7-May-2021 ယူရိုပါလိဂ္ပြဲၿပီးသံုးသပ္ခ်က္ႏွင့္ ဆက္စပ္သတင္းမ်ား

[ZAWGYI] အာဆင်နယ် ဝ-၀ ဗီလာရီးရဲ

maxresdefault
IMAGE: GOAL

အာဆင်နယ်ဟာ ခြေစွမ်းပိုင်းအရအားရစရာ မကောင်းခဲ့ပေမဲ့ ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးတွေ ရရှိခဲ့ပြီး တစ်ဂိုးလောက် ဝင်ခဲ့သင့်ဖို့ ကောင်းပါတယ်။ အာဆင်နယ်ဟာ အူဘာ၊ ဆာကာ၊ စမစ်ရို့စ်၊ အိုဒီဂတ်တို့အတွဲအဖက်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ ပထမပိုင်းမှာ ဂိုးရဖို့ထက် အဝေးဂိုး မပေးရရေးကို သတိကြီးကြီးထား ကစားခဲ့သလို ဗီလာရီးရဲကလည်း ခံစစ်နဲ့သာ ကစားနေရလို့ ပွဲကအေးစက်စက်နိုင်နေခဲ့ပါတယ်။

aubameyang-w91ksv70po1y11zc0mwanjqwt
IMAGE: GOAL

အာဆင်နယ်အနေနဲ့ ဒီပွဲမှာ နံပါတ် ၁၀ ကစားသမားနှစ်ယောက် ထည့်ကစားထားလု့ိ ကွင်းလယ်မှာ ကစားပေါက်ထပ်နေခဲ့ပြီး အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ တစ်ချက်တစ်ချက် အာဆင်နယ် တိုက်စစ်က အခွင့်အရေးတွေရခဲ့ပေမဲ့ ဂိုးကံခေနေခဲ့ရပါတယ်။

0-Arsenal-v-Villarreal-UEFA-Europa-League-Semi-Final-Second-Leg-Emirates-Stadium
IMAGE: GOAL

ဒုတိယပိုင်းမှာ အာဆင်နယ် တိုက်စစ်မြှင့်လာခဲ့ပေမဲ့ ကစားပုံတက်လာခဲ့ခြင်း မရှိဘဲ ဗီလာရီးရဲကလည်း တစ်သင်းလုံး ပိတ်ကစားထားလို့ အာဆင်နယ် ဂိုးရဖို့ ခက်နေခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ အာဆင်နယ်တို့တိုက်စစ်ကစားသမားတွေ ထပ်မံထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပေမဲ့ မာကျောလွန်းတဲ့ ဗီလာရီးရဲ နောက်တန်းကို ကျော်ဖြတ်နိုင်ခြင်းမရှိဘဲ ဆီမီးဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ပါတယ်။ ပွဲအပြီးမှာ အူနိုင်းအမ်မရီက အာတီတာကို ခပ်ထေ့ထေ့ပြုံးပြသွားပြီး နာကျည်းချက်တွေရှိရာ အာဆင်နယ်ကို လှလှပပ လက်စားချေပြခဲ့ပါတယ်။

ရိုးမား ၃-၂ မန်ယူ

maxresdefault-1
IMAGE: GOAL

အဖြေပေါ်နေပြီးသားဖြစ်တဲ့ ဒီပွဲမှာ မန်ယူကပွဲကို သက်သောင့်သက်သာနဲ့ပဲ စတင်ခဲ့ပါတယ်။ ဂရင်းဝုဒ်၊ ဗန်ဒီဘတ်ချ်၊ ကာဗာနီ၊ ပေါ့ဂ်ဘာ၊ ဖာနန်ဒက်စ်တို့နဲ့ ပွဲထွက်လာတဲ့ မန်ယူဟာ ကွင်းလယ်ပိုင်း ထိန်းချုပ်မှုကိုဦးစားပေးပြီး ဂိုးမပေးရဖို့ အာရုံစိုက်ခဲ့ပါတယ်။

