21-Jun-2021 Evening News မ်ား

[UNICODE]

0-Ampadu-red
IMAGE: GOAL

⚽ ဝေးလ်ကွင်းလယ်လူ ရမ်ဆေးကတော့ အီတလီနဲ့ပွဲက အမ်ပါဒူရဲ့ အနီကတ်ဟာ အနည်းငယ် ပြင်းထန်လွန်းကြောင်း၊ မိမိအနေနဲ့ အမ်ပါဒူအတွက် စိတ်မကောင်းဖြစ်မိကြောင်း၊ ဒီဆုံးဖြတ်ချက်က သူတို့အသင်းအပေါ်ထိခိုက်မှုရှိခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

3135913-64273988-2560-1440
IMAGE: GOAL

⚽ မန်ယူကစားသမားဟောင်း ဆာဟာကတော့ သူ့အသင်းဟောင်း မန်ယူမှာ ဒေါ့မွန်တိုက်စစ်မှူး ဆန်ချိုနဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းတို့ကို တွေ့မြင်လိုလျက် ရှိနေပါတယ်။ သူတို့နှစ်ယောက်ဟာ မန်ယူတို့ လိုအပ်နေတဲ့ ကစားသမားမျိုးတွေဖြစ်ကြောင်း၊ သူတို့နှစ်ယောက်ကိုသာ ခေါ်နိုင်ရင် မန်ယူဟာ လာမဲ့ရာသီမှာ ရပ်တန့်လို့မရတဲ့အသင်းဖြစ်လာနိုင်ကြောင်း ဆာဟာက သုံးသပ်ခဲ့ပါတယ်။

⚽ ပိုလန်ဂန္ထဝင် ကစားသမား ဒူဒက်ကတော့ ပိုလန်က လီဝန်ဒေါစကီးက ဘိုင်ယန်က လီဝန်ဒေါစကီး မဟုတ်ကြောင်း၊ ပိုလန်မှာဆိုရင် သူတို့အနေနဲ့ လီဝန်ဒေါစကီး နှစ်ကိုယ်ခွဲကို တွေ့မြင်ခဲ့ရကြောင်း၊ လီဝန်ဒေါစကီးဟာ ဘိုင်ယန်မှာ ဘယ်လိုစံချိန်တွေချိုးပြီး အောင်မြင်မှုကို ရယူနိုင်နိုင်၊ ပိုလန်ရောက်ရင် အဲဒီအရာတွေက ကွယ်ပျောက်သွားကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

Lorenzo-Insigne-of-SSC-Napoli-reacts-during-the-Serie-A-football-match-between-SSC-Napoli-and-FC-Cro
IMAGE: GOAL

⚽ စီးရီးအေကလပ် နာပိုလီအသင်းဟာ အဓိကတိုက်စစ်မှူး အင်ဆစ်ဂ်နီကို စာချုပ်သစ်တိုးမြှင့်ချုပ်ဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။ အင်ဆစ်ဂ်နီရဲ့ စာချုပ်သက်တမ်းဟာ တစ်နှစ်သာ ကျန်ရှိတော့တာပါ။ အင်ဆစ်ဂ်နီအနေနဲ့နေပယ်မှာသာ ဆက်လက်နေထိုင်လိုပေမဲ့ ဆုဖလားအောင်မြင်မှုတွေကိုလည်း ရယူလိုတာကြောင့် နာပိုလီအနေနဲ့ သူ့ကိုဆက်ထိန်းဖို့ ခက်နေပါတယ်။

16239393070880
IMAGE: GOAL

⚽ ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီဟာ ရီးရဲနောက်ခံလူဟောာင်း ရာမို့စ်ကို ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရီးရဲကနေ ထွက်ခွာခဲ့တဲ့ ရာမို့စ်ကို ပီအက်စ်ဂျီ အပါအဝင် မန်ယူ၊ မန်စီးတီးတု့ိက ခေါ်ယူဖို့ ပစ်မှတ်ထာနေတာပါ။ ရာမို့စ်ကတော့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာမှ ထုတ်ပြောထားခြင်း မရှိသေးပါဘူး။

https-paininthearsenal-com-wp-content-uploads-getty-images-2017-07-1233454891-850x560
IMAGE: GOAL

