ညာေတာင္ပံ ခံစစ္ကို ျဖည့္တင္းႏုိင္ေတာ့မယ့္ မန္ယူ

အက်ပိုင္း အရြယ္ေရာက္ေနျပီျဖစ္တဲ့ အက္ရွ္ေလ ယန္းရဲ႕ ညာေတာင္ပံ ခံစစ္ကို အားျဖည့္ခ်င္ေနတဲ့ မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ပီအက္စ္ဂ်ီအသင္းက ညာေနာက္ခံလူ ေသာမတ္စ္ မူနီယာကို ေခၚယူႏိုင္ဖို႔အတြက္ အနီးစပ္ဆံုး အေျခအေနကို ေရာက္ရွိေနျပီျဖစ္တယ္လို႔ Sport Witness က ေဖာ္ျပလိုက္ပါတယ္။

မန္ယူအသင္းရဲ႕ ပရိတ္သတ္တစ္ေယာက္လို႔ ဝန္ခံထားတဲ့ မူနီယာကို အာဆင္နယ္အသင္းကလည္း ေခၚယူဖုိ႔ ၾကိဳးပမ္းေနျပီး ဆရာေဟာင္းျဖစ္တဲ့ လက္ရွိ အာဆင္နယ္အသင္းနည္းျပ အူႏုိင္း အမ္မရီကလည္း ကိုယ္တုိင္ စည္းရံုးမႈျပဳလုပ္ေနေပမယ့္ ကစားသမားကေတာ့ မန္ယူအသင္းကို ေျပာင္းေရႊ႕ဖို႔ စိတ္အားထက္သန္ေနတယ္လုိ႔ အဆုိပါသတင္းက ဆိုပါတယ္။

ဘယ္လ္ဂ်ီယံမီဒီယာ DH ရဲ႕ ေဖာ္ျပခ်က္အရ အဆုိပါ ကစားသမားဟာ မန္ယူအသင္းကို ေရာက္ရွိဖို႔ အရမ္းကို နီးစပ္ေနျပီျဖစ္ျပီး အာဆင္နယ္အသင္းရဲ႕ ကမ္းလွမ္းမႈကိုလည္း ရရွိထားေပမယ့္ မန္ယူအသင္းမွာ ကစားခြင့္ရဖို႔ကိုသာ စိတ္အားထက္သန္ေနတယ္လို႔ ဆိုပါတယ္။

လက္ရွိမွာ စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာက်န္ရွိေတာ့တဲ့ အဆုိပါကစားသမားကို ေခၚယူဖုိ႔အတြက္ ပရီးမီးယားလိဂ္ျပိဳင္ဘက္ ၂ သင္းလံုးက ပီအက္စ္ဂ်ီအသင္းနဲ႔ ေဆြးေႏြးေနၾကျပီး မန္ယူအသင္းဘက္က ပီအက္စ္ဂ်ီအသင္းအလိုရွိေနတဲ့ ေျပာင္းေရႊ႕ေၾကး ယူရို ၂၅ သန္း (ေပါင္ ၂၂ သန္း) ကို အျပည့္အဝေပးေခ်မယ္ဆိုတဲ့ အဆုိျပဳခ်က္နဲ႔ ကမ္းလွမ္းထားတယ္လို႔ သိရပါတယ္။ အာဆင္နယ္အသင္းကေတာ့ ယူရို သန္း ၂၀ ဝန္းက်င္နဲ႔သာ ကမ္းလွမ္းထားတာျဖစ္ပါတယ္။

ကစားသမားကိုယ္တုိင္ကလည္း လက္ရွိမွ အဂၤလန္ကို ေရာက္ရွိေနျပီး မန္ယူအသင္းနဲ႔ ပုဂၢိဳလ္ေရး သေဘာတူညီခ်က္ ရယူဖို႔ ေဆြးေႏြးမႈျပဳလုပ္ေနျပီလို႔ ယူဆရေၾကာင္း Daily Mail ကလည္း ေဖာ္ျပခဲ့ပါတယ္။

မူနီယာဟာ ပီအက္စ္ဂ်ီအသင္းမွာ ၃ ရာသီၾကာ ကစားထားျပီး အဆုိပါကာလအတြင္း လီဂူး-၁ အမွတ္ေပးဖယား ၂ ၾကိမ္အပါအဝင္ ျပည္တြင္း ဆုဖလား ၈ ခု ရရွိထားပါတယ္။
Ref: Daily Mail, Sport Witness, DH

 

Unicode

 

အကျပိုင်း အရွယ်ရောက်နေပြီဖြစ်တဲ့ အက်ရှ်လေ ယန်းရဲ့ ညာတောင်ပံ ခံစစ်ကို အားဖြည့်ချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းက ညာနောက်ခံလူ သောမတ်စ် မူနီယာကို ခေါ်ယူနိုင်ဖို့အတွက် အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီဖြစ်တယ်လို့ Sport Witness က ဖော်ပြလိုက်ပါတယ်။

မန်ယူအသင်းရဲ့ ပရိတ်သတ်တစ်ယောက်လို့ ဝန်ခံထားတဲ့ မူနီယာကို အာဆင်နယ်အသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ဆရာဟောင်းဖြစ်တဲ့ လက်ရှိ အာဆင်နယ်အသင်းနည်းပြ အူနိုင်း အမ်မရီကလည်း ကိုယ်တိုင် စည်းရုံးမှုပြုလုပ်နေပေမယ့် ကစားသမားကတော့ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ အဆိုပါသတင်းက ဆိုပါတယ်။

ဘယ်လ်ဂျီယံမီဒီယာ DH ရဲ့ ဖော်ပြချက်အရ အဆိုပါ ကစားသမားဟာ မန်ယူအသင်းကို ရောက်ရှိဖို့ အရမ်းကို နီးစပ်နေပြီဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကိုလည်း ရရှိထားပေမယ့် မန်ယူအသင်းမှာ ကစားခွင့်ရဖို့ကိုသာ စိတ်အားထက်သန်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့တဲ့ အဆိုပါကစားသမားကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ပြိုင်ဘက် ၂ သင်းလုံးက ပီအက်စ်ဂျီအသင်းနဲ့ ဆွေးနွေးနေကြပြီး မန်ယူအသင်းဘက်က ပီအက်စ်ဂျီအသင်းအလိုရှိနေတဲ့ ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်း (ပေါင် ၂၂ သန်း) ကို အပြည့်အဝပေးချေမယ်ဆိုတဲ့ အဆိုပြုချက်နဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းကတော့ ယူရို သန်း ၂၀ ဝန်းကျင်နဲ့သာ ကမ်းလှမ်းထားတာဖြစ်ပါတယ်။

ကစားသမားကိုယ်တိုင်ကလည်း လက်ရှိမှ အင်္ဂလန်ကို ရောက်ရှိနေပြီး မန်ယူအသင်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရယူဖို့ ဆွေးနွေးမှုပြုလုပ်နေပြီလို့ ယူဆရကြောင်း Daily Mail ကလည်း ဖော်ပြခဲ့ပါတယ်။

မူနီယာဟာ ပီအက်စ်ဂျီအသင်းမှာ ၃ ရာသီကြာ ကစားထားပြီး အဆိုပါကာလအတွင်း လီဂူး-၁ အမှတ်ပေးဖယား ၂ ကြိမ်အပါအဝင် ပြည်တွင်း ဆုဖလား ၈ ခု ရရှိထားပါတယ်။
Ref: Daily Mail, Sport Witness, DH



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!