17-Dec-2020 ပြဲၿပီးသံုးသပ္ခ်က္မ်ား

[UNICODE] လီဗာပူး ၂-၁ စပါး

IMG-20201216-233012
IMAGE: GOAL

မော်ရင်ဟိုက နောက်ပိုင်း အသင်းကြီးတွေနဲ့တွေ့တဲ့ပွဲတွေမှာ သူ့ရဲ့ မူလလက်စွဲဘတ်စ်ကားကွက်ကို ပြန်သုံးနေတာ တွေ့ရပါတယ်။ ဒီပွဲမှာလည်း မော်ရင်ဟိုက သူ့ပုံစံအတိုင်း တစ်သင်းလုံးပိတ်ပြီး ဆွန်၊ ကိန်းတို့ရဲ့ တန်ပြန်တိုက်စစ် အစွမ်းနဲ့ ကြိုးပမ်းခဲ့ပေမဲ့ ပြိုင်ဘက်က ကလော့ရဲ့လီဗာပူး ဖြစ်နေတာ သတိထားမိပုံမပေါ်ပါဘူး။

2956786-60691648-2560-1440
IMAGE: GOAL

လီဗာပူးက စပါးကို တန်ပြန်တိုက်စစ်ဆင်ခွင့်မပေးခဲ့သလို တစ်သင်းလုံး ပိတ်ဆို့ထားတဲ့ ခံစစ်ကိုလည်း စနစ်တကျ ထိုးဖောက်နိုင်ခဲ့ပါတယ်။ အနီးကပ်ဆုံးပြိုင်ဘက်ကို သေချာဦးချိုနိုင်တဲ့ ဒီလိုပုံစံမျိုးကမှ စစ်မှန်တဲ့ ချန်ပီယံခြေစွမ်းမျိုးပါ။ လီဗာပူးအတွက် ဆာလတ်၊ ဖာမီနိုတို့က သွင်းပေးခဲ့ကြပြီး စပါးအတွက်တော့ ဆွန်က သွင်းခဲ့တာပါ။ ဒီရာသီ ပရီးမီးယားလိဂ်မှာ စပါးအသင်းရရှိခဲ့တဲ့ ဂိုးတွေထဲက ၈၀ ရာခိုင်နှုန်းကို ကိန်းနဲ့ ဆွန် နှစ်ယောက်က သွင်းယူထားပြီး ဒါက သိပ်ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။

အာဆင်နယ် ၁-၁ ဆောက်သမ်တန်

SPORT-PREVIEW-Arsenal-v-Saints-1-1
IMAGE: GOAL

တစ်ယောက်အထုတ်ခံရတာချင်းအတူတူ အဆင့် ၃ နေရာက အသင်းကို သရေတစ်မှတ် ယူနိုင်ပြီး ဂိုးပါသွင်းနိုင်ခဲ့တယ်ဆိုတော့ အာဆင်နယ် တိုးတက်လာတယ်လို့ ဆိုရမလားတောင်ပဲ။ ဒီပွဲမှာ အနီကတ်ထိတဲ့ ကစားသမားက ဂါဘရီရယ် ဖြစ်ခဲ့တာတော့ နစ်နာခဲ့တယ်။ ခြေစွမ်းပိုင်းနဲ့ ပတ်သက်ပြီး ဘာမှပြောစရာ မရှိပါဘူး။

new-File-3
IMAGE: GOAL

ဘာမှမလုပ်တတ်၊ မကိုင်တတ် တိုက်စစ်မှူးတွေ၊ ယောင်ချာချာကွင်းလယ်လူတွေနဲ့ ဖွဲ့စည်းထားတဲ့ အာဆင်နယ်တိုက်စစ်က ဆောက်သမ်တန်ကို အခက်မတွေ့စေခဲ့ပါဘူး။ ဆာကာလေးကိုတော့ ချီးကျူးရမှာဖြစ်ပြီး အူဘာ၊ ပီပီ အကုန်ပုတ်နေခဲ့တယ်။ ဆောက်သမ်တန်ကတောင် ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ အသင်းကြီးတစ်သင်းလို ကစားပြခဲ့သေးတယ်။ ၁၈ မိနစ်မှာပဲ ဝဲကော့လ်က အသည်းခွဲခဲ့ပြီး ၅၂ မိနစ်မှာတော့ ဆာကာရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုကနေတစ်ဆင့် အူဘာက အဆုံးသတ်ပြီး ဂိုးပေါက်ပြန်တွေ့ခဲ့ပါတယ်။ ဒါဂိုးဟာ အူဘာအတွက်တော့ အမ်းမရိတ်စ်မှာ (၆၄၈) မိနစ်ကြာ ဂိုးပေါက်ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်စတာ ဝ-၂ အဲဗာတန်

