ဘာစီလိုနာ (၁-၂) ခ်ယ္လ္ဆီး (FT)

[ZawGyi]
ဂ်ပန္ႏိုင္ငံေျခစမ္းခရီးစဥ္ရဲ႕ ဒုတိယေျမာက္ပြဲမွာေတာ့ ဖရန္႔ခ္လမ္းပတ္ရဲ႕ခ်ယ္လ္ဆီးအသင္း ႏိုင္ပြဲတပြဲကို ပံုေဖာ္ႏုိင္ခဲ့ပါတယ္။ ဘာစီလိုနာအသင္းရဲ႕ တိုက္စစ္မွဴးသစ္ အန္တြိဳင္နီဂရီးဇ္မန္းတစ္ေယာက္ ကတ္တလန္သားေတြအတြက္ ပထမဆံုးအၾကိမ္ပြဲထြက္ကစားခဲ့ေပမယ့္ ခ်ယ္လ္ဆီးအသင္းရဲ႕ႏုိင္ပြဲကိုေတာ့ တားဆီးႏိုင္ခဲ့ျခင္း မရိွပါဘူး။

ဒီေန႔ပြဲမွာေတာ့ ျခေသၤ့ျပာတို႔ဟာ (၄-၂-၃-၁) ကစားကြက္မွာ ပတ္ဒရို၊ ေအဘရာဟမ္၊ ပူလီဆစ္၊ ေမဆင္ေမာင့္သ္၊ ေဂ်ာ္ဂ်င္ညိဳ၊ ကိုဗာခ်စ္တို႔နဲ႔ ပြဲထြက္ခဲ့ျပီး ဘာစီလိုနာအသင္းကို ရင္ဆိုင္သြားခဲ့ပါတယ္။ ဘာစီလိုနာအသင္းကေတာ့ (၄-၃-၃)ကစားကြက္မွာ ဂရီးဇ္မန္း၊ ဒမ္ဘီလီ၊ ကိုဘာဒို၊ ေရာ္ဘတ္တို၊ ဘူးစကြက္တို႔နဲ႔ အဓိကကစားသမား အမ်ားစုကို ထည့္သြင္းပြဲထြက္ခဲ့တာပါ။

ေဘာလံုးပိုင္ဆိုင္မႈအသားျပဳကစားခဲ့ျပီး တိုက္စစ္ပံုေဖာ္ကစားတတ္တဲ့ ဘာစီလိုနာအသင္းက ထံုးစံအတိုင္းပဲ ပြဲကိုလႊမ္းမိုးကစားႏိုင္ခဲ့ေပမယ့္ ခ်ယ္လ္ဆီးအသင္းက တည္တည္ျငိမ္ျငိမ္နဲ႔ပဲ ရင္ဆိုင္သြားခဲ့ျပီး တန္ျပန္တိုက္စစ္ေတြက လ်င္ျမန္ထက္ျမက္ခဲ့တာေၾကာင့္ တိုက္စစ္ပိုင္းမွာ ဘာစီလိုနာအသင္းနဲ႔ ဆတူအခြင့္အေရး ရခဲ့ပါတယ္။

ပြဲအစပိုင္းမွာ ဘာစီလိုနာအသင္း အခြင့္အေရးအခ်ိဳ႕ရခဲ့ေပမယ့္ ခ်ယ္လ္ဆီးဂိုးသမား ကီပါကို မေက်ာ္ႏုိင္ခဲ့တာေၾကာင့္ ဂိုးမရခဲ့တာက ေနာက္ပိုင္းမွာ နစ္နာစရာေတြ ျဖစ္လာခဲ့ပါတယ္။ ပြဲခ်ိန္ (၂၃)မနစ္မွာေတာ့ ခရစ္စတီယန္ပူလီဆစ္ အျပင္းကန္ခ်က္ ျပန္ထြက္လာခဲ့တာကို ေအဘရာဟမ္ ပိတ္သြင္းခြင့္ရခဲ့ေပမယ့္ ေထာင္ကန္မိခဲ့တာေၾကာင့္လည္း ခ်ယ္လ္ဆီးအသင္း ဂိုးေစာေစာ မရခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း သိပ္မၾကာခင္မွာပဲ ဆာဂ်ီယိုဘူးစကြက္စ္ရဲ႕ ေဘာလံုးေပးပို႔ပံုမပီျပင္မႈကို ကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ညိဳ တားဆီးႏိုင္ခဲ့ရာကတဆင့္ ေအဘရာဟမ္တစ္ေယာက္ လြတ္လြတ္ကြ်တ္ကြ်တ္ အခြင့္အေရးရခဲ့ျပီး ဂိုးသမားတာစတီဂ်န္ကိုပါ လိမ္ေခါက္ကာ အပိုင္ကန္သြင္းယူခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းရဲ႕ တိုက္စစ္ပိုင္းက ဒီပြဲမွာ အားရစရာေကာင္းခဲ့ျပီး လမ္းပတ္ရဲ႕နည္းစနစ္အတိုင္း ေတာ္ေတာ္ေလး လိုက္ကစားႏုိင္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

