[UNICODE]

⚽ အစွန်နောက်ခံလူ ဟာကီမီကို အင်တာမီလန်ထံ ရောင်းချခဲ့တဲ့ လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်ရဲ့ ဆုံးဖြတ်ချက် မှားယွင်းကြောင်း ဘရာဇီးဂန္ထဝင် ရော်နယ်ဒိုက သုံးသပ်သွားခဲ့ပါတယ်။ “အင်တာက ဟာကီမီလို အလွန်အံ့အားသင့်ဖွယ်ကောင်းတဲ့ ကစားသမားကို ခေါ်နိုင်ခဲ့တာပါ။ သူ့ကို ထွက်ခွာခွင့် ပေးခဲ့တဲ့ ရီးရဲရဲ့ ဆုံးဖြတ်ချက် မှားခဲ့ပါတယ်”လို့ ရော်နယ်ဒိုက ဆိုခဲ့ပါတယ်။

⚽ ပရီးမီးယားလိဂ်ကလပ် စပါးနည်းပြမော်ရင်ဟိုကတော့ ရီးရဲမှာ လက်တွဲခဲ့ဖူးတဲ့ တောင်ပံကစားသမား ဒီမာရီယာကို ခေါ်ယူဖို့ဆန္ဒရှိနေပါတယ်။ စပါးဟာ လာမဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဒီမာရီယာကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ Todofichajes က ဖော်ပြထားပါတယ်။

⚽ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်ဟာ ဝက်စ်ဟမ်းကွင်းလယ်လူ အန်ဒါဆန်ကို ခေါ်ယူပေးဖို့ ကမ်းလှမ်းခံထားရကြောင့် နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ ဖီလစ်ပီအန်ဒါဆန်ဟာ လက်ရှိမှာ ပေါ်တိုမှာ အငှားနဲ့ ကစားနေပြီး ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရလို့ အသင်းပြောင်းဖို့ စီစဉ်နေတာပါ။

⚽ စီးရီးအေကလပ် အင်တာမီလန်တိုက်စစ်မှူးလော်တာရို မာတီနက်ဇ်က အသင်းနဲ့အတူ စာချုပ်သက်တမ်း တိုးမြှင့်နိုင်မယ်လို့ ယုံကြည်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ မာတီနက်ဇ်ရဲ့ စာချုပ်ဟာ ၂၀၂၃ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပေမဲ့ ထိပ်တန်း အသင်းကြီးတွေရဲ့ရန်ကနေ ကာကွယ်နိုင်ဖို့ အင်တာက စာချုပ်တိုးမြှင့်လိုနေတာပါ။ မာတီနက်ဇ်ကလည်း အင်တာမှာပဲ ပျော်ရွှင်နေကြောင်း ဖွင့်ဟထားခဲ့ပါတယ်။

⚽ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းကတော့ အာဆင်နယ်ပစ်မှတ်ထားနေတဲ့ အသင်းဂိုးသမား နက်တိုဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ ထွက်ခွာခွင့်တောင်းဆိုထားတယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ နက်တိုရဲ့ ကိုယ်စားလှယ်တွေက ထွက်ခွာခွင့် တောင်းဆိုထားပေမဲ့ သူက အရေးပါတဲ့ဂိုးသမားဖြစ်လို့ အသင်းအနေနဲ့ ခွင့်မပြုနိုင်ကြောင်း ကိုးမန်းက ဆိုခဲ့ပါတယ်။

⚽ မန်ယူတိုက်စစ်မှူး အီဂါလိုအနေနဲ့ တခြားပရီးမီးယားလိဂ်အသင်းတွေရဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိထားကြောင်း ကစားသမားရဲ့ ကိုယ်စားလှယ်က ဖွင့်ဟခဲ့ပါတယ်။ တခြားပရီးမီးယားလိဂ်ကလပ်တွေဟာ အီဂါလိုကို စိတ်ဝင်စားနေကြကြောင်း၊ အီဂါလိုအနေနဲ့ မိသားစုကြောင့် အင်္ဂလန်မှာသာ ဆက်နေဖွယ်ရှိကြောင်း၊ အီဂါလိုဟာ လက်ရှိအချိန်အထိ မန်ယူကစားသမားဖြစ်နေဆဲလို့ ကိုယ်စားလှယ်က ဆိုခဲ့တာပါ။