⚽ လာလီဂါကလပ် ဆိုစီဒက်ကတော့ တိုက်စစ်မှူး အက်ဆက်နဲ့ ပတ်သက်ပြီး ဒေါ့မွန်နဲ့ ချုပ်ဆိုထားတဲ့ ပြန်လည်ခေါ်ယူခွင့်စာချုပ်ကို ပယ်ဖျက်သွားတော့မှာပါ။ ဆိုစီဒက်ဟာ အက်ဆက်ကို ၂၀၁၉ ခုနှစ်က ဒေါ့မွန်ကနေ ခေါ်ယူထားခဲ့တာဖြစ်ပြီး ဒေ့ါမွန်က ယူရိုသန်း ၃၀ နဲ့ပြန်ခေါ်ခွင့် ထည့်ချုပ်ထားတာပါ။ ဒါကြောင့် အခုအခါ ဆိုစီဒက်က ယူရို ၅ သန်းဝန်းကျင်ပေးပြီး အဆိုပါ စာချုပ်အချက်အလက်ကို ပယ်ဖျက်ဖို့ လုပ်ဆောင်နေတာပါ။ အက်ဆက်ဟာ လက်ရှိ ယူရိုပြိုင်ပွဲမှာ ခြေစွမ်းပြနေပြီး ဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။

mikel-arteta-arsenal-2019-20-ryfyna40zkoq1of52fgj59f9p
IMAGE: GOAL

⚽ အာဆင်နယ်နောက်ခံလူ ဘယ်လာရင်က နည်းပြ အာတီတာဟာ အာဆင်နယ်ကို အလုံးစုံပြောင်းလဲပြီးခဲ့ပြီဖြစ်ကြောင်း၊ အထူးသဖြင့် အာဆင်နယ်ဟာ ဘောလုံးမရှိတဲ့အချိန်တွေမှာ ပြောင်းလဲလာခဲ့ကြောင်း၊ စည်းကမ်းပိုင်းဆိုင်ရာနဲ့ လုပ်အားနှုန်းတွေမှာ အာတီတာက ပြောင်းလဲပေးခဲ့ကြောင်း၊ ဒါပေမဲ့ အာတီတာရဲ့ ပြောင်းလဲမှုက ပရိသတ်တွေ၊ ဝေဖန်မှုတွေ ချက်ချင်း သတိထားမိနိုင်တဲ့အရာ မဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

TALKSPORT-gilmour-covid
IMAGE: GOAL

⚽ စကော့တလန်လူငယ်ကြယ်ပွင့် ဂီလ်မောဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလိုက်ရကြောင်း စကော့တလန်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ဂီလ်မောဟာ အရေးပါတဲ့ ခရိုအေးရှားနဲ့ အုပ်စုနောက်ဆုံးပွဲကို လွဲချော်မှာဖြစ်ပြီး self-isolate (၁၀) ရက်နေရမယ်လို့ သိရပါတယ်။ ဂီလ်မောဟာ ပြီးခဲ့တဲ့ အင်္ဂလန်နဲ့ပွဲမှာ ခြေစွမ်းပြကာ တောက်ပခဲ့သူဖြစ်လို့ ဒါဟာ စကော့တလန်အတွက် ထိုးနှက်ချက်ကြီးပါ။

[ZAWGYI]

0-Ampadu-red
IMAGE: GOAL

⚽ ေ၀းလ္ကြင္းလယ္လူ ရမ္ေဆးကေတာ့ အီတလီနဲ႔ပြဲက အမ္ပါဒူရဲ႕ အနီကတ္ဟာ အနည္းငယ္ ျပင္းထန္လြန္းေၾကာင္း၊ မိမိအေနနဲ႔ အမ္ပါဒူအတြက္ စိတ္မေကာငး္ျဖစ္မိေၾကာင္း၊ ဒီဆံုးျဖတ္ခ်က္က သူတို႔အသင္းအေပၚထိခိုက္မႈရွိခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