1291638333-0
IMAGE: GOAL

လက်စတာက အနိုင်ရရှိဖို့ အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်နိုင်ခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့လို့ အိမ်ကွင်းမှာ နိုင်ပွဲနဲ့ ဝေးခဲ့ရပါတယ်။ ချဲလ်ဆီးကို အနိုင်ရထားတဲ့ အဲဗာတန်ကတော့ အဲဒီပွဲတုန်းကပုံစံနဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။ အဲဗာတန်ကွင်းလယ်နဲ့ ခံစစ်က စုစည်းမှုအပြည့်နဲ့ ကစားသွားခဲ့ပြီး ရလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။ အဲဗာတန်အတွက် ဂိုးတွေကိုတော့ ရီချာလီဆန်နဲ့ ဟိုဂိတ်တို့က သွင်းခဲ့တာပါ။

ဘာစီလိုနာ ၂-၁ ဆိုစီဒက်

16081525880581
IMAGE: GOAL

ဘာစီလိုနာကတော့ အမှတ်ပေးဇယားထိပ်ပိုင်းက ဆိုစီဒက်ကို အနိုင်ယူပြီးအဆင့် ၅ နေရာအထိ ပြန်လည်တက်လှမ်းလာနိုင်ခဲ့ပါပြီ။ ဆိုစီဒက်ကလည်း မာကျောတဲ့အသင်းပီပီ ဘာစီလိုနာကို ဒုက္ခပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ ၂၇ မိနစ်မှာ ဝီလီယံဂျို့စ်ရဲ့ဂိုးနဲ့ ဆိုစီဒက် ဦးဆောင်နိုင်ခဲ့ပေမဲ့ အယ်လ်ဘာနဲ့ ဒီဂျောင်တို့က ဘာစီလိုနာအတွက် ဂိုးတွေ ပြန်သွင်းပေးခဲ့ကြပါတယ်။

ဂျူဗင်တပ် ၁-၁ အတ္တလန္တာ

ee1a0-16081483965265-800
IMAGE: GOAL

စီရော်နယ်ဒိုရဲ့ ပင်နယ်တီလွဲချော်မှုအနဲ့အတူ ဂျူဗင်တပ်တို့ အိမ်ကွင်းမှာ နိုင်ပွဲနဲ့ ဝေးခဲ့ရပါတယ်။ နှစ်သင်းစလုံးက အပြန်အလှန်တိုက်စစ်ကစားခဲ့ပြီး ဖျော်ဖြေမှုဆန်တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ၂၉ မိနစ်မှာ ချီယေဆာက ဂျူဗင်တပ်အတွက် ဦးဆောင်ဂိုးသွင်းခဲ့ပေမဲ့ ၅၇ မိနနစ်မှာ ဖရူလာက ဧည့်သည်အတွက် ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။

အင်တာ ၁-၀ နာပိုလီ

romelulukaku-cropped-ayc2wca6bqac1ob5m9k8e95i9
IMAGE: GOAL

အင်တာကတော့ လူကာကူရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ တစ်ယောက်လျော့ နာပိုလီကို အလဲထိုးနိုင်ခဲ့ပါတယ်။ အဲဒီအခိုက်အတန့်က ဒီပွဲရဲ့ အဆုံးအဖြတ် ဖြစ်ခဲ့ပြီး နှစ်သင်းစလုံးရဲ့ခြေစွမ်းက သရေရလဒ်ကို ဦးတည်သွားခဲ့တာပါ။ အင်တာက ခံစစ်ပိတ်ကစားခဲ့ပြီး နာပိုလီတိုက်စစ်ကို အကောင်းဆုံးထိန်းချုပ်သွားနိုင်ခဲ့တာလည်း တွေ့ရပါတယ်။

[ZAWGYI] လီဗာပူး ၂-၁ စပါး

IMG-20201216-233012
IMAGE: GOAL

ေမာ္ရင္ဟိုက ေနာက္ပိုင္း အသင္းႀကီးေတြနဲ႔ေတြ႕တဲ့ပြဲေတြမွာ သူ႔ရဲ႕ မူလလက္စြဲဘတ္စ္ကားကြက္ကို ျပန္သံုးေနတာ ေတြ႕ရပါတယ္။ ဒီပြဲမွာလည္း ေမာ္ရင္ဟိုက သူ႔ပံုစံအတုိင္း တစ္သင္းလံုးပိတ္ၿပီး ဆြန္၊ ကိန္းတုိ႔ရဲ႕ တန္ျပန္တိုက္စစ္ အစြမ္းနဲ႔ ႀကိဳးပမ္းခဲ့ေပမဲ့ ၿပိဳင္ဘက္က ကေလာ့ရဲ႕လီဗာပူး ျဖစ္ေနတာ သတိထားမိပံုမေပၚပါဘူး။

