22-Jun-2021 ယူရိုပြဲႀကိဳသံုးသပ္ခ်က္ႏွင့္ ပရီးမီးယားလိဂ္သတင္းမ်ား

[UNICODE] ချက်ဇ် – အင်္ဂလန် (မြန်မာစံတော်ချိန်ည ၁:၃၀)

tp-EURO-2021-h2h-Czech-Rep-v-England
IMAGE: GOAL

ပြီးခဲ့တဲ့ ပွဲစဉ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံရပြီးနောက် ဆောက်ဂိတ်အနေနဲ့ ဒီပွဲမှာ ဆန်ချို၊ ဂရီးလစ်ရှ်တို့ကိ ထည့်သွင်းပြီး အပြောင်းအလဲ ပြုလုပ်လာဖို့ ရှိနေပါတယ်။ ချက်ဇ်က ၄ မှတ်ရထားလို့ ဒီပွဲရှုံးခဲ့ရင်တောင်အကောင်းဆုံး အုပ်စုတတိယ မျှော်လင့်ခွင့်ရှိတဲ့အနေအထားပါ။ လက်ရှိအချိန်မှာ ချက်ဇ်ရဲ့ ခံစစ်ပိုင်းက မာကျောတာ တွေ့ရပြီး ဂိုးရဖို့ ရုန်းကန်နေရတဲ့ အင်္ဂလန် ထိုးဖောက်ဖို့ အခက်တွေ့ဦးမှာပါ။

england-football-wembley-euro-2020-5414915
IMAGE: GOAL

ဒါပေမဲ့ အင်္ဂလန်က ဆောက်ဂိတ်လက်ထက် ဒီလိုအဆင့်မျိုးတွေမှာ အမှားခံလေ့ရှိတာ မတွေ့ရပါဘူး။ အင်္ဂလန်ရဲ့ လက်ရှိတိုက်စစ်က အားနည်းပြီး ခံစစ်ကတော့ အားကောင်းနေပါတယ်။ ဒါကြောင့် နှစ်သင်းစလုံးရဲ့ခံစစ်က အားကောင်းနေကြလို့ ဒီပွဲမှာ ဂိုးအနည်းကို သဘောကျမိပြီး အင်္ဂလန် ဂိုးနည်းနည်းနဲ့ ကပ်အနိုင်ရနိုင်ပါတယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: ချက်ဇ် ဝ-၁ အင်္ဂလန်

ခရိုအေးရှား – စကော့တလန် (မြန်မာစံတော်ချိန်ည ၁:၃၀)

skysports-ivan-perisic-croatia-5419743
IMAGE: GOAL

နှစ်သင်းစလုံး နောက်တစ်ဆင့်အတွက် မျှော်လင့်ချက် ရှိနေသေးလို့ အကြိတ်အနယ်ရှိမှာ သေချာပါတယ်။ ခရိုအေးရှားက ဝါရင့်တွေနဲ့ သမ္ဘာပိုင်းကောင်းပြီး စကော့တလန်ကတော့ လူငယ်တွေနဲ့လန်းဆန်းမှုရှိနေတဲ့အသင်းပါ။ ဒါပေမဲ့ အင်္ဂလန်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဂီလ်မောမပါနိုင်တာ စကော့တလန်အတွက် ထိခိုက်စေမှာပါ။ အုပ်စုတွင်း ခြေစွမ်းတွေအရလည်း စကော့တလန်ထက် ခရိုအေးရှားကပိုအသာရထားတာ တွေ့ရပါတယ်။ ဒီလိုပွဲမျိုးမှာ သမ္ဘာက စကားပြောတတ်လို့ ခရိုအေးရှားကိုပဲ ယုံထားချင်ပါတယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: စကော့တလန် ဝ-၁ ခရိုအေးရှား

57035
IMAGE: GOAL

⚽ လက်စတာနောက်ခံလူ ဆိုချော့စ်ကလည်း ပရီးမီးယားလိဂ်ကလပ ်မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထဲ ပါဝင်နေတယ်လို့ သိရပါတယ်။ မန်ယူဟာ နွေရာသီမှာ နောက်တန်းကို အားဖြည့်သွားမှာဖြစ်ပြီး ဆိုးချော့စ်ကိုလည်း ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Atalayar-Real-Madrid-Eden-Hazard-Portada
IMAGE: GOAL

