နံနက္ခင္းသတင္းတိုမ်ား

၁။ ရီးရဲလ္မက္ဒရစ္အသင္းဟာ ယခုအေျပာင္းအေရႊ႕ကာလမွာ အသင္းကို အၾကီးအက်ယ္ ေျပာင္းလဲမႈေတြ ျပဳလုပ္သြားဖို႔ ရွိေနျပီး အသင္းမွာ ဆက္ရွိေနဖို႔ အာမခံခ်က္ရွိတဲ့ ကစားသမား ၁၇ ဦးသာရွိတယ္လုိ႔ စပိန္သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ အသင္းမွာ ဆက္ရွိေနဖို႔ အေျခအေနရွိေနတဲ့ ကစားသမားေတြစာရင္းမွာ ရာမုိ႔စ္၊ ကာဗာယယ္၊ အိုဒရီယိုဇိုလာ၊ ဗာရန္း၊ နာခ်ိဳ၊ မာဆယ္လို၊ ကက္စမဲရိုး၊ မိုဒရစ္၊ ကရူးစ္၊ ဗယ္လ္ဗာဒီ၊ ဗက္စ္ကြက္ဇ္၊ အဆန္စီယို၊ ဘန္ဗီမာ၊ ဗီနီးစီးယပ္စ္တို႔နဲ႔ အသင္းကို အသစ္ေရာက္ရွိလာမယ့္ ရိုဒရိုင္ဂို နဲ႔ မီလီတာအိုတုိ႔ပါဝင္တယ္လို႔ သိရပါတယ္။

၂။ အက္သလက္တီကို မက္ဒရစ္အသင္းဟာ ဂရစ္ဇ္မန္းကို ေခၚယူဖို႔ ၾကိဳးပမ္ေနတဲ့ ဘာစီလိုနာအသင္းရဲ႕ အျပဳအမူေတြဟာ စည္းမ်ဥ္းစည္းကမ္းခ်ိဳးေဖာက္မႈေတြ ရွိေနတယ္လုိ႔ ယူဆေနတာေၾကာင့္ တရားရံုကေနတဆင့္ တရားစြဲဆုိဖို႔ ျပင္ဆင္ေနျပီျဖစ္တယ္လုိ႔ သိရပါတယ္။ ဂရစ္ဇ္မန္းဟာ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနေသးေပမယ့္ အသင္းက ထြက္ခြာေတာ့မယ္လို႔ အတိတလင္းထုတ္ေဖာ္ေျပာဆိုထားသူျဖစ္ျပီး ဘာစီလိုနာအသင္းကလည္း ေခၚယူဖို႔ ခ်ိတ္ဆက္မႈျပဳလုပ္ေနပါတယ္။

၃။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဂ်ာမနီ ေတာင္ပံကစားသမား လီရိြဳင္း ဆာေနးကို ေခၚယူဖုိ႔အတြက္ တရားဝင္ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့တာမ်ိဳးမရွိဘူးလို႔ မန္စီးတီးဘက္က ျငင္းဆိုလိုက္ပါတယ္။ ဘြန္ဒက္စ္လီဂါ ခ်န္ပီယံအသင္းဟာ ဆာေနးကို ေပါင္ သန္း ၇၀ နဲ႔ ေခၚယူဖို႔ ကမ္းလွမ္းမႈျပဳလုပ္ထားတယ္လုိ႔ မၾကာေသးခင္ကမွ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

၄။ မန္ယူအသင္းနဲ႔ ခ်ယ္လ္ဆီးအသင္းတုိ႔ဟာ နာပိုလီအသင္းက ညာေနာက္ခံလူ အယ္ေဆယက္ဒ္ ဟိုင္းဆာ့ဂ်္ကို ေခၚယူႏုိင္မယ့္ အခြင့္အလမ္းရွိလာျပီျဖစ္တယ္လုိ႔ အီတလီ မီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။ ဟိုင္းဆာ့ဂ်္က ႏုိင္ငံသစ္ အသင္းသစ္မွာ အေတြ႕အၾကံဳသစ္ေတြ ရယူဖို႔ ဆႏၵရွိေနတယ္လုိ႔ ေျပာဆိုခဲ့ျပီး အသင္းေျပာင္းဖို႔ ဆႏၵရွိေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

