22-Jun-2021 ေန႔လည္ခင္း သတင္းမ်ား

[UNICODE] အာဂျင်တီးနား ၁-၀ ပါရာဂွေး

medium-2021-06-21-3d63900f19
IMAGE: GOAL

အာဂျင်တီးနားကတော့ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲမရခဲ့တဲ့ ခက်ခဲတဲ့ပြိုင်ဘက်ကို သတိကြီးကြီးထား ကစားရင်းနဲ့ပဲ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ မက်ဆီ၊ အရူရို၊ ဒီမာရီယာတို့နဲ့ ပွဲထွက်လာတဲ့ အာဂျင်တိုက်စစ်က ရုန်းကန်ခဲ့ရပြီး မာကျောတဲ့ ပါရာဂွေးခံစစ်ကို မနည်းထိုးဖောက်ခဲ့ရပါတယ်။ ပွဲအစ ၁၀ မိနစ်မှာပဲ ဒီမာရီယာရဲ့ အကွက်မြင်မြင်ပေးပို့မှုကို ဂိုမက်ဖ်က လှလှပပ အဆုံးသတ်ပေးရင် ဒီပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းပေးခဲ့ပါတယ်။ မက်ဆီလည်း အရင်ပွဲတွေကထက် ရုန်းအားနည်းနည်းကျခဲ့တာတွေ့ရပါတယ်။ ပထမပိုင်းပြီးခါနီးမှာ အာဂျင်နောက်ထပ်ဂိုးတစ်ဂိုး ရခဲ့ပေမဲ့ ဒီမာရီယာကန်သွင်းစဉ်ကတည်းက မက်ဆီ လူကျွံ့အနေအထားမှာ ရှိနေခဲ့လို့ အငြင်းခံခဲ့ရကာ ဒီရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

0-CDF-200621-Italy-V-Wales43-JPG
IMAGE: GOAL

⚽ ဝေးလ်ယာယီနည်းပြ ရော့ပေ့ချ်ကတော့ သူတို့အနေနဲ့အီတလီကို ရှုံးနိမ့်ခဲ့ပေမဲ့ အနိုင်ရသလို ခံစားခဲ့ရကြောင်း၊ အုပ်စု ဒုတိယနေရာရခဲ့တဲ့အပေါ် ဝမ်းမြောက်မိကြောင်း၊ ၁၁ ယောက်တည်းတောင် အလွန်ခက်ခဲတဲ့ အခြေအနေမျိုးမှာ ၁၀ ယောက်တည်းနဲ့ ပိုမိုခက်ခဲသွားကြောင်း ဖွင့်ဟခဲ့ပါတယ်။

blind-eriksen-split-1ue4pnv1sdq5e19xahf6bbjh46
IMAGE: GOAL

⚽ အေဂျက်နောက်ခံလူ ဒါလေဘလိုင်းကတော့ အသင်းဖော်ဟောင်း အဲရစ်ဆင်အနေနဲ့ ဘောလုံးပြန်ကစားနိုင်ပါ့မလားဆိုတာ သံသယတွေကို ချေဖျက်နိုင်မှာဖြစ်ကြောင်း၊ မိမိအနေနဲ့ အဲရစ်ဆင်လို ဖြစ်ရပ်မျိုးကြုံတွေ့ခဲ့ရတုန်းက အားလုံးက အနားယူလိုက်ဖို့နဲ့ ပြန်ကစားနိုင်တော့မှာ မဟုတ်ဘူးလို့ ပြောခဲ့ကြကြောင်း၊ ဒါပေမဲ့ အခုအချိန်မှာ သူ့အနေနဲ့ကွင်းထဲ ပြန်ခြေချနိုင်ပြီဖြစ်ကြောင်း အားပေးခဲ့ပါတယ်။

