23-July-2021 အေျပာင္းအေရႊ႕ သတင္းမ်ား

[UNICODE]

1256752-1
IMAGE: GOAL

⚽ အာဆင်နယ်ဟာ စိတ်ဝင်စားနေတဲ့ လေဗာကူဆင်ကြယ်ပွင့် လီယွန်ဘိုင်လီကို ခေါ်ယူတော့မှာ မဟုတ်ကြောင်း သိရပါတယ်။ အဆိုပါ ကစားသမားကို လက်ရှိအချိန်မှာ ဗီလာက ခေါ်ယူဖို့ အလေးသာနေပြီး အာဆင်နယ်က တခြား ပစ်မှတ်တွေကိုပဲ ဦးစားပေးကြိုးပမ်းသွားတော့မှာပါ။

3136366-64283048-2560-1440
IMAGE: GOAL

⚽ စပါးအသင်းဟာ သူတို့ရဲ့အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းကို ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီးတီးထံ ပေါင်သန်း ၁၆၀ နဲ့ ရောင်းချဖို့ သဘောတူညီခဲ့ပြီဖြစ်ကြောင်း The Sun က ဖော်ပြထားပါတယ်။ ဟယ်ရီကိန်းဟာ မန်စီးတီးမှာ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းအထိ ရမယ်လို့လည်း သိရပါတယ်။ လီဗိုင်းဟာ ကိန်းကို နိုင်ငံခြားအသင်းတစ်သင်းထံသာ ရောင်းချလိုပေမဲ့ မန်စီးတီးရဲ့ မြင့်မားတဲ့ပြောင်းရွှေ့ကြေးကြောင့် သဘောတူခဲ့တာလို့သိရပါတယ်။

bad9fde1b8ff1327594fed0a81b730d0
IMAGE: GOAL

⚽ လာဇီယိုကတော့ ဒေါ့မွန်ကွင်းလယ်လူ ဂျူလီယန်ဘရန့်ကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ လာဇီယိုဟာ ၂၅ နှစ်အရွယ် ကစားသမားကို ကနဦး အငှားနဲ့ ခေါ်ယူမှာဖြစ်ပြီး ယူရို ၂၅ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့် ရမှာဖြစ်ပါတယ်။

coutinho-pjanic-umtiti-barcelona-gle45o9tqmqh17bup6fvbu7ta
IMAGE: GOAL

⚽ ဘာစီလိုနာဟာ အသင်းရဲ့ လုပ်ခလစာကို လျှော့ချနိုင်ဖု့ိ ကြိုးပမ်းနေပေမဲ့ ကော်တင်ဟို၊ အမ်တီတီနဲ့ ပီဂျာနစ်တို့ကိုရောင်းချဖို့ ရုန်းကန်ရလျက် ရှိနေပါတယ်။ သူတို့ရဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာ မြင့်မားမှုကြောင့်ဝယ်ယူမဲ့အသင်းတွေက အခက်တွေ့လျက် ရှိနေပါတယ်။

raphael-varane-real-madrid-lbnka3ph421i1jodvo3p6dhyy
IMAGE: GOAL

⚽ ရီးရဲမက်ဒရစ်နောက်ခံလူ ဗာရာနီဟာ မန်ချက်စတာယူနိုက်တက်ကို ၂၀၂၆ ခုနှစ်အထိ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီဖြစ်ကြောင်း Goal က ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဗာရာနီဟာ ရီးရဲကနေ တရားဝင်ထွက်ခွာခွင့် တောင်းဆိုထားတာမျိုး မပြုလုပ်သေးဘဲ အသင်းနှစ်သင်း သဘောတူညီမှု ရဖို့ စောင့်ဆိုင်းလျက် ရှိနေပါတယ်။

Atalanta-s-German-defender-Robin-Gosens-celebrates-after-scoring-during-the-Italian-Serie-A-football
IMAGE: GOAL

