အာဆင္နယ္သတင္းတိုမ်ား

၁။ ေရွာ္လ္ေကးအသင္းဟာ အာဆင္နယ္အသင္းမွာကစားေနတဲ့ သူတို႔ရဲ႕ ခံစစ္မွဴးေဟာင္း ဆိဒ္ ကိုလာဆီနက္ကို ျပန္လည္ ေခၚယူဖုိ႔ ၾကိဳးပမ္းလာေနျပီျဖစ္ပါတယ္။ Bild ရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္း ဘယ္နာက္ခံ ကစားသမားသစ္ ေခၚယူအားျဖည့္သြားဖုိ႔ စီစဥ္ေနတာမို႔ ေရွာ္လ္ေကးက ကိုလာစီနက္ကို ေခၚယူဖို႔ ျပန္လည္ၾကိဳးပမ္းလာတာျဖစ္ပါတယ္။

၂။ အာဆင္နယ္အသင္းရဲ႕ နည္းျပ အူႏုိင္း အမ္မရီဟာ အသင္းရဲ႕ ကြင္းလယ္တုိက္စစ္ေနရာကို အားျဖည့္ဖို႔ တပည့္ေဟာင္း ဂီယိုဗန္နီ လိုဆယ္ဆုိကို ေခၚယူခ်င္ေနပါတယ္။ လိုဆယ္လ္ဆိုဟာ ပီအက္စ္ဂ်ီအသင္းမွာတုန္းက အမ္မရီ ေျမေတာင္ေျမွာက္ေပးခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္ျပီး အမ္မရီထြက္ခြာသြားခ်ိန္မွာ နည္းျပသစ္ တူခ်ယ္က ဘက္တစ္အသင္းထံ ထုတ္ေရာင္းခဲ့တာျဖစ္ပါတယ္။

၃။ အာဆင္နယ္အသင္းရဲ႕ ေနာက္ခံလူေဟာင္း ေလာ္ရန္က စိန္႔အန္တီယန္အသင္းက လူငယ္ခံစစ္မွဴး ဝီလီယံ ဆာလီဘာဟာ ထိပ္တန္းကစားသမားတစ္ဦးျဖစ္လာမယ့္ကစားသမားျဖစ္တယ္လုိ႔ ခ်ီးမြမ္းခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ အဆုိပါ လူငယ္ခံစစ္မွဴးေလးကို ေခၚယူဖို႔ ျပင္သစ္ကလပ္ထံ ခ်ဥ္းကပ္ေနျပီး စိန္႔အန္တီယန္ဘက္ကေတာ့ ေျပာင္းေရႊ႕ေၾကး ယူရို သန္း ၃၀ အလိုရွိေနပါတယ္။

၄။ အာဆင္နယ္အသင္းရဲ႕ နည္းျပ အူႏိုင္း အမ္မရီဟာ တပည့္ေဟာင္းျဖစ္တဲ့ ပီအက္စ္ဂ်ီ ညာေနာက္ခံလူ ေသာမတ္စ္ မူနီယာကို ေခၚယူုဖိ႔အတြက္ ကိုယ္တုိင္ စည္းရံုးသိမ္းသြင္းေနတယ္လို႔ ျပင္သစ္မီဒီယာ RMC က ေဖာ္ျပလိုက္ပါတယ္။ မူနီယာကို ေခၚယူဖုိ႔ အာဆင္နယ္အသင္းနဲ႔ မန္ယူအသင္းတို႔က အျပိဳင္ၾကိဳးကမ္းေနတာျဖစ္ျပီး အာဆင္နယ္အသင္းက ေပါင္ ၁၈ သန္းနဲ႔ ေခၚယူႏုိင္ဖို႔ နီးစပ္ေနျပီျဖစ္ပါတယ္။