90996-7fz10lr
IMAGE: GOAL

ရိုးမားကတော့ ပထမပိုင်းမှာ တိုက်စစ်ဆင်ကစားခဲ့ပြီး ဂိုးသမား ဒီဂီယာလက်စွမ်းပြနေလို့သာ မန်ယူ သက်သာရာရခဲ့တာပါ။ ဒီလိုနဲ့ ပထမပိုင်း ၃၉ မိနစ်မှာ ကာဗာနီက မန်ယူအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။ အဲဒီနောက် ဒုတိယပိုင်းမှာတော့ မန်ယူတို့ ပေါ့ဆခဲ့လို့ ရိုးမားဘက်ကို ၂ ဂိုးဆက်ပေးခဲ့ရပါတယ်။

AS-Roma-v-Manchester-United-UEFA-Europa-League-S-8facb9f9d5aa054a0c4aceba04634bf3
IMAGE: GOAL

ဒီတော့မှ မန်ယူ အသည်းအသန် ဖိဖိစီးစီး ပြန်ကစားခဲ့လို့ ၆၈ မိနစ်မှာပဲ ကာဗာနီက ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ ရိုးမားကလည်း စိတ်ဓာတ်ကျသွားခြင်း မရှိဘဲ တိုက်စစ်ဆင်ခဲ့ပြီး ၈၃ မိနစ်မှာ ဇာလီစကီးက ရိုးမားအတွက်နှစ်သိမ့်အနိုင်ဂိုးကို သွင်းပေးခဲ့ပါတယ်။ ဒါကြောင့် မန်ယူဟာ ဆိုးလ်ရှားလက်ထက် ဖလားပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲအဆင့်ကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။

0-Arteta44
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းဟာ နောက်ဆုံး ၄ နှစ်အတွင်း ဖလားပြိုင်ပွဲတစ်ခုခုမှ ဗိုလ်လုပွဲကို မတက်ရောက်နိုင်ခဲ့တာ ဒီနှစ်က ပထမဆုံးပြန်ဖြစ်ခဲ့တာပါ။ အာဆင်နယ်ဟာ ၂၀၁၆-၁၇ ရာသီမှာ အက်ဖ်အေ၊ ၂၀၁၇-၁၈ ရာသီမှာ လိဂ်ဖလား၊ ၂၀၁၈-၁၉ ရာသီမှာ ယူရိုပါလိဂ်၊ ၂၀၁၉-၂၀ ရာသီမှာ အက်ဖ်အေဖလား စသဖြင့် နောက်ဆုံး ၄ နှစ်ဆက် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

2052
IMAGE: GOAL

⚽ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ကာဗာနီကတော့ ရိုးမားနဲ့ပွဲစဉ်မှာ နှစ်ဂိုးသွင်းယူပြီးနောက် ၁၉၈၅-၈၆ ခုနှစ်က ကိုလုံးတိုက်စစ်မှူးဟောင်း ကလာယက် တင်ရှိထားတဲ့ စံချိန်တစ်ခုကို လိုက်မီခဲ့ပါတယ်။ ဒါကတော့ ကာဗာနီဟာ အဲဒီကာလနောက်ပိုင်း ဥရောပပြိုင်ပွဲ ဆီမီးဖိုင်နယ် နှစ်ကျော့စလုံးမှာ ၂ ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

[ZAWGYI] အာဆင္နယ္ ၀-၀ ဗီလာရီးရဲ

maxresdefault
IMAGE: GOAL

အာဆင္နယ္ဟာ ေျခစြမ္းပိုင္းအရအားရစရာ မေကာင္းခဲ့ေပမဲ့ ဂိုးရႏိုင္ေလာက္တဲ့ အခြင့္အေရးေတြ ရရွိခဲ့ၿပီး တစ္ဂိုးေလာက္ ၀င္ခဲ့သင့္ဖုိ႔ ေကာင္းပါတယ္။ အာဆင္နယ္ဟာ အူဘာ၊ ဆာကာ၊ စမစ္ရို႕စ္၊ အုိဒီဂတ္တုိ႔အတြဲအဖက္နဲ႔ ပြဲထြက္လာခဲ့ပါတယ္။ အာဆင္နယ္အေနနဲ႔ ပထမပိုင္းမွာ ဂိုးရဖုိ႔ထက္ အေ၀းဂိုး မေပးရေရးကို သတိႀကီးႀကီးထား ကစားခ့ဲသလို ဗီလာရီးရဲကလည္း ခံစစ္နဲ႔သာ ကစားေနရလို႔ ပြဲကေအးစက္စက္ႏုိင္ေနခဲ့ပါတယ္။

