စီ ေရာ္နယ္ဒို အနာဂတ္မွာ ဘယ္ကိုေျပာင္းေရႊ႕မလဲ ေျပာျပခဲ့တဲ့ ပီယာလို

ဂ်ဴဗင္တပ္ ဂႏၱဝင္ ကစားသမားၾကီး အန္ဒေရ ပီယာလိုက လက္ရွိ ဂ်ဴဗီတုိက္စစ္မွဴး စီ ေရာ္နယ္ဒိုတစ္ေယာက္ အနာဂတ္မွာ ဘယ္လိုအသင္းမ်ိဳးကို ေျပာင္းေရႊ႕မလဲဆိုတာကို သံုးသပ္ေျပာဆိုလိုက္ပါတယ္။

ပီယာလိုက အသက္ ၃၄ ႏွစ္အရြယ္ရွိေနျပီျဖစ္ေပမယ့္ စီ ေရာ္နယ္ဒိုအေနနဲ႔ အနာဂတ္အတြက္ ေရြးခ်ယ္စရာေတြ မ်ားျပားေနဆဲျဖစ္ျပီး သူစဥ္းစားရမွာက ဘယ္အခ်ိန္မွာ တူရင္ေျမကို စြန္႔ခြာမလဲဆိုတာသာျဖစ္တယ္လုိ႔ ေျပာဆိုခဲ့ပါတယ္။

ပီယာလိုက စီ ေရာ္နယ္ဒိုအေနနဲ႔ ဂ်ဴဗင္တပ္ကေန ထြက္ခြာမယ္ဆိုရင္ ေမဂ်ာလိဂ္နဲ႔ အာရွလိုေနရာမ်ိဳးေတြမွာ သြားေရာက္ကစားႏိုင္ေပမယ့္ သူ႔ရဲ႕ အရည္အေသြးေၾကာင့္ ဥေရာပေျမက ထိပ္တန္းကလပ္ေတြမွာ ဆက္ျပီး ေျခစြမ္းျပကစားႏုိင္ဦးမယ္လုိ႔ ယူဆေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။

“သူ႔မွာ စာခ်ဳပ္သက္တမ္း ၂ ႏွစ္ ၃ ႏွစ္ က်န္ေနပါေသးတယ္။ ဒါျပီးရင္ေတာ့ အေမရိကလိုမ်ိဳး တျခားတုိင္းျပည္ေြဆီကို ေျပာင္းေရႊ႕တာမ်ိဳးျဖစ္လာႏုိင္ပါတယ္။ ကၽြန္ေတာ္ အေမရိကမွာ ကစားခဲ့တုန္းက အရမ္းေပ်ာ္ရႊင္ခဲ့ရပါတယ္။ မိသားစုအတြက္လည္း အေတြ႕အၾကံဳသစ္ေတြလည္း ရခဲ့ပါတယ္။” လို႔ ပီယာလိုကဆိုပါတယ္။

ဒါ့အျပင္ “သူဒီကို ေျပာင္းလာေတာ့ ကၽြန္ေတာ္ အံ့ၾသခဲ့ရပါတယ္။ ဂ်ဴဗီဟာ ေရာ္နယ္ဒိုကို ေခၚယူႏုိင္ဖို႔ အရမ္းခက္ခဲမွာမို႔လို႔ပါ။ ဒီကိစၥက စီးရီးေအတြက္ေတာ့ ေကာင္းတဲ့ကိစၥျဖစ္လာခဲ့ပါတယ္။ သူက လိဂ္ကို တိုးတက္လာေစသလို တျခားအသင္းေတြကိုလည္း တိုးတက္လာေစသူပါ။ ဒါက ဒီတုိင္းျပည္အတြက္ပါ အေရးၾကီးပါတယ္။ သူက ေနာက္ထပ္ ထိပ္တန္းကစားသမားေတြ စီးရီးေအကို ဆက္လက္ေျခခ်လာဖို႔ ေရွ႕ေဆာင္လမ္းျပျဖစ္လာမယ္လုိ႔ ယံုၾကည္ပါတယ္။” လို႔လည္း ပီယာလိုက ေျပာဆိုခဲ့ပါတယ္။

