၂ ႏွစ္ ပြဲပါယ္ခံရဖြယ္ရွိေနတဲ့ မက္ဆီ

လီယြန္နယ္မက္ဆီဟာ ခ်ီလီအသင္းကို အႏုိင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အနီကတ္ျပသခံခဲ့ရၿပီးေနာက္ ကိုပါအေမရိကၿပိဳင္ပြဲမွာ အက်င့္ပ်က္ျခစားမႈေတြရွိေနေၾကာင္း ေျပာၾကားခဲ့ၿပီး ယင္းေျပာဆုိမႈေၾကာင့္ ႏုိင္ငံတကာပြဲစဥ္ေတြကို ၂ ႏွစ္အထိ ပါဝင္ကစားခြင့္ပိတ္ပင္ခံရဖြယ္ရွိေနတယ္လုိ႔ RT Sport ရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။

အာဂ်င္တီးနားအသင္းဟာ ကိုပါအေမရိက ဆီမီးဖုိင္နယ္အဆင့္မွာ ဘရာဇီးလ္အသင္းကိုိ ၂ ဂိုး ဂိုးမရွိနဲ႔ ရံႈးနိမ့္ခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားအသင္းဟာ ယင္းပြဲစဥ္မွာ အျငင္းပြားဖြယ္ ပင္နယ္တီ ၂ ႀကိမ္အထိ ခြင့္ျပဳဖို႔ ျငင္းပယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

အာဂ်င္တီးနားၾကယ္ပြင့္ မက္ဆီက ကိုပါအေမရိကၿပိဳင္ပြဲက တာဝန္ရွိသူေတြနဲ႔ ဒိုင္လူႀကီးေတြဟာ အိမ္ရွင္ ဘရာဇီးလ္အသင္း ဗိုလ္စြဲဖုိ႔အတြက္ ႀကိဳတင္စီစဥ္ထားေၾကာင္း စြပ္စြဲေျပာၾကားခဲ့တာျဖစ္ၿပီး ယင္းအက်င့္ပ်က္ျခစားမႈထဲမွာ အာဂ်င္တီးနားအသင္းအေနနဲ႔ တစ္စိတ္တပိုင္းအျဖစ္ မပါဝင္သင့္ေၾကာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေတာင္အေမရိကေဘာလံုးအဖြဲ႕ခ်ဳပ္ဟာ လီယြန္နယ္မက္ဆီရဲ႕ စြပ္စြဲေျပာၾကားမႈကို ျပန္လည္တံု႔ျပန္ခဲ့ၿပီး မက္ဆီရဲ႕ မွတ္ခ်က္စကားဟာ ၿပိဳင္ပြဲအေပၚ ေလးစားမႈကင္းမဲ့ျခင္းကို ကိုယ္စားျပဳေနတယ္လို႔ ထုတ္ျပန္ေၾကညာခ်က္မွာ ေရးသားခဲ့ပါတယ္။

ေတာင္အေမရိကေဘာလံုးအဖြဲ႕ခ်ဳပ္ရဲ႕စည္းမ်ဥ္းအရ ‘ေတာင္အေမရိကေဘာလံုးအဖြဲဲ႕ခ်ဳပ္ကို ေႏွာင့္ယွက္ေစာ္ကားတဲ့သေဘာ (သို႔) အျပဳအမူ ျပဳလုပ္တဲ့ အဖြဲ႕အစည္း (သို႔)လူပုဂိၢဳလ္’ကို ၂ ႏွစ္အထိ ႏုိင္ငံတကာပြဲစဥ္ ပါဝင္ကစားခြင့္ ၂ ႏွစ္အထိ ပိတ္ပင္ႏုိင္တယ္လုိ႔ သိရပါတယ္။

