ဂ်ိမ္းစ္ မက္ဒီဆင္ကို ေခၚယူဖို႔ ၾကိဳးပမ္းလာတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းရဲ႕ နည္းျပ အူႏုိင္း အမ္မရီဟာ ယူရုိပါလိဂ္ဖလားကို လက္လႊတ္ခဲ့ရျပီးတဲ့ေနာက္မွာ အသင္းရဲ႕ ကြင္းလယ္တုိက္စစ္ပိုင္းကို ျပဳျပင္ဖို႔အတြက္ စတင္ျပင္ဆင္ေနျပီျဖစ္ျပီး လက္စတာစီးတီးအသင္းက ကြင္းလယ္တုိက္စစ္ ၾကယ္ပြင့္ ဂ်ိမ္းစ္ မက္ဒီဆင္ကို ေခၚယူဖို႔ ခ်ဥ္းကပ္မႈ စတင္ျပဳလုပ္ေနျပီျဖစ္တယ္လို႔ Daily Mail သတင္းစာက ေဖာ္ျပခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ေျခစြမ္းမတည္ျငိမ္မႈေၾကာင့္ တစ္ရာသီလံုး ေဝဖန္ခံေနရတဲ့ အုိေဇးလ္ကို အသင္းကေန ေရာင္းထုတ္ဖို႔ စီစဥ္ေနျပီး မက္ဒီဆင္ကို ခ်ဥ္းကပ္ေနတာဟာ အိုေဇးလ္ရဲ႕ ေနရာကို အစားထိုးဖို႔ ရည္ရြယ္ခ်က္ေၾကာင့္ျဖစ္တယ္လုိ႔ သတင္းေတြကဆိုပါတယ္။

အာဆင္နယ္အသင္းဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့တာေၾကာင့္ အေျပာင္းအေရႊ႕ ဘက္ဂ်က္ ေပါင္ ၄၅ သန္း သာ ရရွိလိမ့္မယ္လို႔ မီဒီယာေတြက ေဖာ္ျပေနေၾကေပမယ့္ အသင္းရဲ႕ ဒါရိုက္တာ ရာအူးလ္ ဆန္လက္ဟီနဲ႔ နည္းျပ အမ္မရီတို႔ကေတာ့ သူတို႔အသင္းဟာ ထိပ္တန္း ေခၚယူမႈေတြ ျပဳလုပ္သြားမွာျဖစ္တယ္လုိ႔ အတည္ျပဳေျပာဆိုထားပါတယ္။

ျပီးခဲ့တဲ့ရာသီတုန္းကမွ ေနာ္ဝစ္ခ်္အသင္းကေန လက္စတာစီးတီးအသင္းထံကို ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၂၀ နဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ မက္ဒီဆင္ဟာ ပရီးမီးယားလိဂ္မွာ အထူးေျခစြမ္းျပသႏုိင္ခဲ့သူျဖစ္ျပီး မန္ယူ၊ လီဗာပူးလ္နဲ႔ စပါးအသင္းတို႔ရဲ႕ မ်က္စိက်ျခင္းကို ခံခဲ့ရသူျဖစ္ပါတယ္။

လက္စတာစီးတီးအသင္းအတြက္ ၃၆ ပြဲပါဝင္ကစားေပးထားျပီး ၇ ဂိုးသြင္းကာ ၇ ဂိုးဖန္တီးေပးထားတဲ့ မက္ဒီဆင္ဟာ အမ္မရီ ပစ္မွတ္ထားေနတဲ့ ထိပ္တန္းပစ္မွတ္ေတြထဲက တစ္ဦးျဖစ္ေနျပီး လက္ရွိအခ်ိန္မွာေတာ့ ဆက္သြယ္ခ်ဥ္းကပ္မႈ စတင္ျပဳလုပ္ထားျပီးျဖစ္ပါတယ္။ အဆုိပါကစားသမားအတြက္ ထိုက္တန္တဲ့ ေျပာင္းေရႊ႕ေၾကး ရရွိရင္ လက္စတာစီးတီးအသင္းဘက္ကလည္း ေရာင္းခ်ဖို႔ စိတ္ကူးရွိေနျပီး ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၆၀ အထိ ေတာင္းဆိုဖြယ္ရွိေနတယ္လုိ႔ သတင္းေတြက Express ရဲ႕ သတင္းတစ္ရပ္ကလည္း ဆိုပါတယ္။