ကစားသမားသစ္ ပူလီဆစ္ကေတာ့ တစ္ဦးခ်င္းကစားပံုေကာင္းခဲ့ေပမယ့္ အသင္းေဖာ္ေတြနဲ႔ အခ်ိတ္အဆက္လိုေသးတာကိုလည္း ေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္ ေမွ်ာ္လင့္ခ်င္စရာေကာင္းတဲ့ စြမ္းေဆာင္ရည္မ်ိဳးကို ျပသႏုိင္ခဲ့ကာ ခ်ယ္လ္ဆီးအသင္းကို အေထာက္အကူ ျပဳခဲ့ပါတယ္။ ပထမပိုင္းမွာေတာ့ ေခ်ပဂိုးရဖို႔ ဘာစီလိုနာ ၾကိဳးစားခဲ့ေပမယ့္ အရာမထင္ခဲ့တာေၾကာင့္ (၀-၁)ဂိုးနဲ႔ အေရးနိမ့္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ႏွစ္သင္းစလံုး လူစားလဲမႈအမ်ားအျပား ျပဳလုပ္ခဲ့ၾကကာ ပထမပိုင္းက မတူတဲ့လူစာရင္းကို ပြဲထုတ္ခဲ့ၾကပါတယ္။ ဘာစီလိုနာအသင္း အခြင့္အေရးေတြ ထပ္ရခဲ့ေပမယ့္ ကန္ခ်က္ေတြက မတိက်ခဲ့သလို ဂိုးသမားကီပါကလည္း အမိအရကာကြယ္ႏုိင္ခဲ့တာေၾကာင့္ ေခ်ပဂိုးရဖို႔ ေဝးေနခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းကေတာ့ အလြန္ဆို၊ ဘာကေလ၊ ဂ်ရူးတို႔ ဝင္ေရာက္လာခဲ့တဲ့ေနာက္ပိုင္းမွာ ကစားပံုက ပိုမိုထိေရာက္လာခဲ့တာကို ေတြ႕ခဲ့ရျပီး ဘာစီလိုနာကို ျခိမ္းေျခာက္ႏုိင္ခဲ့ပါတယ္။

ဘာစီလိုနာအသင္း ေခ်ပဂိုးရဖို႔ ၾကိဳးစားေနခ်ိန္မွာပဲ တကယ္တမ္း ဂိုးရသြားခဲ့တာက ခ်ယ္လ္ဆီးအသင္းပဲ ျဖစ္ခဲ့ပါတယ္။ အလြန္ဆိုရဲ႕ ဘယ္ျခမ္းျဖတ္တင္ေဘာကို ဘာကာေလက (၈၁)မိနစ္မွာ ဧရိယာထိပ္ကေန ကန္သြင္းယူခဲ့ျပီး ျခေသၤ့ျပာတို႔အတြက္ ဒုတိယဂိုးကို ရယူေပးခဲ့ပါတယ္။ ဒုတိယပိုင္းမွာ ဘာကာေလေျခစြမ္းက အားရဖို႔ေကာင္းလြန္းျပီး နည္းျပလမ္းပတ္အတြက္ အားကိုးရမယ့္ ေျခစြမ္းမ်ိဳး ျပသႏိုင္ခဲ့ပါတယ္။

