အသက္ (၃၅)ႏွစ္အရြယ္မွာပဲ ကြယ္လြန္သြားခဲ့တဲ့ ဂန္းနားတပ္သားေဟာင္း ေရးယက္စ္

[ZawGyi]
အာဆင္နယ္အသင္းရဲ႕ ကစားသမားေဟာင္း အန္တိုနီယိုေရးယက္စ္ဟာ အသက္ (၃၅)ႏွစ္အရြယ္မွာပဲ ယာဥ္မေတာ္မဆျဖစ္မႈေၾကာင္း ဆံုးပါးကြယ္လြန္သြားခဲ့ျပီလို႔ သိရပါတယ္။

အဆိုပါဆိုးရြားလွတဲ့ ကားတိုက္မႈမွာ ေရးယက္စ္တေယာက္လည္း ပါဝင္သြားခဲ့ေၾကာင္း အသင္းေဟာင္း ဆီဗီလာအသင္းက တရားဝင္အတည္ျပဳ ထုတ္ျပန္ေၾကညာသြားခဲ့တာ ျဖစ္ပါတယ္။

” သတင္းဆိုးတခုကို ကြ်န္ေတာ္တို႔ အတည္မျပဳခ်င္ဘဲနဲ႔ ျပဳရပါေတာ့မယ္။ ကြ်န္ေတာ္တို႔ရဲ႕ ခ်စ္လွစြာေသာ ဆီဗီလာၾကယ္ပြင့္ေဟာင္း ေရးယက္စ္ဟာ ဆိုးရြားတဲ့ယာဥ္တိုက္မႈတခုမွာ ပါဝင္သြားခဲ့ျပီး ကြယ္လြန္သြားခဲ့ပါတယ္။ ျငိမ္းခ်မ္းစြာအနားယူပါ ေရးယက္စ္ေရ။ ” ဆိုျပီး ဆီဗီလာရဲ႕ ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ပါဝင္ပါတယ္။

ေရးယက္စ္ဟာ အာဆင္နယ္အသင္းအတြက္ (၂၀၀၄)ခုႏွစ္ကေန (၂၀၀၇)ခုႏွစ္အထိ ကစားေပးခဲ့သူျဖစ္ျပီး အဲဒီေနာက္ပိုင္းမွာေတာ့ ရီးယဲလ္မက္ဒရစ္၊ အက္သလက္တီကိုနဲ႔ အက္စ္ပန္ညိဳအသင္းေတြဆီ ေျပာင္းေရႊ႕ခဲ့ပါတယ္။

စပိန္လက္ေရြးစင္အသင္းအတြက္လည္း (၂၁)ပြဲအထိ ကစားေပးခဲ့တဲ့ ေရးယက္စ္တေယာက္ ေနာက္ဆံုးကစားခဲ့တဲ့အသင္းကေတာ့ စပိန္ Second-tier ကလပ္အသင္း အက္စ္ထရီမာဒူရာပဲ ျဖစ္ပါတယ္။

ဘယ္ေျခေထာင့္ျဖတ္ကန္ခ်က္ေတြနဲ႔အတူ အာဆင္နယ္အသင္းပရိသတ္ေတြကို ဖမ္းစားႏုိင္ခဲ့သလို ပရီးမီးယားလိဂ္ၾကယ္တပြင့္ျဖစ္ခဲ့တဲ့ စပိန္သားတေယာက္ ကြယ္လြန္ခဲ့မႈက ေဘာလံုးေလာကရဲ႕ ဝမ္းနည္းစရာ ေန႔တေန႔ ျဖစ္လာခဲ့ပါျပီ။

Ref : Mirror

[Unicode]
အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း အန်တိုနီယိုရေးယက်စ်ဟာ အသက် (၃၅)နှစ်အရွယ်မှာပဲ ယာဉ်မတော်မဆဖြစ်မှုကြောင်း ဆုံးပါးကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။

အဆိုပါဆိုးရွားလှတဲ့ ကားတိုက်မှုမှာ ရေးယက်စ်တယောက်လည်း ပါဝင်သွားခဲ့ကြောင်း အသင်းဟောင်း ဆီဗီလာအသင်းက တရားဝင်အတည်ပြု ထုတ်ပြန်ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။

” သတင်းဆိုးတခုကို ကျွန်တော်တို့ အတည်မပြုချင်ဘဲနဲ့ ပြုရပါတော့မယ်။ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ဆီဗီလာကြယ်ပွင့်ဟောင်း ရေးယက်စ်ဟာ ဆိုးရွားတဲ့ယာဉ်တိုက်မှုတခုမှာ ပါဝင်သွားခဲ့ပြီး ကွယ်လွန်သွားခဲ့ပါတယ်။ ငြိမ်းချမ်းစွာအနားယူပါ ရေးယက်စ်ရေ။ ” ဆိုပြီး ဆီဗီလာရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ပါဝင်ပါတယ်။

ရေးယက်စ်ဟာ အာဆင်နယ်အသင်းအတွက် (၂၀၀၄)ခုနှစ်ကနေ (၂၀၀၇)ခုနှစ်အထိ ကစားပေးခဲ့သူဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ ရီးယဲလ်မက်ဒရစ်၊ အက်သလက်တီကိုနဲ့ အက်စ်ပန်ညိုအသင်းတွေဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

စပိန်လက်ရွေးစင်အသင်းအတွက်လည်း (၂၁)ပွဲအထိ ကစားပေးခဲ့တဲ့ ရေးယက်စ်တယောက် နောက်ဆုံးကစားခဲ့တဲ့အသင်းကတော့ စပိန် Second-tier ကလပ်အသင်း အက်စ်ထရီမာဒူရာပဲ ဖြစ်ပါတယ်။

ဘယ်ခြေထောင့်ဖြတ်ကန်ချက်တွေနဲ့အတူ အာဆင်နယ်အသင်းပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့သလို ပရီးမီးယားလိဂ်ကြယ်တပွင့်ဖြစ်ခဲ့တဲ့ စပိန်သားတယောက် ကွယ်လွန်ခဲ့မှုက ဘောလုံးလောကရဲ့ ဝမ်းနည်းစရာ နေ့တနေ့ ဖြစ်လာခဲ့ပါပြီ။

Ref : Mirror



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!