ဗန်ဒီဘိတ် ဘက်ကို မြှားဦးလှည့်လာတဲ့ မန်ယူ

[UNICODE] မန်ယူအသင်း အနေနဲ့ တစ်ကယ်လို့ သူတို့ လိုချင်တဲ့ ပစ်မှတ် ကစားသမားတွေ မရခဲ့ဘူးဆိုရင် အေးဂျက် အသင်းက ဗန်ဒီဘိတ် ဘက်ကို မြှားဦးလှည့်လာလိမ့်မယ်လို့ မန်ချက်စတာ အီးဗနင်းက ဖော်ပြလိုက်ပါတယ်။

SPORT-PREVIEW-Donny-van-de-Beek-to-Manchester-United
IMAGE: GOAL

ဂျေဒန်ဆန်ချို အပြောင်းအရွှေ့တော့ ဒေါ့မွန် တောင်းတဲ့ ယူရိုသန်း ၁၂၀ ကို တစ်ပြိုင်နက် ပေးချေဖို့က မန်ယူအသင်း အတွက် မဖြစ်နိူင်တော့တာကြောင့် ဆန်ချို အပြောင်းအရွှေ့က ပျက်ပြယ်လုနီးပါး ဖြစ်သွားပါပြီ။

နောက်ပစ်မှတ် ဖြစ်တဲ့ အက်စတွန် ဗီလာအသင်းက ခေါင်းဆောင်ဂျက် ဂရီလစ်ကိုလည်း အက်စတွန်ဗီလာက ပေါင်သန်း ၈၀ အထိ မတန်တစ်ဆ ဈေးတင်ထားတာကြောင့် မန်ယူအသင်း အနေနဲ့ လက်ရှောင်သွားဖွယ်ရှိပါတယ်။ အက်စတွန် ဗီလာအသင်းက ပရီးမီးယားလိဂ်မှာ တင်ကျန်ပြီးနောက်မှာတော့ သူတို့ကစားသမားကို လက်လွှတ်လိုခြင်း မရှိတာကြောင့် ဈေး မတန်တဆ တင်ထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

Donny-Van-De-Beek-Dusan-Tadic-Hakim-Ziyech-Razvan-Marin1
IMAGE: GOAL

မန်ယူအသင်း က ဂျက်ဂရီလစ် ပြောင်းရွှေ့ကြေးကို ညှိနှိုင်းမရခဲ့ဘူးဆိုရင်တော့ အေးဂျက်အသင်းက ဗန်ဒီဘိတ် ဘက်ကို ချိန်ရွယ်လာတယ်လို့ဆိုပါတယ်။ ဗန်ဒီဘိတ် က ရီးရဲလ်ကို ပြောင်းရွှေ့တော့မယ်လို့ သတင်းထွက်နေခဲ့ပေမယ့်လည်း ကိုရိုနာ ကပ်ဆိုးကြောင့် အပြောင်းအရွှေ့က ဖြစ်မလာခဲ့တာပါ။

၂၃ နှစ်သာရှိသေးတဲ့ ဗန်ဒီဘိတ် က အေးဂျက် အသင်းနဲ့ ၂ နှစ်စာချုပ်ကျန်ရှိပါသေးတယ်။ လင်ဂတ်ကတော့ အသင်းကနေ ထွက်ခွာဖို့ သေခြာသလောက်ရှိနေပြီ ဖြစ်သလို ဆိုးရှားကတော့ ဘရူနိူ ဖာနန်ဒက်စ် ကို စိန်ခေါ်နိူင်ဖို့အတွက် နံပတ် ၁၀ ကွင်းလယ် ကစားသမား နောက်တစ်ယောက် အလို ရှိနေတာဖြစ်ပါတယ်။ ဒီကစားသမား အတွက် အေးဂျက်က ပေါင်သန်း ၅၀ လောက်အလိုရှိတယ်လို့သိရပါတယ်။