3135913-64273988-2560-1440
IMAGE: GOAL

⚽ မန္ယူကစားသမားေဟာင္း ဆာဟာကေတာ့ သူ႔အသင္းေဟာင္း မန္ယူမွာ ေဒါ့မြန္တုိက္စစ္မွဴး ဆန္ခ်ိဳနဲ႔ စပါးတုိက္စစ္မွဴး ဟယ္ရီကိန္းတို႔ကို ေတြ႕ျမင္လိုလ်က္ ရွိေနပါတယ္။ သူတုိ႔ႏွစ္ေယာက္ဟာ မန္ယူတို႔ လိုအပ္ေနတဲ့ ကစားသမားမ်ိဳးေတြျဖစ္ေၾကာင္း၊ သူတို႔ႏွစ္ေယာက္ကိုသာ ေခၚႏိုင္ရင္ မန္ယူဟာ လာမဲ့ရာသီမွာ ရပ္တန္႔လို႔မရတဲ့အသင္းျဖစ္လာႏုိ္င္ေၾကာင္း ဆာဟာက သံုးသပ္ခဲ့ပါတယ္။

⚽ ပိုလန္ဂႏၳ၀င္ ကစားသမား ဒူဒက္ကေတာ့ ပိုလန္က လီ၀န္ေဒါစကီးက ဘိုင္ယန္က လီ၀န္ေဒါစကီး မဟုတ္ေၾကာင္း၊ ပိုလန္မွာဆုိရင္ သူတုိ႔အေနနဲ႔ လီ၀န္ေဒါစကီး ႏွစ္ကိုယ္ခြဲကို ေတြ႕ျမင္ခဲ့ရေၾကာင္း၊ လီ၀န္ေဒါစကီးဟာ ဘိုင္ယန္မွာ ဘယ္လိုစံခ်ိန္ေတြခ်ိဳးၿပီး ေအာင္ျမင္မႈကို ရယူႏုိင္ႏုိင္၊ ပိုလန္ေရာက္ရင္ အဲဒီအရာေတြက ကြယ္ေပ်ာက္သြားေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။

Lorenzo-Insigne-of-SSC-Napoli-reacts-during-the-Serie-A-football-match-between-SSC-Napoli-and-FC-Cro
IMAGE: GOAL

⚽ စီးရီးေအကလပ္ နာပိုလီအသင္းဟာ အဓိကတုိက္စစ္မွဴး အင္ဆစ္ဂ္နီကို စာခ်ဳပ္သစ္တုိးျမွင့္ခ်ဳပ္ဖို႔ ႀကိဳးပမ္းလ်က္ ရွိေနပါတယ္။ အင္ဆစ္ဂ္နီရဲ႕ စာခ်ဳပ္သက္တမ္းဟာ တစ္ႏွစ္သာ က်န္ရွိေတာ့တာပါ။ အင္ဆစ္ဂ္နီအေနနဲ႔ေနပယ္မွာသာ ဆက္လက္ေနထုိင္လိုေပမဲ့ ဆုဖလားေအာင္ျမင္မႈေတြကိုလည္း ရယူလိုတာေၾကာင့္ နာပိုလီအေနနဲ႔ သူ႔ကိုဆက္ထိန္းဖုိ႔ ခက္ေနပါတယ္။

16239393070880
IMAGE: GOAL

⚽ ျပင္သစ္ပထမတန္းကလပ္ ပီအက္စ္ဂ်ီဟာ ရီးရဲေနာက္ခံလူေဟာာင္း ရာမို႔စ္ကို ေခၚယူဖို႔ နီးစပ္ေနၿပီျဖစ္ေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။ ရီးရဲကေန ထြက္ခြာခဲ့တဲ့ ရာမုိ႔စ္ကို ပီအက္စ္ဂ်ီ အပါအ၀င္ မန္ယူ၊ မန္စီးတီးတု႔ိက ေခၚယူဖို႔ ပစ္မွတ္ထာေနတာပါ။ ရာမုိ႔စ္ကေတာ့ အနာဂတ္နဲ႔ ပတ္သက္ၿပီး ဘာမွ ထုတ္ေျပာထားျခင္း မရွိေသးပါဘူး။

https-paininthearsenal-com-wp-content-uploads-getty-images-2017-07-1233454891-850x560
IMAGE: GOAL