⚽ ရီးရဲတိုက်စစ်မှူး ဟာဇက်ကတော့ သူ့ရဲ့အရည်အချင်းကို ဘယ်တုန်းကမှ သံသယမဝင်ခဲ့ဖူးကြောင်း ဖွင့်ဟခဲ့ပါတယ်။ “ကျွန်တော့်ရဲ့ အရည်အချင်းကို ဘယ်တော့မှ သံသယ မဖြစ်ခဲ့ဖူးပါဘူး။ ဒါပေမဲ့ ယူရိုမှာ ရာနှုန်းပြည့်ကြံ့ခိုင်ပါ့မလားဆိုတာ မေးခွန်းအထုတ်ခံခဲ့ရပါတယ်။ ကျွန်တော်က ခြေချင်းဝတ် (၃) ကြိမ်အထိ ခွဲခဲ့ရတာပါ။ ကျွန်တော့်အနေနဲ့ကွင်းထဲမှာ ကိုယ့်ကိုယ်ကိုယ် သက်သေပြရမှာပါ”လို့ ဟာဇက်က ဖွင့်ဟခဲ့ပါတယ်။

borussia-dortmunds-familiar-failings-mean-lucien-favre-is-clinging-on
IMAGE: GOAL

⚽ ဒေါ့မွန်နည်းပြဟောင်းဖက်ရီဟာ ပရီးမီးယားလိဂ်ကလပ် ပဲလေ့စ်နည်းပြ ဖြစ်လာဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ ဖက်ရီဟာ တခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုကိုလည်း လက်ခံရရှိထားသူပါ။ အဲဗာတန်ကလည်း အန်ဆယ်လော့တီရဲ့နေရာမှာ အစားထိုးဖို့ ဖက်ရီကို စိတ်ဝင်စားနေပေမဲ့ သူကတော့ ပဲလေ့စ်ကို ပြောင်းရွှေ့ချင်နေတာပါ။

euro-2020-top-100-mason-mount-hrtwvkuk22kj18v2ptkvh6mlu
IMAGE: GOAL

⚽ အင်္ဂလန်နဲ့ စကော့တလန်တို့ပွဲအပြီး ချဲလ်ဆီးအသင်းဖော် ဂီလ်မောနဲ့ထိတွေ့ခဲ့တဲ့ မစ်ဆန်မောင့်နဲ့ ရီစီဂျိမ်းစ်တို့ဟာ ချက်ဇ်နဲ့ ပွဲမတိုင်ခင် Isolation ဝင်နေရတယ်လို့ သိရပါတယ်။ အင်္ဂလန်အသင်းမှာ ကိုဗစ် ကူးစက်သူ မရှိပေမဲ့ မစွန့်စားလိုဘဲ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကိုဗစ်ထိထားတဲ့ ဂီလ်မောနဲ့ ထိတွေ့မှု ရှိခဲ့တဲ့ မောင့်နဲ့ ရီစီဂျိမ်းစ်တို့ကို အခုလို Isolation ဝင်စေခဲ့တာပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်အနေနဲ့ ချက်ဇ်နဲ့ပွဲမှာ ပါနိုင်၊မပါနိုင်ဆိုတာ ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။

Getty-Images-1284944019
IMAGE: GOAL

⚽ အာဆင်နယ်ဟာ လူငယ်နောက်ခံလူ ဆာလီဘာကို လာမဲ့ရာသီမှာ ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းထံ အငှားစေလွှတ်သွားဖို့ ပြင်ဆင်နေပါတယ်။ အာဆင်နယ်နည်းပြ အာတီတာဟာ ဆာလီဘာကို ပရီးမီးယားလိဂ် အတွေ့အကြုံရစေလိုတာဖြစ်ပြီး သူ့ကို နယူးကာဆယ်က စိတ်ဝင်စားနေတာပါ။

