7-May-2021 ေန႔လည္ခင္း သတင္းမ်ား

[UNICODE]

175567
IMAGE: GOAL

⚽ မာဆေးကွင်းလယ်လူ သာအူဗင်ဟာ မက္ကဆီကိုကလပ် တိုက်ဂါးအသင်းထံကနေ တရားဝင် ကမ်းလှမ်းမှု ရရှိထားတယ်လို့ သိရပါတယ်။ သာအူဗင်ဟာ လာမဲ့နွေမှာ အလွတ်နဲ့ ထွက်ခွာခွင့်ရမှာဖြစ်ပြီး သူ့ကို တိုက်ဂါးစ်က၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

16203189025527
IMAGE: GOAL

⚽ ဘာစီလိုနာတိုက်စစ်မှူးနေမာကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်က ထွက်ခွာခဲ့ရလို့ အလွန်ဝမ်းနည်းမိနေဆဲဖြစ်ပေမဲ့ တစ်သင်းလုံးအတွက် ဂုဏ်ယူမိကြောင်း၊ သူတို့တွေအနေနဲ့အကောင်းဆုံးပေးဆပ်ကြိုးပမ်းခဲ့ကြကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

gareth-bale-tottenham-europe-league-2020-21-z7kd5swybt691wzpm7yarc0vp
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် စပါးအသင်းဟာ ဂါရတ်ဘေးလ်ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ဆွေးနွေးရခြင်း မရှိသေးဘူးလို့ အေးဂျင့် ဘားနက်က ဖွင့်ဟခဲ့ပါတယ်။ စပါးဥက္ကဋ္ဌလီဗိုင်းကတော့ ဘေးလ်ရဲ့ အနာဂတ်ကို နည်းပြသစ် ကို စိတ်ကြိုက်လုပ်ပိုင်ခွင့်ပေးမယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။

jadon-sancho-dortmund-2020-21-1ih3oxbbsih3g14jv5ey7g6xut
IMAGE: GOAL

⚽ ဒေါ့မွန်တိုက်စစ်မှူး ဆန်ချိုနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ ထပ်မံပေါက်ကြားခဲ့ပါတယ်။ ဒေါ့မွန်ဟာ ဆန်ချိုအတွက် ပေါင် ၇၈ သန်း ဝန်ကျင်သာ အမှန်တကယ် အလိုရှိကြောင်း သိရပါတယ်။ ဒေါ့မွန်ဒါရိုက်တာမိုက်ကယ်ဇို့ကတော့ ဆန်ချိုအနေနဲ့ အသင်းကနေ ထွက်ခွာဖို့ အခြေအနေတစ်ခုနဲ့ သဘောတူညီထားကြောင်း ဖွင့်ဟထားခဲ့ပါတယ်။

maguire-manchester-united-roma-2021-9uni49ng8a5k1h79kduj5y0q3
IMAGE: GOAL

⚽ မန်ယူနောက်ခံလူ မက်ဂွဲရားက ရိုးမားနဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ဆီမီးဖိုင်နယ်ပွဲဟာ ဘက်စကတ်ဘောပွဲစဉ်လိုဖြစ်ခဲ့ကြောင်း၊ သူတို့ရဲ့ ပုံစံက အနည်းငယ် ရှုပ်ထွေးခဲ့ကြောင်း၊ သူတို့အနေနဲ့ ဒုတိယပိုင်းမှာ ရိုးမားဘက်ကို အခွင့်အရေးပေးတာ များပြားလွန်းခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

mikel-arteta-arsenal-2020-21-hso4hjz9m5iu191rdf8my1pnc
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နည်းပြ အာတီတာကတော့ သူတို့အနေနဲ့ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ “ကျွန်တော်တို့တွေ တော်တော်လေး ပျက်စီးခဲ့ပါတယ်။ ဗီလာရီးရဲကိုတော့ဂုဏ်ပြုလိုပါတယ် ။နောက်ဆုံးမိနစ် မတိုင်ခင်အထိ ကျွန်တော်တို့ အစွမ်းကုန်ကြိုးပမ်းခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ပွဲနဲ့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပြီးသူတို့ကတော့ ဘာမှမလုပ်နိုင်ခဲ့ပါဘူး”လို့ အာတီတာက ဖွင့်ဟခဲ့ပါတယ်။