၅။ အာဆင္နယ္အသင္းနဲ႔ စပါးအသင္းတို႔ရဲ႕ ပစ္မွတ္ျဖစ္တဲ့ ေအဂ်က္စ္ ကြင္းလယ္လူ ဒြန္နီ ဗန္ဒီဘိခ္ရဲ႕ ဖခင္ျဖစ္သူက သူသူ႕ရဲ႕ သားကို အသင္းၾကီးတစ္သင္းက ကမ္းလွမ္းမႈျပဳလုပ္ထားျပီး သူ႔သားကိုယ္တုိင္ကလည္း ေျပာင္းေရႊ႕ကစားဖို႔ စိတ္ဆႏၵရွိေနတယ္လုိ႔ ထုတ္ေဖာ္ေျပာဆိုလုိက္ပါတယ္။

၆။ လက္စတာစီးတီးအသင္းဟာ အာဆင္နယ္အသင္းရဲ႕ ပစ္မွတ္ကစားသမားတစ္ဦးျဖစ္တဲ့ ဗလင္စီယာ လူငယ္ေတာင္ပံကစားသမား ဖာရန္ ေတာရက္စ္ကို ေခၚယူဖို႔ ဝင္ေရာက္ၾကိဳးပမ္းလာေနျပီျဖစ္ပါတယ္။ Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ ေပါင္ ၂၅ သန္း တန္ေၾကးရွိျပီး အသက္ ၁၉ ႏွစ္အရြယ္သာရွိေသးတဲ့ အဆုိပါကစားသမားကို အာဆင္နယ္၊လက္စတာတုိ႔အျပင္ ေဒါ့မြန္၊ အက္သလက္တီကို မက္ဒရစ္တို႔ကလည္း မ်က္စိက်ကနပါတယ္။

၇။ အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ေဟာင္း ဖာဘရီဂတ္စ္က လက္ရွိကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ဟာ အသင္းကို ဦးေဆာင္ႏုိင္သူမဟုတ္ဘူးလို႔ ေဝဖန္လိုက္ပါတယ္။ ယူရိုပါလိဂ္ဖိုင္နယ္ပြဲစဥ္မွာ ၇၇ မိနစ္ ပါဝင္ကစားခဲ့ေပမယ့္ အခြင့္အေရး ဖန္တီးမႈ ၁ ၾကိမ္သာ ျပဳလုပ္ႏုိင္ခဲ့ျပီး ဂိုးေပါက္ ကန္သြင္းမႈတစ္ၾကိမ္မွ မျပဳလုပ္ႏုိင္ခဲ့တဲ့အထိ ေျခစြမ္းဆိုးရြားခဲ့တဲ့ အုိေဇးလ္ကို အာဆင္နယ္အသင္းရဲ႕ ဂႏၱဝင္ေတြအပါအဝင္ ေဘာလံုးကၽြမ္းက်င္သူေတြက အျပင္းအထန္ ေဝဖန္ေနၾကပါတယ္။ “သူ ရီးရဲလ္မွာတုန္းက ထိပ္တန္းကစားသမားေတြ ဝန္ရံျပီး ကစားရတာပါ။ ေဘာလံုးသမုိင္းမွာ အေကာင္းဆံုးဆိုတဲ့ စီ ေရာ္နယ္ဒိုကို ပံ့ပိုးေပးရတာပါ။ မီဆြတ္က ထိပ္တန္းကစားသမားပါ။ ဒါေပမယ့္ ဘုိင္ယန္၊ ဘာစီလိုနာ၊ ရီးရဲလ္တို႔လိုအသင္းေတြမွာဆိုရင္ ခင္ဗ်ားဘာလဲဆုိတာကို နည္းနည္းပိုထုတ္ျပရံုပါပဲ။ အာဆင္နယ္က သူ႔ကို ဝန္းရံကစားျပီး အသင္းကို သူက ဦးေဆာင္ႏိုင္ဖို႔ ဝယ္ယူခဲ့တာပါ။ သူ ဒီလို စြမ္းေဆာင္ျပခဲ့တယ္လို႔ ကၽြန္ေတာ္ မျမင္မိပါဘူး။ သူကိုယ္တုိင္လည္း ေခါင္းေဆာင္ေကာင္းျဖစ္ခ်င္စိတ္မရွိပံုပါပဲ” လို႔ ဖာဘရီဂတ္စ္က BT Sport နဲ႔ အင္တာဗ်ဴးမွာ ေျပာဆိုခဲ့ပါတယ္။

