22-Jun-2021 အပြောင်းအရွှေ့ သတင်းများ
[UNICODE]
1231862540
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးဟာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်လျက်ရှိနေပါတယ်။ မန်စီးတီးဟာ ဟယ်ရီကိန်းကို ပေါင်သန်း ၁၀၀ အထိပေးချေသွားဖို့ အသင့်ဖြစ်နေပြီး စပါးနဲ့ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိနေပါတယ်
22-2-21-PAMPLONAosasuna-vs-sevilla-FOTO-JUAN-MANUEL-SERRANO-ARCE
IMAGE: GOAL
⚽ ရီးရဲမက်ဒရစ်ဟာ အသင်းကနေ ထွက်ခွာသွားတဲ့ နောက်ခံလူ ရာမို့စ်နေရာမှာ အစားထိုးဖို့အတွက် ဆီဗီးလ်နောက်ခံလူ ကွန်ဒီကို ပစ်မှတ်ထားနေပါတယ်။ ဒါပေမဲ့ ကွန်ဒီကို ခေါ်နိုင်ဖို့ဆိုရင် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၈၀ ပေးချေဖို့ လိုအပ်ပါတယ်။ ဆီဗီးလ်ကလည်း သူတို့ရဲ့ကြယ်ပွင့်ကို ရောင်းချသွားမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
Diogo-Dalot-20-of-Manchester-United-during-the-FA-Cup-match-between-Derby-County-and-Manchester-Unit
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်ဟာ နောက်ခံလူ ဒါလော့ကို အေစီမီလန်ထံပြန်လွှတ်တော့မှာ မဟုတ်ကြောင်း Manchester Evening News က ဖော်ပြထားပါတယ်။ မန်ယူဟာ ဒါလော့ဟာ အသင်းမှာပဲ ဆက်ထိန်းကာ အသင်းတွင်း ပြိုင်ဆိုင်မှု မြင့်မားအောင် စီစဉ်လိုလျက် ရှိနေတာ ဖြစ်ပါတယ်။
https-thetopflight-com-wp-content-uploads-getty-images-2018-08-1232713119-850x560
IMAGE: GOAL
⚽ စီးရီးအေကလပ် ရိုးမားနည်းပြ မော်ရင်ဟိုကတော့ ရီးရဲကနေ ထွက်ခွာခဲ့ပြီဖြစ်တဲ့ နောက်ခံလူ ရာမို့စ်ကို ရိုးမားဆီ ခေါ်ဆောင်သွားဖို့ ကြိုးပမ်းသွားမှာပါ။ အလွတ်နဲ့ ခေါ်ယူနိုင်မဲ့ ၃၅ နှစ်အရွယ် ဝါရင့်နောက်ခံလူကို ဥရောပထိပ်တန်းအသင်းတွေက အပြိုင်အဆိုင် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။
ngolo-kante-15axmwkstrx4a1o3on2onb6k6s
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးဟာ စာချုပ်သက်တမ်း နောက်ဆုံး ၂ နှစ်ထဲကို ရောက်လာတဲ့ အဓိကကွင်းလယ်လူ ကန်တီကို စာချုပ်သစ် ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နွေတုန်းကလည်း ချဲလ်ဆီးဟာ ကန်တီအတွက် ကမ်းလှမ်းမှု နှစ်ခုခန့်ကိ ုငြင်းဆန်ခဲ့သေးတာပါ။ ချဲလ်ဆီးနဲ့ ကန်တီတို့အကြား ဆက်ဆံရေးက ကောင်းမွန်နေပြီး စာချုပ်သစ်ချုပ်ဆိုနိုင်မယ်လို့လည်း သိရပါတယ်။
P2020-08-25-Salsburg-Liverpool-145
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် လီဗာပူးဟာ နောက်ခံလူ ဆီမီကက်စ်ကို ရောင်းချဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။ ဆီမီကက်စ်ဟာ လီဗာပူးမှာ ပွဲကစားချိန်နည်းပါးနေခြင်းကို စိတ်ပျက်လျက်ရှိနေပြီး အသင်းပြောင်းရွှေ့ဖို့ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေတာပါ။
skysports-lionel-messi-cristiano-ronaldo-5200235
IMAGE: GOAL
⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာကတော့ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကို ဘာစီလိုနာမှာ အတူတွေ့မြင်ရဖို့ အိပ်မက်မက်လျက်ရှိနေကြောင်း AS က ဖော်ပြထားပါတယ်။ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်ကနေ ထွက်ခွာတော့မယ်လို့ သတင်းထွက်ပေါ်နေပြီး အသင်းပြောင်းရွှေ့ဖို့ စီစဥလျက် ရှိနေတာပါ။
SPORT-PREVIEW-Kessie-Arsenal
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းဟာ အေစီမီလန်ကွင်းလယ်လူကက်ဆီကို ခေါ်ယူနိုင်ဖို့ ရေပန်းစားနေကြောင်း Gazzetta dello Sport က ဖော်ပြထားပါတယ်။ အေစီမီလန်ဟာ အဆိုပါအိုင်ဗရီကို့စ်ကွင်းလယ်လူကို ရောင်းချသွားတော့မှာဖြစ်ပြီး ကွင်းလယ်ပိုင်း အားဖြည့်လိုနေတဲ့ အာဆင်နယ်က ပစ်မှတ်ထားနေတာပါ။
[ZAWGYI]
1231862540
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!