2956786-60691648-2560-1440
IMAGE: GOAL

လီဗာပူးက စပါးကို တန္ျပန္တုိက္စစ္ဆင္ခြင့္မေပးခဲ့သလို တစ္သင္းလံုး ပိတ္ဆို႕ထားတဲ့ ခံစစ္ကိုလည္း စနစ္တက် ထုိးေဖာက္ႏုိင္ခဲ့ပါတယ္။ အနီးကပ္ဆံုးၿပိဳင္ဘက္ကို ေသခ်ာဦးခ်ိဳႏုိင္တဲ့ ဒီလိုပံုစံမ်ိဳးကမွ စစ္မွန္တဲ့ ခ်န္ပီယံေျခစြမ္းမ်ိဳးပါ။ လီဗာပူးအတြက္ ဆာလတ္၊ ဖာမီႏိုတို႔က သြင္းေပးခဲ့ၾကၿပီး စပါးအတြက္ေတာ့ ဆြန္က သြင္းခဲ့တာပါ။ ဒီရာသီ ပရီးမီးယားလိဂ္မွာ စပါးအသင္းရရွိခဲ့တဲ့ ဂိုးေတြထဲက ၈၀ ရာခိုင္ႏႈန္းကို ကိန္းနဲ႔ ဆြန္ ႏွစ္ေယာက္က သြင္းယူထားၿပီး ဒါက သိပ္ေကာင္းတဲ့ လကၡဏာေတာ့ မဟုတ္ပါဘူး။

အာဆင္နယ္ ၁-၁ ေဆာက္သမ္တန္

SPORT-PREVIEW-Arsenal-v-Saints-1-1
IMAGE: GOAL

တစ္ေယာက္အထုတ္ခံရတာခ်င္းအတူတူ အဆင့္ ၃ ေနရာက အသင္းကို သေရတစ္မွတ္ ယူႏုိင္ၿပီး ဂိုးပါသြင္းႏုိင္ခဲ့တယ္ဆုိေတာ့ အာဆင္နယ္ တုိးတက္လာတယ္လုိ႔ ဆုိရမလားေတာင္ပဲ။ ဒီပြဲမွာ အနီကတ္ထိတဲ့ ကစားသမားက ဂါဘရီရယ္ ျဖစ္ခဲ့တာေတာ့ နစ္နာခဲ့တယ္။ ေျခစြမ္းပိုင္းနဲ႔ ပတ္သက္ၿပီး ဘာမွေျပာစရာ မရွိပါဘူး။

new-File-3
IMAGE: GOAL

ဘာမွမလုပ္တတ္၊ မကိုင္တတ္ တုိက္စစ္မွဴးေတြ၊ ေယာင္ခ်ာခ်ာကြင္းလယ္လူေတြနဲ႔ ဖြဲ႕စည္းထားတဲ့ အာဆင္နယ္တုိက္စစ္က ေဆာက္သမ္တန္ကို အခက္မေတြ႕ေစခဲ့ပါဘူး။ ဆာကာေလးကိုေတာ့ ခ်ီးက်ဴးရမွာျဖစ္ၿပီး အူဘာ၊ ပီပီ အကုန္ပုတ္ေနခဲ့တယ္။ ေဆာက္သမ္တန္ကေတာင္ ေဘာလံုးပိုင္ဆုိင္မႈအသာနဲ႔ အသင္းႀကီးတစ္သင္းလို ကစားျပခဲ့ေသးတယ္။ ၁၈ မိနစ္မွာပဲ ၀ဲေကာ့လ္က အသည္းခြဲခဲ့ၿပီး ၅၂ မိနစ္မွာေတာ့ ဆာကာရဲဲ႕ တစ္ကိုယ္ေတာ္ ထုိးေဖာက္မႈကေနတစ္ဆင့္ အူဘာက အဆံုးသတ္ၿပီး ဂိုးေပါက္ျပန္ေတြ႕ခဲ့ပါတယ္။ ဒါဂိုးဟာ အူဘာအတြက္ေတာ့ အမ္းမရိတ္စ္မွာ (၆၄၈) မိနစ္ၾကာ ဂိုးေပါက္ေပ်ာက္ဆံုးမႈကို အဆံုးသတ္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