Harry-Maguire-England-F365-1
IMAGE: GOAL

⚽ အင်္ဂလန်နောက်ခံလူ မက်ဂွဲရားအနေနဲ့ ချက်ဇ်နဲ့ပွဲစဉ်မှာမှ ဝင်မကစားရင် ယူရိုပြိုင်ပွဲမှာ ပါဝင်ကစားနိုင်မှာ မဟုတ်တော့ကြောင်း သုံးသပ်ခဲ့ပါတယ်။ “မက်ဂွဲရားအနေနဲ့ ချက်ဇ်နဲ့ပွဲမှာတောင် မကစားနိုင်ရင် ပြင်သစ်၊ ပေါ်တူဂီတို့နဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လို ကစားမလဲဆိုတာ ကျွန်တော် မသိပါဘူး။ အခု မကစားရင် ကစားရတော့မှာ မဟုတ်ပါဘူး”လို့ ဂယ်ရီနဗီးလ်က ဆိုခဲ့ပါတယ်။

koopmeiners-scaled
IMAGE: GOAL

⚽ နယ်သာလန်ကလပ် အယ်လ်ခမာဟာ သူတို့ရဲ့ကြယ်ပွင့်ကူးမင်နာစ်အတွက် စီးရီးအေကလပ် အတ္တလန္တာရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း Sky Sports က ဖော်ပြထားပါတယ်။ အတ္တလန္တာအနေနဲ့အဆိုပါကွင်းလယ်လူအတွက် ယူရို ၁၄ သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး သူ့ကိုခေါ်ချင်ရင် ဒီထက်ပိုပြီး ကမ်းလှမ်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

NINTCHDBPICT000660146542
IMAGE: GOAL

⚽ ချဲလ်ဆီးကွင်းလယ်လူ ဂီလ်မောက လိဒ်စ်ကွင်းလယ်လူ ဖီလစ်ထက် နည်းစနစ်ပိုင်းမှာ ပိုကောင်းကြောင်း ဂယ်ရီနဗီးလ်က ဆိုခဲ့ပါတယ်။ အင်္ဂလန်မှာ ဂီလ်မောလို ကစားသမားမျိုးမရှိကြောင်း၊ လူတွေက ဖီလစ်ကိုညွှန်းဆိုနေကြပေမဲ့ ဖီလစ်က ဘောလုံး ရယူမှုအပိုင်းမှာ မကောင်းကြောင်း၊ နည်းစနစ်ပိုင်းမှာကျ ဂီလ်မောက နည်းနည်းပိုသာကြောင်း နဗီးလ်က ဆိုခဲ့ပါတယ်။

sergio-ramos-real-madrid-2020-21-1ra64mtqpnwxq18q3quytql2ya
IMAGE: GOAL

⚽ ရီးရဲနည်းပြဟောင်း ကာပယ်လိုကတော့ ရီးရဲကနေ ရာမို့စ်ထွက်ခွာသွားမှုအတွက် သိပ်မအံ့သြမိဘဲ အသက်အရွယ်ဆိုတာ လူတိုင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမိကြောင်း၊ ရာမို့စ်ဟာ အံ့အားသင့်ဖွယ် ကစားသမားဆိုပေမဲ့ ၃၅ နှစ်အရွယ်ဆိုတဲ့အရွယ်က အများကြီးတောင်းဆိုလို့ရတဲ့အရွယ် မဟုတ်တော့ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

sport-preview-Sambi-arsenal
IMAGE: GOAL

⚽ အန်ဒါလက်ချ်ကြယ်ပွင့် ကွင်းလယ်လူ လိုကွန်ဂါဟာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရယူပြီးပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ။် ဒါပေမဲ့ အာဆင်နယ်အနေနဲ့လိုကွန်ဂါအတွက ်အန်ဒါလက်ချ်နဲ့ ပြောင်းရွှေ့ကြေး ညှိနှိုှုင်းရဦးမှာဖြစ်ပြီး ကနဦး ပေါင် ၁၃ သန်းနဲ့ ကမ်းလှမ်းမှုကို အန်ဒါလက်ချ်က ပယ်ချထားပါတယ်။

