၂၊ ၆၊ ၂၀၁၈ အေျပာင္းအေရႊ႕ရပ္ဝန္း သတင္းတိုမ်ား

၁။ မန္ခ်က္စတာစီးတီးအသင္းဟာ သူတို႔ရဲ႕ ကြင္းလယ္လူ အီလ္ေကး ဂြန္ဒိုဂန္ကို ေရာင္းထုတ္ဖို႔ အစီအစဥ္မရွိပဲ စာခ်ဳပ္သက္တမ္းကုန္ဆံုးခ်န္ ၂၀၂၀ ခုႏွစ္အထိ အသင္းမွာ ဆက္လက္ထားရွိသြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။ ဒါေၾကာင့္ ဂြန္ဒိုဂန္ဟာ လာမယ့္ရာသီကုန္က်မွသာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ အသင္းကေန ထြက္ခြာရမွာျဖစ္ပါတယ္။

၂။ မုိနာကိုအသင္းဟာ သူတုိ႔အသင္းက အသက္ ၂၀ အရြယ္ လူငယ္ေနာက္ခံလူ ရိုနယ္ ပီယာရီ-ဂါဘရီယယ္ကို ဘြန္ဒက္စ္လီဂါကလပ္ မိန္႔ဇ္အသင္းထံ ေရာင္းခ်ိဖို႔ နီးစပ္ေနျပီျဖစ္ပါတယ္။ အဆုိပါ လူငယ္ၾကယ္ပြင့္ကို ေခၚယူဖို႔ ေဆြးေႏြးေနေၾကာင္း မိန္႔ဇ္အသင္းဘက္က အတည္ျပဳထားျပီး မၾကာခင္ အေျပာင္းအေရႊ႕ အျပီးသတ္ႏုိင္လိမ့္မယ္လို႔ မိန္႔ဇ္ ဥကၠဌ ရူဗန္ ရွရိုဒါက ေျပာဆိုခဲ့ပါတယ္။

၃။ ေတာ့တင္ဟမ္အသင္းဟာ တန္းဆင္းသြားျပီျဖစ္တဲ့ ဖူလ္ဟမ္အသင္းက အမႊာညီအကို ႏွစ္ဦးျဖစ္တဲ့ စတီဗင္ ဆီဆက္ဂႏြန္နဲ႔ ရိုင္ယန္ ဆီဆက္ဂႏြန္တို႔ ၂ ဦးလံုးကို ေခၚယူႏုိင္ဖို႔ နီးစပ္ေနျပီျဖစ္ပါတယ္။ ေတာတင္ဟမ္အသင္းဟာ အဆုိပါကစားသမား ၂ ဦးအတြက္ ေပါင္ သန္း ၂၀ နဲ႔ ကမ္းလွမ္းထားတာျဖစ္ပါတယ္။

၄။ ဖီနာဘာခ်ီအသင္းဟာ အဲဗာတန္အသင္းက အသက္ ၂၉ ႏွစ္အရြယ္ တုိက္စစ္မွဴး အူမာ နီယက္ဆာကို ေခၚယူဖို႔ ၾကိဳးပမ္းေနပါတယ္။

၅။ ဗလင္စီယာအသင္းဟာ ဝက္စ္ဟမ္းအသင္းက တုိက္စစ္မွဴး ဂ်ာဗီယာ ဟာနန္ဒက္ဇ္ကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၉ သန္းနဲ႔ ေခၚယူဖုိ႔ စိတ္ဝင္စားေနပါတယ္။

၆။ လက္ရွိရာသီမွာမွ တန္းတက္လာတဲ့ အက္စ္တြန္ ဗီလာအသင္းဟာ စေကာ့တလန္ကလပ္ ရိန္းဂ်ားအသင္းက အသင္းေခါင္းေဆာင္ ဂ်ိမ္းစ္ တာဗာနီးယားကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနပါတယ္။ ဝါရင့္ေနာက္ခံလူတစ္ခ်ိဳ႕ကို အသင္းကေန ထြက္ခြာခြင့္ျပဳထားတဲ့ ဗီလာအသင္းဟာ အသက္ ၂၇ ႏွစ္အရြယ္ ညာေနာက္ခံလူ တာဗာနီးယားနဲ႔ ျပန္လည္ အစားထိုးဖို႔ ၾကိဳးပမ္းေနတာျဖစ္ပါတယ္။ အသက္ ၁၆ ႏွစ္အရြယ္သာရွိေသးတဲ့ ဟိုဂီဝါ့ဖ္ဟာ ျပီးခဲ့တဲ့ရာသီတုန္းက ေအဂ်က္စ္လူငယ္အသင္းအတြက္ ၁၀ ဂိုးသြင္းယူကာ ၆ ဂိုးဖန္တီးေပးခဲ့သူျဖစ္ပါတယ္။

