[UNICODE] မန်ယူအသင်းက ရီးရဲလ် အသင်းက ဗင်နီဆီးယပ်စ် ဂျူနီယာ အသင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုတဲ့ စပိသတင်းစာ Defensa Central က ဖော်ပြလိုက်ပါတယ်။ မန်ယူအသင်းက တစ်ကယ်လို့ ဆန်ချိုအသင်းကို လက်လွှတ်လိုက်ခဲ့ရမယ်ဆိုရင် အစားထိုးဖို့ ဒီကစားသမားကို စိတ်ဝင်စားတယ်လို့ သိရပါတယ်။ ဗင်နီဆီးယက်စ် ကို ပေါင် သန်း ၉၀ လောက်နဲ့ ခေါ်ယူနိူင်ဖို့ မန်ယူက မျှော်လင့်နေတာဖြစ်ပါတယ်။

မန်ယူအသင်းက ဆန်ချိုကို အခုချိန်မှာ လက်လွှတ်လိုက်ရဖို့ သေခြာသလောက် ရှိနေပြီ ဖြစ်ပါတယ်။ ဒေါ့မွန် အသင်းက ဆန်ချိုကို ယူရို သန်း ၁၂၀ ရမှ ရောင်းချမယ်လို့ တင်းခံနေတာဖြစ်ပါတယ်။ ဒေါ့မွန် က သူတို့ ကစားသမား ကို လက်ငင်း ယူရို သန်း ၁၂၀ အလိုရှိနေတာဖြစ်ပါတယ်။

ဒေါ့မွန် အသင်းက မန်ယူအသင်းကို သြဂုတ်လ ၁၀ ရက်နေ့က နောက်ဆုံး ခေါ်ယူဖို့အတွက် သတိပေးထားပေမယ့် အခုချိန်မှာတော့ ဒီရက် ကျော်လွတ်သွားပြီ ဖြစ်ပါတယ်။ မန်ယူအသင်းက ဒေါ့မွန် အသင်းကို ဆန်ချိုအတွက် အရစ်ကျပေးချေလိုပေမယ့် ဒေါ့မွန် အသင်းက လက်မခံခဲ့ဘူးလို့ဆိုပါတယ်။
ဒါကြောင့်မို့ မန်ယူအသင်းက ရီးရဲလ် အသင်းက ဗင်နီဆီးယက်စ် ဂျူနီယာ ကို ခေါ်ယူဖို့အတွက် စုံစမ်းခဲ့တယ်လို့ဆိုပါတယ်။ ဗင်နီဆီးယက်စ် ကိုယ်တိုင် မန်ယူအသင်းကို ပြောင်းရွှေ့လိုခြင်း မရှိသလို သူက ဇီဒိန်း အသင်းမှာ နေရာရဖို့အတွက် ဆက်လက် ရုန်းကန် တိုက်ပွဲ ဝင်သွားမယ်လို့ဆိုပါတယ်။

သူက ဖလာမင်ဂိုအသင်းကနေ ၂၀၁၇ တုန်း က ပေါင် ၄၂ သန်းနဲ့ ပြောင်းလာခဲ့ပေမယ့် ရီးရဲလ်မှာ ခြေစွမ်းပြသဖို့ ရုန်းကန် နေရတာပါ။ ဒီ ကစားသမားကို ချဲလ်ဆီး နဲ့ အာဆင်နယ် အသင်းတို့က စိတ်ဝင်စားနေပေမယ့် သူ့ စာချုပ်လျော်ကြေးက ပေါင် သန်း ၆၃၀ ရှိတာကြောင့် စိတ်ဝင်စားမှု လျော့နည်းလာတာဖြစ်ပါတယ်။
REF: DAILY MAIL
[ZAWGYI] မန္ယူအသင္းက ရီးရဲလ္ အသင္းက ဗင္နီဆီးယပ္စ္ ဂ်ဴနီယာ အသင္းကို ေခၚယူဖို ့ စိတ္၀င္စားေနတယ္ ဆိုတဲ့ စပိသတင္းစာ Defensa Central က ေဖာ္ျပလိုက္ပါတယ္။ မန္ယူအသင္းက တစ္ကယ္လို ့ ဆန္ခ်ဳိအသင္းကို လက္လႊတ္လိုက္ခဲ့ရမယ္ဆိုရင္ အစားထိုးဖို ့ ဒီကစားသမားကို စိတ္၀င္စားတယ္လုိ ့ သိရပါတယ္။ ဗင္နီဆီးယက္စ္ ကို ေပါင္ သန္း ၉၀ ေလာက္နဲ ့ ေခၚယူႏိူင္ဖို ့ မန္ယူက ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