နည္းျပ အမ္မရီဟာ မက္ဒီဆင္အျပင္ ျပီးခဲ့တဲ့ရာသီတုန္းက ပရီးမီးယားလိဂ္မွာ ေျခစြမ္းေကာင္းျပသႏုိင္ခဲ့တဲ့ ဘုန္းေမာက္သ္ကြင္းလယ္လူ ဖေရဆာနဲ႔ ခရစၥတယ္ပဲေလ့စ္ေတာင္ပံကစားသမား ဝီးလ္ဖရက္ ဇာဟာတို႔ကိုလည္း ေခၚယူဖုိ႔ ၾကိဳးစားေနပါတယ္။
Ref: Daily Mail, Express

 

Unicode

 

အာဆင်နယ်အသင်းရဲ့ နည်းပြ အူနိုင်း အမ်မရီဟာ ယူရိုပါလိဂ်ဖလားကို လက်လွှတ်ခဲ့ရပြီးတဲ့နောက်မှာ အသင်းရဲ့ ကွင်းလယ်တိုက်စစ်ပိုင်းကို ပြုပြင်ဖို့အတွက် စတင်ပြင်ဆင်နေပြီဖြစ်ပြီး လက်စတာစီးတီးအသင်းက ကွင်းလယ်တိုက်စစ် ကြယ်ပွင့် ဂျိမ်းစ် မက်ဒီဆင်ကို ခေါ်ယူဖို့ ချဉ်းကပ်မှု စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ Daily Mail သတင်းစာက ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ခြေစွမ်းမတည်ငြိမ်မှုကြောင့် တစ်ရာသီလုံး ဝေဖန်ခံနေရတဲ့ အိုဇေးလ်ကို အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်နေပြီး မက်ဒီဆင်ကို ချဉ်းကပ်နေတာဟာ အိုဇေးလ်ရဲ့ နေရာကို အစားထိုးဖို့ ရည်ရွယ်ချက်ကြောင့်ဖြစ်တယ်လို့ သတင်းတွေကဆိုပါတယ်။

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် အပြောင်းအရွှေ့ ဘက်ဂျက် ပေါင် ၄၅ သန်း သာ ရရှိလိမ့်မယ်လို့ မီဒီယာတွေက ဖော်ပြနေကြေပေမယ့် အသင်းရဲ့ ဒါရိုက်တာ ရာအူးလ် ဆန်လက်ဟီနဲ့ နည်းပြ အမ်မရီတို့ကတော့ သူတို့အသင်းဟာ ထိပ်တန်း ခေါ်ယူမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ အတည်ပြုပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကမှ နော်ဝစ်ချ်အသင်းကနေ လက်စတာစီးတီးအသင်းထံကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မက်ဒီဆင်ဟာ ပရီးမီးယားလိဂ်မှာ အထူးခြေစွမ်းပြသနိုင်ခဲ့သူဖြစ်ပြီး မန်ယူ၊ လီဗာပူးလ်နဲ့ စပါးအသင်းတို့ရဲ့ မျက်စိကျခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းအတွက် ၃၆ ပွဲပါဝင်ကစားပေးထားပြီး ၇ ဂိုးသွင်းကာ ၇ ဂိုးဖန်တီးပေးထားတဲ့ မက်ဒီဆင်ဟာ အမ်မရီ ပစ်မှတ်ထားနေတဲ့ ထိပ်တန်းပစ်မှတ်တွေထဲက တစ်ဦးဖြစ်နေပြီး လက်ရှိအချိန်မှာတော့ ဆက်သွယ်ချဉ်းကပ်မှု စတင်ပြုလုပ်ထားပြီးဖြစ်ပါတယ်။ အဆိုပါကစားသမားအတွက် ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေး ရရှိရင် လက်စတာစီးတီးအသင်းဘက်ကလည်း ရောင်းချဖို့ စိတ်ကူးရှိနေပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ အထိ တောင်းဆိုဖွယ်ရှိနေတယ်လို့ သတင်းတွေက Express ရဲ့ သတင်းတစ်ရပ်ကလည်း ဆိုပါတယ်။

နည်းပြ အမ်မရီဟာ မက်ဒီဆင်အပြင် ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်မှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့တဲ့ ဘုန်းမောက်သ်ကွင်းလယ်လူ ဖရေဆာနဲ့ ခရစ္စတယ်ပဲလေ့စ်တောင်ပံကစားသမား ဝီးလ်ဖရက် ဇာဟာတို့ကိုလည်း ခေါ်ယူဖို့ ကြိုးစားနေပါတယ်။
Ref: Daily Mail, Express



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!