[UNICODE] အီဂါလို က မန်ယူအသင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းကမှ အငှား လာကားတာဖြစ်ပါတယ်။ သူက အငှား လာကစားတဲ့ အချိန်မှာ ခြေစွမ်းပြသနိူင်ခဲ့သလို ပြိုင်ပွဲစုံမှာ ၅ ဂိုးသွင်းယူနိူင်ခဲ့ပါတယ်။ သူ့ ခြေစွမ်းပြသနိူင်တာကြောင့် မန်ယူအသင်းက ၂၀၂၁ ဇန်နဝါရီလ အထိ အငှားစာချုပ်နဲ့ ထပ်မံ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခုချိန်ထိ သူက မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်မှာ ကစားခွင့် မရခဲ့တောပါဘူး။ အခုချိန်မှာ မာကာတို ကတော့ PSG အသင်း အသင်း အီဂါလိုကို ခေါ်ယူဖို့အတွက် အံ့သြသင့်ဖွယ် ချိတ်ဆက်လာတယ်လို့ သတင်းထွက်လာတာတာဖြစ်ပါတယ်။
PSG အသင်းက ကာဗာနီကို လက်လွှတ်လိုက်ရပြီးနောက်မှာတော့ အီကာဒီ နဲ့ အဲရစ် မက်ဆင် ချောပိုမော့တင်း သာ ကျန်ပါတော့တယ်။ အီဂါလို က သူ့ မိခင် ကလပ်ဖြစ်တဲ့ ရှန်ဟိုင်း ရှင်ဟွာ နဲ့ ၂၀၂၁ ဒီဇင်ဘာမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။
သူ စာချုပ်သက်တမ်းကုန်ဆုံးဖို့ နီးကပ်လာတာနဲ့ အမျှသူ့ ဈေးကလည်း တစ်ဖြည်းဖြည်း ကျဆင်းလာတာဖြစ်ပါတယ်။ PSG က အီဂါလို မန်ယူအသင်းကို အငှား ကစားနေချိန်မှာ ကမ်းလှမ်းမလား ဆိုတာကိုတော့ အသေးစိတ် ဖော်ပြသွားခြင်း မရှိသလို PSG က အီဂါလိုကို စိတ်ဝင်စားနေကြောင်းတော့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အီဂါလိုက မန်ယူကို ပြောင်းရွှေ့ခွင့်ရခဲ့တာက သူ့ကိုယ်သူ မယုံနိူင်ကြောင်း မန်ယူအသင်း အနေနဲ့ တရုတ်လိဂ်မှာ တိုက်စစ်မှူး ရှာဖွေတာ က သူ့အတွက် အံ့သြသင့်စာဖြစ်ခဲ့ကြောင်း မန်ယူနဲ့အတူ ဖလား လိုချင်ကြောင်း ပြီးခဲ့တဲ့ ဇွန်တုန်းက ပြောခဲ့တာဖြစ်ပါတယ်။
REF: MARCATO
[ZAWGYI] အီဂါလို က မန်ယူအသင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းကမှ အငှား လာကားတာဖြစ်ပါတယ်။ သူက အငှား လာကစားတဲ့ အချိန်မှာ ခြေစွမ်းပြသနိုင်ခဲ့သလို ပြိုင်ပွဲစုံမှာ ၅ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သူ့  ခြေစွမ်းပြသနိုင်တာကြောင့် မန်ယူအသင်းက ၂၀၂၁ ဇန်န၀ါရီလ အထိ အငှားစာချုပ်နဲ့  ထပ်မံ ခေါ်ယူခဲ့တာဖြစ်ပါတယ်။


အီဂါလိုက မန်ယူကို ပြောင်းေ၇ွှ့ခွင့်ရခဲ့တာက သူ့ ကိုယ်သူ မယုံနိုင်ကြောင်း မန်ယူအသင်း အနေနဲ့  တရုတ်လိဂ်မှာ တိုက်စစ်မှူး ရှာဖွေတာ က သူ့ အတွက် အံ့သြသင့်စာဖြစ်ခဲ့ကြောင်း မန်ယူနဲ့အတူ ဖလား လိုချင်ကြောင်း ပြီးခဲ့တဲ့ ဇွန်တုန်းက ပြောခဲ့တာဖြစ်ပါတယ်။
REF: MARCATO