၂၉၊ ၁၀၊ ၂၀၁၉ လာလီဂါနဲ့စီးရီးအေ သတင်းတိုများ

[Unicode] တိုက်စစ်ကစားသမား ဂါရက်ဘ်ဘေးလ်က စပိန်နိုင်ငံကိုယ်ပိုင်ဒေတာအချက်အလက် ကာကွယ်ပေးမှုဥပဒေကို အသုံးချပြီး သူ့ရဲ့ ဒဏ်ရာမှတ်တမ်းကို အများပြည်သူထံ မထုတ်ပြန်ဖို့ ရီးယဲလ်မက်ဒရစ်အသင်းကို တောင်းဆိုခဲ့ပါတယ်။ ရီးယဲလ်ဘက်ကတော့ ဝေးလ်လက်ရွေးစင်ကို ရောင်းချသွားဖို့ ပြင်ဆင်နေပြီဖြစ်ကြေားင် သိရပါတယ်။

တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှန်ဟွာအသင်းကတော့ ဘေးလ်ကို ခေါ်ယူဖို့ နောက်တကြိမ် ချိတ်ဆက်လာခဲ့ပါတယ်။ ဘေးလ်ကိုယ်တိုင်ကလည်း သူ့ရဲ့ မရေရာတော့တဲ့ ရီးယဲလ်မက်ဒရစ်ကစားသမားဘဝ အနာဂတ်ကို အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးဖို့ လန်ဒန်မြို့မှာ ရောက်ရှိနေကြောင်း Daily Mail က ဖော်ပြထားပါတယ်။

ရိုးမားအသင်းဟာ မန်စီးတီးနဲ့ အင်္ဂလန်ကွင်းလယ်လူဟောင်း ဂျက်ရော့ဒ်ဝဲလ်ကို ခေါ်ယူတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ကွင်းလယ်ပိုင်းအားဖြည့်ဖို့အတွက် အသက် (၂၈)နှစ်သားကို ရိုးမားတို့ ချိတ်ဆက်ခဲ့ပေမယ့် ဆေးစစ်ခဲ့ရာမှာ အဆင်မပြေမှုတွေ ရှိခဲ့ပုံရပါတယ်။

ဘာစီလိုနာအသင်းဟာ ဝါရင့်ကွင်းလယ်ကစားသမား ရာကီတစ်ကို လာမယ့်ဇန်နဝါရီလအပြောင်းအရွှေ့မှာ ရောင်းချတော့မှာဖြစ်ပါတယ်။ အသက် (၃၁)နှစ်သားကို အင်တာမီလန်၊ ဂျူဗင်တပ်နဲ့ မန်ယူနိုက်တက်အသင်းတို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

စပါးအသင်းကတော့ အင်တာမီလန်အသင်း ပစ်မှတ်ထားနေတဲ့ ဗဟိုခံစစ်ကစားသမား ဗန်တွန်ဂန်ကို ဇန်နဝါရီလအပြောင်းအရွှေ့မှာ ရောင်းချသွားမှာမဟုတ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆန်စီရိုကလပ်အသင်းကတော့ ဘယ်လ်ဂျီယံသားကို နွေရာသီမှာ အလွတ်ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်လာရတဲ့ ဝါရင့်ဘယ်နောက်ခံလူ မာဆယ်လိုကို စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်အသင်းက ပစ်မှတ်ထားလာပါတယ်။ အသက် (၃၁)နှစ်သားဟာ ဘာနေဗြူးမှာ ကစားခဲ့တာ (၁၂)နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် အသက်အရွယ်ရလာမှု၊ ‌တောင်ပံတိုက်စစ်ကစားသမားသစ် ဟာဇက်နဲ့ ချိတ်ဆက်ကစားရာမှာ အားနည်းမှုတွေက ခြေစွမ်းကျသွားစေတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းနဲ့ အပြိုင်ကြိုးပမ်းရမှာဖြစ်တာကြောင့် နာပိုလီအသင်းဟာ ရက်ဘူးလ်ဆယ်ဘာ့ဂျ်အသင်းရဲ့ အသက် (၁၉)နှစ်အရွယ် လူငယ်တိုက်စစ်မှူးလေး ဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းမှုကို လက်လျှော့သွားဖွယ် ရှိနေပါတယ်။

ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဟာ အင်တာမီလန်အသင်းဆီကနေ အငှားခေါ်ယူထားတဲ့ တိုက်စစ်မှူး အီကာဒီကို အပြီးသတ်ခေါ်ယူသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အသက် (၂၆)နှစ်သားဟာ ပြင်သစ်ထိပ်သီးကလပ်အတွက် (၇)ပွဲကစားပြီးချိန်မှာ (၇)ဂိုးအထိ သွင်းယူပေးထားသူ ဖြစ်ပါတယ်။

El Clasico ပွဲကို ရက်ရွှေ့ခဲ့ရတာဟာ ဘာစီလိုနာရဲ့အမှားကြောင့်သာ ဖြစ်တယ်လို့ ဥက္ကဋ္ဌဟောင်း လာပေါ်တာက ဝေဖန်ခဲ့ပါတယ်။ ‌အောက်တိုဘာလ (၂၆)ရက်နေ့မှာ ကစားမယ့် အဆိုပါပွဲကို လုံခြုံရေးဆိုင်ရာ ပြဿနာတွေကြောင့် ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

[ZawGyi] တိုက္စစ္ကစားသမား ဂါရက္ဘ္ေဘးလ္က စပိန္ႏိုင္ငံကိုယ္ပိုင္ေဒတာအခ်က္အလက္ ကာကြယ္ေပးမႈဥပေဒကို အသုံးခ်ၿပီး သူ႔ရဲ႕ ဒဏ္ရာမွတ္တမ္းကို အမ်ားျပည္သူထံ မထုတ္ျပန္ဖို႔ ရီးယဲလ္မက္ဒရစ္အသင္းကို ေတာင္းဆိုခဲ့ပါတယ္။ ရီးယဲလ္ဘက္ကေတာ့ ေဝးလ္လက္ေ႐ြးစင္ကို ေရာင္းခ်သြားဖို႔ ျပင္ဆင္ေနၿပီျဖစ္ေၾကားင္ သိရပါတယ္။

တ႐ုတ္စူပါလိဂ္ကလပ္ ရွန္ဟိုင္းရွန္ဟြာအသင္းကေတာ့ ေဘးလ္ကို ေခၚယူဖို႔ ေနာက္တႀကိမ္ ခ်ိတ္ဆက္လာခဲ့ပါတယ္။ ေဘးလ္ကိုယ္တိုင္ကလည္း သူ႔ရဲ႕ မေရရာေတာ့တဲ့ ရီးယဲလ္မက္ဒရစ္ကစားသမားဘဝ အနာဂတ္ကို ေအးဂ်င့္ျဖစ္သူနဲ႔ ေဆြးေႏြးဖို႔ လန္ဒန္ၿမိဳ႕မွာ ေရာက္ရွိေနေၾကာင္း Daily Mail က ေဖာ္ျပထားပါတယ္။

႐ိုးမားအသင္းဟာ မန္စီးတီးနဲ႔ အဂၤလန္ကြင္းလယ္လူေဟာင္း ဂ်က္ေရာ့ဒ္ဝဲလ္ကို ေခၚယူေတာ့မွာ မဟုတ္ဘူးလို႔ သိရပါတယ္။ ကြင္းလယ္ပိုင္းအားျဖည့္ဖို႔အတြက္ အသက္ (၂၈)ႏွစ္သားကို ႐ိုးမားတို႔ ခ်ိတ္ဆက္ခဲ့ေပမယ့္ ေဆးစစ္ခဲ့ရာမွာ အဆင္မေျပမႈေတြ ရွိခဲ့ပုံရပါတယ္။

ဘာစီလိုနာအသင္းဟာ ဝါရင့္ကြင္းလယ္ကစားသမား ရာကီတစ္ကို လာမယ့္ဇန္နဝါရီလအေျပာင္းအေ႐ႊ႕မွာ ေရာင္းခ်ေတာ့မွာျဖစ္ပါတယ္။ အသက္ (၃၁)ႏွစ္သားကို အင္တာမီလန္၊ ဂ်ဴဗင္တပ္နဲ႔ မန္ယူႏိုက္တက္အသင္းတို႔က စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

