7-May-2021 Evening News မ်ား

[UNICODE]

2584101-53580735-2560-1440
IMAGE: GOAL

⚽ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း တရုတ်စူပါလိဂ်ကနေ ပြန်လည်ထွက်ခွာလာခဲ့တဲ့ နာမည်ကျော် စပိန်လူမျိုးနည်းပြ ဘင်နီတက်ဇ်ဟာ ပရီးမီးယားလိဂ်ကို ပြန်လည်ခြေချဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

16185892237777
IMAGE: GOAL

⚽ ကက်သလန်ယာရေဒီယာရဲ့ အဆိုရပါ ပီအက်စ်ဂျီဥက္ကဋ္ဌအယ်ကလီဖီဟာ ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာကို ဆက်သွယ်ပြီး နေမာအနေနဲ့ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ သတိပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဘာစီလိုနာဟာ နေမာကိုပြန်ခေါ်နိုင်ဖို့ ဆက်သွယ်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

bruno-fernandes-man-utd-2020-21-hw1yuivps8b61lolq1xjivm9o
IMAGE: GOAL

⚽ မန်ယူကွင်းလယ်လူ ဖာနန်ဒက်စ်တော့ ပွဲစဉ်တွေ ဆက်တိုက်ကစားရပေမဲ့ သူအနေနဲ့ ပင်ပန်းတယ်လို့ မခံစားရဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ ဖာနန်ဒက်စ်က “ကျွန်တော့်အတွက် အရေးပါဆုံးအရာက ကစားနေရဖို့ပါပဲ။ ကစားရဖို့ ပင်ပန်းတယ်လို့ ကျွန်တော် ဘယ်တော့မှ ပြောမှာ မဟုတ်ပါဘူး။ ကလေးဘဝတုန်းက တစ်နေ့ကို ၇ နာရီ၊ ၈ နာရီလောက် ဘောကန်ခဲ့တာပါ။ ဒါကြောင့်၂ ရက် ဒါမှမဟုတ် ၃ ရက် တစ်ပွဲနှုန်းက ကျွန်တော့်အတွက် မလုံလောက်ပါဘူး”လို့ ဖွင့်ဟခဲ့ပါတယ်။

eden-hazard-real-madrid-2020-21-1920x1080-1f24n7l93c08212y8odon6l5uh
IMAGE: GOAL

⚽ စီးရီးအေကလပ် အေစီမီလန်ဟာ လိုင်လီဂိုးသမား မိန့်မန်ကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း RMC Sport က ဖော်ပြထားပါတယ်။ အေစီမီလန်ဟာ အဆိုပါ ၂၅ နှစ်အရွယ်ဂိုးသမားအတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းပေးချေမှာဖြစ်ပြီး ၅ နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

georginio-wijnaldum-liverpool-2020-21-nmqr93cln1gr1c7g6zqu4xys6
IMAGE: GOAL

⚽ လီဗာပူးကွင်းလယ်လူ ဝီနယ်ဒင်ရဲ့အေးဂျင့်နီမန်ကတော့ သူ့ကစားသမားအနေနဲ့ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့နိုင်ဖွယ်ရှိနေကြောင်း ဖွင့်ဟခဲ့ပါတယ်။ “ဝီနယ်ဒမ်က အလွတ်နဲ့ခေါ်ရမဲ့ ကစားသမားဖြစ်ပြီး အသင်းတွေအားလုံးကို စောင့်ကြည့်နေပါတယ်။ ဘိုင်ယန်က ခမ်းနားတဲ့အသင်းပါ။ တကယ်လို့ ဝီနယ်ဒမ်ကို စိတ်ဝင်စားရင် ကျွန်တော်တို့နဲ့ လွတ်လွတ်လပ်လပ်ဆွေးနွေးလို့ ရပါတယ်”လို့ အေးဂျင့်က ဆိုခဲ့ပါတယ်။

mikel-arteta-arsenal-2020-21-19ornapujjpjj18nvpgslq29bj
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နည်းပြ အာတီတာကတော့ သူ့အနေနဲ့ အာဆင်နယ်နဲ့ ထိုက်တန်မှုမရှိတော့ဘူးဆိုရင် နည်းပြထိုင်ခုံမှာ ထိုင်မှာမဟုတ်ကြောင်း၊ မိမိအနေနဲ့ အသင်းကို အကောင်းဆုံး တည်ဆောက်ချင်လို့ အချိန်တိုင်း ဖိအားများစွာ ခံစားနေရကြောင်း၊ အားလုံးရဲ့အလုပ်ကိုယ်စီကတော့ စမ်းသပ်ခံရတဲ့ အခြေအနေမျိုးမှာ ရှိနေကြောင်း ဖွင့်ဟခဲ့ပါတယ်။

