22-Jun-2021 ယူရိုပြဲၿပီးသံုးသပ္ခ်က္ႏွင့္ နံနက္ခင္း သတင္းမ်ား

[UNICODE] ဖင်လန် ဝ-၂ ဘယ်ဂျီယံ

maxresdefault
IMAGE: GOAL

ဘယ်ဂျီယံတိုက်စစ်ပိုင်းမှာ ဒီဘရိုင်း၊ ဟာဇက်တို့ ပြန်ပါလာခဲ့ပေမဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်တာရော၊ ဖင်လန်ဂိုးသမား လက်စွမ်းပြနေတာကြောင့်ပါ ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ မျှော်လင့်ချက် ရှိနေသေးတဲ့ င်လန်ဟာ ဘယ်ဂျီယံဆီကနေ သရေတစ်မှတ်ရဖို့ ကြိုးပမ်းခဲ့ပြီး ခံစစ်နဲ့ပဲ ပွဲထွက်လာခဲ့တာပါ။ ပွဲချိန်တော်တော်များများမှာ ဖင်လန်ခံစစ် ပုံစံကောင်းပြခဲ့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဘယ်ဂျီယံတိုက်စစ်ကို ခုခံရတာ ပန်းလာပုံပါပဲ။ ၇၄ မိနစ်မှာ ဗာမေလန်ရဲ့ခေါင်းတိုက်ဂိုးကို ရှင်းထုတ်ဖို့ ကြိုးစားရာမှာ ဖင်လန်ဂိုးသမား ကိုယ့်ဂိုးကိုယ် သွင်းမိသလို ဖြစ်ခဲ့တာပါ။ အဲဒီနောက် ဘယ်ဂျီယံကပဲ တိုက်စစ်ဆင်ခဲ့ပြီး ဒီဘရိုင်းရဲ့ ပေးပို့မှုကို လူကာကူက လှည့်ထွက်ပြီး လှလှပပ အဆုံးသတ်ကာ အနိုင်သေချာစေမဲ့ဂိုးကို သွင်းပေးခဲ့ပါတယ်။ ဘယ်ဂျီယံအနေနဲ့ ဖင်လန်ကို ၁၉၆၈ ကမ္ဘာ့ဖလားနောက်ပိုင်း ၅၃ နှစ်အတွင်း ပထမဆုံးအကြိမ်ပြန်လည်အနိုင်ရရှိခဲ့တာပါ။ အကောင်းဆုံးဆုရ ကစားသမား – ဒီဘရိုင်း(မန်စီးတီး)

မြောက်မက်ဆီဒိုးနီးယား ဝ-၃ နယ်သာလန်

98b36-16242996816273-800
IMAGE: GOAL

မြောက်မက်ဆီဒိုးနီးယားက အိမ်ကွင်းမှာ နှစ်သိမ့်နိုင်အောင် ကြိုးစားခဲ့ပေမဲ့အင်အားချင်း ကွာဟလွန်းတာကြောင့် ဘယ်လိုမှ ခံနိုင်ရည် မရှိခဲ့ပါဘူး။ နယ်သာလန်ဟာ နောက်တစ်ဆင့်တက်သွားပြီဖြစ်ပေမဲ့ အဓိက ကစားသမားတွေကိုပဲ အသုံးပြုခဲ့ပြီး ဖိဖိစီးစီး ကစားခဲ့တာ တွေ့ရပါတယ်။ မက်ဆီဒိုးနီးယားရဲ့ တုံ့ပြန်ပုံ မဆိုးပေမဲ့ နေရာအလိုက်ဇုန်တွေမှာ သိသိသာသာ အားနည်းလွန်းပါတယ်။ ဒါကြောင့် နယ်သာလန်ကပဲ အသာစီးကနေ ကစားပြီး ဒီပေးနဲ့ ဝီနယ်ဒမ်ကနှစ်ဂိုး ဂိုးတွေကို သွင်းယူပေးခဲ့ကြတာပါ။ နယ်သာလန်အနေနဲ့ ယူရိုပြိုင်ပွဲမှာ အုပ်စုတွင်းရာနှုန်းပြည့် နိုင်ပွဲရတာ ၃ ကြိမ်မြောက် (၂၀၀၀၊ ၂၀၀၈၊ ၂၀၂၀)ဖြစ်ခဲ့ပြီး ဒါကတခြားအသင်းတွေထက် ပိုများတဲ့ပမာဏပါ။ အကောင်းဆုံးဆုရ ကစားသမား – ဝီနယ်ဒမ် (ပီအက်စ်ဂျီ)

