7-May-2021 နံနက်ခင်း သတင်းများ

[UNICODE]

IMAGE: GOAL

⚽ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ပထမအကျော့ရလဒ်က မိမိတို့ကို ကယ်တင်ခဲ့တာဖြစ်ကြောင်း၊ ပထမအကျော့ရလဒ်ကြောင့်သာ ဒီပွဲမှာ ပြဿနာမရှိခဲ့တာဖြစ်ကြောင်း၊ ဒုတိယအကျော့မှာရှုံးနိမ့်ခဲ့တဲ့အတွက် စိတ်ပျက်ခဲ့ရပြီး ၈-၆ ဂိုးနဲ့ လွယ်လွယ်ရှုံးသွားနိုင်တဲ့ အနေအထားမှာ ရှိခဲ့ကြောင်း ဆိုခဲ့ပါတယ်။

Paris-France-01-05-2021-Paris-Saint-Germain-s-Neymar-reacts-during-the-French-Ligue-1-soccer-match-b
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ တကယ်လို့ ဘာစီလိုနာကနေ နေမာသာ မထွက်ခွာဘူးဆိုရင် ဘာစီလိုနာဟာ ချန်ပီယံလိဂ်ဖလားကို ၃ ကြိမ်လောက်အထိ ရယူနိုင်မှာဖြစ်ကြောင်းဖွင့်ဟခဲ့ပါတယ်။

bernd-leno-arsenal-1ha4z9b9q1qm51an15rgrdd1mj
IMAGE: GOAL

⚽ အာဆင်နယ်ဂိုးသမား လီနိုကတော့ ယူရိုပါလိဂ္လိဂ် ဆီမီးဖိုင်နယ်က ထွက်ခွာခဲ့ရမှုအတွက် သူတို့အားလုံး အလွန်ဝမ်းနည်းရကြောင်း၊ လာမဲ့ရာသီမှာ ဒီထက်ပိုကောင်းအောင် စွမ်းဆောင်နိုင်ဖို့ မျှော်လင့်မိကြောင်း၊ ဒါပေမဲ့ဒီရာသီကလည်း မပြီးဆုံးသေးဘဲ လက်ကျန် ၄ ပွဲစလုံးမှာ အသင်းအတွက ်တိုက်ပွဲဝင်သွားမယ်လို့ ဖွင့်ဟခဲ့ပါတယ်။

christian-pulisic-chelsea-2020-21-p0m9ikxh80631i7of5ib3dryt
IMAGE: GOAL

⚽ ချဲလ်ဆီးတိုက်စစ်ကစားသမား ပူလီဆစ်ကတော့ သူ့အနေနဲ့ ရီးရဲနဲ့ ဒုကျော့မှာ ပွဲထွက် ကစားသမားအဖြစ် မပါဝင်နိုင်ခဲ့ခြင်းအတွက် စိတ်ပျက်မိကြောင်း၊ သူက အမြဲတမ်း ပွဲထွက်ကစားသမားအဖြစ်ကစားချင်တာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

eden-hazard-real-madrid-120e98ahx8f361wxmdv9yq8rsv
IMAGE: GOAL

⚽ ရီးရဲမက်ဒရစ်တိုက်စစ်မှူး ဟာဇက်ကတော့ ချဲလ်ဆီးနဲ့ပွဲအပြီး ရယ်နေခဲ့လို့ ဝေဖန်ခံရမှုနဲ့ ပတ်သက်ပြီး ပြန်လည်တောင်းပန်သွားခဲ့ပါတယ်။ သူ့ရဲ့လုပ်ရပ်အတွက် တောင်းပန်ပါကြောင်း။ ဒါဟာ ရီးရဲပရိသတ်တွေကို ဆန့်ကျင်တဲ့စိတ် မဟုတ်ကြောင်း၊ ဒီရာသီက မပြီးဆုံးသေးဘဲ လာလီဂါချန်ပီယံဆုအတွက် တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ဟာဇက်က ဖွင့်ဟခဲ့ပါတယ်။

FC-Barcelona-v-Villarreal-CF-La-Liga-Santander-ab878364c32066519e1b0349310697f6
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာဟာ အသက်အရွယ်ရလာတဲ့ ဝါရင့်ကွင်းလယ်လူဘက်စကွတ်ရဲ့ နေရာမှာ အစားထိုးဖို့အတွက ်ဈေးကွက်အတွင်း ကစားသမားသစ် ရှာဖွေသွားမယ်လို့ သိရပါတယ်။

lautaro-martinez-inter-2020-21-1alt3kta471331kdgs688tusam
IMAGE: GOAL

⚽ အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ဟာ သူ့အနေနဲ့ ၂၀၂၀ ခုနှစ်မှာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်ခဲ့တဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။ “ကျွန်တာ့်အနေနဲ့ ဘာစီလိုနာကို ပြောင်းဖို့ အမှန်တကယ်နီးစပ်ခဲ့ပါတယ်။ မက်ဆီနဲ့လည်း စကားပြောပြီးသွားပါပြီ။ ဒါပေမဲ့ အဲဒီအချိန်မှာ ဘာစီက စီးပွားရေးပြဿနာကြုံနေရလို့ အင်တာမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်”လို့ မာတီနက်ဇ်က ဖွင့်ဟခဲ့ပါတယ်။

SPORT-PREVIEW-IBRAHIMA-KONATE
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် လီဗာပူးဟာ လိုက်ပဇစ်နောက်ခံလူ ကိုနာတီကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း talkSPORT က ဖော်ပြထားပါတယ်။ လီဗာပူးဟာ အဆိုပါနောက်ခံလူအတွက်စာချုပ်ဖျက်သိမ်းကြေး ယူရို ၃၅ သန်းပေးချေသွားမှာလို့ သိရပါတယ်။

[ZAWGYI]

0-Europa-League-Semi-Final-Second-Leg-AS-Roma-v-Manchester-United
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL

⚽ အာဆင်နယ်ဂိုးသမား လီနိုကတော့ယူရိုပါလိဂ်လိဂျ ဆီမီးဖိုင်နယ်က ထွက်ခွာခဲ့ရမှုအတွက် သူတို့အားလုံး အလွန်ဝမ်းနည်းရကြောင်း၊ လာမဲ့ရာသီမှာ ဒီထက်ပိုကောင်းအောင် စွမ်းဆောင်နိုင်ဖို့ မျှော်လင့်မိကြောင်း၊ ဒါပေမဲ့ဒီရာသီကလည်း မပြီးဆုံးသေးဘဲ လက်ကျန် ၄ ပွဲစလုံးမှာ အသင်းအတွက်တိုက်ပွဲဝင်သွားမယ်လို့ ဖွင့်ဟခဲ့ပါတယ်။

IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!