⚽ လာလီဂါကလပ္ ဆုိစီဒက္ကေတာ့ တုိက္စစ္မွဴး အက္ဆက္နဲ႔ ပတ္သက္ၿပီး ေဒါ့မြန္နဲ႔ ခ်ဳပ္ဆိုထားတဲ့ ျပန္လည္ေခၚယူခြင့္စာခ်ဳပ္ကို ပယ္ဖ်က္သြားေတာ့မွာပါ။ ဆိုစီဒက္ဟာ အက္ဆက္ကို ၂၀၁၉ ခုႏွစ္က ေဒါ့မြန္ကေန ေခၚယူထားခဲ့တာျဖစ္ၿပီး ေဒ့ါမြန္က ယူရိုသန္း ၃၀ နဲ႔ျပန္ေခၚခြင့္ ထည့္ခ်ဳပ္ထားတာပါ။ ဒါေၾကာင့္ အခုအခါ ဆိုစီဒက္က ယူရို ၅ သန္း၀န္းက်င္ေပးၿပီး အဆိုပါ စာခ်ဳပ္အခ်က္အလက္ကို ပယ္ဖ်က္ဖို႔ လုပ္ေဆာင္ေနတာပါ။ အက္ဆက္ဟာ လက္ရွိ ယူရိုၿပိဳင္ပြဲမွာ ေျခစြမ္းျပေနၿပီး ဥေရာပအသင္းႀကီးေတြရဲ႕ စိတ္၀င္စားျခင္းကို ခံေနရပါတယ္။

mikel-arteta-arsenal-2019-20-ryfyna40zkoq1of52fgj59f9p
IMAGE: GOAL

⚽ အာဆင္နယ္ေနာက္ခံလူ ဘယ္လာရင္က နည္းျပ အာတီတာဟာ အာဆင္နယ္ကို အလံုးစံုေျပာင္းလဲၿပီးခဲ့ၿပီျဖစ္ေၾကာင္း၊ အထူးသျဖင့္ အာဆင္နယ္ဟာ ေဘာလံုးမရွိတဲ့အခ်ိန္ေတြမွာ ေျပာင္းလဲလာခဲ့ေၾကာငး္၊ စည္းကမ္းပိုင္းဆိုင္ရာနဲ႔ လုပ္အားႏႈန္းေတြမွာ အာတီတာက ေျပာင္းလဲေပးခဲ့ေၾကာငး္၊ ဒါေပမဲ့ အာတီတာရဲ႕ ေျပာငး္လဲမႈက ပရိသတ္ေတြ၊ ေ၀ဖန္မႈေတြ ခ်က္ခ်င္း သတိထားမိႏိုင္တဲ့အရာ မဟုတ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

TALKSPORT-gilmour-covid
IMAGE: GOAL

⚽ စေကာ့တလန္လူငယ္ၾကယ္ပြင့္ ဂီလ္ေမာဟာ ကိုိရိုနာဗုိင္းရပ္စ္ ကူးစက္ခံလိုက္ရေၾကာင္း စေကာ့တလန္ေဘာလံုးအဖြဲ႕ခ်ဳပ္က ထုတ္ျပန္ခဲ့ပါတယ္။ ဒါေၾကာင့္ ဂီလ္ေမာဟာ အေရးပါတဲ့ ခရိုေအးရွားနဲ႔ အုပ္စုေနာက္ဆံုးပြဲကို လြဲေခ်ာ္မွာျဖစ္ၿပီး self-isolate (၁၀) ရက္ေနရမယ္လုိ႔ သိရပါတယ္။ ဂီလ္ေမာဟာ ၿပီးခဲ့တဲ့ အဂၤလန္နဲ႔ပြဲမွာ ေျခစြမ္းျပကာ ေတာက္ပခဲ့သူျဖစ္လုိ႔ ဒါဟာ စေကာ့တလန္အတြက္ ထုိးႏွက္ခ်က္ႀကီးပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!