တကယ္လို႔သာ ေတာင္အေမရိကေဘာလံုးအဖြဲ႕ခ်ဳပ္သာ ကမၻာ့အေကာင္းဆံုးကစားသမားေတြထဲက တစ္ဦးလည္းျဖစ္၊ ေတာင္အေမရိကရဲ႕အေကာင္းဆံုးကစားသမားလညး္ျဖစ္တဲ့ မက္ဆီကို ျပစ္ဒဏ္ခ်မွတ္ခဲ့မယ္ဆုိရင္ အာဂ်င္တီးနားအသင္းအတြက္ ၂၀၂၂ ကမၻာ့ဖလားေျခစစ္ပြဲနဲ႔ လာမယ့္ႏွစ္မွာ အာဂ်င္တီးနားနဲ႔ ကိုလံဘီယာမွာ က်င္းပမယ့္ ကိုပါအေမရိကၿပိဳင္ပြဲကို မက္ဆီ ပါဝင္ကစားေပးႏုိင္ျခင္းမရွိေတာ့ဘဲ လြဲေခ်ာ္မွာျဖစ္ပါတယ္။
Ref: RT Sport

 

Unicode

 

လီယွန်နယ်မက်ဆီဟာ ချီလီအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အနီကတ်ပြသခံခဲ့ရပြီးနောက် ကိုပါအမေရိကပြိုင်ပွဲမှာ အကျင့်ပျက်ခြစားမှုတွေရှိနေကြောင်း ပြောကြားခဲ့ပြီး ယင်းပြောဆိုမှုကြောင့် နိုင်ငံတကာပွဲစဉ်တွေကို ၂ နှစ်အထိ ပါဝင်ကစားခွင့်ပိတ်ပင်ခံရဖွယ်ရှိနေတယ်လို့ RT Sport ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိက ဆီမီးဖိုင်နယ်အဆင့်မှာ ဘရာဇီးလ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားအသင်းဟာ ယင်းပွဲစဉ်မှာ အငြင်းပွားဖွယ် ပင်နယ်တီ ၂ ကြိမ်အထိ ခွင့်ပြုဖို့ ငြင်းပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အာဂျင်တီးနားကြယ်ပွင့် မက်ဆီက ကိုပါအမေရိကပြိုင်ပွဲက တာဝန်ရှိသူတွေနဲ့ ဒိုင်လူကြီးတွေဟာ အိမ်ရှင် ဘရာဇီးလ်အသင်း ဗိုလ်စွဲဖို့အတွက် ကြိုတင်စီစဉ်ထားကြောင်း စွပ်စွဲပြောကြားခဲ့တာဖြစ်ပြီး ယင်းအကျင့်ပျက်ခြစားမှုထဲမှာ အာဂျင်တီးနားအသင်းအနေနဲ့ တစ်စိတ်တပိုင်းအဖြစ် မပါဝင်သင့်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဟာ လီယွန်နယ်မက်ဆီရဲ့ စွပ်စွဲပြောကြားမှုကို ပြန်လည်တုံ့ပြန်ခဲ့ပြီး မက်ဆီရဲ့ မှတ်ချက်စကားဟာ ပြိုင်ပွဲအပေါ် လေးစားမှုကင်းမဲ့ခြင်းကို ကိုယ်စားပြုနေတယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ရေးသားခဲ့ပါတယ်။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့စည်းမျဉ်းအရ ‘တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ကို နှောင့်ယှက်စော်ကားတဲ့သဘော (သို့) အပြုအမူ ပြုလုပ်တဲ့ အဖွဲ့အစည်း (သို့)လူပုဂ္ဂိုလ်’ကို ၂ နှစ်အထိ နိုင်ငံတကာပွဲစဉ် ပါဝင်ကစားခွင့် ၂ နှစ်အထိ ပိတ်ပင်နိုင်တယ်လို့ သိရပါတယ်။

တကယ်လို့သာ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်သာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးလည်းဖြစ်၊ တောင်အမေရိကရဲ့အကောင်းဆုံးကစားသမားလည်းဖြစ်တဲ့ မက်ဆီကို ပြစ်ဒဏ်ချမှတ်ခဲ့မယ်ဆိုရင် အာဂျင်တီးနားအသင်းအတွက် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ လာမယ့်နှစ်မှာ အာဂျင်တီးနားနဲ့ ကိုလံဘီယာမှာ ကျင်းပမယ့် ကိုပါအမေရိကပြိုင်ပွဲကို မက်ဆီ ပါဝင်ကစားပေးနိုင်ခြင်းမရှိတော့ဘဲ လွဲချော်မှာဖြစ်ပါတယ်။
Ref: RT Sport



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!