လာလီဂါႏွင့္ စီးရီးေအသတင္းတိုမ်ား

၁။ နယ္သာလန္သတင္းစာ De Telegraaf ရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ကြင္းလယ္လူ မာတင္ အိုဒီဂတ္နဲ႔ ေအဂ်က္စ္အသင္းရဲ႕ အားကစားဒါရိုက္တာ မာ့ခ္ အိုဗားမားစ္တို႔အၾကား သီးျခားေဆြးေႏြးမႈ ျပဳလုပ္ခဲ့တယ္လုိ႔ သိရပါတယ္။ ေအဂ်က္စ္အသင္းဟာ ေနာ္ေဝလက္ေရြးစင္ လူငယ္ၾကယ္ပြင့္ အိုဒီဂတ္ကို ၂ ရာသီအငွားစာခ်ဳပ္နဲ႔ ေခၚယူႏုိင္ဖို႔ ၾကိဳးပမ္းေနတာျဖစ္ပါတယ္။ အိုဒီဂတ္ဟာ ျပီးခဲ့တဲ့ရာသီတုန္းက နယ္သာလန္အမွတ္ေပးျပိဳင္ပြဲဝင္ ဗီတက္ဆီအသင္းမွာ အငွားလာေရာက္ကစားခဲ့ဖူးျပီး ၉ ဂိုးသြင္းယူကာ ၁၂ ဂိုးဖန္တီးေပးႏုိင္ခဲ့ပါတယ္။

၂။ ရီးရဲလ္မက္ဒရစ္အသင္းဟာ ခ်ယ္လ္ဆီးကြင္းလယ္လူ အီဒင္ ဟာဇက္ကို ေခၚယူဖို႔အတြက္ ေျပာင္းေရႊ႕ေၾကး ျမွင့္တင္ကမ္းလွမ္းဖို႔ ျပင္ဆင္လာေနျပီျဖစ္ပါတယ္။ မက္ဒရစ္အသင္းဟာ ဟာဇက္အတြက္ ေပါင္ ၁၀၆ သန္းအထိ ေပးေခ်သြားဖို႔ ရွိေနတယ္လုိ႔ Telegraph သတင္းစာက ေဖာ္ျပခဲ့ပါတယ္။ ျပီးခဲ့တဲ့ တစ္ေခါကက္ ကမ္းလွမ္းထားတဲ့ ေပါင္ သန္း ၁၀၀ တန္ ကမ္းလွမ္းခ်က္ကို ခ်ယ္လ္ဆီးဘက္က ပယ္ခ်ထားတယ္လုိ႔ အဆိုပါသတင္းက ဆက္လက္ေဖာ္ျပခဲ့ပါတယ္။

၃။ နယူးကာဆယ္အသင္းနည္းျပ ရာဖယ္ ဘင္နီတက္ဇ္ဟာ ရိုးမားအသင္းရဲ႕ နည္းျပသစ္ျဖစ္လာဖို႔ ေရပန္းစားေနေပမယ့္ ကာယကံရွင္ကေတာ့ အဆုိပါ ရာထူးကို ရယူဖို႔ စိတ္ပါဝင္စားမႈ မရွိဘူးလို႔ Gazzetta Dello Sport က ေဖာ္ျပခဲ့ပါတယ္။

၄။ အက္သလက္တီကို မက္ဒရစ္အသင္းဟာ ဘာစီလိုနာ ခံစစ္မွဴး နယ္လ္ဆင္ ေဆမီဒိုကို ေခၚယူဖို႔အတြက္ ေျပာင္းေရႊ႕ေၾကး အနည္းဆံုး ယူရို ၃၅ သန္း ေပးေခ်ဖို႔႔ လိုအပ္မွာျဖစ္တယ္လုိ႔ သိရပါတယ္။ ေဆမီဒိုဟာ ဘာစီလိုနာအသင္းနဲ႔ ယူရို သန္း ၁၀၀ တန္ စာခ်ဳပ္ဖ်က္သိမ္းခ ရွိေနေပမယ့္ ဘာစီလိုနာဘက္ကေတာ့ ယူရို ၃၅ သန္း ရရွိရင္ လက္လႊတ္သြားဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။

၅။ နာပိုလီအသင္းရဲ႕ ဥကၠဌ ေအာ္ရယ္လီယို ဒီ ေလာ္ရန္းတစ္က သူတို႔အသင္းဟာ အေျပာင္းေရႊ႕ေစ်းကြက္ထဲမွာ ထိပ္တန္းတိုက္စစ္မွဴး တစ္ဦးရွာေဖြေနတယ္လုိ႔ Sky Italia ကို ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါ့အျပင္ ေလာရန္းတစ္က သူတို႔ဟာ အမ္ပိုလီ ညာေနာက္ခံလူ ဂီယိုဗန္နီ ဒီေလာ္ရန္ဇိုကို ေခၚယူႏုိင္ခဲ့ျပီျဖစ္တယ္လုိ႔လည္း အတည္ျပဳေျပာဆိုခဲ့ပါတယ္။

