အာဆင္နယ္သတင္းတိုမ်ား

၁။ အာဆင္နယ္ ဂိုးသမား ဘန္းဒ္ လီႏိုဟာ ဒါဏ္ရာျပႆနာေၾကာင့္ ဂ်ာမနီအသင္းရဲ႕ လူစာရင္းကေန ႏႈတ္ထြက္လုိက္ျပီျဖစ္ပါတယ္။

၂။ အာဆင္နယ္အသင္းဟာ ေဘဆယ္အသင္းက အသက္ ၂၆ ႏွစ္အရြယ္ စြယ္စံုရ ေနာက္ခံလူ အီဒါ ဘလန္တာကို ေခၚယူဖို႔ အခြင့္အေရး ရရွိထားတယ္လုိ႔ သိရပါတယ္။ ဗဟိုေနာက္ခံလူနဲ႔ ဘယ္ေနာက္ခံလူ ၂ ေနရာလံုးမွာ အံဝင္ေအာင္ ကစားႏုိင္တဲ့ အဆုိပါ ကိုလံဘီယာသားအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၄ သန္းနဲ႔ စတင္ကမ္းလွမ္းထားတယ္လို႔ သိရပါတယ္။

၃။ အာဆင္နယ္အသင္းဟာ ဘာစီလိုနာအသင္းက ေတာင္ပံကစားသမား မယ္လ္ကြန္နဲ႔ ေနာက္ခံလူ အမ္တီတီတို႔အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင ၉၈ သန္းအထိ အသံုးျပဳသြားဖို႔ ရွိေနတယ္လုိ႔ The Sun က ေဖာ္ျပခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ ေတာင္ပံကစားသမားနဲ႔ ခံစစ္မွဴး ျဖည့္တင္းဖို႔ အဓိက ပစ္မွတ္ထားၾကိဳးပမ္းေေနျပီး အဆုိပါကစားသမား ၂ ဦးလံုးကို ေခၚယူဖို႔ စိတ္ဆႏၵရွိေနတာျဖစ္ပါတယ္။ စပိန္သတင္းစာ Mundo Deprtivo ရဲ႕ ေဖာ္ျပခ်က္အရလည္း အာဆင္နယ္အသင္း စိတ္ဝင္စားနတဲ့ အဆုိပါကစားသမား ၂ ေယာက္အတြက္ ဘာစီလိုနာဘက္က လက္ခံေဆြးေႏြးဖို႔ အသင့္ရွိေနတယ္လုိ႔ ဆုိပါတယ္။

၄။ ဖီလာဒဲလ္ဖီးယား အီးဂဲလ္အသင္းပိုင္ရွင္ အေမရိကန္ ဘီလီယံနာ ဂ်က္ဖရီ လူရီးက အာဆင္နယ္အသင္းကို ဝယ္ယူဖို႔ နီးစပ္ခဲ့ျပီးမွ မဝယ္ယူျဖစ္ခဲ့တဲ့ အေပၚမွာ ေနာင္တရမိေၾကာင္း ေျပာဆိုခဲ့ပါတယ္။ လူရီးဟာ အာဆင္နယ္အသင္းကို ၁၉၉၄ ခုႏွစ္ဝန္းက်င္တုန္းက ေဒၚလာ ၁၉၅ သန္း တည္းနဲ႔ ဝယ္ယူခြင့္ ရခဲ့ေပမယ့္ အဆုိပါအခြင့္အေရးကို လက္လြတ္ခံခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လူရီးဟာ အာဆင္နယ္ကို မဝယ္ျဖစ္တဲ့အေပၚမွာ ေနာင္တရေနတာဟာ အဆုိပါအသင္းဟာ လက္ရွိမွာ တစ္ႏွစ္ကို အျမတ္ေငြ ေဒၚလာ သန္း ရာခ်ီဝင္ေနတာေၾကာင့္သာျဖစ္တယ္လုိ႔ အေမရိကန္ မီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။