၅။ အြန္နရီ၊ ယြန္းဘတ္နဲ႔ ဖာဘရီဂတ္စ္တို႔ဦးေဆာင္တဲ့ အာဆင္နယ္ဂႏၱဝင္ေဟာင္းေတြနဲ႔ အာဆင္နယ္၊ ဆီဗီလာ၊ ရီးရဲလ္၊ ဗလင္စီယာ၊ ဘရိုက္တန္၊ စပါး၊ ဖီနာဘာခ်ီ၊ လီဗာပူးလ္၊ ေအစီမီလန္၊ အိတ္ဇ္ထရီမဒူရာ၊ ေဒါ့မြန္၊ အက္သလက္တီကိုမက္ဒရစ္၊ ရီးရဲလ္ဘက္တစ္စတဲ့ ေဘာလံုးအသင္းေတြဟာ ေမာ္ေတာ္ယာဥ္မေတာ္တဆ မႈေၾကာင့္ ဆံုးပါးသြားတဲ့ စပိန္တုိက္စစ္မွဴးေဟာင္း ဟိုေဆး အန္တုိနီယို ေရးယက္စ္အတြက္ ဝမ္းနည္းေၾကာင္း စကားေျပာဆိုခဲ့ၾကပါတယ္။

၆။ ေအစီမီလန္အသင္းဟာ သူတို႔အသင္းရဲ႕ နည္းစနစ္ ဒါရိုက္တာ ရာထူးအတြက္ အသင္းရဲ႕ ဂႏၱဝင္ ခံံစစ္မွဴးေဟာင္း ေပၚလို မာလ္ဒီနီကို ကမ္းလွမ္းလိုက္ျပီျဖစ္ပါတယ္။

၇။ မန္ခ်က္စတာ ယူႏုိက္တက္အသင္းဟာ အာဆင္နယ္အသင္းထံ ေျပာင္းေရႊ႕ျဖစ္ဖို႔ နီးစပ္ေနတယ္လို႔ သတင္းေတြထြက္ေနတဲ့ ပီအက္စ္ဂ်ီ ညာေနာက္ခံလူ ေသာမတ္စ္ မူနီယာကို ၾကားဝင္ ေခၚယူႏုိင္ဖို႔ ၾကိဳးပမ္းေနျပီး အခြင့္အေရးေကာင္းေနေၾကာင္း The Mirror သတင္းစာက ေဖာ္ျပခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ ကစားသမားရဲ႕ ကိုယ္စားလွယ္ေတြနဲ႔ ေဆြးေႏြးေနျပီျဖစ္သလို နည္းျပ အမ္မရီကိုယ္တုိင္ကလည္း မူနီယာကို တုိက္ရိုက္စည္းရံုးေနျပီး ယူရို သန္း ၂၀ ဝန္းက်င္နဲ႔ အျပီးသတ္ ေခၚယူႏုိင္ဖို႔ ၾကိဳးပမ္းေနေပမယ့္ မန္ယူအသင္းကေတာ့ ယူရို သန္း ၃၀ အထိေပးေခ်ျပီး ေခၚယူဖို႔ ၾကိဳးပမ္းလာတာျဖစ္ပါတယ္။

၈။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ သူတို႔အသင္းကေန ထြက္ခြာခ်င္ေနတဲ့ ေနာက္ခံလူ ဂ်ရုမ္း ဘိုတန္အတြက္ ေျပာင္းေရႊ႕ေၾကး ယူရို သန္း ၂၀ ဝန္းက်င္ေလာက္ ရရွိရင္ေတာင္ လက္လႊတ္ေရာင္းခ်ေဖို႔ ဆံုးျဖတ္လိုက္ျပီျဖစ္တယ္လုိ႔ Bild သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ အဆုိပါ ကစားသမားကိုေခၚယူဖို႔ အာဆင္နယ္၊ မန္ယူ၊ ပီအက္စ္ဂ်ီနဲ႔ ဂ်ဴဗင္တပ္အသင္းေတြက စိတ္ဝင္စားေနပါတယ္။

၉။ ေပၚလို ဒီဘာလာနဲ႔ ေမာ္ရို အီကာဒီတုိ႔ကို တိုက္ရိုက္ အလဲအထပ္ျပဳလုပ္ဖို႔ အင္တာမီလန္အသင္းနဲ႔ ဂ်ဴဗင္တပ္အသင္းတို႔အၾကား ေဆြးေႏြးမႈ စတင္ေနျပီျဖစ္တယ္လုိ႔ Gazzetta dello Sport က ေဖာ္ျပခဲ့ပါတယ္။ အဆုပါ ကစားသမား ၂ ဦးလံုးဟာ သက္ဆုိင္ရာ အသင္းေတြကေန ထြက္ခြာဖို႔ စိတ္ဆႏၵရွိေနတယ္လို႔ သတင္းၾကီးေနသူေတြျဖစ္ပါတယ္။