မန္ယူအသင္းက ဆန္ခ်ဳိကို အခုခ်ိန္မွာ လက္လႊတ္လုိက္ရဖို ့ ေသျခာသေလာက္ ရွိေနျပီ ျဖစ္ပါတယ္။ ေဒါ့မြန္ အသင္းက ဆန္ခ်ဳိကုိ ယူရို သန္း ၁၂၀ ရမွ ေရာင္းခ်မယ္လို ့ တင္းခံေနတာျဖစ္ပါတယ္။ ေဒါ့မြန္ က သူတို ့ ကစားသမား ကို လက္ငင္း ယူရို သန္း ၁၂၀ အလိုရွိေနတာျဖစ္ပါတယ္။

ေဒါ့မြန္ အသင္းက မန္ယူအသင္းကို ၾသဂုတ္လ ၁၀ ရက္ေန ့က ေနာက္ဆုံး ေခၚယူဖို ့အတြက္ သတိေပးထားေပမယ့္ အခုခ်ိန္မွာေတာ့ ဒီရက္ ေက်ာ္လြတ္သြားျပီ ျဖစ္ပါတယ္။ မန္ယူအသင္းက ေဒါ့မြန္ အသင္းကို ဆန္ခ်ဳိအတြက္ အရစ္က်ေပးေခ်လိုေပမယ့္ ေဒါ့မြန္ အသင္းက လက္မခံခဲ့ဘူးလို ့ဆိုပါတယ္။
ဒါေၾကာင့္မို ့ မန္ယူအသင္းက ရီးရဲလ္ အသင္းက ဗင္နီဆီးယက္စ္ ဂ်ဴနီယာ ကို ေခၚယူဖို ့အတြက္ စုံစမ္းခဲ့တယ္လို ့ဆိုပါတယ္။ ဗင္နီဆီးယက္စ္ ကိုယ္တိုင္ မန္ယူအသင္းကို ေျပာင္းေရႊ ့လိုျခင္း မရွိသလို သူက ဇီဒိန္း အသင္းမွာ ေနရာရဖို ့အတြက္ ဆက္လက္ ရုန္းကန္ တိုက္ပြဲ ၀င္သြားမယ္လို ့ဆိုပါတယ္။

သူက ဖလာမင္ဂိုအသင္းကေန ၂၀၁၇ တုန္း က ေပါင္ ၄၂ သန္းနဲ ့ ေျပာင္းလာခဲ့ေပမယ့္ ရီးရဲလ္မွာ ေျခစြမ္းျပသဖို ့ ရုန္းကန္ ေနရတာပါ။ ဒီ ကစားသမားကို ခ်ဲလ္ဆီး နဲ ့ အာဆင္နယ္ အသင္းတို ့က စိတ္၀င္စားေနေပမယ့္ သူ ့ စာခ်ုပ္ေလ်ာ္ေၾကးက ေပါင္ သန္း ၆၃၀ ရွိတာေၾကာင့္ စိတ္၀င္စားမႈ ေလ်ာ့နည္းလာတာျဖစ္ပါတယ္။
REF: DAILY MAIL