timo-werner-chelsea-real-madrid-2020-21-1aqtycx17zd8x1gi5hd4qyvbs0
IMAGE: GOAL

⚽ တကယ်လို့ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားနှစ်ခုစလုံးမှာ ဗိုလ်စွဲနိုင်ခဲ့ရင်တော့ ချဲလ်ဆီးကစားသမားတွေဟာ အပိုဆုကြေး ပေါင် ၁၁ သန်းအထိ ရရှိမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်သွားတဲ့အတွက် ပေါင် ၅ သန်း ရရှိပြီးပြီဖြစ်ပြီး ဗိုလ်စွဲနိုင်ခဲ့ပါက နောက်ထပ် ပေါင် ၅ သန်းရရှိမှာ ဖြစ်ပါတယ်။ လက်စတာကို ကျော်ဖြတ်ပြီး အက်ဖ်အေဖလားမှာ ဗိုလ်စွဲနိုင်ခဲ့ရင် ပေါင် ၁ သန်းရရှိဦးမှာပါ။

zinedine-zidane-1auk3k41qtqe13r96na13nle7
IMAGE: GOAL

⚽ ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ဂယ်ရီလိုင်နီကတော့ ချဲလ်ဆီးကို အရေးနိမ့်ခဲ့တဲ့ပွဲက ရီးရဲဟာ သူမြင်းဖူးသမျှထဲမှာ အဆိုးရွားဆုံး ရီးရဲအသင်းဖြစ်ခဲ့ကြောင်း ဝေဖန်ခဲ့ပါတယ်။ ဖာဒီနန်ကလည်း ရီးရဲဟာ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပေမဲ့ မောပန်းနေပုံရကြောင်းဆိုခဲ့ပါတယ်။

[ZAWGYI]

175567
IMAGE: GOAL

⚽ မာေဆးကြင္းလယ္လူ သာအူဗင္ဟာ မကၠဆီကုိကလပ္ တုိက္ဂါးအသင္းထံကေန တရား၀င္ ကမ္းလွမ္းမႈ ရရွိထားတယ္လုိ႔ သိရပါတယ္။ သာအူဗင္ဟာ လာမဲ့ေႏြမွာ အလြတ္နဲ႔ ထြက္ခြာခြင့္ရမွာျဖစ္ၿပီး သူ႔ကို တုိက္ဂါးစ္က၂၀၂၆ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းတုိးဖုိ႔ ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။

16203189025527
IMAGE: GOAL

⚽ ဘာစီလိုနာတုိက္စစ္မွဴးေနမာကေတာ့ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္က ထြက္ခြာခဲ့ရလို႔ အလြန္၀မ္းနည္းမိေနဆဲျဖစ္ေပမဲ့ တစ္သင္းလံုးအတြက္ ဂုဏ္ယူမိေၾကာင္း၊ သူတုိ႔ေတြအေနနဲ႔အေကာင္းဆံုးေပးဆပ္ႀကိဳးပမ္းခဲ့ၾကေၾကာင္း လူမႈကြန္ရက္မွာ ေရးသားခဲ့ပါတယ္။

gareth-bale-tottenham-europe-league-2020-21-z7kd5swybt691wzpm7yarc0vp
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ စပါးအသင္းဟာ ဂါရတ္ေဘးလ္ရဲ႕ အနာဂတ္ နဲ႔ ပတ္သက္ၿပီး ေဆြးေႏြးရျခင္း မရွိေသးဘူးလို႔ ေအးဂ်င့္ ဘားနက္က ဖြင့္ဟခဲ့ပါတယ္။ စပါးဥကၠ႒လီဗိုင္းကေတာ့ ေဘးလ္ရဲ႕ အနာဂတ္ကို နည္းျပသစ္ ကို စိတ္ႀကိဳက္လုပ္ပိုင္ခြင့္ေပးမယ္ဆိုၿပီး သတင္းေတြ ထြက္ေပၚေနပါတယ္။

jadon-sancho-dortmund-2020-21-1ih3oxbbsih3g14jv5ey7g6xut
IMAGE: GOAL

⚽ ေဒါ့မြန္တိုက္စစ္မွဴး ဆန္ခ်ိဳနဲ႔ ပတ္သက္တဲ့ အခ်က္အလက္တခ်ိဳ႕ ထပ္မံေပါက္ၾကားခဲ့ပါတယ္။ ေဒါ့မြန္ဟာ ဆန္ခ်ိဳအတြက္ ေပါင္ ၇၈ သန္း ၀န္က်င္သာ အမွန္တကယ္ အလိုရွိေၾကာင္း သိရပါတယ္။ ေဒါ့မြန္ဒါရိုက္တာမုိက္ကယ္ဇုိ႕ကေတာ့ ဆန္ခ်ိဳအေနနဲ႔ အသင္းကေန ထြက္ခြာဖုိ႔ အေျခအေနတစ္ခုနဲ႔ သေဘာတူညီထားေၾကာင္း ဖြင့္ဟထားခဲ့ပါတယ္။