၈။ ဘာစီလိုနာအသင္းရဲ႕ ကြင္းလယ္လူ အန္ဒေရ ဂိုမက္စ္ကို ေခၚယူဖို႔ ၾကိဳးပမ္းေနမႈကေန စပါးအသင္း ႏႈတ္ထြက္သြားျပီျဖစ္တယ္လုိ႔ Sky Sport က ေဖာ္ျပလိုက္ပါတယ္။ ဒါေၾကာင့္ အဆုိပါ ေပၚတူဂီကြင္းလယ္လူကို ေခၚယူဖုိ႔ ၾကိဳးပမ္းနတဲ့ အာဆင္နယ္အသင္းအေနနဲ႔ ေခၚယူခြင့္ အခြင့္အေရးပိုမို အားေကာင္းလာေနျပီျဖစ္ပါတယ္။

 

Unicode

 

၁။ ရှော်လ်ကေးအသင်းဟာ အာဆင်နယ်အသင်းမှာကစားနေတဲ့ သူတို့ရဲ့ ခံစစ်မှူးဟောင်း ဆိဒ် ကိုလာဆီနက်ကို ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းလာနေပြီဖြစ်ပါတယ်။ Bild ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်း ဘယ်နာက်ခံ ကစားသမားသစ် ခေါ်ယူအားဖြည့်သွားဖို့ စီစဉ်နေတာမို့ ရှော်လ်ကေးက ကိုလာစီနက်ကို ခေါ်ယူဖို့ ပြန်လည်ကြိုးပမ်းလာတာဖြစ်ပါတယ်။

၂။ အာဆင်နယ်အသင်းရဲ့ နည်းပြ အူနိုင်း အမ်မရီဟာ အသင်းရဲ့ ကွင်းလယ်တိုက်စစ်နေရာကို အားဖြည့်ဖို့ တပည့်ဟောင်း ဂီယိုဗန်နီ လိုဆယ်ဆိုကို ခေါ်ယူချင်နေပါတယ်။ လိုဆယ်လ်ဆိုဟာ ပီအက်စ်ဂျီအသင်းမှာတုန်းက အမ်မရီ မြေတောင်မြှောက်ပေးခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အမ်မရီထွက်ခွာသွားချိန်မှာ နည်းပြသစ် တူချယ်က ဘက်တစ်အသင်းထံ ထုတ်ရောင်းခဲ့တာဖြစ်ပါတယ်။

၃။ အာဆင်နယ်အသင်းရဲ့ နောက်ခံလူဟောင်း လော်ရန်က စိန့်အန်တီယန်အသင်းက လူငယ်ခံစစ်မှူး ဝီလီယံ ဆာလီဘာဟာ ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာမယ့်ကစားသမားဖြစ်တယ်လို့ ချီးမွမ်းခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အဆိုပါ လူငယ်ခံစစ်မှူးလေးကို ခေါ်ယူဖို့ ပြင်သစ်ကလပ်ထံ ချဉ်းကပ်နေပြီး စိန့်အန်တီယန်ဘက်ကတော့ ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ အလိုရှိနေပါတယ်။

၄။ အာဆင်နယ်အသင်းရဲ့ နည်းပြ အူနိုင်း အမ်မရီဟာ တပည့်ဟောင်းဖြစ်တဲ့ ပီအက်စ်ဂျီ ညာနောက်ခံလူ သောမတ်စ် မူနီယာကို ခေါ်ယူုဖိ့အတွက် ကိုယ်တိုင် စည်းရုံးသိမ်းသွင်းနေတယ်လို့ ပြင်သစ်မီဒီယာ RMC က ဖော်ပြလိုက်ပါတယ်။ မူနီယာကို ခေါ်ယူဖို့ အာဆင်နယ်အသင်းနဲ့ မန်ယူအသင်းတို့က အပြိုင်ကြိုးကမ်းနေတာဖြစ်ပြီး အာဆင်နယ်အသင်းက ပေါင် ၁၈ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