ရုရှား ၁-၄ ဒိန်းမတ်

denrus
IMAGE: GOAL

အဖွင့်နှစ်ပွဲဆက် အရေးနိမ့်ထားတဲ့ ဒိန်းမတ်ကတော့ ပြန်လာနိုင်ခဲ့ပြီး နောက်တစ်ဆင့်ကို အံ့အားသင့်ဖွယ ်တက်လှမ်းသွားနိုင်ခဲ့တာပါ။ ဒိန်းမတ်ဟာ ပွဲအစကတည်းက တရစပ် တိုက်စစ်ဆင်ကာ ဂိုးရဖို့ ဖိအားပေးခဲ့တာပါ။ တစ်မှတ်ရရုံနဲ့ နောက်တစ်ဆင့်တက်မဲ့ ရုရှားကတော့ ဒီပွဲမှာ စိုးရိမ်စိတ်ဝင်ကာ အမှားများခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒိန်းမတ်ရဲ့ တိုက်စစ်အားကို ရုရှား တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ ပထမပိုင်းပဲ အဖွင့်ဂိုးပေးခဲ့ရပါတယ်။ ဒုတိယပိုင်းမှာလည်း ဒိန်းမတ်ကသာ နောက်ဂိုးတွေအတွက် တိုက်စစ်ဆင်ခဲ့ပြီး ပူလ်ဆင်၊ ခရစ္စတန်ဆန်၊ မာဟဲတို့က ဂိုးတွေဆက်တိုက်သွင်းခဲ့ပြီး မိနစ် ၇၀ မှာတော့ ပင်နယ်တီကနေ ဒူဇူကာကနှစ်သိမ့်ချေပဂိုး ပြန်သွင်းခဲ့တာပါ။ ဒီပွဲမှာ ဒိန်းမတ်ရဲ့ ရဲရင့်စိတ်၊ စွမ်းဆောင်ရည်က တကယ့်ကို မာကျောလွန်းကာ အားရစရာ ကောင်းခဲ့တာပါ။ ဒီပွဲကို ကြည့်ရင်း မြက်ခင်းစိမ်းတွေအဝေးက အဲရစ်ဆင်လည်းပျော်နေရှာမှာပါ။ အကောင်းဆုံးဆုရ ကစားသမား – ခရစ္စတန်ဆန်(ချဲလ်ဆီး)

0-Screenshot-2021-06-20-at-194732
IMAGE: GOAL

⚽ နယ်သာလန်တိုက်စစ်မှူး ဒီပေးက ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပြီးနောက် ပထမဆုံး စကားပြောကြားရာမှာ လွန်ခဲ့တဲ့ ၆ နှစ်တုန်းက မန်ယူကို ပြောင်းရွှေ့စဉ်တုန်းက ပထမဆုံး ဖွင့်ဟစကားနဲ့တူညီနေလို့ အဖောက်ခံနေရပါတယ်။ မန်ယူကို ပြောင်းးတုန်းကလည်း ဒီပေးဟာ “မန်ယူက ကမ္ဘာ့အကြီးကျယ်ဆုံးအသင်း”လို့ ဆိုခဲ့သလို အခုအခါလည်း ဘာစီလိုနာဟာ ကမ္ဘာ့အကြီးကျယ်ဆုံးအသင်းလို့ ဆိုခဲ့ပြန်ပါတယ်။ ဒါကြောင့်ပရိသတ်တွေကတော့ ကမ္ဘာ့အကြီးကျယ်ဆုံးက မန်ယူလား၊ ဘာစီလိုနာလားလို့ဒီပေးကို မေးခွန်းထုတ်ကာ အရွှန်းဖောက်ခဲ့ကြတာပါ။

