ရီးရဲလ္မွာ ေရာ္နယ္ဒိုရဲ႕ နံပါတ္ကို ဆက္ခံရမယ့္ ဟာဇက္

ရီးရဲမက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ဖို႔ နီးစပ္ေနတဲ့ ခ်ယ္ဆီးၾကယ္ပြင့္ အီဒင္ဟာဇက္ဟာ ဘာေနဗ်ဴးကလပ္ကို ေျပာင္းေရႊ႕ခ်ိန္မွာ ဂႏၱဝင္တုိက္စစ္မွဴးေဟာင္း စီ ေရာ္နယ္ဒိုရဲ႕ေက်ာနံပါတ္ ၇ ကို ဝတ္ဆင္ကစားခြင့္ရမွာျဖစ္တယ္လုိ႔ The Sun ရဲ႕သတင္းအရ သိရပါတယ္။

ဘယ္လ္ဂ်ီယံၾကယ္ပြင့္ ဟာဇက္ဟာ ရီးရဲလ္ကို ဒုတိယအႀကိမ္ နည္းျပအျဖစ္ ျပန္လည္တာဝန္ယူကို္င္တြယ္ခဲ့တဲ့ ဇီဒန္းရဲ႕ ပထမဆံုးေသာ အဓိကကစားသမားေခၚယူမႈျဖစ္လာမွာျဖစ္ၿပီး ရီးရဲမက္ဒရစ္အသင္းအေနနဲ႔ သူတို႔ အသင္းရဲ႕တသက္တာထိပ္တန္းဂိုးသြင္းရွင္ ခရစ္စတီယာႏုိေရာ္နယ္ဒို ဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ ၇ ကိုသာ ဝတ္ဆင္ကစားေစမွာျဖစ္တယ္လုိ႔ သိရပါတယ္။

ဒါေၾကာင့္ မက္ဒရစ္အသင္းဟာ စီ ေရာ္နယ္ဒိုရဲ႕ ကြပ္လက္ကို ဟာဇက္နဲ႔ ျဖည့္ဆည္းမယ္ဆိုတဲ့ ရည္ရြယ္ခ်က္ဟာ သိသာထင္ရွားလြန္းေနျပီး ဟာဇက္တစ္ေယာက္ အဆုိပါ တာဝန္ရဲ႕ ဖိအားဒါဏ္ကို ခံႏုိင္ရည္ရွိမရွိ ေစာင့္ၾကည့္ရလိမ့္မယ္လုိ႔ မီဒီယာေတြက သံုးသပ္ေနၾကပါတယ္။

ဒါ့အျပင္ ဟာဇက္ရဲ႕အျဖစ္ခ်င္ဆံုးဆႏၵဟာ သူ႔စိတ္ၾကိဳက္ေက်ာနံပါတ္ ၁၀ ကို ဝတ္ဆင္ကစားခြင့္ရခ်င္တာျဖစ္ေပမယ့္ လက္ရွိ ရီးရဲမက္ဒရစ္အသင္းမွာ ေက်ာနံပါတ္ ၁၀ ကို ဝတ္ဆင္ေနသူဟာ ဘလြန္းဒီေအာ္ဆုရွင္ လူကာမိုဒရစ္ျဖစ္ေနတာေၾကာင့္ ဟာဇက္ရဲ႕ ဆႏၵကို မလုိက္ေလ်ာဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။ ဟာဇက္ကို နံပါတ္ ၁၀ ေက်ာနံပါတ္ကို ေပးလိုက္ျခင္းအားျဖင့္ အသင္းရဲ႕ကစားသမားေတြၾကားက လိုက္ေလ်ာညီေထြမႈကို ၿခိမ္းေျခာက္မႈျဖစ္လာႏုိင္တဲ့အေျခအေနမ်ိဳးျဖစ္လာမွာကိုလည္း စိုးရိမ္မႈရွိေနတာေၾကာင့္ျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ေရာ္နယ္ဒိုရဲ႕ ေက်ာနံပါတ္ ၇ ကို မာရီယာႏုိဒိုင္ယက္ဇ္က ဝတ္ဆင္ကစားေနၿပီး မာရီယာႏုိဒိုင္ယက္ဇ္အေနနဲ႔ အီဒင္ဟာဇက္ ေရာက္ရွိလာမယ္ဆုိရင္ ၎ရဲ႕ေက်ာနံပါတ္ ၇ ကို လုိလုိလားလားေပးအပ္သြားဖြယ္ရွိတယ္လုိ႔ သိရပါတယ္။
Ref: The Sun

