာတီတာရဲ့ ဆက်ဆံပုံနဲ့ပတ်သက်ပြီး အံ့အားသင့်မိကြောင်း၊ ဂိုးလိုအပ်တဲ့အချိန်မှာ မာတင်နယ်လီဟာ အားကိုးရသူဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ac-milan-v-ss-lazio-tim-cup-5e1771157bf345e5d5000001
IMAGE: GOAL

⚽ စီးရီးအေတန်းတက်အသင်းဖြစ်တဲ့ ဗီနီဇီယာအနေနဲ့ အေစီမီလန်နောက်ခံလူ ကယ်ဒါရာကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ပြုလုပ်လျက် ရှိနေပါတယ်။ ကယ်ဒါရာဟာ အေစီနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်ရှိနေပေမဲ့ အသင်းကနေ ထွက်ခွာချင်နေသူ ဖြစ်ပါတယ်။

Getty-Images-1232971090
IMAGE: GOAL

⚽ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာဟာစာချုပ်သစ်ကို ငြင်းဆန်ပြီး အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ မန်ယူဟာ ပေါင်သန်း ၅၀ တန်ကြေးရှိ စာချုပ်တစ်ရပ်နဲ့ကမ်းလှမ်းခဲ့ပေမဲ့ ပေါ့ဂ်ဘာက ပယ်ချခဲ့တာဖြစ်ပါတယ်။

https-bvbbuzz-com-wp-content-uploads-getty-images-2017-07-1232653133-850x560
IMAGE: GOAL

⚽ ဘွန်ဒက်လီဂါထိပ်သီးကလပ်ဒေ့ါမွန်ဟာ ပစ်မှတ်ထားနေတဲ့ နယ်သာလန်ကြယ်ပွင့်မာလန်းကို ခေါ်ယူဖို့ အပြီးသတ် ဆွေးနွေးနေပြီဖြစ်ပါတယ်။ ဒေါ့မွန်ဟာ မာလန်းကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရယူပြီးပြီဖြစ်ပြီး လာမဲ့ရက်ပိုင်းအတွင်း ဆေးစစ်မှု ခံယူဖွယ် ရှိနေပါတယ်။

https-s3-images-sportbible-com-s3-content-45e5a5e960f91a1656cd1a1665877ef7
IMAGE: GOAL

⚽ လီဗာပူး ကစားမားဟောင်း ပီးနန့်ကတော့ စတီဗင်ဂျရတ်ကို ချီးကျူးရင်း နည်းပြဟောင်း ဘင်နီတက်ဇ်ကို ဝေဖန်ခဲ့ပါတယ်။ ဂျရတ်ဟာ လီဗာပူးမှာတုန်းက ကစားသမား-နည်းပြလိုဖြစ်ခဲ့ကြောင်း၊ အေစီနဲ့ သမိုင်းဝင်ချန်ပီယံလိဂ် Comeback မှာ ဂျရတ်က အဓိက ဦးဆောင်မောင်းနှင်ခဲ့ကြောင်း၊ ဘင်နီတက်ဇ်ကိုတော့ နည်းပြကောင်းလို့ မထင်မှတ်မိကြောင်း ပီးနန့်က မှတ်ချက်ပြုခဲ့ပါတယ်။

https-therealchamps-com-wp-content-uploads-getty-images-2018-08-1232712933-850x560
IMAGE: GOAL

့⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးပရိသတ်တွေကတော့ ဟာဇက်ကို ပြန်လည်ခေါ်ယူမဲ့ အစီအစဉ်ကို လက်မခံနိုင်ဖြစ်နေကြပါတယ်။ လက်ရှိအနေအထားအရ ဟာဇက်ကို ပြန်မခေါ်သင့်တော့ကြောင်း၊ ဟာဇက်ထက်ပိုကောင်းတဲ့ ထိပ်တန်းကစားသမားကိုသာ အားဖြည့်သင့်ကြောင်း ချဲလ်ဆီးပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြတာပါ။