1-Getty-Images-12537103136
IMAGE: GOAL

⚽ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါက စာချုပ်သက်တမ်းကိစ္စ ဆွေးနွေးမှု မရှိသေးပေမဲ့ အသင်းမှာသာ ဆက်နေသွားမှာဖြစ်တယ်လို့ Sky Sports က ဖော်ပြထားပါတယ်။ ရူဒီဂါဟာ ချဲလ်ဆီးနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိသူဖြစ်ပြီး တူချယ်ကလည်း သူ့ကိုအသင်းမှာသာ ဆက်ထိန်းလိုနေတာ ဖြစ်ပါတယ်။

Hakan-Calhanoglu-of-AC-Milan
IMAGE: GOAL

⚽ အေစီမီလန်ကွင်းလယ်လူ ကော်ဟယ်ဂလူကတော့ သူ့အနေနဲ့ မြို့ခံပြိုင်ဘက်အင်တာမီလန်ကို ပြောင်းရွှေ့တော့မှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။”ကျွန်တော်နဲ့ အင်တာ သဘောတူညီချက် ရပြီးပါပြီ၊ကျွန်တော့်အနေနဲ့ မီလန်ကိုသွားပြီး မနက်ဖြန် စာချုပ်ချုပ်ဆိုသွားမှာပါ”လို့ ကော်ဟယ်ဂလူက ဖွင့်ဟခဲ့ပါတယ်။ အင်တာဟာ ကော်ဟယ်ဂလူကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

emile-smith-rowe
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာဟာ အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် စမစ်ရို့စ်ကို ခေါ်ယူဖို့ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ ဗီလာဟာ စမစ်ရို့စ်အတွက် ပေါင်သန်း ၃၀ ပေးချေသွားမှာဖြစ်ပြီး ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ ဒါပေမဲ့ အာဆင်နယ်ကတော့ စမစ်ရို့စ်ကို ရောင်းချသွးမှာ မဟုတ်ဘဲစာချုပ်သစ် တိုးမြှင့်ချုုပ်ဆိုဖို့ ကြိုးပမ်းနေတာပါ။

skysports-mikkel-damsgaard-5423270
IMAGE: GOAL

⚽ ရုရှားနဲ့ပွဲစဉ်မှာ အဖွင့်ဂိုးသွင်းခဲ့တဲ့ ဒိန်းမတ်တိုက်စစ်ကစားသမား ဒန်စ်ဂတ်က သူ့အနေနဲ့ အခုလို ဂုဏ်ယူစရာအောင်မြင်မှုကြီးရဲ့ အစိတ်အပိုင်းဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ အိပ်မက်မမက်ဖူးခဲ့ကြောင်း၊ ခံစားချက်က အလွန်ကောင်းမွန်နေပြီး အံ့အားသင့်ဖွယ်ကောင်းကြောင်း ဖွင့်ဟခဲ့ပါတယ်။ အသက် ၂၀ နှစ်အရွယ်ဒန်စ်ဂတ်ဟာ ယူရိုပြိုင်ပွဲမှာ ဒိန်းမတ်အတွက ်အသက်အငယ်ဆုံး ဂိုးသွင်းနိုင်တဲ့ ကစားသမားအဖြစ်လည်းမှတ်တမ်း ဝင်ခဲ့ပါတယ်။