လက္စတာ ၀-၂ အဲဗာတန္

1291638333-0
IMAGE: GOAL

လက္စတာက အႏုိင္ရရွိဖို႔ အခြင့္အေရးေကာင္းေတြ ပိုင္ဆုိင္ႏုိင္ခဲ့ေပမဲ့ အသံုးမခ်ႏုိင္ခဲ့လို႔ အိမ္ကြင္းမွာ ႏုိင္ပြဲနဲ႔ ေ၀းခဲ့ရပါတယ္။ ခ်ဲလ္ဆီးကို အႏုိင္ရထားတဲ့ အဲဗာတန္ကေတာ့ အဲဒီပြဲတုန္းကပံုစံနဲ႔ပဲ ပြဲထြက္လာခဲ့ပါတယ္။ အဲဗာတန္ကြင္းလယ္နဲ႔ ခံစစ္က စုစည္းမႈအျပည့္နဲ႔ ကစားသြားခဲ့ၿပီး ရလာတဲ့ အခြင့္အေရးေတြကို အေကာင္းဆံုး အသံုးခ်ႏုိင္ခဲ့ပါတယ္။ အဲဗာတန္အတြက္ ဂိုးေတြကုိေတာ့ ရီခ်ာလီဆန္နဲ႔ ဟိုဂိတ္တို႔က သြင္းခဲ့တာပါ။

ဘာစီလိုနာ ၂-၁ ဆုိစီဒက္

16081525880581
IMAGE: GOAL

ဘာစီလိုနာကေတာ့ အမွတ္ေပးဇယားထိပ္ပိုင္းက ဆုိစီဒက္ကို အႏုိင္ယူၿပီးအဆင့္ ၅ ေနရာအထိ ျပန္လည္တက္လွမ္းလာႏုိင္ခဲ့ပါၿပီ။ ဆုိစီဒက္ကလည္း မာေက်ာတဲ့အသင္းပီပီ ဘာစီလိုနာကို ဒုကၡေပးႏုိင္ခဲ့တာ ေတြ႕ရပါတယ္။ ၂၇ မိနစ္မွာ ၀ီလီယံဂ်ိဳ႕စ္ရဲ႕ဂိုးနဲ႔ ဆုိစီဒက္ ဦးေဆာင္ႏုိင္ခဲ့ေပမဲ့ အယ္လ္ဘာနဲ႔ ဒီေဂ်ာင္တုိ႔က ဘာစီလိုနာအတြက္ ဂိုးေတြ ျပန္သြင္းေပးခဲ့ၾကပါတယ္။

ဂ်ဴဗင္တပ္ ၁-၁ အတၱလႏၱာ

ee1a0-16081483965265-800
IMAGE: GOAL

စီေရာ္နယ္ဒိုရဲ႕ ပင္နယ္တီလြဲေခ်ာ္မႈအနဲ႔အတူ ဂ်ဴဗင္တပ္တုိ႔ အိမ္ကြင္းမွာ နုိင္ပြဲနဲ႔ ေ၀းခဲ့ရပါတယ္။ ႏွစ္သင္းစလံုးက အျပန္အလွန္တိုက္စစ္ကစားခဲ့ၿပီး ေဖ်ာ္ေျဖမႈဆန္တဲ့ ပြဲတစ္ပြဲ ျဖစ္ခဲ့ပါတယ္။ ၂၉ မိနစ္မွာ ခ်ီေယဆာက ဂ်ဴဗင္တပ္အတြက္ ဦးေဆာင္ဂိုးသြင္းခဲ့ေပမဲ့ ၅၇ မိနနစ္မွာ ဖရူလာက ဧည့္သည္အတြက္ ေခ်ပဂိုး ျပန္သြင္းေပးခဲ့ပါတယ္။

အင္တာ ၁-၀ နာပိုလီ

romelulukaku-cropped-ayc2wca6bqac1ob5m9k8e95i9
IMAGE: GOAL

အင္တာကေတာ့ လူကာကူရဲ႕ ပင္နယ္တီ သြင္းဂိုးနဲ႔ တစ္ေယာက္ေလ်ာ့ နာပိုလီကို အလဲထိုးႏုိင္ခဲ့ပါတယ္။ အဲဒီအခိုက္အတန္႔က ဒီပြဲရဲ႕ အဆံုးအျဖတ္ ျဖစ္ခဲ့ၿပီး ႏွစ္သင္းစလံုးရဲ႕ေျခစြမ္းက သေရရလဒ္ကို ဦးတည္သြားခဲ့တာပါ။ အင္တာက ခံစစ္ပိတ္ကစားခဲ့ၿပီး နာပိုလီတုိက္စစ္ကို အေကာင္းဆံုးထိန္းခ်ဳပ္သြားႏုိင္ခဲ့တာလည္း ေတြ႕ရပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!