22-Jun-2021 အေစာဆံုး သတင္းမ်ား

[UNICODE]

methode-times-prod-web-bin-006a460a-d06e-11eb-9bfa-a3bc386e6928
IMAGE: GOAL

⚽ ဂျူဗင်တပ်ကွင်းလယ်လူ ချီယေဆာကတော့ အသင်းဖော်ရမ်ဆေးမှာ တူရင်မြေကနေ ထွက်ခွာသွားမှာ မဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ “သူ့ရဲ့နည်းစနစ်ပိုင်းက ကောင်းမွန်ပြီး ဂျူဗင်တပ်က သူ့ရဲ့ပုံစံကိုကျွန်တော်ချီးကျူးလိုပါတယ်။ သူက ဒဏ်ရာတွေကြောင့် စိတ်ထဲရှိသလောက် အသင်းကို မကူညနိုင်ပေမဲ့ အမြဲတမ်းယှဉ်ပြိုင်မှုကို လိုချင်သူပါ”လို့ ချီယေဆာက ဆိုခဲ့ပါတယ်။

methode-times-prod-web-bin-006a460a-d06e-11eb-9bfa-a3bc386e69281
IMAGE: GOAL

⚽ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းကတော့ သူအပါအဝင် အသင်းသားတွေအားလုံးဟာ တိုက်စစ်မှူး ဘန်ဇီမာအပေါ် ယုံကြည်ချက် အပြည့်အဝရှိကြောင်း၊ ဘန်ဇီမာဟာ ဂိုးသွင်းလိုနေပြီး သူတို့အနေနဲ့ ဘန်ဇီမာကို ပံ့ပိုးပေးရမှာဖြစ်ကြောင်း၊ ဘန်ဇီမာအနေနဲ့ မကြာခင် ဂိုးသွင်းနိုင်မယ်လို့ မိမိတို့အားလုံး ယုံကြည်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

13143846-large-638x425
IMAGE: GOAL

⚽ အေစီမီလန်ဂိုးသမား ဒွန်နာရမ်မာဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ ဆေးစစ်မှု ခံယူနေပြီဖြစ်ကြောင်း သိရပါတယ်။ ၂၂ နှစ်အရွယ် ကစားသမား ဟာ ပီအက်စ်ဂျီကို ၅ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားမှာဖြစ်ပါတယ်။

1324388560-0
IMAGE: GOAL

⚽့ပြင်သစ်တောင်ပံကစားသမား ဒမ်ဘီလီဟာ ဟန်ဂေရီနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ယူရို ၂၀၂၀ပြိုင်ပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ ဒမ်ဘီလီဟာ အဲဒီပွဲစဉ်မှာ ပွဲချိန် ၅၇ မိနစ်မှာမှ လူစားဝင်ကစားခဲ့ရပေမဲ့ ဒဏ်ရာကြောင့်ပွဲမပြီးခင်မှာပဲ ပြန်ထွက်ခဲ့ရပါတယ်။ ဒမ်ဘီလီဟာ ဘာစီလိုနာကို ပြောင်းရွှေ့ပြီးကတည်းက ဒဏ်ရာတွေ မကြာခဏ ရရှိနေတာပါ။

https-reddevilarmada-com-wp-content-uploads-getty-images-2017-07-1283515721-1
IMAGE: GOAL

⚽ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာအနေနဲ့ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့လိုနေကြောင်း AS က ဖော်ပြလာပြန်ပါတယ်။ ပေါ့ဂ်ဘာနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သတင်းရရှိထားတာလို့ AS က ဖော်ပြထားတာပါ။ ပေါ့ဂ်ဘာဟာ လက်ရှိ မန်ယူနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး အနာဂတ် မရေမရာဖြစ်နေတာပါ။

kai-havertz-germany-2020-6ackxar8gxpk1kt2nd6rp2xkx
IMAGE: GOAL

⚽ ဂျာမနီဂန္ထဝင်ကစားသမားကြီး မာတီးယက်စ်ကတော့ ချဲလ်ဆီးကွင်းလယ်လူ ကိုင်ဟာဗက်ဇ်ကို ရီးရဲဂန္ထဝင် ဇီဒန်းနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။ “ဟာဗက်ဇ်ကို ဇီဒန်းရဲ့ စကေးပိုင်း၊ နည်းစနစ်တွေနဲ့ ကျွန်တော် နှိုင်းယှဉ်လိုပါတယ်။ ဇီဒန်းက သိပ်မမြန်ပေမဲ့ ဘောလုံးရချိန်မှာ ကောင်းမွန်သူပါ။ ဟာဗက်ဇ်ကလည်း အဲဒီလိုပါပဲ။ ဟာဗက်ဇ်ဟာ ဒီထက်ပိုမို ဂိုးသွင်းနိုင်ပြီး  ရွ့လျားမှုတွေမှာ အထူးလေ့ကျင့်ခန်းတွေနဲ့ တိုးတက်အောင် လုပ်ရပါမယ်”လို့မာတီးယက်စ်က ဆိုခဲ့တာပါ။

lionel-messi-sergio-aguero-barcelona-gfx-itdmbvjex4su16b6aj6v6pza8
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာကတော့ အသင်းခေါင်းဆောင် မက်ဆီအနေနဲ့ စာချုပ်သစ် အမြန်ဆုံး ချုပ်ဆိုဖို့ ဆန္ဒရှိကြောင်း၊ မက်ဆီရဲ့ စာချုပ်သစ်ကိစ္စမှာ တိုက်စစ်မှူးသစ်အဂူရိုကလည်း ကူညီပေးနေကြောင်း ဆိုခဲ့ပါတယ်။

Real-Betis-v-Cadiz-CF-La-Liga-Santander-8ac5bd6fe6bd17f9289e82d897c477f0
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ဟာ ဘက်တစ်ကွင်းလယ်လူ ရိုဒရီဂွတ်ဇ်ကို ခေါ်ယူနိုင်ဖို့ အလားအလာကောင်းနေကြောင်း Marca က ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဘက်တစ်ကတော့ သူတို့ရဲ့ ကြယ်ပွင့်အတွက် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၈၀ ကို တစ်ပြားမှ လျှော့မှာ မဟုတ်ပါဘူး။

[ZAWGYI]

methode-times-prod-web-bin-006a460a-d06e-11eb-9bfa-a3bc386e6928
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


1324388560-0
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!