⚽ ဘာစီလိုနာကနေ အဓိကတိုက်စစ်မှူး မက်ဆီသာ ထွက်သွားခဲ့ရင် တောင်ပံကစားသမား ဒမ်ဘီလီမှာ အကျိုးများမယ်လို့ ရီဗယ်ဒိုက သုံးသပ်ခဲ့ပါတယ်။ မက်ဆီသာ ထွက်သွားခဲ့ရင် ဒမ်ဘီလီဟာ ဘာစီလိုနာရဲ့ အဓိက ကစားသမား ဖြစ်လာနိုင်တယ်လို့ ရီဗယ်ဒိုက ဆိုခဲ့ပါတယ်။

⚽ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းနည်းပြ မိုယက်စ်ကတော့ ကွင်းလယ်လူဒီလန်ရိုက်အတွက် ချဲလ်ဆီးအသင်းရဲ့ ဆက်သွယ်မှုကို မရရှိထားကြောင်း ဖွင့်ဟခဲ့ပါတယ်။ “သတင်းတွေက မမှန်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ချဲလ်ဆီးကနေ ဘာ ဆက်သွယ်မှုမှ မရရှိထားပါဘူး။ ဒီလန်ရိုက်ကို ဘယ်လိုနည်နဲ့မှ ရောင်းထုတ်မှာ မဟုတ်ပါဘူး”လို့ မိုယက်စ်က ဆိုခဲ့ပါတယ်။
[ZAWGYI]

⚽ အစြန္ေနာက္ခံလူ ဟာကီမီကို အင္တာမီလန္ထံ ေရာင္းခ်ခဲ့တဲ့ လာလီဂါထိပ္သီးကလပ္ ရီးရဲမက္ဒရစ္ရဲ႕ ဆံုးျဖတ္ခ်က္ မွားယြင္းေၾကာင္း ဘရာဇီးဂႏၳ၀င္ ေရာ္နယ္ဒိုက သံုးသပ္သြားခဲ့ပါတယ္။ “အင္တာက ဟာကီမီလို အလြန္အံ့အားသင့္ဖြယ္ေကာင္းတဲ့ ကစားသမားကို ေခၚႏုိင္ခဲ့တာပါ။ သူ႔ကို ထြက္ခြာခြင့္ ေပးခဲ့တဲ့ ရီးရဲရဲ႕ ဆံုးျဖတ္ခ်က္ မွားခဲ့ပါတယ္”လုိ႔ ေရာ္နယ္ဒိုက ဆုိခဲ့ပါတယ္။

⚽ ပရီးမီးယားလိဂ္ကလပ္ စပါးနည္းျပေမာ္ရင္ဟိုကေတာ့ ရီးရဲမွာ လက္တြဲခဲ့ဖူးတဲ့ ေတာင္ပံကစားသမား ဒီမာရီယာကို ေခၚယူဖို႔ဆႏၵရွိေနပါတယ္။ စပါးဟာ လာမဲ့ေႏြရာသီ အေျပာင္းအေရႊ႕မွာ ဒီမာရီယာကို ေခၚယူဖုိ႔ ႀကိဳးပမ္းသြားမယ္လို႔ Todofichajes က ေဖာ္ျပထားပါတယ္။

⚽ ပရီးမီးယားလိဂ္ကလပ္ အဲဗာတန္ဟာ ၀က္စ္ဟမ္းကြင္းလယ္လူ အန္ဒါဆန္ကို ေခၚယူေပးဖုိ႔ ကမ္းလွမ္းခံထားရေၾကာင့္ နာမည္ေက်ာ္ သတင္းေထာက္ ဖာဘရီဇီယိုက ေဖာ္ျပထားပါတယ္။ ဖီလစ္ပီအန္ဒါဆန္ဟာ လက္ရွိမွာ ေပၚတုိမွာ အငွားနဲ႔ ကစားေနၿပီး ပြဲထြက္ခြင့္ရဖုိ႔ ရုန္းကန္ေနရလုိ႔ အသင္းေျပာင္းဖို႔ စီစဥ္ေနတာပါ။