⚽ စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်ဟာ သူတိုံ့ရဲ့ နောက်ခံလူ ဂိုဆန်ကို အသင်းမှာသာ ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဂိုဆန်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဂျာမနီနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပြီး သူ့ကို ဥရောထိပ်သီးတွေက ပစ်မှတ်ထားလာကြတာပါ။

thumb-122419-default-news-size-5
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် လီဗာပူးနောက်ခံလူ နက်ဖီးလစ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့အသင်းတွေထဲ ဝက်စ်ဟမ်းအသင်းလည်း ပါဝင်လာကြောင်း သိရပါတယ်။ ၂၄ နှစ်အရွယ် ကစားသမားကို ဘရိုက်တန်၊ ဘန်လေနဲ့နယူးကာဆယ်တို့က ပစ်မှတ်ထားနေတာပါ။

⚽ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းဟာ သူတို့ရဲ့ကွင်းလယ်ကြယ်ပွင့် ဒီလန်ရိုက်အတွက် သတ်မှတ်ထားတဲ့ ကမ်းလှမ်းမှုမျိုး လက်ခံရရှိထားခြင်း မရှိသေးကြောင်း s talkSPORT က ဖော်ပြထားပါတယ်။လက်ရှိမှာ ဒီလန်ရိုက်ကို ချဲလ်ဆီးနဲ့ မန်ယူတို့က ပစ်မှတ်ထားလျက် ရှိနေပြီး ဝက်စ်ဟမ်းက သူ့အတွက် ပေါင်သန်း ၁၀၀ အလိုရှိနေတယ်လို့ သိရပါတယ်။

[ZAWGYI]

1256752-1
IMAGE: GOAL

⚽ အာဆင္နယ္ဟာ စိတ္၀င္စားေနတဲ့ ေလဗာကူဆင္ၾကယ္ပြင့္ လီယြန္ဘိုင္လီကို ေခၚယူေတာ့မွာ မဟုတ္ေၾကာင္း သိရပါတယ္။ အဆုိပါ ကစားသမားကို လက္ရွိအခ်ိန္မွာ ဗီလာက ေခၚယူဖုိ႔ အေလးသာေနၿပီး အာဆင္နယ္က တျခား ပစ္မွတ္ေတြကိုပဲ ဦးစားေပးႀကိဳးပမ္းသြားေတာ့မွာပါ။

3136366-64283048-2560-1440
IMAGE: GOAL

⚽ စပါးအသင္းဟာ သူတုိ႔ရဲ႕အဓိကတုိက္စစ္မွဴး ဟယ္ရီကိန္းကို ပရီးမီးယားလိဂ္ၿပိဳင္ဘက္ မန္စီးတီးထံ ေပါင္သန္း ၁၆၀ နဲ႔ ေရာင္းခ်ဖို႔ သေဘာတူညီခဲ့ၿပီျဖစ္ေၾကာင္း The Sun က ေဖာ္ျပထားပါတယ္။ ဟယ္ရီကိန္းဟာ မန္စီးတီးမွာ တစ္ပတ္လုပ္ခ ေပါင္ ၄ သိန္းအထိ ရမယ္လုိ႔လည္း သိရပါတယ္။ လီဗိုင္းဟာ ကိန္းကို ႏိုင္ငံျခားအသင္းတစ္သင္းထံသာ ေရာင္းခ်လိုေပမဲ့ မန္စီးတီးရဲ႕ ျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကးေၾကာင့္ သေဘာတူခဲ့တာလို႔သိရပါတယ္။

bad9fde1b8ff1327594fed0a81b730d0
IMAGE: GOAL

⚽ လာဇီယိုကေတာ့ ေဒါ့မြန္ကြင္းလယ္လူ ဂ်ဴလီယန္ဘရန္႔ကို ေခၚယူဖို႔ သေဘာတူညီမႈ ရယူႏုိင္ခဲ့ၿပီျဖစ္ပါတယ္။ လာဇီယုိဟာ ၂၅ ႏွစ္အရြယ္ ကစားသမားကို ကနဦး အငွားနဲ႔ ေခၚယူမွာျဖစ္ၿပီး ယူရို ၂၅ သန္းနဲ႔ အၿပီးသတ္ေခၚယူခြင့္ ရမွာျဖစ္ပါတယ္။