၇။ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ေဟာ္လန္ကလပ္ ေအဂ်က္စ္အသင္းက ၾကယ္ပြင့္တိုက္စစ္မွဴး ဒီလြန္ ဟိုဂီဝါ့ဖ္ကို အျပီးသတ္ေခၚယူလိုက္ႏိုင္ျပီျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။ ဟိုဂီဝါ့ဖ္ဟာ အိုးလ္ဒ္ထရက္ဖို႔ဒ္ကို ေျပာင္းေရႊ႕ဖို႔အတြက္ ေအဂ်က္စ္အသင္းရဲ႕ စာခ်ဳပ္သစ္ကို ျငင္းဆန္ပယ္ခ်ခဲ့သူျဖစ္ပါတယ္။

၈။ နယူးကာဆယ္အသင္းဟာ ရိန္းဂ်ားအသင္းက ကိုလံဘီယာ တုိက္စစ္မွဴး အယ္လ္ဖရက္ဒို မိုရီေလာ့္စ္ကို ေခၚယူဖို႔ ေပါင္ သန္း ၂၀ နဲ႔ စတင္ကမ္းလွမ္းလိုက္ျပီျဖစ္ပါတယ္။ မိုရီေလာ့စ္ဟာ ျပီးခဲ့တဲ့ရာသီတုန္းက ရိန္းဂ်ားအသင္းအတြက္ သြင္းဂိုး ၂၉ ဂိုးသြင္းယူေပးခဲ့သူျဖစ္ပါတယ္။

၉။ လက္စတာ စီးတီးအသင္းနည္းျပ ဘရန္ဒန္ ေရာ္ဂ်ာစ္ဟာ ခရစၥတယ္ပဲေလ့စ္ ေတာင္ပံကစားသမား အန္းဒရိုစ္ ေတာင္ဆန္ကို ေခၚယူဖို႔ စိတ္ဝင္စားနပါတယ္။ ပရီးမီးယားလိဂ္ရဲ႕ တစ္ႏွစ္တာအေကာင္းဆံုး သြင္းဂိုး ဆုရွင္ ေတာင္ဆန္အတြက္ ပဲေလ့စ္ဘက္က ေပါင္ ၁၄ သန္း အလိုရွိေနပါတယ္။

၁၀။ ဂ်ဴဗင္တပ္အသင္းဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ နည္းျပ ေမာ္ရီဇီယို ဆာရီအတြက္ ေလ်ာ္ေၾကးေငြ ေပါင္ ၅ သန္းကို ေပးေခ်ဖိုႊ ျပင္ဆင္ေနျပီျဖစ္ပါတယ္။ ဆာရီဟာ ဂ်ဴဗင္တပ္အသင္းကို ကိုင္တြယ္ဖို႔ ဆႏၵရွိေနျပီး ခ်ယ္လ္ဆီးအသင္းကေန ထြက္ခြာခြင့္ျပဳဖို႔လည္း ေတာင္းဆိုထားျပီးျဖစ္ပါတယ္။

 

Unicode

 

၁။ မန်ချက်စတာစီးတီးအသင်းဟာ သူတို့ရဲ့ ကွင်းလယ်လူ အီလ်ကေး ဂွန်ဒိုဂန်ကို ရောင်းထုတ်ဖို့ အစီအစဉ်မရှိပဲ စာချုပ်သက်တမ်းကုန်ဆုံးချန် ၂၀၂၀ ခုနှစ်အထိ အသင်းမှာ ဆက်လက်ထားရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဂွန်ဒိုဂန်ဟာ လာမယ့်ရာသီကုန်ကျမှသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာရမှာဖြစ်ပါတယ်။

၂။ မိုနာကိုအသင်းဟာ သူတို့အသင်းက အသက် ၂၀ အရွယ် လူငယ်နောက်ခံလူ ရိုနယ် ပီယာရီ-ဂါဘရီယယ်ကို ဘွန်ဒက်စ်လီဂါကလပ် မိန့်ဇ်အသင်းထံ ရောင်းချိဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ အဆိုပါ လူငယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ ဆွေးနွေးနေကြောင်း မိန့်ဇ်အသင်းဘက်က အတည်ပြုထားပြီး မကြာခင် အပြောင်းအရွှေ့ အပြီးသတ်နိုင်လိမ့်မယ်လို့ မိန့်ဇ် ဥက္ကဌ ရူဗန် ရှရိုဒါက ပြောဆိုခဲ့ပါတယ်။