အဲဒီေနာက္ပိုင္းမွာလည္း ကတ္တလန္သားေတြအေနနဲ႔ တစ္စံုတစ္ရာအေျပာင္းအလဲမလုပ္ႏုိင္ခဲ့တာေၾကာင့္ ပြဲျပီးကာနီးမွာ ရာကီတစ္ရဲ႕ အေဝးကန္ခ်က္ေၾကာင့္သာ ေခ်ပဂိုးတစ္ဂိုး ျပန္ရခဲ့ျပီး (၁-၂)ဂိုးနဲ႔ ပြဲျပီးဆံုးခဲ့တာပါ။ နည္းျပလမ္းပတ္ရဲ႕ နည္းစနစ္ပိုင္းေအာက္မွာ ခ်ယ္လ္ဆီးကစားသမားေတြ ပိုမိုအံဝင္လာတာကို ဒီေန႔ပြဲမွာ ေတြ႕ခဲ့ရတာကေတာ့ ပရိသတ္ေတြအတြက္ ဝမ္းသာစရာျဖစ္ခဲ့ျပီး ၾကံ႕ခိုင္မႈပိုင္းအေကာင္းဆံုးျဖစ္ဖို႔သာ လိုအပ္ပါေတာ့တယ္။

[Unicode]
ဂျပန်နိုင်ငံခြေစမ်းခရီးစဉ်ရဲ့ ဒုတိယမြောက်ပွဲမှာတော့ ဖရန့်ခ်လမ်းပတ်ရဲ့ချယ်လ်ဆီးအသင်း နိုင်ပွဲတပွဲကို ပုံဖော်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူးသစ် အန်တွိုင်နီဂရီးဇ်မန်းတစ်ယောက် ကတ်တလန်သားတွေအတွက် ပထမဆုံးအကြိမ်ပွဲထွက်ကစားခဲ့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့နိုင်ပွဲကိုတော့ တားဆီးနိုင်ခဲ့ခြင်း မရှိပါဘူး။

ဒီနေ့ပွဲမှာတော့ ခြင်္သေ့ပြာတို့ဟာ (၄-၂-၃-၁) ကစားကွက်မှာ ပတ်ဒရို၊ အေဘရာဟမ်၊ ပူလီဆစ်၊ မေဆင်မောင့်သ်၊ ဂျော်ဂျင်ညို၊ ကိုဗာချစ်တို့နဲ့ ပွဲထွက်ခဲ့ပြီး ဘာစီလိုနာအသင်းကို ရင်ဆိုင်သွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းကတော့ (၄-၃-၃)ကစားကွက်မှာ ဂရီးဇ်မန်း၊ ဒမ်ဘီလီ၊ ကိုဘာဒို၊ ရော်ဘတ်တို၊ ဘူးစကွက်တို့နဲ့ အဓိကကစားသမား အများစုကို ထည့်သွင်းပွဲထွက်ခဲ့တာပါ။

ဘောလုံးပိုင်ဆိုင်မှုအသားပြုကစားခဲ့ပြီး တိုက်စစ်ပုံဖော်ကစားတတ်တဲ့ ဘာစီလိုနာအသင်းက ထုံးစံအတိုင်းပဲ ပွဲကိုလွှမ်းမိုးကစားနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းက တည်တည်ငြိမ်ငြိမ်နဲ့ပဲ ရင်ဆိုင်သွားခဲ့ပြီး တန်ပြန်တိုက်စစ်တွေက လျင်မြန်ထက်မြက်ခဲ့တာကြောင့် တိုက်စစ်ပိုင်းမှာ ဘာစီလိုနာအသင်းနဲ့ ဆတူအခွင့်အရေး ရခဲ့ပါတယ်။