Riqui-Puig-FC-Barcelona
IMAGE: GOAL

⚽ အက်သလက်တီကိုအသင်းဟာ ဘာစီလိုနာလူငယ်ကြယ်ပွင့် Riqui Puig ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။ အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ဘာစီလိုနာမှာ နေရာမရခြင်းကို စိတ်ပျက်နေပြီး အသင်းပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

Werner-Getty-Images-1316501910
IMAGE: GOAL

⚽ ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာကတော့ မန်စီးတီးဟာကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်နိုင်ကြောင်း၊ ဒါပေမဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အကောင်းဆုံးအသင်းတွေနဲ့ ကစားရမှာ ပုံမှန်သာဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ ဘယ်အသင်းကိုမှ ကြောက်ရွံ့နေမှာ မဟုတ်ကြောင်း ကြုံးဝါးခဲ့ပါတယ်။

[ZAWGYI]

2584101-53580735-2560-1440
IMAGE: GOAL

⚽ ၿပီးခဲ့တဲ့ ဇန္န၀ါရီလအတြင္း တရုတ္စူပါလိဂ္ကေန ျပန္လည္ထြက္ခြာလာခဲ့တဲ့ နာမည္ေက်ာ္ စပိန္လူမ်ဳိဳးနည္းျပ ဘင္နီတက္ဇ္ဟာ ပရီးမီးယားလိဂ္ကို ျပန္လည္ေျခခ်ဖြယ္ ရွိေနေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။

16185892237777
IMAGE: GOAL

⚽ ကက္သလန္ယာေရဒီယာရဲ႕ အဆုိရပါ ပီအက္စ္ဂ်ီဥကၠ႒အယ္ကလီဖီဟာ ဘာစီလိုနာဥကၠ႒ လာေပၚတာကို ဆက္သြယ္ၿပီး ေနမာအေနနဲ႔ဘာစီလိုနာကို ျပန္လည္ေျပာင္းေရႊ႕မွာ မဟုတ္ဘူးလုိ႔ သတိေပးခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။ ဘာစီလုိနာဟာ ေနမာကိုျပန္ေခၚႏုိင္ဖုိ႔ ဆက္သြယ္မႈေတြ ျပဳလုပ္ေနတယ္လုိ႔ သတင္းေတြ ထြက္ေပၚေနတာပါ။

bruno-fernandes-man-utd-2020-21-hw1yuivps8b61lolq1xjivm9o
IMAGE: GOAL

⚽ မန္ယူကြင္းလယ္လူ ဖာနန္ဒက္စ္ေတာ့ ပြဲစဥ္ေတြ ဆက္တုိက္ကစားရေပမဲ့ သူအေနနဲ႔ ပင္ပန္းတယ္လုိ႔ မခံစားရဘူးလို႔ ဖြင့္ဟခဲ့ပါတယ္။ ဖာနန္ဒက္စ္က “ကၽြန္ေတာ့္အတြက္ အေရးပါဆံုးအရာက ကစားေနရဖုိ႔ပါပဲ။ ကစားရဖုိ႔ ပင္ပန္းတယ္လို႔ ကၽြန္ေတာ္ ဘယ္ေတာ့မွ ေျပာမွာ မဟုတ္ပါဘူး။ ကေလးဘ၀တုန္းက တစ္ေန႔ကို ၇ နာရီ၊ ၈ နာရီေလာက္ ေဘာကန္ခဲ့တာပါ။ ဒါေၾကာင့္၂ ရက္ ဒါမွမဟုတ္ ၃ ရက္ တစ္ပြဲႏႈန္းက ကၽြန္ေတာ့္အတြက္ မလံုေလာက္ပါဘူး”လုိ႔ ဖြင့္ဟခဲ့ပါတယ္။