[ZAWGYI] ဖင္လန္ ၀-၂ ဘယ္ဂ်ီယံ

maxresdefault
IMAGE: GOAL

ဘယ္ဂ်ီယံတုိက္စစ္ပိုင္းမွာ ဒီဘရိုင္း၊ ဟာဇက္တုိ႔ ျပန္ပါလာခဲ့ေပမဲ့ အခြင့္အေရးေတြကို အသံုးမခ်ႏုိင္တာေရာ၊ ဖင္လန္ဂိုးသမား လက္စြမ္းျပေနတာေၾကာင့္ပါ ဂိုးရဖုိ႔ ရုန္းကန္ခဲ့ရပါတယ္။ ေမွ်ာ္လင့္ခ်က္ ရွိေနေသးတဲ့ င္လန္ဟာ ဘယ္ဂ်ီယံဆီကေန သေရတစ္မွတ္ရဖုိ႔ ႀကိဳးပမ္းခဲ့ၿပီး ခံစစ္နဲ႔ပဲ ပြဲထြက္လာခဲ့တာပါ။ ပြဲခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ဖင္လန္ခံစစ္ ပံုစံေကာင္းျပခဲ့ေပမဲ့ အခ်ိန္ၾကာလာတာနဲ႔အမွ် ဘယ္ဂ်ီယံတုိက္စစ္ကို ခုခံရတာ ပန္းလာပံုပါပဲ။ ၇၄ မိနစ္မွာ ဗာေမလန္ရဲ႕ေခါင္းတုိက္ဂိုးကို ရွင္းထုတ္ဖုိ႔ ႀကိဳးစားရာမွာ ဖင္လန္ဂိုးသမား ကုိယ့္ဂိုးကိုယ္ သြင္းမိသလို ျဖစ္ခဲ့တာပါ။ အဲဒီေနာက္ ဘယ္ဂ်ီယံကပဲ တုိက္စစ္ဆင္ခဲ့ၿပီး ဒီဘရိုင္းရဲ႕ ေပးပို႔မႈကို လူကာကူက လွည့္ထြက္ၿပီး လွလွပပ အဆံုးသတ္ကာ အႏုိင္ေသခ်ာေစမဲ့ဂိုးကို သြင္းေပးခဲ့ပါတယ္။ ဘယ္ဂ်ီယံအေနနဲ႔ ဖင္လန္ကို ၁၉၆၈ ကမာၻ႕ဖလားေနာက္ပိုင္း ၅၃ ႏွစ္အတြင္း ပထမဆံုးအႀကိမ္ျပန္လည္အႏုိင္ရရွိခဲ့တာပါ။ အေကာင္းဆံုးဆုရ ကစားသမား – ဒီဘရိုင္း(မန္စီးတီး)

ေျမာက္မက္ဆီဒိုးနီးယား ၀-၃ နယ္သာလန္

98b36-16242996816273-800
IMAGE: GOAL

ေျမာက္မက္ဆီဒိုးနီးယားက အိမ္ကြင္းမွာ ႏွစ္သိမ့္ႏုိင္ေအာင္ ႀကိဳးစားခဲ့ေပမဲ့အင္အားခ်င္း ကြာဟလြန္းတာေၾကာင့္ ဘယ္လိုမွ ခံႏုိင္ရည္ မရွိခဲ့ပါဘူး။ နယ္သာလန္ဟာ ေနာက္တစ္ဆင့္တက္သြားၿပီျဖစ္ေပမဲ့ အဓိက ကစားသမားေတြကိုပဲ အသုံးျပဳခဲ့ၿပီး ဖိဖိစီးစီး ကစားခဲ့တာ ေတြ႕ရပါတယ္။ မက္ဆီဒိုးနီးယားရဲ႕ တုံ႔ျပန္ပံု မဆုိးေပမဲ့ ေနရာအလိုက္ဇုန္ေတြမွာ သိသိသာသာ အားနည္းလြန္းပါတယ္။ ဒါေၾကာင့္ နယ္သာလန္ကပဲ အသာစီးကေန ကစားၿပီး ဒီေပးနဲ႔ ၀ီနယ္ဒမ္ကႏွစ္ဂိုး ဂိုးေတြကို သြင္းယူေပးခဲ့ၾကတာပါ။ နယ္သာလန္အေနနဲ႔ ယူရိုၿပိဳင္ပြဲမွာ အုပ္စုတြင္းရာႏႈန္းျပည့္ ႏုိင္ပြဲရတာ ၃ ႀကိမ္ေျမာက္ (၂၀၀၀၊ ၂၀၀၈၊ ၂၀၂၀)ျဖစ္ခဲ့ၿပီး ဒါကတျခားအသင္းေတြထက္ ပိုမ်ားတဲ့ပမာဏပါ။ အေကာင္းဆံုးဆုရ ကစားသမား – ၀ီနယ္ဒမ္ (ပီအက္စ္ဂ်ီ)