၅။ အာဆင္နယ္အသင္းဟာ ဘုိင္ယန္ျမဴးနစ္အသင္းက ေျပာင္းေရႊ႕ေၾကး ယူရို သန္း ၂၀ သာ သတ္မွတ္ထားတဲ့ ေနာက္ခံလူ ဂ်ရုမ္း ဘိုတန္ကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနျပီျဖစ္ပါတယ္။ အသက္ ၃၀ အရြယ္ ဘိုတန္ဟာ ဘိုင္ယန္ျမဴးနစ္အသင္းကေန ထြက္ခြာဖို႔ ေတာင္းဆိုထားသူျဖစ္ျပီး ျပီးခဲ့တဲရက္ပိုင္းတုန္းက ဘုိင္ယန္အသင္းတာ ဝန္ရွိသူေတြက အဆုိပါ ေတာင္းဆိုခ်က္ကို လက္ခံခဲ့ပါတယ္။

၆။ ရိုးေမးနီးယား ၾကယ္ပြင့္ ဂိုးသမား အီယိုႏုထ္ ရာဒူရဲ႕ ေအးဂ်င့္ျဖစ္သူ ခရက္ဆန္ဇို စီစီရီက သူ႔ကစားသမားအတြက္ အာဆင္နယ္အသင္းထံက ဆက္သြယ္မႈ ရရွိထားတယ္လုိ႔ ထုတ္ေဖာ္ေျပာဆိုလုိက္ပါတယ္။ အသက္ ၂၂ ႏွစ္အရြယ္ အင္တာမီလန္ဂိုးသမားဟာ ဂ်ီႏိုအာအသင္းမွာ ၂ ရာသီအငွားစာခ်ဳပ္နဲ႔ သြားေရာက္ကစားေနသူျဖစ္ျပီး ၂၀၁၈-၁၉ ရာသီမွာတုန္းက လက္စြမ္းေကာင္းေတြ ျပသထားႏုိင္သူျဖစ္ပါတယ္။ Sport Witness ရဲ႕ ေဖာ္ျပခ်က္အရ အဆုိပါဂိုးသမားကို ေခၚယူဖုိ႔ အာဆင္နယ္အသင္းနဲ႔ လုိင္ယြန္အသင္းအပါဝင္ အသင္းအမ်ားအျပားက စိတ္ဝင္စားေနတယ္လုိ႔ ဆိုပါတယ္။

၇။ လာမယ့္အပတ္မွာ ယွဥ္ျပိဳင္ကစားမယ့္ UEFA Nations League ဆီမီးဖိုင္နယ္ပြဲစဥ္အတြက္ ဆြစ္ဇာလန္လူစာရင္းမွာ အာဆင္နယ္ကြင္းလယ္လူ ဂရာနစ္ ရွာခါ ပါဝင္လာခဲ့ပါတယ္။

 

Unicode

 

၁။ အာဆင်နယ် ဂိုးသမား ဘန်းဒ် လီနိုဟာ ဒါဏ်ရာပြဿနာကြောင့် ဂျာမနီအသင်းရဲ့ လူစာရင်းကနေ နှုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။

၂။ အာဆင်နယ်အသင်းဟာ ဘေဆယ်အသင်းက အသက် ၂၆ နှစ်အရွယ် စွယ်စုံရ နောက်ခံလူ အီဒါ ဘလန်တာကို ခေါ်ယူဖို့ အခွင့်အရေး ရရှိထားတယ်လို့ သိရပါတယ်။ ဗဟိုနောက်ခံလူနဲ့ ဘယ်နောက်ခံလူ ၂ နေရာလုံးမှာ အံဝင်အောင် ကစားနိုင်တဲ့ အဆိုပါ ကိုလံဘီယာသားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄ သန်းနဲ့ စတင်ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