၅။ အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ရဲ့ ပစ်မှတ်ဖြစ်တဲ့ အေဂျက်စ် ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိခ်ရဲ့ ဖခင်ဖြစ်သူက သူသူ့ရဲ့ သားကို အသင်းကြီးတစ်သင်းက ကမ်းလှမ်းမှုပြုလုပ်ထားပြီး သူ့သားကိုယ်တိုင်ကလည်း ပြောင်းရွှေ့ကစားဖို့ စိတ်ဆန္ဒရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

၆။ လက်စတာစီးတီးအသင်းဟာ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ကစားသမားတစ်ဦးဖြစ်တဲ့ ဗလင်စီယာ လူငယ်တောင်ပံကစားသမား ဖာရန် တောရက်စ်ကို ခေါ်ယူဖို့ ဝင်ရောက်ကြိုးပမ်းလာနေပြီဖြစ်ပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ ပေါင် ၂၅ သန်း တန်ကြေးရှိပြီး အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ အဆိုပါကစားသမားကို အာဆင်နယ်၊လက်စတာတို့အပြင် ဒေါ့မွန်၊ အက်သလက်တီကို မက်ဒရစ်တို့ကလည်း မျက်စိကျကနပါတယ်။

၇။ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ဖာဘရီဂတ်စ်က လက်ရှိကွင်းလယ်လူ မီဆွတ် အိုဇေးလ်ဟာ အသင်းကို ဦးဆောင်နိုင်သူမဟုတ်ဘူးလို့ ဝေဖန်လိုက်ပါတယ်။ ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်မှာ ၇၇ မိနစ် ပါဝင်ကစားခဲ့ပေမယ့် အခွင့်အရေး ဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက် ကန်သွင်းမှုတစ်ကြိမ်မှ မပြုလုပ်နိုင်ခဲ့တဲ့အထိ ခြေစွမ်းဆိုးရွားခဲ့တဲ့ အိုဇေးလ်ကို အာဆင်နယ်အသင်းရဲ့ ဂန္တဝင်တွေအပါအဝင် ဘောလုံးကျွမ်းကျင်သူတွေက အပြင်းအထန် ဝေဖန်နေကြပါတယ်။ “သူ ရီးရဲလ်မှာတုန်းက ထိပ်တန်းကစားသမားတွေ ဝန်ရံပြီး ကစားရတာပါ။ ဘောလုံးသမိုင်းမှာ အကောင်းဆုံးဆိုတဲ့ စီ ရော်နယ်ဒိုကို ပံ့ပိုးပေးရတာပါ။ မီဆွတ်က ထိပ်တန်းကစားသမားပါ။ ဒါပေမယ့် ဘိုင်ယန်၊ ဘာစီလိုနာ၊ ရီးရဲလ်တို့လိုအသင်းတွေမှာဆိုရင် ခင်ဗျားဘာလဲဆိုတာကို နည်းနည်းပိုထုတ်ပြရုံပါပဲ။ အာဆင်နယ်က သူ့ကို ဝန်းရံကစားပြီး အသင်းကို သူက ဦးဆောင်နိုင်ဖို့ ဝယ်ယူခဲ့တာပါ။ သူ ဒီလို စွမ်းဆောင်ပြခဲ့တယ်လို့ ကျွန်တော် မမြင်မိပါဘူး။ သူကိုယ်တိုင်လည်း ခေါင်းဆောင်ကောင်းဖြစ်ချင်စိတ်မရှိပုံပါပဲ” လို့ ဖာဘရီဂတ်စ်က BT Sport နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

၈။ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ အန်ဒရေ ဂိုမက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေမှုကနေ စပါးအသင်း နှုတ်ထွက်သွားပြီဖြစ်တယ်လို့ Sky Sport က ဖော်ပြလိုက်ပါတယ်။ ဒါကြောင့် အဆိုပါ ပေါ်တူဂီကွင်းလယ်လူကို ခေါ်ယူဖို့ ကြိုးပမ်းနတဲ့ အာဆင်နယ်အသင်းအနေနဲ့ ခေါ်ယူခွင့် အခွင့်အရေးပိုမို အားကောင်းလာနေပြီဖြစ်ပါတယ်။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!