၃။ တော့တင်ဟမ်အသင်းဟာ တန်းဆင်းသွားပြီဖြစ်တဲ့ ဖူလ်ဟမ်အသင်းက အမွှာညီအကို နှစ်ဦးဖြစ်တဲ့ စတီဗင် ဆီဆက်ဂနွန်နဲ့ ရိုင်ယန် ဆီဆက်ဂနွန်တို့ ၂ ဦးလုံးကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ တောတင်ဟမ်အသင်းဟာ အဆိုပါကစားသမား ၂ ဦးအတွက် ပေါင် သန်း ၂၀ နဲ့ ကမ်းလှမ်းထားတာဖြစ်ပါတယ်။

၄။ ဖီနာဘာချီအသင်းဟာ အဲဗာတန်အသင်းက အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူး အူမာ နီယက်ဆာကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

၅။ ဗလင်စီယာအသင်းဟာ ဝက်စ်ဟမ်းအသင်းက တိုက်စစ်မှူး ဂျာဗီယာ ဟာနန်ဒက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင် ၉ သန်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

၆။ လက်ရှိရာသီမှာမှ တန်းတက်လာတဲ့ အက်စ်တွန် ဗီလာအသင်းဟာ စကော့တလန်ကလပ် ရိန်းဂျားအသင်းက အသင်းခေါင်းဆောင် ဂျိမ်းစ် တာဗာနီးယားကို ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ ဝါရင့်နောက်ခံလူတစ်ချို့ကို အသင်းကနေ ထွက်ခွာခွင့်ပြုထားတဲ့ ဗီလာအသင်းဟာ အသက် ၂၇ နှစ်အရွယ် ညာနောက်ခံလူ တာဗာနီးယားနဲ့ ပြန်လည် အစားထိုးဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ အသက် ၁၆ နှစ်အရွယ်သာရှိသေးတဲ့ ဟိုဂီဝါ့ဖ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အေဂျက်စ်လူငယ်အသင်းအတွက် ၁၀ ဂိုးသွင်းယူကာ ၆ ဂိုးဖန်တီးပေးခဲ့သူဖြစ်ပါတယ်။

၇။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟော်လန်ကလပ် အေဂျက်စ်အသင်းက ကြယ်ပွင့်တိုက်စစ်မှူး ဒီလွန် ဟိုဂီဝါ့ဖ်ကို အပြီးသတ်ခေါ်ယူလိုက်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဟိုဂီဝါ့ဖ်ဟာ အိုးလ်ဒ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့အတွက် အေဂျက်စ်အသင်းရဲ့ စာချုပ်သစ်ကို ငြင်းဆန်ပယ်ချခဲ့သူဖြစ်ပါတယ်။

၈။ နယူးကာဆယ်အသင်းဟာ ရိန်းဂျားအသင်းက ကိုလံဘီယာ တိုက်စစ်မှူး အယ်လ်ဖရက်ဒို မိုရီလော့်စ်ကို ခေါ်ယူဖို့ ပေါင် သန်း ၂၀ နဲ့ စတင်ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။ မိုရီလော့စ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရိန်းဂျားအသင်းအတွက် သွင်းဂိုး ၂၉ ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။

၉။ လက်စတာ စီးတီးအသင်းနည်းပြ ဘရန်ဒန် ရော်ဂျာစ်ဟာ ခရစ္စတယ်ပဲလေ့စ် တောင်ပံကစားသမား အန်းဒရိုစ် တောင်ဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနပါတယ်။ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံး သွင်းဂိုး ဆုရှင် တောင်ဆန်အတွက် ပဲလေ့စ်ဘက်က ပေါင် ၁၄ သန်း အလိုရှိနေပါတယ်။

၁၀။ ဂျူဗင်တပ်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ နည်းပြ မော်ရီဇီယို ဆာရီအတွက် လျော်ကြေးငွေ ပေါင် ၅ သန်းကို ပေးချေဖိုွှ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဆာရီဟာ ဂျူဗင်တပ်အသင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိနေပြီး ချယ်လ်ဆီးအသင်းကနေ ထွက်ခွာခွင့်ပြုဖို့လည်း တောင်းဆိုထားပြီးဖြစ်ပါတယ်။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!