12-Jun-2021 Tea Break သတင္းမ်ား

[UNICODE]

2021-05-29t212428z-1551887236-up1eh5t1ngpo1-rtrmadp-3-soccer-champions-mci-che-report
IMAGE: GOAL

⚽ ဂျာမနီကွင်းလယ်လူ ဂန်ဒိုဂန်ကတော့ ချဲလ်ဆီးအသင်း ချန်ပီယံလိဂ် ဗိုလ်စွဲခဲ့မှုက ယူရိုမှာ ဂျာမနီအပေါ်လည်း အကျိုးသက်ရောက်မှုရှိမှာဖြစ်ကြောင်း၊ အထူးသဖြင့် ကိုင်ဟာဗက်ဇ်က ဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီး ယုံကြည်ချက် မြင့်မားနေကြောင်း၊ သူအနေနဲ့ ဂျာမနီကို ကူညီနိုင်မှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

download
IMAGE: GOAL

⚽ လိုင်လီနဲ့အတူပြင်သစ်လီဂူး ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ၂၁ နှစ်အရွယ်လူငယ်နောက်ခံလူ ဘို့မန်းစ်ကို ပရီးမီးယားလိဂ်ကလပ်တွေနဲ့ စီးရီးအေကလပ် အတ္တလန္တာတို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Getty-Images-1233329597-1
IMAGE: GOAL

⚽ မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ဖာဒီနန်ကတော့ မန်ုယူအနေနဲ့ အက်သလက်နောက်ခံလူ ထရစ်ပီယာကို မခေါ်ဖို့ သတိပေးသွားခဲ့ပါတယ်။ မန်ယူဟာ ညာနောက်ခံလူနေရာအတွက် ဝမ်ဘစ်ဆာကာကို ပေါင်သန်း ၅၀ အသုံးပြုပြီးဖြစ်တဲ့အတွက် နောက်ထပ် ပွဲထွက်ကစားသမားမလိုအပ်တော့ကြောင်း၊ ရိုးရိုးသားသား ပြောရရင် ထရစ်ပီယာကိုလည်း မခေါ်စေချင်ကြောင်း ဖာဒီနန်က ဆိုခဲ့ပါတယ်။

Getty-Images-1322888384
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ဟာ ယူရို၂၀၂၀ ပြိုင်ပွဲအတွင်း အီတလီကွင်းလယ်လူ လိုကာတယ်လီကို အနီးစပ်စောင့်ကြည့်သွားမှာဖြစ်ကြောင်း Sky Sports က ဖော်ပြထားပါတယ်။ အာဆင်နယ်ဟာ ဂျာကာ ထွက်သွားရင် ကွင်းလယ်ပိုင်းကို ပြန်အားဖြည့်မှာဖြစ်ပြီး ယူရိုသန်း ၄၀ နဲ့ ခေါ်နိုင်မဲ့ ၂၃ နှစ်အရွယ် ဆက်ဆူအိုလိုကြယ်ပွင့်ကိုလည်း ပစ်မှတ်ထားနေတာပါ။

kylian-mbappe-psg-2020-21-erwzgw9j5mn21ba529ez9xme5
IMAGE: GOAL

⚽ ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေကတော့ သူ့အနေနနဲ့ အနာဂတ်နဲ့ပတ်သက်ပြီးဆုံးဖြတ်ရသေးခြင်းမရှိသေးကြောင်း၊ ပီအက်စ်ဂျီဟာ သူ့အတွက် အကောင်းဆုံးနေရာလားဆိုတာ မသိကြောင်း၊ သူ့ပါပါ၊ မပါပါ အသင်းတစ်သင်းရဲ့ လုပ်ငန်းစဉ်ဟာ ပြောင်းလဲသွားမှာ မဟုတ်ကြောင်း၊ အနာဂတ်နဲ့ ပတ်သက်ပြီး အလျင်စလို ဆုံးဖြတ်သွားမှာ မဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ousmane-dembele-2021-6083c8fae8224
IMAGE: GOAL

⚽ ဘာစီလိုနာအသင်းက တောင်ပံကစားသမား ဒမ်ဘီလီအနေနဲ့ စာချုပ်သက်တမ်း မတိုးမြှင့်တော့ဘူးဆိုရင် အသင်းက ရောင်းထုတ်သွားမှာတော့မှာပါ။ ဒမ်ဘီလီရဲ့ စာချုပ်သက်တမ်းဟာ တစ်နှစ်သာ ကျန်ရှိတော့ပြီး ဘာစီလိုနာက သူ့ကို အလွတ်နဲ့ လက်လွှတ်ရမဲ့အရေးကို စိုးရိမ်နေတာပါ။