ေဘာလြန္းဒီေအာဆု ၅ ၾကိမ္ရွင္ စီ ေရာ္နယ္ဒိုရဲ႕ ဂ်ဴဗင္တပ္ကစားသမား ဘဝ ပထမရာသီဟာ ျပီးျပည့္စံုခဲ့ျပီး စီးရီးေအ ခ်န္ပီယံဆုအျပင္ စံခ်ိန္မွတ္တမ္းေကာင္းမ်ားစြာ ေရးထိုးႏိုင္ခဲ့ျပီး စီးရီးေအ တစ္ႏွစ္တာအေကာင္းဆံုး ကစားသမားဆုကိုလည္း ဆြတ္ခူးႏုိင္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္အသင္းအတြက္ ျပိဳင္ပြဲစံုမွာ သြင္းဂိုး ၂၈ ဂိုး သြင္းယူႏုိင္ခဲ့ျပီး ၁၃ ဂိုးဖန္တီးေပးႏုိင္ခဲ့ပါတယ္။
Ref: Goal

 

Unicode

 

ဂျူဗင်တပ် ဂန္တဝင် ကစားသမားကြီး အန်ဒရေ ပီယာလိုက လက်ရှိ ဂျူဗီတိုက်စစ်မှူး စီ ရော်နယ်ဒိုတစ်ယောက် အနာဂတ်မှာ ဘယ်လိုအသင်းမျိုးကို ပြောင်းရွှေ့မလဲဆိုတာကို သုံးသပ်ပြောဆိုလိုက်ပါတယ်။

ပီယာလိုက အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် စီ ရော်နယ်ဒိုအနေနဲ့ အနာဂတ်အတွက် ရွေးချယ်စရာတွေ များပြားနေဆဲဖြစ်ပြီး သူစဉ်းစားရမှာက ဘယ်အချိန်မှာ တူရင်မြေကို စွန့်ခွာမလဲဆိုတာသာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပီယာလိုက စီ ရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်ကနေ ထွက်ခွာမယ်ဆိုရင် မေဂျာလိဂ်နဲ့ အာရှလိုနေရာမျိုးတွေမှာ သွားရောက်ကစားနိုင်ပေမယ့် သူ့ရဲ့ အရည်အသွေးကြောင့် ဥရောပမြေက ထိပ်တန်းကလပ်တွေမှာ ဆက်ပြီး ခြေစွမ်းပြကစားနိုင်ဦးမယ်လို့ ယူဆကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

“သူ့မှာ စာချုပ်သက်တမ်း ၂ နှစ် ၃ နှစ် ကျန်နေပါသေးတယ်။ ဒါပြီးရင်တော့ အမေရိကလိုမျိုး တခြားတိုင်းပြည်ေွဆီကို ပြောင်းရွှေ့တာမျိုးဖြစ်လာနိုင်ပါတယ်။ ကျွန်တော် အမေရိကမှာ ကစားခဲ့တုန်းက အရမ်းပျော်ရွှင်ခဲ့ရပါတယ်။ မိသားစုအတွက်လည်း အတွေ့အကြုံသစ်တွေလည်း ရခဲ့ပါတယ်။” လို့ ပီယာလိုကဆိုပါတယ်။

ဒါ့အပြင် “သူဒီကို ပြောင်းလာတော့ ကျွန်တော် အံ့သြခဲ့ရပါတယ်။ ဂျူဗီဟာ ရော်နယ်ဒိုကို ခေါ်ယူနိုင်ဖို့ အရမ်းခက်ခဲမှာမို့လို့ပါ။ ဒီကိစ္စက စီးရီးအေတွက်တော့ ကောင်းတဲ့ကိစ္စဖြစ်လာခဲ့ပါတယ်။ သူက လိဂ်ကို တိုးတက်လာစေသလို တခြားအသင်းတွေကိုလည်း တိုးတက်လာစေသူပါ။ ဒါက ဒီတိုင်းပြည်အတွက်ပါ အရေးကြီးပါတယ်။ သူက နောက်ထပ် ထိပ်တန်းကစားသမားတွေ စီးရီးအေကို ဆက်လက်ခြေချလာဖို့ ရှေ့ဆောင်လမ်းပြဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။” လို့လည်း ပီယာလိုက ပြောဆိုခဲ့ပါတယ်။

ဘောလွန်းဒီအောဆု ၅ ကြိမ်ရှင် စီ ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်ကစားသမား ဘဝ ပထမရာသီဟာ ပြီးပြည့်စုံခဲ့ပြီး စီးရီးအေ ချန်ပီယံဆုအပြင် စံချိန်မှတ်တမ်းကောင်းများစွာ ရေးထိုးနိုင်ခဲ့ပြီး စီးရီးအေ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၂၈ ဂိုး သွင်းယူနိုင်ခဲ့ပြီး ၁၃ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။
Ref: Goal



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!