၁၀။ လီဗာပူးလ္တုိက္စစ္ကစားသမား မိုဟာမက္ ဆာလာက ရိုးမားအသင္းေဖာ္ေဟာင္း ဒန္နီယယ္လီ ဒီ ေရာ့စီနဲ႔ လီဗာပူးလ္အသင္းမွာ တြဲဖက္ကစားလိုေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဆာလာနဲ႔ ရိုးမားအသင္းမွာ ၂ ရာသီၾကာ တြဲဖက္ကစားခဲ့ဖူးတဲ့ အသက္ ၃၅ ႏွစ္အရြယ္ ကြင္းလယ္လူ ဒီေရာ့စီဟာ ရိုးမားအသင္းနဲ႔ မၾကာေသးခင္ကမွ လမ္းခြဲထားသူျဖစ္ျပီး ကစားသမားဘဝကေန အနားမယူခင္မွာ ေရျခားေျမျခားမွာ အေတြ႕အၾကံဳသစ္ ရွာေဖြဖို႔ စိတ္ဆႏၵရွိေနသူျဖစ္ပါတယ္။

 

Unicode

 

၁။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ယခုအပြောင်းအရွှေ့ကာလမှာ အသင်းကို အကြီးအကျယ် ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့ ရှိနေပြီး အသင်းမှာ ဆက်ရှိနေဖို့ အာမခံချက်ရှိတဲ့ ကစားသမား ၁၇ ဦးသာရှိတယ်လို့ စပိန်သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အသင်းမှာ ဆက်ရှိနေဖို့ အခြေအနေရှိနေတဲ့ ကစားသမားတွေစာရင်းမှာ ရာမို့စ်၊ ကာဗာယယ်၊ အိုဒရီယိုဇိုလာ၊ ဗာရန်း၊ နာချို၊ မာဆယ်လို၊ ကက်စမဲရိုး၊ မိုဒရစ်၊ ကရူးစ်၊ ဗယ်လ်ဗာဒီ၊ ဗက်စ်ကွက်ဇ်၊ အဆန်စီယို၊ ဘန်ဗီမာ၊ ဗီနီးစီးယပ်စ်တို့နဲ့ အသင်းကို အသစ်ရောက်ရှိလာမယ့် ရိုဒရိုင်ဂို နဲ့ မီလီတာအိုတို့ပါဝင်တယ်လို့ သိရပါတယ်။

၂။ အက်သလက်တီကို မက်ဒရစ်အသင်းဟာ ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ ကြိုးပမ်နေတဲ့ ဘာစီလိုနာအသင်းရဲ့ အပြုအမူတွေဟာ စည်းမျဉ်းစည်းကမ်းချိုးဖောက်မှုတွေ ရှိနေတယ်လို့ ယူဆနေတာကြောင့် တရားရုံကနေတဆင့် တရားစွဲဆိုဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ ဂရစ်ဇ်မန်းဟာ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့် အသင်းက ထွက်ခွာတော့မယ်လို့ အတိတလင်းထုတ်ဖော်ပြောဆိုထားသူဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း ခေါ်ယူဖို့ ချိတ်ဆက်မှုပြုလုပ်နေပါတယ်။

၃။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမနီ တောင်ပံကစားသမား လီရွိုင်း ဆာနေးကို ခေါ်ယူဖို့အတွက် တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာမျိုးမရှိဘူးလို့ မန်စီးတီးဘက်က ငြင်းဆိုလိုက်ပါတယ်။ ဘွန်ဒက်စ်လီဂါ ချန်ပီယံအသင်းဟာ ဆာနေးကို ပေါင် သန်း ၇၀ နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုပြုလုပ်ထားတယ်လို့ မကြာသေးခင်ကမှ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

၄။ မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ နာပိုလီအသင်းက ညာနောက်ခံလူ အယ်ဆေယက်ဒ် ဟိုင်းဆာ့ဂျ်ကို ခေါ်ယူနိုင်မယ့် အခွင့်အလမ်းရှိလာပြီဖြစ်တယ်လို့ အီတလီ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဟိုင်းဆာ့ဂျ်က နိုင်ငံသစ် အသင်းသစ်မှာ အတွေ့အကြုံသစ်တွေ ရယူဖို့ ဆန္ဒရှိနေတယ်လို့ ပြောဆိုခဲ့ပြီး အသင်းပြောင်းဖို့ ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