ရုရွား ၁-၄ ဒိ္န္းမတ္

denrus
IMAGE: GOAL

အဖြင့္ႏွစ္ပြဲဆက္ အေရးနိမ့္ထားတဲ့ ဒိန္းမတ္ကေတာ့ ျပန္လာႏုိင္ခဲ့ၿပီး ေနာက္တစ္ဆင့္ကို အံ့အားသင့္ဖြယ ္တက္လွမ္းသြားႏုိင္ခဲ့တာပါ။ ဒိန္းမတ္ဟာ ပြဲအစကတည္းက တရစပ္ တုိက္စစ္ဆင္ကာ ဂိုးရဖုိ႔ ဖိအားေပးခဲ့တာပါ။ တစ္မွတ္ရရုံနဲ႔ ေနာက္တစ္ဆင့္တက္မဲ့ ရုရွားကေတာ့ ဒီပြဲမွာ စိုးရိမ္စိတ္၀င္ကာ အမွားမ်ားခဲ့ပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် ဒိန္းမတ္ရဲ႕ တုိက္စစ္အားကို ရုရွား ေတာင့္ခံႏုိင္ျခင္း မရွိေတာ့ဘဲ ပထမပိုင္းပဲ အဖြင့္ဂိုးေပးခဲ့ရပါတယ္။ ဒုတိယပိုင္းမွာလည္း ဒိန္းမတ္ကသာ ေနာက္ဂိုးေတြအတြက္ တုိက္စစ္ဆင္ခဲ့ၿပီး ပူလ္္ဆင္၊ ခရစၥတန္ဆန္၊ မာဟဲတုိ႔က ဂိုးေတြဆက္တိုက္သြင္းခဲ့ၿပီး မိနစ္ ၇၀ မွာေတာ့ ပင္္နယ္တီကေန ဒူဇူကာကႏွစ္သိမ့္ေခ်ပဂိုး ျပန္သြင္းခဲ့တာပါ။ ဒီပြဲမွာ ဒိန္းမတ္ရဲ႕ ရဲရင့္စိတ္၊ စြမ္းေဆာင္ရည္က တကယ့္ကို မာေက်ာလြန္းကာ အားရစရာ ေကာင္းခဲ့တာပါ။ ဒီပြဲကို ၾကည့္ရင္း ျမက္ခင္းစိမ္းေတြအေ၀းက အဲရစ္ဆင္လည္းေပ်ာ္ေနရွာမွာပါ။ အေကာင္းဆံုးဆုရ ကစားသမား – ခရစၥတန္ဆန္(ခ်ဲလ္ဆီး)

0-Screenshot-2021-06-20-at-194732
IMAGE: GOAL

⚽ နယ္သာလန္တိုက္စစ္မွဴး ဒီေပးက ဘာစီလိုနာကို ေျပာင္းေရႊ႕ခဲ့ၿပီးေနာက္ ပထမဆံုး စကားေျပာၾကားရာမွာ လြန္ခဲ့တဲ့ ၆ ႏွစ္တုန္းက မန္ယူကို ေျပာင္းေရႊ႕စဥ္တုနး္က ပထမဆံုး ဖြင့္ဟစကားနဲ႔တူညီေနလို႔ အေဖာက္ခံေနရပါတယ္။ မန္ယူကို ေျပာငး္းတုန္းကလည္း ဒီေပးဟာ “မန္ယူက ကမာၻ႕အႀကီးက်ယ္ဆံုးအသင္း”လုိ႔ ဆုိခဲ့သလို အခုအခါလည္း ဘာစီလိုနာဟာ ကမာၻ႕အႀကီးက်ယ္ဆံုးအသင္းလို႔ ဆုိခဲ့ျပန္ပါတယ္။ ဒါေၾကာင့္ပရိသတ္ေတြကေတာ့ ကမာၻ႕အႀကီးက်ယ္ဆံုးက မန္ယူလား၊ ဘာစီလိုနာလားလို႔ဒီေပးကို ေမးခြန္းထုတ္ကာ အရႊန္းေဖာက္ခဲ့ၾကတာပါ။