⚽ စီးရီးေအကလပ္ အင္တာမီလန္တိုက္စစ္မွဴးေလာ္တာရို မာတီနက္ဇ္က အသင္းနဲ႔အတူ စာခ်ဳပ္သက္တမ္း တိုးျမွင့္ႏုိင္မယ္လုိ႔ ယံုၾကည္ေၾကာင္း ဖြင့္ဟသြားခ့ဲပါတယ္။ မာတီနက္ဇ္ရဲ႕ စာခ်ဳပ္ဟာ ၂၀၂၃ ခုႏွစ္မွာ ကုန္ဆံုးမွာျဖစ္ေပမဲ့ ထိပ္တန္း အသင္းႀကီးေတြရဲ႕ရန္ကေန ကာကြယ္ႏုိင္ဖုိ႔ အင္တာက စာခ်ဳပ္တုိးျမွင့္လိုေနတာပါ။ မာတီနက္ဇ္ကလည္း အင္တာမွာပဲ ေပ်ာ္ရႊင္ေနေၾကာင္း ဖြင့္ဟထားခဲ့ပါတယ္။

⚽ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းကေတာ့ အာဆင္နယ္ပစ္မွတ္ထားေနတဲ့ အသင္းဂိုးသမား နက္တုိဟာ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာပဲ ထြက္ခြာခြင့္ေတာင္းဆိုထားတယ္လုိ႔ အတည္ျပဳသြားခဲ့ပါတယ္။ နက္တိုရဲ႕ ကိုယ္စားလွယ္ေတြက ထြက္ခြာခြင့္ ေတာင္းဆိုထားေပမဲ့ သူက အေရးပါတဲ့ဂိုးသမားျဖစ္လို႔ အသင္းအေနနဲ႔ ခြင့္မျပဳႏုိင္ေၾကာင္း ကိုးမန္းက ဆုိခဲ့ပါတယ္။

⚽ မန္ယူတုိက္စစ္မွဴး အီဂါလိုအေနနဲ႔ တျခားပရီးမီးယားလိဂ္အသင္းေတြရဲ႕ ကမ္းလွမ္းမႈကို လက္ခံရရွိထားေၾကာင္း ကစားသမားရဲ႕ ကိုယ္စားလွယ္က ဖြင့္ဟခဲ့ပါတယ္။ တျခားပရီးမီးယားလိဂ္ကလပ္ေတြဟာ အီဂါလိုကို စိတ္၀င္စားေနၾကေၾကာင္း၊ အီဂါလိုအေနနဲ႔ မိသားစုေၾကာင့္ အဂၤလန္မွာသာ ဆက္ေနဖြယ္ရွိေၾကာင္း၊ အီဂါလိုဟာ လက္ရွိအခ်ိန္အထိ မန္ယူကစားသမားျဖစ္ေနဆဲလို႔ ကိုယ္စားလွယ္က ဆုိခဲ့တာပါ။

⚽ ဘာစီလိုနာကေန အဓိကတိုက္စစ္မွဴး မက္ဆီသာ ထြက္သြားခဲ့ရင္ ေတာင္ပံကစားသမား ဒမ္ဘီလီမွာ အက်ိဳးမ်ားမယ္လုိ႔ ရီဗယ္ဒိုက သံုးသပ္ခဲ့ပါတယ္။ မက္ဆီသာ ထြက္သြားခဲ့ရင္ ဒမ္ဘီလီဟာ ဘာစီလိုနာရဲ႕ အဓိက ကစားသမား ျဖစ္လာႏုိင္တယ္လုိ႔ ရီဗယ္ဒိုက ဆုိခဲ့ပါတယ္။

⚽ ပရီးမီးယားလိဂ္ကလပ္ ၀က္စ္ဟမ္းနည္းျပ မုိယက္စ္ကေတာ့ ကြင္းလယ္္လူဒီလန္ရိုက္အတြက္ ခ်ဲလ္ဆီးအသင္းရဲ႕ ဆက္သြယ္မႈကို မရရွိထားေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ “သတင္းေတြက မမွန္ပါဘူး။ ကၽြန္ေတာ္တုိ႔အေနနဲ႔ ခ်ဲလ္ဆီးကေန ဘာ ဆက္သြယ္မႈမွ မရရွိထားပါဘူး။ ဒီလန္ရိုက္ကို ဘယ္လိုနည္နဲ႔မွ ေရာင္းထုတ္မွာ မဟုတ္ပါဘူး”လို႔ မိုယက္စ္က ဆုိခဲ့ပါတယ္။