မက္ဒီဆင္ကို ေခၚယူႏုိင္ဖို႔ ေရပန္းစားလာတဲ့ မန္ယူ

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ တန္ေၾကး ေပါင္ သန္း ၆၀ သတ္မွတ္ျခင္းခံထားရတဲ့ လက္စတာ ကြင္းလယ္လူ ဂ်ိမ္းစ္ မက္ဒီဆင္ကို ေခၚယူႏုိင္ဖို႔ ေရပန္းစားေနတယ္လို႔ Daily Mail သတင္းစာက ေဖာ္ျပခဲ့ပါတယ္။

ျပီးခဲ့တဲ့ရာသီတုန္းကမွ ေနာ္ဝစ္ခ်္အသင္းကေန လက္စတာစီးတီးအသင္းထံကို ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၂၀ နဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ မက္ဒီဆင္ဟာ ပရီးမီးယားလိဂ္မွာ အထူးေျခစြမ္းျပသႏုိင္ခဲ့သူျဖစ္ျပီး မန္ယူအသင္းအျပင္ အာဆင္နယ္၊ လီဗာပူးလ္၊ မန္စီးတီးနဲ႔ စပါးအသင္းေတြကလည္း ခ်ဥ္းကပ္ေနပါတယ္။

လက္စတာစီးတီးအသင္းအတြက္ ၃၆ ပြဲပါဝင္ကစားေပးထားျပီး ၇ ဂိုးသြင္းကာ ၇ ဂိုးဖန္တီးေပးထားတဲ့ မက္ဒီဆင္ဟာ နည္းျပ ဆိုးလ္ရွား ပစ္မွတ္ထားေနတဲ့ ကြင္းလယ္ ၾကယ္ပြင့္ေတြထဲက တစ္ဦးျဖစ္ေနျပီး လက္ရွိအခ်ိန္မွာေတာ့ ဆက္သြယ္ခ်ဥ္းကပ္မႈ စတင္ျပဳလုပ္ထားျပီးျဖစ္ပါတယ္။ ေယာ္အို ဖီးလစ္ဇ္၊ ဘရူႏို ဖာနန္ဒက္ဇ္နဲ႔ နီကိုလို ဘာရယ္လာတို႔ကို ေခၚယူဖို႔ အဆင္မေျပျဖစ္နခ်ိန္မွာ မက္ဒီဆင္ဟာ မန္ယူအသင္းအတြက္ အဓိက ေရြးခ်ယ္စရာ ပစ္မွတ္ျဖစ္လာေနပါတယ္။

အဆုိပါကစားသမားအတြက္ ထိုက္တန္တဲ့ ေျပာင္းေရႊ႕ေၾကး ရရွိရင္ လက္စတာစီးတီးအသင္းဘက္ကလည္း ေရာင္းခ်ဖို႔ စိတ္ကူးရွိေနျပီး ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၆၀ အထိ ေတာင္းဆိုဖြယ္ရွိေနတယ္လုိ႔ Express ရဲ႕ သတင္းတစ္ရပ္ကလည္း ဆိုပါတယ္။
Ref: Daily Mail, Express

 

Unicode

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ တန်ကြေး ပေါင် သန်း ၆၀ သတ်မှတ်ခြင်းခံထားရတဲ့ လက်စတာ ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင်ကို ခေါ်ယူနိုင်ဖို့ ရေပန်းစားနေတယ်လို့ Daily Mail သတင်းစာက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကမှ နော်ဝစ်ချ်အသင်းကနေ လက်စတာစီးတီးအသင်းထံကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မက်ဒီဆင်ဟာ ပရီးမီးယားလိဂ်မှာ အထူးခြေစွမ်းပြသနိုင်ခဲ့သူဖြစ်ပြီး မန်ယူအသင်းအပြင် အာဆင်နယ်၊ လီဗာပူးလ်၊ မန်စီးတီးနဲ့ စပါးအသင်းတွေကလည်း ချဉ်းကပ်နေပါတယ်။

လက်စတာစီးတီးအသင်းအတွက် ၃၆ ပွဲပါဝင်ကစားပေးထားပြီး ၇ ဂိုးသွင်းကာ ၇ ဂိုးဖန်တီးပေးထားတဲ့ မက်ဒီဆင်ဟာ နည်းပြ ဆိုးလ်ရှား ပစ်မှတ်ထားနေတဲ့ ကွင်းလယ် ကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်နေပြီး လက်ရှိအချိန်မှာတော့ ဆက်သွယ်ချဉ်းကပ်မှု စတင်ပြုလုပ်ထားပြီးဖြစ်ပါတယ်။ ယော်အို ဖီးလစ်ဇ်၊ ဘရူနို ဖာနန်ဒက်ဇ်နဲ့ နီကိုလို ဘာရယ်လာတို့ကို ခေါ်ယူဖို့ အဆင်မပြေဖြစ်နချိန်မှာ မက်ဒီဆင်ဟာ မန်ယူအသင်းအတွက် အဓိက ရွေးချယ်စရာ ပစ်မှတ်ဖြစ်လာနေပါတယ်။

အဆိုပါကစားသမားအတွက် ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေး ရရှိရင် လက်စတာစီးတီးအသင်းဘက်ကလည်း ရောင်းချဖို့ စိတ်ကူးရှိနေပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ အထိ တောင်းဆိုဖွယ်ရှိနေတယ်လို့ Express ရဲ့ သတင်းတစ်ရပ်ကလည်း ဆိုပါတယ်။
Ref: Daily Mail, Express



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!