coutinho-pjanic-umtiti-barcelona-gle45o9tqmqh17bup6fvbu7ta
IMAGE: GOAL

⚽ ဘာစီိလုိနာဟာ အသင္းရဲ႕ လုပ္ခလစာကို ေလွ်ာ့ခ်ႏုိင္ဖု႔ိ ႀကိဳးပမ္းေနေပမဲ့ ေကာ္တင္ဟို၊ အမ္တီတီနဲ႔ ပီဂ်ာနစ္တို႔ကိုေရာင္းခ်ဖို႔ ရုန္းကန္ရလ်က္ ရွိေနပါတယ္။ သူတုိ႔ရဲ႕ ေျပာင္းေရႊ႕ေၾကးနဲ႔ လုပ္ခလစာ ျမင့္မားမႈေၾကာင့္၀ယ္ယူမဲ့အသင္းေတြက အခက္ေတြ႕လ်က္ ရွိေနပါတယ္။

raphael-varane-real-madrid-lbnka3ph421i1jodvo3p6dhyy
IMAGE: GOAL

⚽ ရီးရဲမက္ဒရစ္ေနာက္ခံလူ ဗာရာနီဟာ မန္ခ်က္စတာယူႏိုက္တက္ကို ၂၀၂၆ ခုႏွစ္အထိ ေျပာငး္ေရႊ႕ဖုိ႔ သေဘာတူညီမႈ ရယူထားႏုိင္ခဲ့ၿပီျဖစ္ေၾကာင္း Goal က ေဖာ္ျပထားပါတယ္။ ဒါေပမဲ့ ဗာရာနီဟာ ရီးရဲကေန တရား၀င္ထြက္ခြာခြင့္ ေတာင္းဆိုထားတာမ်ိဳး မျပဳလုပ္ေသးဘဲ အသင္းႏွစ္သင္း သေဘာတူညီမႈ ရဖုိ႔ ေစာင့္ဆိုင္းလ်က္ ရွိေနပါတယ္။

Atalanta-s-German-defender-Robin-Gosens-celebrates-after-scoring-during-the-Italian-Serie-A-football
IMAGE: GOAL

⚽ စီးရီးေအထိပ္သီးကလပ္ ဂ်ဴဗင္တပ္ဟာ သူတုိ႔ံရဲ႕ ေနာက္ခံလူ ဂိုဆန္ကို အသင္းမွာသာ ဆက္လက္ထိန္းသိမ္းသြားမွာျဖစ္ေၾကာင္း သိရပါတယ္။ ဂိုဆန္ဟာ ယူရို ၂၀၂၀ ၿပိဳင္ပြဲမွာ ဂ်ာမနီနဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့ၿပီး သူ႔ကို ဥေရာထိပ္သီးေတြက ပစ္မွတ္ထားလာၾကတာပါ။

thumb-122419-default-news-size-5
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ လီဗာပူးေနာက္ခံလူ နက္ဖီးလစ္ကို ေခၚယူဖို႔ ႀကိဳးပမ္းေနတဲ့အသင္းေတြထဲ ၀က္စ္ဟမ္းအသင္းလည္း ပါ၀င္လာေၾကာင္း သိရပါတယ္။ ၂၄ ႏွစ္အရြယ္ ကစားသမားကို ဘရိုက္တန္၊ ဘန္ေလနဲ႔နယူးကာဆယ္တုိ႔က ပစ္မွတ္ထားေနတာပါ။

⚽ ပရီးမီးယားလိဂ္ကလပ္ ၀က္စ္ဟမ္းဟာ သူတုိ႔ရဲ႕ကြင္းလယ္ၾကယ္ပြင့္ ဒီလန္ရိုက္အတြက္ သတ္မွတ္ထားတဲ့ ကမ္းလွမ္းမႈမ်ိဳး လက္ခံရရွိထားျခင္း မရွိေသးေၾကာင္း s talkSPORT က ေဖာ္ျပထားပါတယ္။လက္ရိွမွာ ဒီလန္ရိုက္ကို ခ်ဲလ္ဆီးနဲ႔ မန္ယူတုိ႔က ပစ္မွတ္ထားလ်က္ ရွိေနၿပီး ၀က္စ္ဟမ္းက သူ႔အတြက္ ေပါင္သန္း ၁၀၀ အလုိရွိေနတယ္လုိ႔ သိရပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!