8-May-2021 အေစာဆံုး သတင္းမ်ား
[UNICODE]
3126284-64081408-2560-1440
IMAGE: GOAL
⚽ ရိုးမားနည်းပြသစ် ဖြစ်လာပြီးနောက် မော်ရင်ဟိုဟာ မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒီဂီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ မော်ရင်ဟိုအနေနဲ့ မန်ယူမှာ နေရာမရတော့တဲ့ ဒီဂီယာကို ခေါ်ယူဖို့ကြိုးပမ်းမှာဖြစ်ပြီး ယူရို ၂၅ သန်းရရင် မန်ယူက လက်လွှွတ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။
Getty-Images-617813160
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် လိဒ်စ်ယူနိုက်တက်ဟာ အသက် ၃၀ နှစ်အရွယ်ရှိ ကွင်းလယ်လူ အိုကိန်းကို လာမဲ့နွေရာသီမှာ အသင်းကနေ ထွက်ခွာခွင့်ပြုတော့မှာပါ။ အိုကိန်းဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီး ၂၀၁၈ ခုနှစ်နောက်ပိုင်း လိဒ်စ်အတွက် ကစားပေးထားခြင်း မရှိသေးပါဘူး။
houssem-aouar-lyon-vse7kk90yow21bugq7wzmq2qx
IMAGE: GOAL
⚽ ရီးရဲမက်ဒရစ်အသင်းဟာ လိုင်ယွန်ကွင်းလယ်လူ အာဝါအတွက် ယူရိုသန်း ၅၀ ပေးချေဖို့ တွန့်ဆုတ်နေတယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူကို ရီးရဲ၊ ဂျူဗင်တပ်နဲ့ အာဆင်နယ်တို့ကပစ်မှတ်ထားနေပြီး အာဝါကိုယ်တိုင်က အသင်းပြောင်းရွှေ့လိုနေတာပါ။
jorginho-chelsea-2020-21-op43rvtswx241h5dtitbqwxzb
IMAGE: GOAL
⚽ ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ အီတလီကို ပြန်သွားလိုတဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကိုပြင်ကာ အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်တော့မှာပဲ ဖြစ်ပါတယ်။ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုရဲ့အဆိုအရ ချဲလ်ဆီးနဲ့ ဂျော်ဂျင်ဟိုဟာ စာချုပ်သစ်အတွက် နွေးဆွေးမှု ပြုလုပ်နေဆဲဖြစ်ကြောင်း သိရပါတယ်။
mahrez
IMAGE: GOAL
⚽ ဒီတစ်ပတ်အတွင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ အကောင်းဆုံး ကစားသမားအဖြစ် မန်စီးတီးတောင်ပံကစားသမား မာရက်ဇ်က ရွေးချယ်သတ်မှတ်ခံခဲ့ရပါတယ်။ မာရက်ဇ် ပီအက်စ်ဂျီနဲ့ ဒုတိယအကျော့မှာ ဂိုနှစ်ဂိုးစလုံးသွင်းပြီး ခြေစွမ်းပြနိုင်ခဲ့တာပါ။
romelu-lukaku-zlatan-ibrahimovic-inter-ac-milan-pwmvrhwelav51s6mvnj24wiwe
IMAGE: GOAL
⚽ အင်တာမီလန်တိုက်စစ်မှူး လူကာကူကတော့ အေစီတိုက်စစ်မှူး အီဘရာဟီမိုဗစ်ချ်က သူ့အောင်မြင်ဖို့ကိုသာ ကြည့်သူဖြစ်ကြောင်း၊ ဒါပေမဲ့ ဒီလိုကစားသမားမျိုးဟာ စီးရီးအေအတွက် လိုအပ်ကြောင်း၊ အခုဆိုရင်မော်ရင်ဟိုလည်း ရောက်လာပြီဖြစ်လို့ စီးရီးအေ အဆင့်အတန်းဟာ မြင့်မားလာပြီဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
SEI-77756170
IMAGE: GOAL
⚽ အာဆင်နယ်ကွင်းလယ်လူဟောင်း ဝီလ်ရှိုင်းယားကတော့ ဗီလာရီးရဲနဲ့ပွဲမှာတိုက်စစ်မှူးအူဘာမီယန်အတွက် စိတ်မကောင်းဖြစ်မိကောင်း၊ အူဘာဟာ ပြိုင်ဘက်နောက်တန်းကို ခြိမ်းခြောက်နိုင်နေကြောင်း၊ လူစားအလဲခံရတဲ့အချိန်မှာ အူဘာအနေနဲ့ မကျေမနပ်ဖြစ်မယ်ဆိုတာ သေချာကြောင်း၊ သူသာဆိုရင် လာကာဇက်ကို ထည့်မှာဖြစ်ပေမဲ့ အူဘာကိုလည်း ကွင်းအတွင်းဆက်ထားဦးမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
umtiti-sentenciado-koeman
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းဟာ ဘာစီလိုနာနောက်ခံလူ အမ်တီတီကို ပေါင် ၆ သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ Anfield Central က ဖော်ပြထားပါတယ်။ ဘာစီလိုနာဟာ လာမဲ့နွေမှာ အပြောင်းအရွှေ့ ဘတ်ဂျက်ရရှိအောင် အမ်တီတီကို ရောင်းထုတ်သွားမှာပဲ ဖြစ်ပါတယ်။
[ZAWGYI]
3126284-64081408-2560-1440
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
mahrez
IMAGE: GOAL
IMAGE: GOAL
⚽ အင်တာမီလန်တိုက်စစ်မှူး လူကာကူကတော့ အေစီတိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျက သူ့အောင်မြင်ဖို့ကိုသာ ကြည့်သူဖြစ်ကြောင်း၊ ဒါပေမဲ့ ဒီလိုကစားသမားမျိုးဟာ စီးရီးအေအတွက် လိုအပ်ကြောင်း၊ အခုဆိုရင်မော်ရင်ဟိုလည်း ရောက်လာပြီဖြစ်လို့ စီးရီးအေ အဆင့်အတန်းဟာ မြင့်မားလာပြီဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
SEI-77756170
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!