R4-Ck5-Wy0-W0-Ij-n2-Fw-B7-K65pt-A-1440x-960
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်ဟာ ဝုဖ်နည်းပြဟောင်း နူနိုဆန်တိုစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ အဲဗာတန်ဟာ ဆန်တိုစ်ကို နံပါတ်တစ် ဦးစားပေးအဖြစ် သတ်မှတ်ထားပြီး ဆန်တိုစ်ဘက်ကလည်း ၄၈ နာရီအတွင်း ကမ်းလှမ်းမှုရောက်လာဖို့ မျှော်လင့်နေပါတယ်။ ဆန်တိုစ်အနေနဲ့လည်း အဲဗာတန်ကို ကိုင်တွယ်ဖို့ စိတ်လှုပ်ရှားနေကြောင်း သိရပါတယ။်

sergio-ramos-spain-2020-1xxpnm7wrk2x817e3xuscd2c3b-1
IMAGE: GOAL

⚽ စပိန်ကစားသမားဟောင်း ဂါစီယာကတော့ သူတို့အနေနဲ့ ယူရိုပြိုင်ပွဲမှာ ရာမို့စ်ကို လွမ်းနေရမှာဖြစ်ပေမဲ့ ဒဏ်ရာကြီးနဲ့ ရာမို့စ်ကို ရွေးချယ်တာကလည်း စွန့်စားလွန်းရာကျမှာဖြစ်ကြောင်း၊ ဒီအဆင့်မှာ ကစားသမားတွေအနေနနဲ့ ၁၂၀ ရာခိုင်နှုန်းလောက် ကြိုးစားဖို့ လိုအပ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

[ZAWGYI]

2021-05-29t212428z-1551887236-up1eh5t1ngpo1-rtrmadp-3-soccer-champions-mci-che-report
IMAGE: GOAL

⚽ ဂ်ာမနီကြင္းလယ္လူ ဂန္ဒိုဂန္ကေတာ့ ခ်ဲလ္ဆီးအသင္း ခ်န္ပီယံလိဂ္ ဗုိလ္စြဲခဲ့မႈက ယူရိုမွာ ဂ်ာမနီအေပၚလည္း အက်ိဳးသက္ေရာက္မႈရွိမွာျဖစ္ေၾကာင္း၊ အထူးသျဖင့္ ကိုင္ဟာဗက္ဇ္က ဗုိလ္လုပြဲမွာ ဂိုးသြင္းႏုိင္ခဲ့ၿပီး ယံုၾကည္ခ်က္ ျမင့္မားေနေၾကာင္း၊ သူအေနနဲ႔ ဂ်ာမနီကို ကူညီႏုိင္မွာျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။

download
IMAGE: GOAL

⚽ လိုင္လီနဲ႔အတူျပင္သစ္လီဂူး ခ်န္ပီယံဆုကို ရယူႏုိင္ခဲ့တဲ့ ၂၁ ႏွစ္အရြယ္လူငယ္ေနာက္ခံလူ ဘို႔မန္းစ္ကို ပရီးမီးယားလိဂ္ကလပ္ေတြနဲ႔ စီးရီးေအကလပ္ အတၱလႏၱာတုိ႔က စိတ္၀င္စားေနတယ္လုိ႔ သိရပါတယ္။

Getty-Images-1233329597-1
IMAGE: GOAL

⚽ မန္ခ်က္စတာယူႏုိက္တက္ ေနာက္ခံလူေဟာင္း ဖာဒီနန္ကေတာ့ မန္ုယူအေနနဲ႔ အက္သလက္ေနာက္ခံလူ ထရစ္ပီယာကို မေခၚဖို႔ သတိေပးသြားခဲ့ပါတယ္။ မန္ယူဟာ ညာေနာက္ခံလူေနရာအတြက္ ၀မ္ဘစ္ဆာကာကို ေပါင္သန္း ၅၀ အသံုးျပဳၿပီးျဖစ္တဲ့အတြက္ ေနာက္ထပ္ ပြဲထြက္ကစားသမားမလိုအပ္ေတာ့ေၾကာငး္၊ ရိုးရိုးသားသား ေျပာရရင္ ထရစ္ပီယာကိုလည္း မေခၚေစခ်င္ေၾကာင္း ဖာဒီနန္က ဆုိခဲ့ပါတယ္။