Nuno-Mendes
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအနေနဲ့ ပစ်မှတ်ထားနေတဲ့ စပို့တင်းနောက်ခံလူ မန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းရေး ရပ်တန့်လိုက်ပြီ ဖြစ်ပါတယ်။ ဇင်ချန်ကို၊ မန်ဒီနဲ့ ကန်ဆယ်လိုတို့ ရှိနေတဲ့ အနေအထားမှာ နည်းပြဂွါဒီယိုလာအနေနဲ့ ဘယ်နောက်ခံလူ နေရာအတွက် မလိုအပ်ဘဲ ငွေထပ်မသုံးလိုတော့တာပါ။

Sunderland-v-Newcastle-United-FA-Youth-Cup
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် လီဗာပူးက နယူးကာဆယ်ကြယ်ပွင့် ဘော်ဘီကလက်ကို ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ အဆိုပါ ၁၆ နှစ်အရွယ်ကြယ်ပွင့်ကို စပါး၊ ချဲလ်ဆီး၊ မန်ယူ၊ မန်စီးတီးတို့က အပြိုင်ကြိုးပမ်းလျက် ရှိနေပြီး လီဗာပူးက ခေါ်ယူဖို့ အလားအလာအကောင်းဆုံး ဖြစ်နေတာပါ။

[ZAWGYI]

0-gabriel-martinelli
IMAGE: GOAL

⚽ အာဆင္နယ္ကြငး္လယ္လူေဟာင္း ၀ီလ္ရိႈင္းယားကေတာ့ ၿပီးခဲ့တဲ့ရာသီက လူငယ္ၾကယ္ပြင့္ မာတင္နယ္လီအေနနဲ႔ အာဆင္နယ္မွာ ပိုကစားခြင့္ ပိုမုိရသင့္ေၾကာင္း၊ မာတင္နယ္လီအေပၚ အာတီတာရဲ႕ ဆက္ဆံပံဳနဲ႔ပတ္သက္ၿပီး အံ့အားသင့္မိေၾကာင္း၊ ဂိုးလိုအပ္တဲ့အခ်ိန္မွာ မာတင္နယ္လီဟာ အားကိုးရသူျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ac-milan-v-ss-lazio-tim-cup-5e1771157bf345e5d5000001
IMAGE: GOAL

⚽ စီးရီးေအတန္းတက္အသင္းျဖစ္တဲ့ ဗီနီဇီယာအေနနဲ႔ ေအစီမီလန္ေနာက္ခံလူ ကယ္ဒါရာကို ေခၚယူဖို႔ ဆက္သြယ္မႈေတြ ျပဳလုပ္လ်က္ ရွိေနပါတယ္။ ကယ္ဒါရာဟာ ေအစီနဲ႔ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္ရွိေနေပမဲ့ အသင္းကေန ထြက္ခြာခ်င္ေနသူ ျဖစ္ပါတယ္။

Getty-Images-1232971090
IMAGE: GOAL

⚽ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာဟာစာခ်ဳပ္သစ္ကို ျငင္းဆန္ၿပီး အသင္းကေန ထြက္ခြာဖုိ႔ ဆံုးျဖတ္လိုက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။ မန္ယူဟာ ေပါင္သန္း ၅၀ တန္ေၾကးရွိ စာခ်ဳပ္တစ္ရပ္နဲ႔ကမ္းလွမ္းခဲ့ေပမဲ့ ေပါ့ဂ္ဘာက ပယ္ခ်ခဲ့တာျဖစ္ပါတယ္။

https-bvbbuzz-com-wp-content-uploads-getty-images-2017-07-1232653133-850x560
IMAGE: GOAL