REF: MANCHESTER EVENING

[ZAWGYI] မန္ယူအသင္း အေနနဲ့ တစ္ကယ္လို ့ သူတို ့ လိုခ်င္တဲ့ ပစ္မွတ္ ကစားသမားေတြ မရခဲ့ဘူးဆိုရင္ ေအးဂ်က္ အသင္းက ဗန္ဒီဘိတ္ ဘက္ကို ျမွားဦးလွည့္လာလိမ့္မယ္လို ့ မန္ခ်က္စတာ အီးဗနင္းက ေဖာ္ျပလိုက္ပါတယ္။

SPORT-PREVIEW-Donny-van-de-Beek-to-Manchester-United
IMAGE: GOAL

ေဂ်ဒန္ဆန္ခ်ဳိ အေျပာင္းအေရႊ ့ေတာ့ ေဒါ့မြန္ ေတာင္းတဲ့ ယူရိုသန္း ၁၂၀ ကို တစ္ျပိဳင္နက္ ေပးေခ်ဖို ့က မန္ယူအသင္း အတြက္ မျဖစ္ႏိူင္ေတာ့တာေၾကာင့္ ဆန္ခ်ုိ အေျပာင္းအေရႊ့က ပ်က္ျပယ္လုနီးပါး ျဖစ္သြားပါျပီ။

ေနာက္ပစ္မွတ္ ျဖစ္တဲ့ အက္စတြန္ ဗီလာအသင္းက ေခါင္းေဆာင္ဂ်က္ ဂရီလစ္ကိုလည္း အက္စတြန္ဗီလာက ေပါင္သန္း ၈၀ အထိ မတန္တစ္ဆ ေစ်းတင္ထားတာေၾကာင့္ မန္ယူအသင္း အေနနဲ ့ လက္ေရွာင္သြားဖြယ္ရွိပါတယ္။ အက္စတြန္ ဗီလာအသင္းက ပရီးမီးယားလိဂ္မွာ တင္က်န္ျပီးေနာက္မွာေတာ့ သူတို ့ကစားသမားကို လက္လႊတ္လိုျခင္း မရွိတာေၾကာင့္ ေစ်း မတန္တဆ တင္ထားတယ္လို ့ သတင္းေတြက ဆိုပါတယ္။

Donny-Van-De-Beek-Dusan-Tadic-Hakim-Ziyech-Razvan-Marin1
IMAGE: GOAL

မန္ယူအသင္း က ဂ်က္ဂရီလစ္ ေျပာင္းေရႊ ့ေၾကးကို ညွိႏိႈင္းမရခဲ့ဘူးဆိုရင္ေတာ့ ေအးဂ်က္အသင္းက ဗန္ဒီဘိတ္ ဘက္ကို ခ်ိန္ရြယ္လာတယ္လို ့ဆိုပါတယ္။ ဗန္ဒီဘိတ္ က ရီးရဲလ္ကို ေျပာင္းေရႊ ့ေတာ့မယ္လို ့ သတင္းထြက္ေနခဲ့ေပမယ့္လည္း ကိုရိုနာ ကပ္ဆုိးေၾကာင့္ အေျပာင္းအေရႊ ့က ျဖစ္မလာခဲ့တာပါ။

၂၃ ႏွစ္သာရွိေသးတဲ့ ဗန္ဒီဘိတ္ က ေအးဂ်က္ အသင္းနဲ ့ ၂ ႏွစ္စာခ်ဳပ္က်န္ရွိပါေသးတယ္။ လင္ဂတ္ကေတာ့ အသင္းကေန ထြက္ခြာဖို ့ ေသျခာသေလာက္ရွိေနျပီ ျဖစ္သလို ဆိုးရွားကေတာ့ ဘရူႏိူ ဖာနန္ဒက္စ္ ကို စိန္ေခၚႏိူင္ဖို ့အတြက္ နံပတ္ ၁၀ ကြင္းလယ္ ကစားသမား ေနာက္တစ္ေယာက္ အလို ရွိေနတာျဖစ္ပါတယ္။ ဒီကစားသမား အတြက္ ေအးဂ်က္က ေပါင္သန္း ၅၀ ေလာက္အလိုရွိတယ္လို ့သိရပါတယ္။

REF: MANCHESTER EVENING



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!