၂၈၊ ၁၀၊ ၂၀၁၉ လာလီဂါနဲ့ စီးရီးအေသတင်းတိုများ

[Unicode] ရီးယဲလ်မက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီနည်းပြတူဟယ်လ်နဲ့ အမ်ဘာပေတို့ရဲ့ ဆက်ဆံ‌ရေးကို အသုံးချကာ ပြင်သစ်သားလေးကို လာမယ့်အပြောင်းအရွှေ့ကာလတွေမှာ အရ‌ခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။

ဂျူဗင်တပ်အသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့က စောင့်ကြည့်နေတဲ့ ကွင်းလယ်ကစားသမား ရာကီတစ်ဟာ ဇန်နဝါရီလမှာ ဘာစီလိုနာကနေ ထွက်ခွာဖို့အတွက် ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။

စပါးအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြကစားနေတဲ့ တောင်ကိုးရီးယားသားလေး ဆွန်ဟောင်မီကို နာပိုလီ၊ လီဗာပူးလ်အသင်းတို့နဲ့အပြိုင် ဂျူဗင်တပ်အသင်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ လူငယ်တိုက်စစ်ကြယ်ပွင့်လေး မာတင်အိုဒီဂတ်ဒ်ဟာ လာမယ့်ရာသီမှာ ဘာနေဗြူးကနေ ထွက်ခွာကာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အိုဒီဂတ်ဒ်ကို မန်ယူနိုက်တက်အသင်းက စိတ်ဝင်စားနေပါတယ်။

တိုက်စစ်ကြယ်ပွင့် လီယွန်နယ်မက်ဆီကတော့ ကစားသမားဘဝ သူသွင်းယူခဲ့တဲ့ ဂိုးပေါင်း (၆၀၀)ကျော်မှာ အကောင်းဆုံး၊ အလှပဆုံးသော သွင်းဂိုးအဖြစ် (၂၀၀၉)ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်မှာ မန်ယူနိုက်တက်အသင်းဘက်ကို သွင်းယူခဲ့တဲ့ဂိုးကို ရွေးချယ်ခဲ့ပါတယ်။

နည်းပြဆီမြွန်နီကတော့ အက်သလက်တီကိုမက်ဒရစ်အသင်းသားတွေအနေနဲ့ မြင်းတွေလို စုစည်းညီညာပြီး တလှေတည်းစီး၊ တခရီးတည်းသွားနိုင်ဖို့ လိုအပ်ကြောင်း ဘီလ်ဘာအိုအသင်းကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

တိုက်စစ်မှူး အီဘရာဟီမိုဗစ်အနေနဲ့ စီးရီးအေမှာ ပြန်ကစားဖို့ စီစဉ်နေပေမယ့် အသက်အရွယ်ကြောင့် အရင်လို လွှမ်းမိုးနိုင်မှုမရှိတော့မှာကို စိုးရိမ်နေနိုင်တယ်လို့ အေစီမီလန်အသင်းရဲ့ အားကစားဒါရိုက်တာ မယ်လ်ဒီနီက မှတ်ချက်ပြုသွားခဲ့ပါတယ်။

[ZawGyi] ရီးယဲလ္မက္ဒရစ္အသင္းဟာ ပီအက္စ္ဂ်ီနည္းျပတူဟယ္လ္နဲ႔ အမ္ဘာေပတို႔ရဲ႕ ဆက္ဆံ‌ေရးကို အသုံးခ်ကာ ျပင္သစ္သားေလးကို လာမယ့္အေျပာင္းအေ႐ႊ႕ကာလေတြမွာ အရ‌ေခၚယူသြားဖို႔ ျပင္ဆင္ေနပါတယ္။

ဂ်ဴဗင္တပ္အသင္းနဲ႔ မန္ယူႏိုက္တက္အသင္းတို႔က ေစာင့္ၾကည့္ေနတဲ့ ကြင္းလယ္ကစားသမား ရာကီတစ္ဟာ ဇန္နဝါရီလမွာ ဘာစီလိုနာကေန ထြက္ခြာဖို႔အတြက္ ကမ္းလွမ္းမႈေတြကို ေစာင့္ေမွ်ာ္ေနတယ္လို႔ သိရပါတယ္။

စပါးအသင္းအတြက္ အေကာင္းဆုံးေျခစြမ္းျပကစားေနတဲ့ ေတာင္ကိုးရီးယားသားေလး ဆြန္ေဟာင္မီကို နာပိုလီ၊ လီဗာပူးလ္အသင္းတို႔နဲ႔အၿပိဳင္ ဂ်ဴဗင္တပ္အသင္း စိတ္ဝင္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

ရီးယဲလ္မက္ဒရစ္အသင္းရဲ႕ လူငယ္တိုက္စစ္ၾကယ္ပြင့္ေလး မာတင္အိုဒီဂတ္ဒ္ဟာ လာမယ့္ရာသီမွာ ဘာေနျဗဴးကေန ထြက္ခြာကာ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕ကစားဖို႔ စီစဥ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ အိုဒီဂတ္ဒ္ကို မန္ယူႏိုက္တက္အသင္းက စိတ္ဝင္စားေနပါတယ္။

တိုက္စစ္ၾကယ္ပြင့္ လီယြန္နယ္မက္ဆီကေတာ့ ကစားသမားဘဝ သူသြင္းယူခဲ့တဲ့ ဂိုးေပါင္း (၆၀၀)ေက်ာ္မွာ အေကာင္းဆုံး၊ အလွပဆုံးေသာ သြင္းဂိုးအျဖစ္ (၂၀၀၉)ခုႏွစ္ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ မန္ယူႏိုက္တက္အသင္းဘက္ကို သြင္းယူခဲ့တဲ့ဂိုးကို ေ႐ြးခ်ယ္ခဲ့ပါတယ္။

နည္းျပဆီႁမြန္နီကေတာ့ အက္သလက္တီကိုမက္ဒရစ္အသင္းသားေတြအေနနဲ႔ ျမင္းေတြလို စုစည္းညီညာၿပီး တေလွတည္းစီး၊ တခရီးတည္းသြားႏိုင္ဖို႔ လိုအပ္ေၾကာင္း ဘီလ္ဘာအိုအသင္းကို အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ ေျပာၾကားခဲ့ပါတယ္။

တိုက္စစ္မႉး အီဘရာဟီမိုဗစ္အေနနဲ႔ စီးရီးေအမွာ ျပန္ကစားဖို႔ စီစဥ္ေနေပမယ့္ အသက္အ႐ြယ္ေၾကာင့္ အရင္လို လႊမ္းမိုးႏိုင္မႈမရွိေတာ့မွာကို စိုးရိမ္ေနႏိုင္တယ္လို႔ ေအစီမီလန္အသင္းရဲ႕ အားကစားဒါ႐ိုက္တာ မယ္လ္ဒီနီက မွတ္ခ်က္ျပဳသြားခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!