ပွဲအစပိုင်းမှာ ဘာစီလိုနာအသင်း အခွင့်အရေးအချို့ရခဲ့ပေမယ့် ချယ်လ်ဆီးဂိုးသမား ကီပါကို မကျော်နိုင်ခဲ့တာကြောင့် ဂိုးမရခဲ့တာက နောက်ပိုင်းမှာ နစ်နာစရာတွေ ဖြစ်လာခဲ့ပါတယ်။ ပွဲချိန် (၂၃)မနစ်မှာတော့ ခရစ်စတီယန်ပူလီဆစ် အပြင်းကန်ချက် ပြန်ထွက်လာခဲ့တာကို အေဘရာဟမ် ပိတ်သွင်းခွင့်ရခဲ့ပေမယ့် ထောင်ကန်မိခဲ့တာကြောင့်လည်း ချယ်လ်ဆီးအသင်း ဂိုးစောစော မရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သိပ်မကြာခင်မှာပဲ ဆာဂျီယိုဘူးစကွက်စ်ရဲ့ ဘောလုံးပေးပို့ပုံမပီပြင်မှုကို ကွင်းလယ်ကစားသမား ဂျော်ဂျင်ညို တားဆီးနိုင်ခဲ့ရာကတဆင့် အေဘရာဟမ်တစ်ယောက် လွတ်လွတ်ကျွတ်ကျွတ် အခွင့်အရေးရခဲ့ပြီး ဂိုးသမားတာစတီဂျန်ကိုပါ လိမ်ခေါက်ကာ အပိုင်ကန်သွင်းယူခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းက ဒီပွဲမှာ အားရစရာကောင်းခဲ့ပြီး လမ်းပတ်ရဲ့နည်းစနစ်အတိုင်း တော်တော်လေး လိုက်ကစားနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ကစားသမားသစ် ပူလီဆစ်ကတော့ တစ်ဦးချင်းကစားပုံကောင်းခဲ့ပေမယ့် အသင်းဖော်တွေနဲ့ အချိတ်အဆက်လိုသေးတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် မျှော်လင့်ချင်စရာကောင်းတဲ့ စွမ်းဆောင်ရည်မျိုးကို ပြသနိုင်ခဲ့ကာ ချယ်လ်ဆီးအသင်းကို အထောက်အကူ ပြုခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ချေပဂိုးရဖို့ ဘာစီလိုနာ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့တာကြောင့် (ဝ-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး လူစားလဲမှုအများအပြား ပြုလုပ်ခဲ့ကြကာ ပထမပိုင်းက မတူတဲ့လူစာရင်းကို ပွဲထုတ်ခဲ့ကြပါတယ်။ ဘာစီလိုနာအသင်း အခွင့်အရေးတွေ ထပ်ရခဲ့ပေမယ့် ကန်ချက်တွေက မတိကျခဲ့သလို ဂိုးသမားကီပါကလည်း အမိအရကာကွယ်နိုင်ခဲ့တာကြောင့် ချေပဂိုးရဖို့ ဝေးနေခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ အလွန်ဆို၊ ဘာကလေ၊ ဂျရူးတို့ ဝင်ရောက်လာခဲ့တဲ့နောက်ပိုင်းမှာ ကစားပုံက ပိုမိုထိရောက်လာခဲ့တာကို တွေ့ခဲ့ရပြီး ဘာစီလိုနာကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်း ချေပဂိုးရဖို့ ကြိုးစားနေချိန်မှာပဲ တကယ်တမ်း ဂိုးရသွားခဲ့တာက ချယ်လ်ဆီးအသင်းပဲ ဖြစ်ခဲ့ပါတယ်။ အလွန်ဆိုရဲ့ ဘယ်ခြမ်းဖြတ်တင်ဘောကို ဘာကာလေက (၈၁)မိနစ်မှာ ဧရိယာထိပ်ကနေ ကန်သွင်းယူခဲ့ပြီး ခြင်္သေ့ပြာတို့အတွက် ဒုတိယဂိုးကို ရယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဘာကာလေခြေစွမ်းက အားရဖို့ကောင်းလွန်းပြီး နည်းပြလမ်းပတ်အတွက် အားကိုးရမယ့် ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာလည်း ကတ်တလန်သားတွေအနေနဲ့ တစ်စုံတစ်ရာအပြောင်းအလဲမလုပ်နိုင်ခဲ့တာကြောင့် ပွဲပြီးကာနီးမှာ ရာကီတစ်ရဲ့ အဝေးကန်ချက်ကြောင့်သာ ချေပဂိုးတစ်ဂိုး ပြန်ရခဲ့ပြီး (၁-၂)ဂိုးနဲ့ ပွဲပြီးဆုံးခဲ့တာပါ။ နည်းပြလမ်းပတ်ရဲ့ နည်းစနစ်ပိုင်းအောက်မှာ ချယ်လ်ဆီးကစားသမားတွေ ပိုမိုအံဝင်လာတာကို ဒီနေ့ပွဲမှာ တွေ့ခဲ့ရတာကတော့ ပရိသတ်တွေအတွက် ဝမ်းသာစရာဖြစ်ခဲ့ပြီး ကြံ့ခိုင်မှုပိုင်းအကောင်းဆုံးဖြစ်ဖို့သာ လိုအပ်ပါတော့တယ်။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!