maguire-manchester-united-roma-2021-9uni49ng8a5k1h79kduj5y0q3
IMAGE: GOAL

⚽ မန္ယူေနာက္ခံလူ မက္ဂြဲရားက ရိုးမားနဲ႔ ယူရိုပါလိဂ္ ဒုတိယအေက်ာ့ဆီမီးဖိုင္နယ္ပြဲဟာ ဘက္စကတ္ေဘာပြဲစဥ္လိုျဖစ္ခဲ့ေၾကာင္း၊ သူတုိ႔ရဲ႕ ပံုစံက အနည္းငယ္ ရႈပ္ေထြးခဲ့ေၾကာင္း၊ သူတုိ႔အေနနဲ႔ ဒုတိယပိုင္းမွာ ရိုးမားဘက္ကို အခြင့္အေရးေပးတာ မ်ားျပားလြန္းခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

mikel-arteta-arsenal-2020-21-hso4hjz9m5iu191rdf8my1pnc
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္နည္းျပ အာတီတာကေတာ့ သူတို႔အေနနဲ႔ အႀကီးအက်ယ္ ပ်က္စီးခဲ့တယ္လုိ႔ ဖြင့္ဟခဲ့ပါတယ္။ “ကၽြန္ေတာ္တုိ႔ေတြ ေတာ္ေတာ္ေလး ပ်က္စီးခဲ့ပါတယ္။ ဗီလာရီးရဲကိုေတာ့ဂုဏ္ျပဳလိုပါတယ္ ။ေနာက္ဆံုးမိနစ္ မတိုင္ခင္အထိ ကၽြန္ေတာ္တုိ႔ အစြမ္းကုန္ႀကိဳးပမ္းခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႔ ႏုိင္ပြဲနဲ႔ ထုိက္တန္တယ္လုိ႔ ထင္ပါတယ္။ ကၽြန္ေတာ္တုိ႔က အခြင့္အေရးေကာင္းေတြ ဖန္တီးႏုိ္င္ခဲ့ၿပီးသူတုိ႔ကေတာ့ ဘာမွမလုပ္ႏုိင္ခဲ့ပါဘူး”လုိ႔ အာတီတာက ဖြင့္ဟခဲ့ပါတယ္။

timo-werner-chelsea-real-madrid-2020-21-1aqtycx17zd8x1gi5hd4qyvbs0
IMAGE: GOAL

⚽ တကယ္လုိ႔ ခ်န္ပီယံလိဂ္နဲ႔ အက္ဖ္ေအဖလားႏွစ္ခုစလံုးမွာ ဗိုလ္စြဲႏုိင္ခဲ့ရင္ေတာ့ ခ်ဲလ္ဆီးကစားသမားေတြဟာ အပိုဆုေၾကး ေပါင္ ၁၁ သန္းအထိ ရရိွမွာ ျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္သြားတဲ့အတြက္ ေပါင္ ၅ သန္း ရရွိၿပီးၿပီျဖစ္ၿပီး ဗိုလ္စြဲႏုိင္ခဲ့ပါက ေနာက္ထပ္ ေပါင္ ၅ သန္းရရွိမွာ ျဖစ္ပါတယ္။ လက္စတာကို ေက်ာ္ျဖတ္ၿပီး အက္ဖ္ေအဖလားမွာ ဗုိလ္စြဲႏုိင္ခဲ့ရင္ ေပါင္ ၁ သန္းရရွိဦးမွာပါ။

zinedine-zidane-1auk3k41qtqe13r96na13nle7
IMAGE: GOAL

⚽ ေဘာလံုးေ၀ဖန္သူအျဖစ္ ေဆာင္ရြက္ေနတဲ့ ဂယ္ရီလိုင္နီကေတာ့ ခ်ဲလ္ဆီးကို အေရးနိမ့္ခဲ့တဲ့ပြဲက ရီးရဲဟာ သူျမင္းဖူးသမွ်ထဲမွာ အဆုိးရြားဆံုး ရီးရဲအသင္းျဖစ္ခဲ့ေၾကာင္း ေ၀ဖန္ခဲ့ပါတယ္။ ဖာဒီနန္ကလည္း ရီးရဲဟာ ကစားသမားေကာင္းေတြ ပိုင္ဆုိင္ထားေပမဲ့ ေမာပန္းေနပံုရေၾကာင္းဆုိခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!