[ZAWGYI] ခ်က္ဇ္ – အဂၤလန္ (ျမန္မာစံေတာ္ခ်ိန္ည ၁:၃၀)

tp-EURO-2021-h2h-Czech-Rep-v-England
IMAGE: GOAL

ၿပီးခဲ့တဲ့ ပြဲစဥ္မွာ ျပင္းျပင္းထန္ထန္ ေ၀ဖန္ခံရၿပီးေနာက္ ေဆာက္ဂိတ္အေနနဲ႔ ဒီပြဲမွာ ဆန္ခ်ိဳ၊ ဂရီးလစ္ရွ္တို႔ကိ ထည့္သြင္းၿပီး အေျပာင္းအလဲ ျပဳလုပ္လာဖို႔ ရွိေနပါတယ္။ ခ်က္ဇ္က ၄ မွတ္ရထားလို႔ ဒီပြဲရႈံးခဲ့ရင္ေတာင္အေကာင္းဆံုး အုပ္စုတတိယ ေမွ်ာ္လင့္ခြင့္ရွိတဲ့အေနအထားပါ။ လက္ရွိအခ်ိန္မွာ ခ်က္ဇ္ရဲ႕ ခံစစ္ပိုင္းက မာေက်ာတာ ေတြ႕ရၿပီး ဂိုးရဖို႔ ရုန္းကန္ေနရတဲ့ အဂၤလန္ ထုိးေဖာက္ဖုိ႔ အခက္ေတြ႕ဦးမွာပါ။

england-football-wembley-euro-2020-5414915
IMAGE: GOAL

ဒါေပမဲ့ အဂၤလန္က ေဆာက္ဂိတ္လက္ထက္ ဒီလိုအဆင့္မ်ိဳးေတြမွာ အမွားခံေလ့ရွိတာ မေတြ႕ရပါဘူး။ အဂၤလန္ရဲ႕ လက္ရွိတုိက္စစ္က အားနည္းၿပီး ခံစစ္ကေတာ့ အားေကာင္းေနပါတယ္။ ဒါေၾကာင့္ ႏွစ္သင္းစလံုးရဲ ႕ခံစစ္က အားေကာင္းေနၾကလို႔ ဒီပြဲမွာ ဂိုးအနည္းကို သေဘာက်မိၿပီး အဂၤလန္ ဂိုးနည္းနည္းနဲ႔ ကပ္အႏုိင္ရႏုိင္ပါတယ္။ ျဖစ္ႏုိင္ဖြယ္ရလဒ္: ခ်က္ဇ္ ၀-၁ အဂၤလန္

ခရိုေအးရွား – စေကာ့တလန္ (ျမန္မာစံေတာ္ခ်ိန္ည ၁:၃၀)

skysports-ivan-perisic-croatia-5419743
IMAGE: GOAL

ႏွစ္သင္းစလံုး ေနာက္တစ္ဆင့္အတြက္ ေမွ်ာ္လင့္ခ်က္ ရွိေနေသးလို႔ အႀကိတ္အနယ္ရွိမွာ ေသခ်ာပါတယ္။ ခရိုေအးရွားက ၀ါရင့္ေတြနဲ႔ သမာၻပိုင္းေကာင္းၿပီး စေကာ့တလန္ကေတာ့ လူငယ္ေတြနဲ႔လန္းဆန္းမႈရွိေနတဲ့အသင္းပါ။ ဒါေပမ့ဲ အဂၤလန္နဲ႔ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ ဂီလ္ေမာမပါႏုိင္တာ စေကာ့တလန္အတြက္ ထိခိုက္ေစမွာပါ။ အုပ္စုတြင္း ေျခစြမ္းေတြအရလည္း စေကာ့တလန္ထက္ ခရိုေအးရွားကပိုအသာရထားတာ ေတြ႕ရပါတယ္။ ဒီလိုပြဲမ်ိဳးမွာ သမာၻက စကားေျပာတတ္လုိ႔ ခရိုေအးရွားကုိပဲ ယံုထားခ်င္ပါတယ္။ ျဖစ္ႏုိင္ဖြယ္ရလဒ္: စေကာ့တလန္ ၀-၁ ခရိုေအးရွား

57035
IMAGE: GOAL

⚽ လက္စတာေနာက္ခံလူ ဆုိေခ်ာ့စ္ကလည္း ပရီးမီးယားလိဂ္ကလပ ္မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ပစ္မွတ္စာရင္းထဲ ပါ၀င္ေနတယ္လို႔ သိရပါတယ္။ မန္ယူဟာ ေႏြရာသီမွာ ေနာက္တန္းကို အားျဖည့္သြားမွာျဖစ္ၿပီး ဆုိးေခ်ာ့စ္ကိုလည္း ပစ္မွတ္စာရင္းထဲ ထည့္သြင္းထားတာ ျဖစ္ပါတယ္။