aubameyang-w91ksv70po1y11zc0mwanjqwt
IMAGE: GOAL

အာဆင္နယ္အေနနဲ႔ ဒီပြဲမွာ နံပါတ္ ၁၀ ကစားသမားႏွစ္ေယာက္ ထည့္ကစားထားလု႔ိ ကြင္းလယ္မွာ ကစားေပါက္ထပ္ေနခဲ့ၿပီး အလုပ္မျဖစ္ခဲ့ပါဘူး။ ဒါေပမဲ့ တစ္ခ်က္တစ္ခ်က္ အာဆင္နယ္ တုိက္စစ္က အခြင့္အေရးေတြရခဲ့ေပမဲ့ ဂိုးကံေခေနခဲ့ရပါတယ္။

0-Arsenal-v-Villarreal-UEFA-Europa-League-Semi-Final-Second-Leg-Emirates-Stadium
IMAGE: GOAL

ဒုတိယပိုင္းမွာ အာဆင္နယ္ တုိက္စစ္ျမွင့္လာခဲ့ေပမဲ့ ကစားပံုတက္လာခဲ့ျခင္း မရွိဘဲ ဗီလာရီးရဲကလည္း တစ္သင္းလံုး ပိတ္ကစားထားလို႔ အာဆင္နယ္ ဂိုးရဖုိ႔ ခက္ေနခဲ့ပါတယ္။ ပြဲၿပီးခါနီးမွာ အာဆင္နယ္တုိ႔တိုက္စစ္ကစားသမားေတြ ထပ္မံထည့္သြင္းၿပီး တုိက္စစ္ျမွင့္ခဲ့ေပမဲ့ မာေက်ာလြန္းတဲ့ ဗီလာရီးရဲ ေနာက္တန္းကို ေက်ာ္ျဖတ္ႏိုင္ျခင္းမရွိဘဲ ဆီမီးဖိုင္နယ္အဆင့္နဲ႔သာ ေက်နပ္ခဲ့ပါတယ္။ ပြဲအၿပီးမွာ အူႏုိင္းအမ္မရီက အာတီတာကို ခပ္ေထ့ေထ့ၿပံဳးျပသြားၿပီး နာက်ည္းခ်က္ေတြရွိရာ အာဆင္နယ္ကို လွလွပပ လက္စားေခ်ျပခဲ့ပါတယ္။

ရိုးမား ၃-၂ မန္ယူ

maxresdefault-1
IMAGE: GOAL

အေျဖေပၚေနၿပီးသားျဖစ္တဲ့ ဒီပြဲမွာ မန္ယူကပြဲကို သက္ေသာင့္သက္သာနဲ႔ပဲ စတင္ခဲ့ပါတယ္။ ဂရင္း၀ုဒ္၊ ဗန္ဒီဘတ္ခ်္၊ ကာဗာနီ၊ ေပါ့ဂ္ဘာ၊ ဖာနန္ဒက္စ္တုိ႔နဲ႔ ပြဲထြက္လာတဲ့ မန္ယူဟာ ကြင္းလယ္ပိုင္း ထိန္းခ်ဳပ္မႈကိုဦးစားေပးၿပီး ဂိုးမေပးရဖုိ႔ အာရုံစိုက္ခဲ့ပါတယ္။