Getty-Images-1322888384
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္ဟာ ယူရို၂၀၂၀ ၿပိဳင္ပြဲအတြင္း အီတလီကြင္းလယ္လူ လိုကာတယ္လီကို အနီးစပ္ေစာင့္ၾကည့္သြားမွာျဖစ္ေၾကာင္း Sky Sports က ေဖာ္ျပထားပါတယ္။ အာဆင္နယ္ဟာ ဂ်ာကာ ထြက္သြားရင္ ကြငး္လယ္ပိုင္းကို ျပန္အားျဖည့္မွာျဖစ္ၿပီး ယူရိုသန္း ၄၀ နဲ႔ ေခၚႏုိ္င္မဲ့ ၂၃ ႏွစ္အရြယ္ ဆက္ဆူအိုလိုၾကယ္ပြင့္ကိုလည္း ပစ္မွတ္ထားေနတာပါ။

kylian-mbappe-psg-2020-21-erwzgw9j5mn21ba529ez9xme5
IMAGE: GOAL

⚽ ျပင္သစ္ပထမတန္းကလပ္ ပီအက္စ္ဂ်ီတုိက္စစ္မွဴး အမ္ဘာေပကေတာ့ သူ႔အေနနနဲ႔ အနာဂတ္နဲ႔ပတ္သက္ၿပီးဆံုးျဖတ္ရေသးျခင္းမရွိေသးေၾကာငး္၊ ပီအက္စ္ဂ်ီဟာ သူ႔အတြက္ အေကာငး္ဆံုးေနရာလားဆုိတာ မသိေၾကာင္း၊ သူ႔ပါပါ၊ မပါပါ အသင္းတစ္သင္းရဲ႕ လုပ္ငန္းစဥ္ဟာ ေျပာင္းလဲသြားမွာ မဟုတ္ေၾကာင္း၊ အနာဂတ္နဲ႔ ပတ္သက္ၿပီး အလ်င္စလို ဆံုးျဖတ္သြားမွာ မဟုတ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ousmane-dembele-2021-6083c8fae8224
IMAGE: GOAL

⚽ ဘာစီလိုနာအသင္းက ေတာင္ပံကစားသမား ဒမ္ဘီလီအေနနဲ႔ စာခ်ဳပ္သက္တမ္း မတုိးျမွင့္ေတာ့ဘူးဆုိရင္ အသင္းက ေရာင္းထုတ္သြားမွာေတာ့မွာပါ။ ဒမ္ဘီလီရဲ႕ စာခ်ဳပ္သက္တမ္းဟာ တစ္ႏွစ္သာ က်န္ရွိေတာ့ၿပီး ဘာစီလိုနာက သူ႔ကို အလြတ္နဲ႔ လက္လႊတ္ရမဲ့အေရးကို စိုးရိမ္ေနတာပါ။

R4-Ck5-Wy0-W0-Ij-n2-Fw-B7-K65pt-A-1440x-960
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အဲဗာတန္ဟာ ၀ုဖ္နည္းျပေဟာင္း ႏူႏုိဆန္တိုစ္ကို နည္းျပသစ္အျဖစ္ ခန္႔အပ္ဖို႔ နီးစပ္ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။ အဲဗာတန္ဟာ ဆန္တိုစ္ကို နံပါတ္တစ္ ဦးစားေပးအျဖစ္ သတ္မွတ္ထားၿပီး ဆန္တိုစ္ဘက္ကလည္း ၄၈ နာရီအတြင္း ကမ္းလွမ္းမႈေရာက္လာဖုိ႔ ေမွ်ာ္လင့္ေနပါတယ္။ ဆန္တုိစ္အေနနဲ႔လည္း အဲဗာတန္ကို ကိုင္တြယ္ဖုိ႔ စိတ္လႈပ္ရွားေနေၾကာင္း သိရပါတယ။္

sergio-ramos-spain-2020-1xxpnm7wrk2x817e3xuscd2c3b-1
IMAGE: GOAL

⚽ စပိန္ကစားသမားေဟာင္း ဂါစီယာကေတာ့ သူတုိ႔အေနနဲ႔ ယူရိုၿပိဳင္ပြဲမွာ ရာမုိ႔စ္ကို လြမ္းေနရမွာျဖစ္ေပမဲ့ ဒဏ္ရာႀကီးနဲ႔ ရာမုိ႔စ္ကို ေရြးခ်ယ္တာကလည္း စြန္႔စားလြန္းရာက်မွာျဖစ္ေၾကာငး္၊ ဒီအဆင့္မွာ ကစားသမားေတြအေနနနဲ႔ ၁၂၀ ရာခိုင္ႏႈန္းေလာက္ ႀကိဳးစားဖို႔ လိုအပ္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!