22-Nov-2020 စနေနေ့ပွဲစဉ်တွေရဲ့ ပွဲပြီးသုံးသပ်ချက်များ
[UNICODE] စပါး ၂-၀ မန်စီးတီး
1
IMAGE: GOAL
ဒီရာသီက ဂွါဒီယိုလာရဲ့ နည်းပြဘ၀ အဆိုးရွားဆုံးရာသီတွေထဲက တစ်ခုဖြစ်လာပါပြီ။ ထုံးစံအတိုင်း စပါးက မန်စိးတီးကို ဖော်မြူလာအတိုင်းပဲ ရင်ဆိုင်ခဲ့တာပါ။ ခံစစ်ပိတ်ကစားတယ်။ တန်ပြန်တိုက်စစ်ကနေ ဂိုးတွေ ခပ်လွယ်လွယ်ရသွားပါတယ်။
2020-11-21t185600z-1228284414-up1egbl1glcsy-rtrmadp-3-soccer-england-tot-mci-report
IMAGE: GOAL
ဂွါဒီယိုလာလည်း ဒီအကွက်ကို သတိထားမိမှာဖြစ်ပေမဲ့ လက်တွေ့မှာ မတားဆီးနိုင်ခဲ့ပါဘူး။ စပါးက ဂိုးပေါက်တည့်တဲ့ ၂ ကြိမ်စလုံး ဂိုးအဖြစ် ပြောင်းလဲပြီး အဖိုးတန် ၃ မှတ်ကို ရရှိခဲ့ပါတယ်။ စပါးအတွက် ဂိုးတွေကိုတော့ ဆွန်ဟောင်မင်နဲ့ လိုဆယ်လိုတို့က သွင်းခဲ့တာပါ။ ဒီပွဲအနိုင်ကြောင့် စပါးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ယာယီဦးဆောင်ခွင့် ရခဲ့ပါတယ်။
မန်ယူ ၁-၀ ဝက်စ်ဘရွန်း
Bruno-Fernandes-Manchester-United-2
IMAGE: GOAL
မန်ယူကတော့ ထုံးစံအတိုင်း ထူးမခြားနားဇာတ်ကို ပြန်မြင်ခဲ့ရပါတယ်။ နိုင်ပွဲရခဲ့ပေမဲ့ အသင်းရဲ့ပုံစံက အားရစရာ မရှိဘဲ ပင်နယ်တီနဲ့သာ မဟုတ်ရင် နိုင်ပွဲရဖို့ မလွယ်တဲ့အနေအထားပါ။ ဝက်စ်ဘရွန်းကတော့ မာမာထန်ထန်နဲ့ မန်ယူကို အကောင်းဆုံး တုံ့ပြန်သွားခဲ့ပါတယ်။
1286916779-0
IMAGE: GOAL
ရရှိတဲ့ ပင်နယ်တီ VAR ကြောင့် ပယ်ဖျက်ခံလိုက်ရလို့ ဝက်စ်ဘရွန်း နစ်နာခဲ့ရပါတယ်။ မန်ယူအတွက် တစ်လုံးတည်းသော ပင်နယ်တီကိုတော့ ဖာနန်ဒက်စ်က ပင်နယ်တီနှစ်ကြိမ်ကန်သွင်းပြီး ရယူသွားခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ မန်ယူအတွက် ပရီးမီးယားလိဂ် ၁၄ ဂိုး သွင်းယူထားပြီး အဲဒီအထဲကတစ်ဝက်ကိုတော့ ပင်နယ်တီကနေ သွင်းထားခဲ့တာပါ။
နယူးကာဆယ် ဝ-၂ ခဲျလ်ဆီး
1229708707-0
IMAGE: GOAL
ချဲလ်ဆီးကတော့ Clean Sheet နဲ့အတူ နိုင်ပွဲတစ်ပွဲရှာဖွေနိုင်ခဲ့တာ ကျေနပ်စရာပါ။ နယူးကာဆယ်ရဲ့ပုံစံကတော့ တော်တော်လေး ဆိုးရွားလွန်းပြီး ချဲလ်ဆီးတို့ အဆုံးသတ်သာ သေချာရင် ဒီထက်ပိုပြီး ဂိုးပြတ်ရမဲ့ပွဲပါ။ ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကိုတော့ ပထမပိုင်းမှာ မစ်ဆန်မောင့်ရဲ့ပေးပို့မှုကို ဖာနန်ဒက်စ်က ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့ပြီး ဒုတိယဂိုးကိုတော့ အေဘရာဟမ်ချ်က သွင်းခဲ့တာပါ။ အေဘရာဟမ်ချ်ကတော့ ပြီးခဲ့တဲ့ရာသီအစက စတင်ရေတွက်မယ်ဆိုရင်ပြိုင်ပွဲစုံမှာ ချဲလ်ဆီးအတွက် ၂၃ ဂိုး သွင်းပေးခဲ့ပြီး ဒီကာလအတွင်း တခြားချဲလ်ဆီးကစားသမားတွေထက် ၁၁ ဂိုးပိုသွင်းထားတာ ဖြစ်ပါတယ်။