eden-hazard-real-madrid-2020-21-1920x1080-1f24n7l93c08212y8odon6l5uh
IMAGE: GOAL

⚽ စီးရီးေအကလပ္ ေအစီမီလန္ဟာ လိုင္လီဂိုးသမား မိန္႔မန္ကို ေခၚယူဖုိ႔ သေဘာတူညီမႈ ရယူႏုိင္ခဲ့ၿပီျဖစ္ေၾကာင္း RMC Sport က ေဖာ္ျပထားပါတယ္။ ေအစီမီလန္ဟာ အဆုိပါ ၂၅ ႏွစ္အရြယ္ဂိုးသမားအတြက္ ကနဦး ေျပာင္းေရႊ႕ေၾကး ယူရို ၁၅ သန္းေပးေခ်မွာျဖစ္ၿပီး ၅ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိသြားမယ္လို႔ သိရပါတယ္။

georginio-wijnaldum-liverpool-2020-21-nmqr93cln1gr1c7g6zqu4xys6
IMAGE: GOAL

⚽ လီဗာပူးကြင္းလယ္လူ ၀ီနယ္ဒင္ရဲ႕ေအးဂ်င့္နီမန္ကေတာ့ သူ႔ကစားသမားအေနနဲ႔ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေရႊ႕ႏုိင္ဖြယ္ရွိေနေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ “၀ီနယ္ဒမ္က အလြတ္နဲ႔ေခၚရမဲ့ ကစားသမားျဖစ္ၿပီး အသင္းေတြအားလံုးကို ေစာင့္ၾကည့္ေနပါတယ္။ ဘိုင္ယန္က ခမ္းနားတဲ့အသင္းပါ။ တကယ္လုိ႔ ၀ီနယ္ဒမ္ကို စိတ္၀င္စားရင္ ကၽြန္ေတာ္တုိ႔နဲ႔ လြတ္လြတ္လပ္လပ္ေဆြးေႏြးလို႔ ရပါတယ္”လုိ႔ ေအးဂ်င့္က ဆုိခဲ့ပါတယ္။

mikel-arteta-arsenal-2020-21-19ornapujjpjj18nvpgslq29bj
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္နည္းျပ အာတီတာကေတာ့ သူ႔အေနနဲ႔ အာဆင္နယ္နဲ႔ ထို္က္တန္မႈမရွိေတာ့ဘူးဆုိရင္ နညး္ျပထုိင္ခံုမွာ ထုိင္မွာမဟုတ္ေၾကာင္း၊ မိမိအေနနဲ႔ အသင္းကို အေကာင္းဆံုး တည္ေဆာက္ခ်င္လုိ႔ အခ်ိန္တိုင္း ဖိအားမ်ားစြာ ခံစားေနရေၾကာင္း၊ အားလံုးရဲ႕အလုပ္ကိုယ္စီကေတာ့ စမ္းသပ္ခံရတဲ့ အေျခအေနမ်ိဳးမွာ ရွိေနေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

Riqui-Puig-FC-Barcelona
IMAGE: GOAL

⚽ အက္သလက္တီကိုအသင္းဟာ ဘာစီလုိနာလူငယ္ၾကယ္ပြင့္ Riqui Puig ကို ေခၚယူဖုိ႔ စိတ္၀င္စားလ်က္ ရွိေနပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ ကစားသမားဟာ ဘာစီလိုနာမွာ ေနရာမရျခင္းကို စိတ္ပ်က္ေနၿပီး အသင္းေျပာင္းေရႊ႕ဖုိ႔ စီစဥ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနတာပါ။

Werner-Getty-Images-1316501910
IMAGE: GOAL

⚽ ခ်ဲလ္ဆီးတုိက္စစ္မွဴး တီမုိ၀ါနာကေတာ့ မန္စီးတီးဟာကမာၻ႕အေကာင္းဆံုးအသင္းျဖစ္ႏိုင္ေၾကာငး္၊ ဒါေပမဲ့ ခ်န္ပီယံလိဂ္ ဗုိလ္လုပြဲမွာ အေကာင္းဆံုးအသင္းေတြနဲ႔ ကစားရမွာ ပံုမွန္သာျဖစ္ေၾကာင္း၊ မိမိတို႔အေနနဲ႔ ဘယ္အသင္းကိုမွ ေၾကာက္ရြံ႕ေနမွာ မဟုတ္ေၾကာင္း ႀကံဳး၀ါးခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!