၅။ အွန်နရီ၊ ယွန်းဘတ်နဲ့ ဖာဘရီဂတ်စ်တို့ဦးဆောင်တဲ့ အာဆင်နယ်ဂန္တဝင်ဟောင်းတွေနဲ့ အာဆင်နယ်၊ ဆီဗီလာ၊ ရီးရဲလ်၊ ဗလင်စီယာ၊ ဘရိုက်တန်၊ စပါး၊ ဖီနာဘာချီ၊ လီဗာပူးလ်၊ အေစီမီလန်၊ အိတ်ဇ်ထရီမဒူရာ၊ ဒေါ့မွန်၊ အက်သလက်တီကိုမက်ဒရစ်၊ ရီးရဲလ်ဘက်တစ်စတဲ့ ဘောလုံးအသင်းတွေဟာ မော်တော်ယာဉ်မတော်တဆ မှုကြောင့် ဆုံးပါးသွားတဲ့ စပိန်တိုက်စစ်မှူးဟောင်း ဟိုဆေး အန်တိုနီယို ရေးယက်စ်အတွက် ဝမ်းနည်းကြောင်း စကားပြောဆိုခဲ့ကြပါတယ်။

၆။ အေစီမီလန်အသင်းဟာ သူတို့အသင်းရဲ့ နည်းစနစ် ဒါရိုက်တာ ရာထူးအတွက် အသင်းရဲ့ ဂန္တဝင် ခံံစစ်မှူးဟောင်း ပေါ်လို မာလ်ဒီနီကို ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။

၇။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖြစ်ဖို့ နီးစပ်နေတယ်လို့ သတင်းတွေထွက်နေတဲ့ ပီအက်စ်ဂျီ ညာနောက်ခံလူ သောမတ်စ် မူနီယာကို ကြားဝင် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပြီး အခွင့်အရေးကောင်းနေကြောင်း The Mirror သတင်းစာက ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးနေပြီဖြစ်သလို နည်းပြ အမ်မရီကိုယ်တိုင်ကလည်း မူနီယာကို တိုက်ရိုက်စည်းရုံးနေပြီး ယူရို သန်း ၂၀ ဝန်းကျင်နဲ့ အပြီးသတ် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပေမယ့် မန်ယူအသင်းကတော့ ယူရို သန်း ၃၀ အထိပေးချေပြီး ခေါ်ယူဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။

၈။ ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့အသင်းကနေ ထွက်ခွာချင်နေတဲ့ နောက်ခံလူ ဂျရုမ်း ဘိုတန်အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ ဝန်းကျင်လောက် ရရှိရင်တောင် လက်လွှတ်ရောင်းချဖေို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ Bild သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဆိုပါ ကစားသမားကိုခေါ်ယူဖို့ အာဆင်နယ်၊ မန်ယူ၊ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်အသင်းတွေက စိတ်ဝင်စားနေပါတယ်။

၉။ ပေါ်လို ဒီဘာလာနဲ့ မော်ရို အီကာဒီတို့ကို တိုက်ရိုက် အလဲအထပ်ပြုလုပ်ဖို့ အင်တာမီလန်အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့အကြား ဆွေးနွေးမှု စတင်နေပြီဖြစ်တယ်လို့ Gazzetta dello Sport က ဖော်ပြခဲ့ပါတယ်။ အဆုပါ ကစားသမား ၂ ဦးလုံးဟာ သက်ဆိုင်ရာ အသင်းတွေကနေ ထွက်ခွာဖို့ စိတ်ဆန္ဒရှိနေတယ်လို့ သတင်းကြီးနေသူတွေဖြစ်ပါတယ်။

၁၀။ လီဗာပူးလ်တိုက်စစ်ကစားသမား မိုဟာမက် ဆာလာက ရိုးမားအသင်းဖော်ဟောင်း ဒန်နီယယ်လီ ဒီ ရော့စီနဲ့ လီဗာပူးလ်အသင်းမှာ တွဲဖက်ကစားလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဆာလာနဲ့ ရိုးမားအသင်းမှာ ၂ ရာသီကြာ တွဲဖက်ကစားခဲ့ဖူးတဲ့ အသက် ၃၅ နှစ်အရွယ် ကွင်းလယ်လူ ဒီရော့စီဟာ ရိုးမားအသင်းနဲ့ မကြာသေးခင်ကမှ လမ်းခွဲထားသူဖြစ်ပြီး ကစားသမားဘဝကနေ အနားမယူခင်မှာ ရေခြားမြေခြားမှာ အတွေ့အကြုံသစ် ရှာဖွေဖို့ စိတ်ဆန္ဒရှိနေသူဖြစ်ပါတယ်။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!