ဗီလာရီးရဲ ၁-၁ ရီးရဲ
1605978580-211839-1605978659-noticia-normal-recorte1
IMAGE: GOAL
အက်သလက်နဲ့ ဘာစီတို့ ထိပ်တိုက်တွေ့ဆုံမှုကို ရီးရဲကလည်း အသုံးမချနိုင်ခဲ့ပါဘူး။ ပွဲအစ ၂ မိနစ်မှာပဲ ရီးရဲတို့ ဒိုင်ယက်ဇ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ၇၆ မိနစ်မှာတော့ မိုရီနိုက ပင်နယ်တီကနေ ဗီလာရီးရဲအတွက် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ နောက်ဆုံး ၂ ပွဲဆက် ပင်နယ်တီ ၄ ဂိုးအထိ ပေးခဲ့ရတဲ့ ရီးရဲခံစစ်ကတော့ တစ်ခုခုမှားနေပါပြီ။
ဂျူဗင်တပ် ၂-၀ ကယ်ဂလီယာရီ
cr-no-se-cansa-de
IMAGE: GOAL
ဂျူဗင်တပ်ကတော့ စီရော်နယ်ဒို သွင်းယူပေးခဲ့တဲ့ အဖိုးတန်ဂိုးနှစ်ဂိုးနဲ့ နိုင်ပွဲရှာဖွေနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်ဟာ ဒီပွဲမှာ တစ်ဖတ်သတ် ဖိအားပေးကစားပြီး အေးအေးဆေးဆေး နိုင်ပွဲရှာဖွေခဲ့တာပါ။ ပီယာလိုနဲ့ ဂျူဗင်တပ် တဖြည်းဖြည်းနဲ့အံ့ဝင်လာတဲ့အနေအထားမျိုးကိုလည်း တွေ့ရပါတယ်။
အက်သလက် ၁-၀ ဘာစီလိုနာ
gerard-pique-lionel-messi-antoine-griezmann-yannick-carrasco-barcelona-atletico-madrid-gfx-mbpwtajop
IMAGE: GOAL
စီရော်နယ်ဒို ဂိုးတွေ သွင်းနေချိန်မှာ မက်ဆီကတော့ ရုန်းကန်ခဲ့ရပြီး ဒူးထောက်ခဲ့ရပါတယ်။ ဒီရာသီ အက်သလက်နဲ့ ရီးရဲနှစ်သင်းစလုံးကို ရှုံးနိမ့်ခဲ့တဲ့ ဘာစီလိုနာရဲ့ အခြေအနေကတော့ စိုးရိမ်စရာပါ။ ပေးလိုက်ရတဲ့ ဂိုးကလည်း တကယ့်ကို စိတ်ပျက်ဖွယ်ကောင်းလွန်းပါတယ်။ ၈ ပွဲကစားပြီး ၁၁ မှတ်ပဲရသေးတာက နောက်ဆုံး ၂၅ နှစ်အတွင်း အဆိုးရွားဆုံးစံချိန်လည်း ဖြစ်ခဲ့တာပါ။
[ZAWGYI] စပါး ၂-၀ မန္စီးတီး
1
IMAGE: GOAL
IMAGE: GOAL
မန်ယူ ၁-၀ ၀က်စ်ဘရွန်း
IMAGE: GOAL
1286916779-0
IMAGE: GOAL
နယူးကာဆယ် ၀-၂ ချဲလ်ဆီး
1229708707-0
IMAGE: GOAL
ဗီလာရီးရဲ ၁-၁ ရီးရဲ
IMAGE: GOAL
cr-no-se-cansa-de
IMAGE: GOAL
အက်သလက် ၁-၀ ဘာစီလိုနာ
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!