1-Getty-Images-12537103136
IMAGE: GOAL

⚽ ခ်ဲလ္ဆီးေနာက္ခံလူ ရူဒီဂါက စာခ်ဳပ္သက္တမ္းကိစၥ ေဆြးေႏြးမႈ မရွိေသးေပမဲ့ အသင္းမွာသာ ဆက္ေနသြားမွာျဖစ္တယ္လုိ႔ Sky Sports က ေဖာ္ျပထားပါတယ္။ ရူဒီဂါဟာ ခ်ဲလ္ဆီးနဲ႔ ၂၀၂၂ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိသူျဖစ္ၿပီး တူခ်ယ္ကလည္း သူ႔ကိုအသင္းမွာသာ ဆက္ထိန္းလိုေနတာ ျဖစ္ပါတယ္။

Hakan-Calhanoglu-of-AC-Milan
IMAGE: GOAL

⚽ ေအစီမီလန္ကြင္းလယ္လူ ေကာ္ဟယ္ဂလူကေတာ့ သူ႔အေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္အင္တာမီလန္ကို ေျပာင္းေရႊ႕ေတာ့မွာျဖစ္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။”ကၽြန္ေတာ္နဲ႔ အင္တာ သေဘာတူညီခ်က္ ရၿပီးပါၿပီ၊ကၽြန္ေတာ့္အေနနဲ႔ မီလန္ကိုသြားၿပီး မနက္ျဖန္ စာခ်ဳပ္ခ်ဳပ္ဆုိသြားမွာပါ”လို႔ ေကာ္ဟယ္ဂလူက ဖြင့္ဟခဲ့ပါတယ္။ အင္တာဟာ ေကာ္ဟယ္ဂလူကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူသြားမွာ ျဖစ္ပါတယ္။

emile-smith-rowe
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အက္စတြန္ဗီလာဟာ အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ စမစ္ရို႕စ္ကို ေခၚယူဖို႔ႀကိဳးပမ္းေနဆဲ ျဖစ္ပါတယ္။ ဗီလာဟာ စမစ္ရို႕စ္အတြက္ ေပါင္သန္း ၃၀ ေပးေခ်သြားမွာျဖစ္ၿပီး ေဆြးေႏြးမႈေတြျပဳလုပ္ေနပါတယ္။ ဒါေပမဲ့ အာဆင္နယ္ကေတာ့ စမစ္ရို႕စ္ကို ေရာင္းခ်သြးမွာ မဟုတ္ဘဲစာခ်ဳပ္သစ္ တုိးျမွင့္ခ်ုဳပ္ဆုိုဖို႔ ႀကိဳးပမ္းေနတာပါ။

skysports-mikkel-damsgaard-5423270
IMAGE: GOAL

⚽ ရုရွားနဲ႔ပြဲစဥ္မွာ အဖြင့္ဂိုးသြင္းခဲ့တဲ့ ဒိန္းမတ္တုိက္စစ္ကစားသမား ဒန္စ္ဂတ္က သူ႔အေနနဲ႔ အခုလို ဂုဏ္ယူစရာေအာင္ျမင္မႈႀကီးရဲ႕ အစိတ္အပိုင္းျဖစ္လာလိမ့္မယ္လုိ႔ ဘယ္တုန္းကမွ အိပ္မက္မမက္ဖူးခဲ့ေၾကာင္း၊ ခံစားခ်က္က အလြန္ေကာင္းမြန္ေနၿပီး အံ့အားသင့္ဖြယ္ေကာင္းေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ အသက္ ၂၀ ႏွစ္အရြယ္ဒန္စ္ဂတ္ဟာ ယူရိုၿပိဳင္ပြဲမွာ ဒိန္းမတ္အတြက ္အသက္အငယ္ဆံုး ဂိုးသြင္းႏုိင္တဲ့ ကစားသမားအျဖစ္လည္းမွတ္တမ္း ၀င္ခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!