⚽ ဘြန္ဒက္လီဂါထိပ္သီးကလပ္ေဒ့ါမြန္ဟာ ပစ္မွတ္ထားေနတဲ့ နယ္သာလန္ၾကယ္ပြင့္မာလန္းကို ေခၚယူဖို႔ အၿပီးသတ္ ေဆြးေႏြးေနၿပီျဖစ္ပါတယ္။ ေဒါ့မြန္ဟာ မာလန္းကို ေခၚယူဖို႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈရယူၿပီးၿပီျဖစ္ၿပီး လာမဲ့ရက္ပိုင္းအတြင္း ေဆးစစ္မႈ ခံယူဖြယ္ ရွိေနပါတယ္။

https-s3-images-sportbible-com-s3-content-45e5a5e960f91a1656cd1a1665877ef7
IMAGE: GOAL

⚽ လီဗာပူး ကစားမားေဟာင္း ပီးနန္႔ကေတာ့ စတီဗင္ဂ်ရတ္ကို ခ်ီးက်ဴးရင္း နည္းျပေဟာင္း ဘင္နီတက္ဇ္ကို ေ၀ဖန္ခဲ့ပါတယ္။ ဂ်ရတ္ဟာ လီဗာပူးမွာတုန္းက ကစားသမား-နည္းျပလိုျဖစ္ခဲ့ေၾကာင္း၊ ေအစီနဲ႔ သမုိင္း၀င္ခ်န္ပီယံလိဂ္ Comeback မွာ ဂ်ရတ္က အဓိက ဦးေဆာင္ေမာင္းႏွင္ခဲ့ေၾကာင္း၊ ဘင္နီတက္ဇ္ကိုေတာ့ နညး္ျပေကာင္းလို႔ မထင္မွတ္မိေၾကာင္း ပီးနန္႔က မွတ္ခ်က္ျပဳခဲ့ပါတယ္။

https-therealchamps-com-wp-content-uploads-getty-images-2018-08-1232712933-850x560
IMAGE: GOAL

့⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးပရိသတ္ေတြကေတာ့ ဟာဇက္ကို ျပန္လည္ေခၚယူမဲ့ အစီအစဥ္ကို လက္မခံႏုိင္ျဖစ္ေနၾကပါတယ္။ လက္ရွိအေနအထားအရ ဟာဇက္ကို ျပန္မေခၚသင့္ေတာ့ေၾကာင္း၊ ဟာဇက္ထက္ပိုေကာင္းတဲ့ ထိပ္တန္းကစားသမားကိုသာ အားျဖည့္သင့္ေၾကာင္း ခ်ဲလ္ဆီးပရိသတ္ေတြက မွတ္ခ်က္ျပဳခဲ့ၾကတာပါ။

Nuno-Mendes
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးအေနနဲ႔ ပစ္မွတ္ထားေနတဲ့ စပို႔တင္းေနာက္ခံလူ မန္ဒက္စ္ကို ေခၚယူဖုိ႔ ႀကိဳးပမ္းေရး ရပ္တန္႔လိုက္ၿပီ ျဖစ္ပါတယ္။ ဇင္ခ်န္ကို၊ မန္ဒီနဲ႔ ကန္ဆယ္လုိတုိ႔ ရွိေနတဲ့ အေနအထားမွာ နညး္ျပဂြါဒီယိုလာအေနနဲ႔ ဘယ္ေနာက္ခံလူ ေနရာအတြက္ မလိုအပ္ဘဲ ေငြထပ္မသံုးလိုေတာ့တာပါ။

Sunderland-v-Newcastle-United-FA-Youth-Cup
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ လီဗာပူးက နယူးကာဆယ္ၾကယ္ပြင့္ ေဘာ္ဘီကလက္ကို ေခၚယူႏုိင္ဖြယ္ ရွိေနပါတယ္။ Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ အဆိုပါ ၁၆ ႏွစ္အရြယ္ၾကယ္ပြင့္ကို စပါး၊ ခ်ဲလ္ဆီး၊ မန္ယူ၊ မန္စီးတီးတုိ႔က အၿပိဳင္ႀကိဳးပမး္လ်က္ ရွိေနၿပီး လီဗာပူးက ေခၚယူဖုိ႔ အလားအလာအေကာင္းဆံုး ျဖစ္ေနတာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!