21-Jun-2021 Tea Break သတင္းမ်ား
[UNICODE]
0-pat-4
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် လက်စတာဟာ ဆောဘတ်တိုက်စစ်မှူးဒါကာကို တရားဝင်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း မကြာခင် ထုတ်ပြန်သွားဖို့ရှိနေကြောင်း နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ လက်စတာဟာ ဒါကာကို ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး အခုအခါ စာရွက်စာတမ်းကိစ္စတွေ အပြီးသတ် လုပ်ဆောင်နေပါတယ်။
60b2a9352030276eb7647138
IMAGE: GOAL
⚽ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက ရရှိခဲ့တဲ့ မျက်ခုံးဒဏ်ရာနဲ့ပတ်သက်ပြီး စိုးရိမ်မှု မရှိတော့ကြောင်း၊ အခုအခါ ခေါင်းယှဉ်တိုက်မှုတွေမှာ ကြောက်ရွံ့စိတ်နည်းလာခဲ့ပြီဖြစ်ကြောင်း၊ အဲဒီတုန်းက ရူဒီဂါကလည်း ဘောလုံးဖြတ်ထုတ်ဖို့သာ ကြိုးပမ်းခဲ့ပြီး မိမိကို ထိခိုက်လိုစိတ်မရှိခဲ့ကြောင်း၊ မိမိအနေနဲ့ ကံမကောင်းခဲ့ခြင်းသာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
1002630053-scaled
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နဲ့ လီဗာပူးတို့ဟာ အီတလီတိုက်စစ်မှူး ဘာရာဒီကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းလျက် ရှိနေကြောင်း The Express က ဖော်ပြထားပါတယ်။ ဘာရာဒီဟာ ဆက်ဆူအိုလိုနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ချုပ်ဆိုထားပြီး သူ့ရဲ့ဈေးကွက်တန်ကြေးကတော့ ယူရို ၃၅ သန်းရှိနေတာပါ။
denzel-dumfries-netherlands-vs-ukraine-euro-2020-1e6qlpvmokyqi1ueohskqpeepn
IMAGE: GOAL
⚽ နယ်သာလန်ကြယ်ပွင့် ဒန်ဖရိုင်းစ်ကတော့ ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ စိုးရိမ်မှု မရှိကြောင်း၊ သူ့အနေနဲ့ ယူရိုပြိုင်ပွဲကိုသာ အာရုံစိုက်ထားပြီး မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်သွားမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ လက်ရှိမှာ ဒန်ဖရိုင်းစ်ကို ဘိုင်ယန်က ခေါ်မယ်လို့ သတင်းတွေ ထွက်နေတာပါ။
img-erio-20200925-211011-imagenes-md-terceros-javimar-k-Ic-U41010118822653-C-980x554-Mundo-Deportivo
IMAGE: GOAL
⚽ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာခဲ့ပြီဖြစ်တဲ့ ဝါရင့်ကွင်းလယ်လူ ဂျာဗီးမာတီနက်ဇ်ဟာ ကာတာကလပ် ကာတာ SC အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ တရားဝင်ပြောင်းရွှေ့ခဲ့ပါပြီ။ ၃၂ နှစ်အရွယ်ဝါရင့်ကွင်းလယ်လူဟာ ဘိုင်ယန်မှာ (၉) နှစ်ကြာ ကျင်လည်ခဲ့တာ ဖြစ်ပါတယ်။
Juventus-Dream-of-Pogba-as-Marque-Summer-Signing
IMAGE: GOAL
⚽ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းလယ်လူပေါ့ဂ်ဘာကို ပရီးမီးယားလိဂ်ရဲ့ အမြင့်ဆုံးလုပ်ခပေးပြီး စာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း The Sun က ဖော်ပြထားပါတယ်။ မန်ယူဟာ ပေ့ါဂ်ဘာကို တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းအထိ ပေးချေကာ ၄ နှစ်စာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
kai-havertz-serge-gnabry-thomas-muller-germany-157gfbhp6cu2g1vuatztmp7nsp
IMAGE: GOAL
⚽ ဂျာမနီတိုက်စစ်မှူးသောမတ်မူလာကတော့ မိမိတို့အနေနဲ့ စိတ်ကြီးမဝင်ကြဖို့ လိုအပ်ကြောင်း ပေါ်တူဂီကို ဂိုးပြတ်နိုင်ပြီးနောက် အသင်းဖော်တွေကို သတိပေးခဲ့ပါတယ်။ “ကျွန်တော်တို့ ၃ မှတ်ရခဲ့ပြီး ကောင်းမွန်တဲ့အခြေအနေမှာ ရှိနေပါတယ်။ ပြီးတော့ ကိုယ့်အခွင့်အရေးလည်း ကိုယ် ဖန်တီးခွင့်ရှိနေပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ စိတ်ကြီးဝင်လို့ မရပါဘူး။ ဒါပေမဲ့ ကိုယ့်အရည်အချင်းကိုယ်တော့ ယုံပါတယ်”လို့ မူလာက ဆိုခဲ့ပါတယ်။
robin-gosens-portugal-vs-germany-euro-2020-905ry04yy4j11vcgeibrskc66
IMAGE: GOAL
⚽ ဂျာမနီကြယ်ပွင့် ဂိုဆန်ကတော့ သူ့အနေဲ့ လက်ရွေးစင်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့မှုအတွက် အတ္တလန္တာနည်းပြ ဂတ်စပါရီနီကို ကျေးဇူးတင်စကား ဖွင့်ဟခဲ့ပါတယ်။ ဂတ်စပါရီနီဟ လွှမ်းမိုးမှုကြီးမားသူဖြစ်ကြောင်း၊ ဂတ်စပါရီနီကြောင့် အခုလို အနေအထားမျိုးရောက်လာခဲ့ရတာလို့ ဂိုဆန်က ဆိုခဲ့ပါတယ်။
[ZAWGYI]
0-pat-4
IMAGE: GOAL
IMAGE: GOAL
1002630053-scaled
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!