90996-7fz10lr
IMAGE: GOAL

ရိုးမားကေတာ့ ပထမပိုင္းမွာ တုိက္စစ္ဆင္ကစားခဲ့ၿပီး ဂိုးသမား ဒီဂီယာလက္စြမ္းျပေနလို႔သာ မန္ယူ သက္သာရာရခဲ့တာပါ။ ဒီလိုနဲ႔ ပထမပိုင္း ၃၉ မိနစ္မွာ ကာဗာနီက မန္ယူအတြက္ ဦးေဆာင္ဂိုးသြင္းေပးခဲ့ပါတယ္။ အဲဒီေနာက္ ဒုတိယပိုင္းမွာေတာ့ မန္ယူတုိ႔ ေပါ့ဆခဲ့လို႔ ရိုးမားဘက္ကုိ ၂ ဂိုးဆက္ေပးခဲ့ရပါတယ္။

AS-Roma-v-Manchester-United-UEFA-Europa-League-S-8facb9f9d5aa054a0c4aceba04634bf3
IMAGE: GOAL

ဒီေတာ့မွ မန္ယူ အသည္းအသန္ ဖိဖိစီးစီး ျပန္ကစားခဲ့လို႔ ၆၈ မိနစ္မွာပဲ ကာဗာနီက ေခ်ပဂိုး ျပန္သြင္းခဲ့ပါတယ္။ ရိုးမားကလည္း စိတ္ဓာတ္က်သြားျခင္း မရွိဘဲ တုိက္စစ္ဆင္ခဲ့ၿပီး ၈၃ မိနစ္မွာ ဇာလီစကီးက ရိုးမားအတြက္ႏွစ္သိမ့္အႏုိင္ဂိုးကို သြင္းေပးခဲ့ပါတယ္။ ဒါေၾကာင့္ မန္ယူဟာ ဆုိးလ္ရွားလက္ထက္ ဖလားၿပိဳင္ပြဲေတြမွာ ဗုိလ္လုပြဲအဆင့္ကို ပထမဆံုးအႀကိမ္ တက္ေရာက္ႏုိင္ခဲ့ပါတယ္။

0-Arteta44
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္အသင္းဟာ ေနာက္ဆံုး ၄ ႏွစ္အတြင္း ဖလားၿပိဳင္ပြဲတစ္ခုခုမွ ဗိုလ္လုပြဲကို မတက္ေရာက္ႏုိင္ခဲ့တာ ဒီႏွစ္က ပထမဆံုးျပန္ျဖစ္ခဲ့တာပါ။ အာဆင္နယ္ဟာ ၂၀၁၆-၁၇ ရာသီမွာ အက္ဖ္ေအ၊ ၂၀၁၇-၁၈ ရာသီမွာ လိဂ္ဖလား၊ ၂၀၁၈-၁၉ ရာသီမွာ ယူရိုပါလိဂ္၊ ၂၀၁၉-၂၀ ရာသီမွာ အက္ဖ္ေအဖလား စသျဖင့္ ေနာက္ဆံုး ၄ ႏွစ္ဆက္ ဗိုလ္လုပြဲကို တက္ေရာက္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

2052
IMAGE: GOAL

⚽ မန္ခ်က္စတာယူႏုိက္တက္တုိက္စစ္မွဴး ကာဗာနီကေတာ့ ရိုးမားနဲ႔ပြဲစဥ္မွာ ႏွစ္ဂိုးသြင္းယူၿပီးေနာက္ ၁၉၈၅-၈၆ ခုႏွစ္က ကိုလံုးတုိက္စစ္မွဴးေဟာင္း ကလာယက္ တင္ရွိထားတဲ့ စံခ်ိန္တစ္ခုကို လိုက္မီခဲ့ပါတယ္။ ဒါကေတာ့ ကာဗာနီဟာ အဲဒီကာလေနာက္ပိုင္း ဥေရာပၿပိဳင္ပြဲ ဆီမီးဖိုင္နယ္ ႏွစ္ေက်ာ့စလံုးမွာ ၂ ဂိုးနဲ႔အထက္ သြင္းယူႏုိင္ခဲ့တဲ့ ပထမဆံုးကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့တာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!