၃။ အာဆင်နယ်အသင်းဟာ ဘာစီလိုနာအသင်းက တောင်ပံကစားသမား မယ်လ်ကွန်နဲ့ နောက်ခံလူ အမ်တီတီတို့အတွက် ပြောင်းရွှေ့ကြေး ပေါင ၉၈ သန်းအထိ အသုံးပြုသွားဖို့ ရှိနေတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ တောင်ပံကစားသမားနဲ့ ခံစစ်မှူး ဖြည့်တင်းဖို့ အဓိက ပစ်မှတ်ထားကြိုးပမ်းေနေပြီး အဆိုပါကစားသမား ၂ ဦးလုံးကို ခေါ်ယူဖို့ စိတ်ဆန္ဒရှိနေတာဖြစ်ပါတယ်။ စပိန်သတင်းစာ Mundo Deprtivo ရဲ့ ဖော်ပြချက်အရလည်း အာဆင်နယ်အသင်း စိတ်ဝင်စားနတဲ့ အဆိုပါကစားသမား ၂ ယောက်အတွက် ဘာစီလိုနာဘက်က လက်ခံဆွေးနွေးဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။

၄။ ဖီလာဒဲလ်ဖီးယား အီးဂဲလ်အသင်းပိုင်ရှင် အမေရိကန် ဘီလီယံနာ ဂျက်ဖရီ လူရီးက အာဆင်နယ်အသင်းကို ဝယ်ယူဖို့ နီးစပ်ခဲ့ပြီးမှ မဝယ်ယူဖြစ်ခဲ့တဲ့ အပေါ်မှာ နောင်တရမိကြောင်း ပြောဆိုခဲ့ပါတယ်။ လူရီးဟာ အာဆင်နယ်အသင်းကို ၁၉၉၄ ခုနှစ်ဝန်းကျင်တုန်းက ဒေါ်လာ ၁၉၅ သန်း တည်းနဲ့ ဝယ်ယူခွင့် ရခဲ့ပေမယ့် အဆိုပါအခွင့်အရေးကို လက်လွတ်ခံခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူရီးဟာ အာဆင်နယ်ကို မဝယ်ဖြစ်တဲ့အပေါ်မှာ နောင်တရနေတာဟာ အဆိုပါအသင်းဟာ လက်ရှိမှာ တစ်နှစ်ကို အမြတ်ငွေ ဒေါ်လာ သန်း ရာချီဝင်နေတာကြောင့်သာဖြစ်တယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

၅။ အာဆင်နယ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းက ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ သာ သတ်မှတ်ထားတဲ့ နောက်ခံလူ ဂျရုမ်း ဘိုတန်ကို ခေါ်ယူဖို့ ချိတ်ဆက်နေပြီဖြစ်ပါတယ်။ အသက် ၃၀ အရွယ် ဘိုတန်ဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုထားသူဖြစ်ပြီး ပြီးခဲ့တဲရက်ပိုင်းတုန်းက ဘိုင်ယန်အသင်းတာ ဝန်ရှိသူတွေက အဆိုပါ တောင်းဆိုချက်ကို လက်ခံခဲ့ပါတယ်။

၆။ ရိုးမေးနီးယား ကြယ်ပွင့် ဂိုးသမား အီယိုနုထ် ရာဒူရဲ့ အေးဂျင့်ဖြစ်သူ ခရက်ဆန်ဇို စီစီရီက သူ့ကစားသမားအတွက် အာဆင်နယ်အသင်းထံက ဆက်သွယ်မှု ရရှိထားတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အသက် ၂၂ နှစ်အရွယ် အင်တာမီလန်ဂိုးသမားဟာ ဂျီနိုအာအသင်းမှာ ၂ ရာသီအငှားစာချုပ်နဲ့ သွားရောက်ကစားနေသူဖြစ်ပြီး ၂၀၁၈-၁၉ ရာသီမှာတုန်းက လက်စွမ်းကောင်းတွေ ပြသထားနိုင်သူဖြစ်ပါတယ်။ Sport Witness ရဲ့ ဖော်ပြချက်အရ အဆိုပါဂိုးသမားကို ခေါ်ယူဖို့ အာဆင်နယ်အသင်းနဲ့ လိုင်ယွန်အသင်းအပါဝင် အသင်းအများအပြားက စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

၇။ လာမယ့်အပတ်မှာ ယှဉ်ပြိုင်ကစားမယ့် UEFA Nations League ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ဆွစ်ဇာလန်လူစာရင်းမှာ အာဆင်နယ်ကွင်းလယ်လူ ဂရာနစ် ရှာခါ ပါဝင်လာခဲ့ပါတယ်။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!