 

Unicode

 

ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ချယ်ဆီးကြယ်ပွင့် အီဒင်ဟာဇက်ဟာ ဘာနေဗျူးကလပ်ကို ပြောင်းရွှေ့ချိန်မှာ ဂန္တဝင်တိုက်စစ်မှူးဟောင်း စီ ရော်နယ်ဒိုရဲ့ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားခွင့်ရမှာဖြစ်တယ်လို့ The Sun ရဲ့သတင်းအရ သိရပါတယ်။

ဘယ်လ်ဂျီယံကြယ်ပွင့် ဟာဇက်ဟာ ရီးရဲလ်ကို ဒုတိယအကြိမ် နည်းပြအဖြစ် ပြန်လည်တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ဇီဒန်းရဲ့ ပထမဆုံးသော အဓိကကစားသမားခေါ်ယူမှုဖြစ်လာမှာဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းအနေနဲ့ သူတို့ အသင်းရဲ့တသက်တာထိပ်တန်းဂိုးသွင်းရှင် ခရစ်စတီယာနိုရော်နယ်ဒို ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၇ ကိုသာ ဝတ်ဆင်ကစားစေမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် မက်ဒရစ်အသင်းဟာ စီ ရော်နယ်ဒိုရဲ့ ကွပ်လက်ကို ဟာဇက်နဲ့ ဖြည့်ဆည်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ဟာ သိသာထင်ရှားလွန်းနေပြီး ဟာဇက်တစ်ယောက် အဆိုပါ တာဝန်ရဲ့ ဖိအားဒါဏ်ကို ခံနိုင်ရည်ရှိမရှိ စောင့်ကြည့်ရလိမ့်မယ်လို့ မီဒီယာတွေက သုံးသပ်နေကြပါတယ်။

ဒါ့အပြင် ဟာဇက်ရဲ့အဖြစ်ချင်ဆုံးဆန္ဒဟာ သူ့စိတ်ကြိုက်ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ကစားခွင့်ရချင်တာဖြစ်ပေမယ့် လက်ရှိ ရီးရဲမက်ဒရစ်အသင်းမှာ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်နေသူဟာ ဘလွန်းဒီအော်ဆုရှင် လူကာမိုဒရစ်ဖြစ်နေတာကြောင့် ဟာဇက်ရဲ့ ဆန္ဒကို မလိုက်လျောဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဟာဇက်ကို နံပါတ် ၁၀ ကျောနံပါတ်ကို ပေးလိုက်ခြင်းအားဖြင့် အသင်းရဲ့ကစားသမားတွေကြားက လိုက်လျောညီထွေမှုကို ခြိမ်းခြောက်မှုဖြစ်လာနိုင်တဲ့အခြေအနေမျိုးဖြစ်လာမှာကိုလည်း စိုးရိမ်မှုရှိနေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုရဲ့ ကျောနံပါတ် ၇ ကို မာရီယာနိုဒိုင်ယက်ဇ်က ဝတ်ဆင်ကစားနေပြီး မာရီယာနိုဒိုင်ယက်ဇ်အနေနဲ့ အီဒင်ဟာဇက် ရောက်ရှိလာမယ်ဆိုရင် ၎င်းရဲ့ကျောနံပါတ် ၇ ကို လိုလိုလားလားပေးအပ်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။
Ref: The Sun



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!