[ZAWGYI] အာဂ်င္တီးနား ၁-၀ ပါရာေဂြး

medium-2021-06-21-3d63900f19
IMAGE: GOAL

အာဂ်င္တီးနားကေတာ့ ေနာက္ဆံုး ၄ ပြဲဆက္ ႏုိင္ပြဲမရခဲ့တဲ့ ခက္ခဲတဲ့ၿပိဳင္ဘက္ကို သတိႀကီးႀကီးထား ကစားရင္းနဲ႔ပဲ ႏုိင္ပြဲရယူႏိုင္ခဲ့ပါတယ္။ မက္ဆီ၊ အရူရို၊ ဒီမာရီယာတုိ႔နဲ႔ ပြဲထြက္လာတဲ့ အာဂ်င္တုိက္စစ္က ရုန္းကန္ခဲ့ရၿပီး မာေက်ာတဲ့ ပါရာေဂြးခံစစ္ကုိ မနည္းထိုးေဖာက္ခဲ့ရပါတယ္။ ပြဲအစ ၁၀ မိနစ္မွာပဲ ဒီမာရီယာရဲ႕ အကြက္ျမင္ျမင္ေပးပို႔မႈကို ဂိုမက္ဖ္က လွလွပပ အဆံုးသတ္ေပးရင္ ဒီပြဲရဲ႕ တစ္လံုးတည္းေသာ အႏုိင္ဂိုးကို သြင္းေပးခဲ့ပါတယ္။ မက္ဆီလည္း အရင္ပြဲေတြကထက္ ရုန္းအားနည္းနည္းက်ခဲ့တာေတြ႕ရပါတယ္။ ပထမပိုင္းၿပီးခါနီးမွာ အာဂ်င္ေနာက္ထပ္ဂိုးတစ္ဂိုး ရခဲ့ေပမဲ့ ဒီမာရီယာကန္သြင္းစဥ္ကတည္းက မက္ဆီ လူကၽြံ႕အေနအထားမွာ ရွိေနခဲ့လို႔ အျငင္းခံခဲ့ရကာ ဒီရလဒ္နဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။

0-CDF-200621-Italy-V-Wales43-JPG
IMAGE: GOAL

⚽ ေ၀းလ္ယာယီနညး္ျပ ေရာ့ေပ့ခ်္ကေတာ့ သူတို႔အေနနဲ႔အီတလီကို ရႈံးနိ္မ့္ခဲ့ေပမဲ့ အႏုိင္ရသလို ခံစားခဲ့ရေၾကာငး္၊ အုပ္စု ဒုတိယေနရာရခဲ့တဲ့အေပၚ ၀မ္းေျမာက္မိေၾကာင္း၊ ၁၁ ေယာက္တည္းေတာင္ အလြန္ခက္ခဲတဲ့ အေျခအေနမ်ိဳးမွာ ၁၀ ေယာက္တည္းနဲ႔ ပိုမိုခက္ခဲသြားေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

blind-eriksen-split-1ue4pnv1sdq5e19xahf6bbjh46
IMAGE: GOAL

⚽ ေအဂ်က္ေနာက္ခံလူ ဒါေလဘလိုင္းကေတာ့ အသင္းေဖာ္ေဟာင္း အဲရစ္ဆင္အေနနဲ႔ ေဘာလံုးျပန္ကစားႏုိင္ပါ့မလားဆုိတာ သံသယေတြကို ေခ်ဖ်က္ႏုိင္မွာျဖစ္ေၾကာင္း၊ မိမိအေနနဲ႔ အဲရစ္ဆင္လို ျဖစ္ရပ္မ်ိဳးႀကံဳေတြ႕ခဲ့ရတုန္းက အားလံုးက အနားယူလုိက္ဖုိ႔နဲ႔ ျပန္ကစားႏုိ္င္ေတာ့မွာ မဟုတ္ဘူးလို႔ ေျပာခဲ့ၾကေၾကာင္း၊ ဒါေပမဲ့ အခုအခ်ိန္မွာ သူ႔အေနနဲ႔ကြင္းထဲ ျပန္ေျခခ်ႏုိင္ၿပီျဖစ္ေၾကာင္း အားေပးခဲ့ပါတယ္။

Harry-Maguire-England-F365-1
IMAGE: GOAL

⚽ အဂၤလန္ေနာက္ခံလူ မက္ဂြဲရားအေနနဲ႔ ခ်က္ဇ္နဲ႔ပြဲစဥ္မွာမွ ၀င္မကစားရင္ ယူရိုၿပိဳင္ပြဲမွာ ပါ၀င္ကစားႏုိင္မွာ မဟုတ္ေတာ့ေၾကာင္း သံုးသပ္ခဲ့ပါတယ္။ “မက္ဂြဲရားအေနနဲ႔ ခ်က္ဇ္နဲ႔ပြဲမွာေတာင္ မကစားႏုိင္ရင္ ျပင္သစ္၊ ေပၚတူဂီတုိ႔နဲ႔ ရင္ဆုိင္ရတဲ့အခါ ဘယ္လို ကစားမလဲဆိုတာ ကၽြန္ေတာ္ မသိပါဘူး။ အခု မကစားရင္ ကစားရေတာ့မွာ မဟုတ္ပါဘူး”လို႔ ဂယ္ရီနဗီးလ္က ဆုိခဲ့ပါတယ္။