စပါးအသင္းကေတာ့ အင္တာမီလန္အသင္း ပစ္မွတ္ထားေနတဲ့ ဗဟိုခံစစ္ကစားသမား ဗန္တြန္ဂန္ကို ဇန္နဝါရီလအေျပာင္းအေ႐ႊ႕မွာ ေရာင္းခ်သြားမွာမဟုတ္ေၾကာင္း တုံ႔ျပန္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ဆန္စီ႐ိုကလပ္အသင္းကေတာ့ ဘယ္လ္ဂ်ီယံသားကို ေႏြရာသီမွာ အလြတ္ေခၚယူဖို႔ ျပင္ဆင္ေနပါတယ္။

ရီးယဲလ္မက္ဒရစ္အသင္းမွာ ေျခစြမ္းျပသႏိုင္ဖို႔ ႐ုန္းကန္လာရတဲ့ ဝါရင့္ဘယ္ေနာက္ခံလူ မာဆယ္လိုကို စီးရီးေအထိပ္သီးကလပ္ ဂ်ဴဗင္တပ္အသင္းက ပစ္မွတ္ထားလာပါတယ္။ အသက္ (၃၁)ႏွစ္သားဟာ ဘာေနျဗဴးမွာ ကစားခဲ့တာ (၁၂)ႏွစ္ၾကာျမင့္ခဲ့ၿပီျဖစ္ေပမယ့္ အသက္အ႐ြယ္ရလာမႈ၊ ‌ေတာင္ပံတိုက္စစ္ကစားသမားသစ္ ဟာဇက္နဲ႔ ခ်ိတ္ဆက္ကစားရာမွာ အားနည္းမႈေတြက ေျခစြမ္းက်သြားေစတဲ့ အေၾကာင္းအရင္းေတြ ျဖစ္ပါတယ္။

မန္ယူႏိုက္တက္အသင္းနဲ႔ အၿပိဳင္ႀကိဳးပမ္းရမွာျဖစ္တာေၾကာင့္ နာပိုလီအသင္းဟာ ရက္ဘူးလ္ဆယ္ဘာ့ဂ်္အသင္းရဲ႕ အသက္ (၁၉)ႏွစ္အ႐ြယ္ လူငယ္တိုက္စစ္မႉးေလး ဟာလန္းကို ေခၚယူဖို႔ ႀကိဳးပမ္းမႈကို လက္ေလွ်ာ့သြားဖြယ္ ရွိေနပါတယ္။

ျပင္သစ္ထိပ္သီးကလပ္ ပီအက္စ္ဂ်ီအသင္းဟာ အင္တာမီလန္အသင္းဆီကေန အငွားေခၚယူထားတဲ့ တိုက္စစ္မႉး အီကာဒီကို အၿပီးသတ္ေခၚယူသြားဖို႔ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။ အသက္ (၂၆)ႏွစ္သားဟာ ျပင္သစ္ထိပ္သီးကလပ္အတြက္ (၇)ပြဲကစားၿပီးခ်ိန္မွာ (၇)ဂိုးအထိ သြင္းယူေပးထားသူ ျဖစ္ပါတယ္။

El Clasico ပြဲကို ရက္ေ႐ႊ႕ခဲ့ရတာဟာ ဘာစီလိုနာရဲ႕အမွားေၾကာင့္သာ ျဖစ္တယ္လို႔ ဥကၠ႒ေဟာင္း လာေပၚတာက ေဝဖန္ခဲ့ပါတယ္။ ‌ေအာက္တိုဘာလ (၂၆)ရက္ေန႔မွာ ကစားမယ့္ အဆိုပါပြဲကို လုံၿခဳံေရးဆိုင္ရာ ျပႆနာေတြေၾကာင့္ ေ႐ႊ႕ဆိုင္းခဲ့ရတာ ျဖစ္ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!