Atalayar-Real-Madrid-Eden-Hazard-Portada
IMAGE: GOAL

⚽ ရီးရဲတုိက္စစ္မွဴး ဟာဇက္ကေတာ့ သူ႔ရဲ႕အရည္အခ်င္းကို ဘယ္တုန္းကမွ သံသယမ၀င္ခဲ့ဖူးေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ “ကၽြန္ေတာ့္ရဲ႕ အရည္အခ်င္းကို ဘယ္ေတာ့မွ သံသယ မျဖစ္ခဲ့ဖူးပါဘူး။ ဒါေပမဲ့ ယူရိုမွာ ရာႏႈန္းျပည့္ႀကံ႕ခိုင္ပါ့မလားဆိုတာ ေမးခြန္းအထုတ္ခံခဲ့ရပါတယ္။ ကၽြန္ေတာ္က ေျခခ်င္း၀တ္ (၃) ႀကိမ္အထိ ခြဲခဲ့ရတာပါ။ ကၽြန္ေတာ့္အေနနဲ႔ကြင္းထဲမွာ ကိုယ့္ကိုယ္ကိုယ္ သက္ေသျပရမွာပါ”လို႔ ဟာဇက္က ဖြင့္ဟခဲ့ပါတယ္။

borussia-dortmunds-familiar-failings-mean-lucien-favre-is-clinging-on
IMAGE: GOAL

⚽ ေဒါ့မြန္နညး္ျပေဟာငး္ဖက္ရီဟာ ပရီးမီးယားလိဂ္ကလပ္ ပဲေလ့စ္နည္းျပ ျဖစ္လာဖုိ႔ နီးစပ္ေနၿပီျဖစ္ေၾကာငး္ သိရပါတယ္။ ဖက္ရီဟာ တျခားအသင္းေတြရဲ႕ ကမ္းလွမ္းမႈကိုလည္း လက္ခံရရွိထားသူပါ။ အဲဗာတန္ကလည္း အန္ဆယ္ေလာ့တီရဲ႕ေနရာမွာ အစားထုိးဖုိ႔ ဖက္ရီကို စိတ္၀င္စားေနေပမဲ့ သူကေတာ့ ပဲေလ့စ္ကို ေျပာင္းေရႊ႕ခ်င္ေနတာပါ။

euro-2020-top-100-mason-mount-hrtwvkuk22kj18v2ptkvh6mlu
IMAGE: GOAL

⚽ အဂၤလန္နဲ႔ စေကာ့တလန္တို႔ပြဲအၿပီး ခ်ဲလ္ဆီးအသင္းေဖာ္ ဂီလ္ေမာနဲ႔ထိေတြ႕ခဲ့တဲ့ မစ္ဆန္ေမာင့္နဲ႔ ရီစီဂ်ိမ္းစ္တုိ႔ဟာ ခ်က္ဇ္နဲ႔ ပြဲမတုိင္ခင္ Isolation ၀င္ေနရတယ္လုိ႔ သိရပါတယ္။ အဂၤလန္အသင္းမွာ ကိုဗစ္ ကူးစက္သူ မရွိေပမဲ့ မစြန္႔စားလိုဘဲ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ကိုဗစ္ထိထားတဲ့ ဂီလ္ေမာနဲ႔ ထိေတြ႕မႈ ရွိခဲ့တဲ့ ေမာင့္နဲ႔ ရီစီဂ်ိမ္းစ္တုိ႔ကို အခုလို Isolation ၀င္ေစခဲ့တာပါ။ ဒါေပမဲ့ သူတုိ႔ႏွစ္ေယာက္အေနနဲ႔ ခ်က္ဇ္နဲ႔ပဲြမွာ ပါႏုိင္၊မပါႏုိင္ဆုိတာ ထုတ္ျပန္ျခင္းေတာ့ မရွိေသးပါဘူး။

Getty-Images-1284944019
IMAGE: GOAL

⚽ အာဆင္နယ္ဟာ လူငယ္ေနာက္ခံလူ ဆာလီဘာကို လာမဲ့ရာသီမွာ ပရီးမီးယားလိဂ္ကလပ္အသင္းတစ္သင္းထံ အငွားေစလႊတ္သြားဖို႔ ျပင္ဆင္ေနပါတယ္။ အာဆင္နယ္နည္းျပ အာတီတာဟာ ဆာလီဘာကို ပရီးမီးယားလိဂ္ အေတြ႕အႀကံဳရေစလိုတာျဖစ္ၿပီး သူ႔ကို နယူးကာဆယ္က စိတ္၀င္စားေနတာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!