အာဆင္နယ္အသင္းသားေတြကို ေဝဖန္လိုက္တဲ့ အာဆင္ဝင္းဂါး

အာဆင္နယ္အသင္းရဲ႕ ဂႏၱဝင္နည္းျပေဟာင္းၾကီး အာဆင္ဝင္းဂါးက ယူရိုပါလိဂ္ ဗိုလ္လုပြဲမွာ ခ်ယ္လ္ဆီးအသင္းကို ရံႈးနိမ့္ခဲ့တာနဲ႔ ပတ္သက္ျပီး အာဆင္နယ္အသင္းက အသင္းသားေတြကို ေဝဖန္ျပစ္တင္ခဲ့ပါတယ္။

အဆုိပါပြဲစဥ္ဟာ အာဆင္နယ္အသင္းအတြက္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ ဝင္ခြင္ရရွိဖို႔ ေသေရးရွင္ေရးတမွ် အေရးပါတဲ့ ပြဲစဥ္ျဖစ္ျပီး မျဖစ္မေန အႏုိင္ရရွိေအာင္ ၾကိဳးစားကစားဖို႔ လိုအပ္ခဲ့ေပမယ့္ အာဆင္နယ္အသင္းက အသင္းသားတခ်ိဳ႕ရဲ႕ စြမ္းေဆာင္ရည္ဟာ စိတ္ပ်က္စရာျဖစ္ေနခဲ့ပါတယ္။

ဒါနဲ႔ ပတ္သက္ျပီး အာဆင္ဝင္းဂါးက “ပထမပိုင္းတုန္းက ကၽြန္ေတာ္တို႔အသင္းရဲ႕ ကစားပံုက အဆင္ေျပေျပရွိေနတယ္လုိ႔ ကၽြန္ေတာ္ ခံစားခဲ့ရပါတယ္။ ခ်ယ္လ္ဆီးက ပထမဂိုး စသြင္းလုိက္ခ်ိန္မွာေတာ့ အသင္းက အလြယ္တကူ ျပိဳလဲသြားခဲ့ပါတယ္။ ဒုတိယပိုင္းမွာေတာ့ ကၽြန္ေတာ္တို႔ မရွိေတာ့သလိုပါပဲ။ ကၽြန္ေတာ္တုိ႔အတြက္ ဝမ္းနည္းစရာညပါ။” လို႔ BeIN Sports ကို ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ အာဆင္ဝင္းဂါးမထြက္ခြာခင္ ျပီးခဲ့တဲ့ရာသီတုန္းက ယူရိုပါလိဂ္မွာ ဆီမီးဖိုင္နယ္အဆင့္အထိ တက္ေရာက္ႏုိင္ခဲ့ျပီး အက္သလက္တီကို မက္ဒရစ္အသင္းကို ရံႈးနိမ့္ကာ ထြက္ခြာခဲ့ရပါတယ္။ လက္ရွိရာသီမွာေတာ့ ဖိုင္နယ္အဆင့္အထိ တက္ေရာက္ႏိုင္ခဲ့ေပမယ့္ ခ်ယ္လ္ဆီးအသင္းကို ရံႈးနိမ့္ကာ ဆုဖလားေအာင္ျမင္မႈနဲ႔ ဆက္လက္ေဝးကြာခဲ့တာျဖစ္ပါတယ္။
Ref: BeIN Sports, Metro

 

Unicode

 

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တာနဲ့ ပတ်သက်ပြီး အာဆင်နယ်အသင်းက အသင်းသားတွေကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်ဟာ အာဆင်နယ်အသင်းအတွက် လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင်ရရှိဖို့ သေရေးရှင်ရေးတမျှ အရေးပါတဲ့ ပွဲစဉ်ဖြစ်ပြီး မဖြစ်မနေ အနိုင်ရရှိအောင် ကြိုးစားကစားဖို့ လိုအပ်ခဲ့ပေမယ့် အာဆင်နယ်အသင်းက အသင်းသားတချို့ရဲ့ စွမ်းဆောင်ရည်ဟာ စိတ်ပျက်စရာဖြစ်နေခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အာဆင်ဝင်းဂါးက “ပထမပိုင်းတုန်းက ကျွန်တော်တို့အသင်းရဲ့ ကစားပုံက အဆင်ပြေပြေရှိနေတယ်လို့ ကျွန်တော် ခံစားခဲ့ရပါတယ်။ ချယ်လ်ဆီးက ပထမဂိုး စသွင်းလိုက်ချိန်မှာတော့ အသင်းက အလွယ်တကူ ပြိုလဲသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ မရှိတော့သလိုပါပဲ။ ကျွန်တော်တို့အတွက် ဝမ်းနည်းစရာညပါ။” လို့ BeIN Sports ကို ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အာဆင်ဝင်းဂါးမထွက်ခွာခင် ပြီးခဲ့တဲ့ရာသီတုန်းက ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး အက်သလက်တီကို မက်ဒရစ်အသင်းကို ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရပါတယ်။ လက်ရှိရာသီမှာတော့ ဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ကာ ဆုဖလားအောင်မြင်မှုနဲ့ ဆက်လက်ဝေးကွာခဲ့တာဖြစ်ပါတယ်။
Ref: BeIN Sports, Metro



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!