koopmeiners-scaled
IMAGE: GOAL

⚽ နယ္သာလန္ကလပ္ အယ္လ္ခမာဟာ သူတုိ႔ရဲ႕ၾကယ္ပြင့္ကူးမင္နာစ္အတြက္ စီးရီးေအကလပ္ အတၱလႏၱာရဲ႕ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ေၾကာင္း Sky Sports က ေဖာ္ျပထားပါတယ္။ အတၱလႏၱာအေနနဲ႔အဆုိပါကြင္းလယ္လူအတြက္ ယူရို ၁၄ သန္းနဲ႔ ကမ္းလွမ္းခဲ့တာျဖစ္ၿပီး သူ႔ကိုေခၚခ်င္ရင္ ဒီထက္ပိုၿပီး ကမ္းလွမ္းဖုိ႔ လိုအပ္ေနတာ ျဖစ္ပါတယ္။

NINTCHDBPICT000660146542
IMAGE: GOAL

⚽ ခ်ဲလ္ဆီးကြင္းလယ္လူ ဂီလ္ေမာက လိဒ္စ္ကြင္းလယ္လူ ဖီလစ္ထက္ နည္းစနစ္ပိုင္းမွာ ပိုေကာင္းေၾကာင္း ဂယ္ရီနဗီးလ္က ဆုိခဲ့ပါတယ္။ အဂၤလန္မွာ ဂီလ္ေမာလို ကစားသမားမ်ိဳးမရွိေၾကာင္း၊ လူေတြက ဖီလစ္ကိုညႊန္းဆိုေနၾကေပမဲ့ ဖီလစ္က ေဘာလံုး ရယူမႈအပိုင္းမွာ မေကာင္းေၾကာငး္၊ နည္းစနစ္ပိုင္းမွာက် ဂီလ္ေမာက နည္းနည္းပိုသာေၾကာင္း နဗီးလ္က ဆုိခဲ့ပါတယ္။

sergio-ramos-real-madrid-2020-21-1ra64mtqpnwxq18q3quytql2ya
IMAGE: GOAL

⚽ ရီးရဲနညး္ျပေဟာငး္ ကာပယ္လိုကေတာ့ ရီးရဲကေန ရာမုိ႔စ္ထြက္ခြာသြားမႈအတြက္ သိပ္မအံ့ၾသမိဘဲ အသက္အရြယ္ဆိုတာ လူတုိင္းအတြက္ ၀န္ထုပ္၀န္ပိုးျဖစ္ေစမိေၾကာင္း၊ ရာမုိ႔စ္ဟာ အံ့အားသင့္ဖြယ္ ကစားသမားဆိုေပမဲ့ ၃၅ ႏွစ္အရြယ္ဆိုတဲ့အရြယ္က အမ်ားႀကီးေတာင္းဆုိလို႔ရတဲ့အရြယ္ မဟုတ္ေတာ့ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။

sport-preview-Sambi-arsenal
IMAGE: GOAL

⚽ အန္ဒါလက္ခ်္ၾကယ္ပြင့္ ကြင္းလယ္လူ လိုကြန္ဂါဟာ အာဆင္နယ္ကို ေျပာင္းေရႊ႕ဖုိ႔ ပုဂၢိဳလ္ေရးဆုိ္င္ရာ သေဘာတူညီခ်က္ ရယူၿပီးၿပီျဖစ္ေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ။္ ဒါေပမဲ့ အာဆင္နယ္အေနနဲ႔လိုကြန္ဂါအတြက ္အန္ဒါလက္ခ်္နဲ႔ ေျပာင္းေရႊ႕ေၾကး ညွိႏိႈႈင္းရဦးမွာျဖစ္ၿပီး ကနဦး ေပါင္ ၁၃ သန္းနဲ႔ ကမ္းလွမ္းမႈကို အန္ဒါလက္ခ်္က ပယ္ခ်ထားပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!