၆။ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ကြင္းလယ္တုိက္စစ္ကစားသမား ဂ်ိမ္းစ္ ရိုဒရီဂြက္ဇ္ဟာ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ကစားဖို႔ စိတ္ဆႏၵမရွိဘူးျဖစ္ေနတယ္လုိ႔ Marca ရဲ႕ သတင္းကဆိုပါတယ္။ ရိုဒရီဂြက္ဇ္ဟာ နာပိုလီအသင္း ဒါမွမဟုတ္ ဂ်ဴဗင္တပ္အသင္း ထံ ေျပာင္းေရႊ႕ျဖစ္လိမ့္မယ္လို႔ သတင္းၾကီးေနပါတယ္။

၇။ အင္တာမီလန္အသင္းဟာ အသက္ ၁၉ ႏွစ္အရြယ္သာရွိေသးတဲ့ မက္ဆီဒိုးနီးယား လူငယ္ၾကယ္ပြင့္ အယ္ယစ္ဖ္ အယ္မာစ္ကို ေခၚယူႏုိင္ဖို႔ နီးစပ္ေနျပီျဖစ္ပါတယ္။ ဖီနာဘာခ်ီအသင္းမွာ ေျခစြမ္းေကာင္းျပသႏုိင္ခဲ့တဲ့ အယ္လ္မာ့စ္ကို လာဇီယိုအသင္းနဲ႔ နာပိုလီအသင္းေတြကလည္း ေခၚယူဖို႔ မ်က္စိက်ေနျပီး တူရကီကလပ္ရဲ႕ ဥကၠဌ အလီ ေကာ့ခ္ ကေတာ့ အင္တာမီလန္အသင္းထံ ယူရုိ ၁၁ သန္းနဲ႔ ေရာင္းခ်ဖို႔ ေဆြးေႏြးေနပါတယ္။

၈။ ဘြန္ဒက္စ္လီဂါကလပ္ ေဒါ့မြန္အသင္းဟာ စီးရီးေအကေန တန္းဆင္းသြားခဲ့ျပီျဖစ္တဲ့ အမ္ပိုလီအသင္းက လူငယ္ၾကယ္ပြင့္ေတြျဖစ္ၾကတဲ့ ကြင္းလယ္လူ ဟာမတ္ ဂ်ဴနီယာ ထရာအိုေရးနဲ႔ ကြင္းလယ္တုိက္စစ္ကစားသမား အစၥေမးလ္ ဘန္နန္ဆာတို႔ကို ေခၚယူဖို႔ ျပစ္မွတ္ထားၾကိဳးပမ္းေနေပါတယ္။ တျခားတစ္ဖက္မွာလည္း ဘန္နန္ဆာကို စီးရီးေအကလပ္ ရိုးမားအသင္းက ပစ္မွတ္ထားေနသလုိ ထရာအိုေရးဟာလည္း ဖီအိုရင္တီးနားအသင္းကို ေျပာင္းေရႊ႕ျဖစ္မယ္လို႔ ေရပန္းစားေနပါတယ္။

 

Unicode

 

၁။ နယ်သာလန်သတင်းစာ De Telegraaf ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ မာတင် အိုဒီဂတ်နဲ့ အေဂျက်စ်အသင်းရဲ့ အားကစားဒါရိုက်တာ မာ့ခ် အိုဗားမားစ်တို့အကြား သီးခြားဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အေဂျက်စ်အသင်းဟာ နော်ဝေလက်ရွေးစင် လူငယ်ကြယ်ပွင့် အိုဒီဂတ်ကို ၂ ရာသီအငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ အိုဒီဂတ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက နယ်သာလန်အမှတ်ပေးပြိုင်ပွဲဝင် ဗီတက်ဆီအသင်းမှာ အငှားလာရောက်ကစားခဲ့ဖူးပြီး ၉ ဂိုးသွင်းယူကာ ၁၂ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

၂။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ချယ်လ်ဆီးကွင်းလယ်လူ အီဒင် ဟာဇက်ကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး မြှင့်တင်ကမ်းလှမ်းဖို့ ပြင်ဆင်လာနေပြီဖြစ်ပါတယ်။ မက်ဒရစ်အသင်းဟာ ဟာဇက်အတွက် ပေါင် ၁၀၆ သန်းအထိ ပေးချေသွားဖို့ ရှိနေတယ်လို့ Telegraph သတင်းစာက ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ခေါကက် ကမ်းလှမ်းထားတဲ့ ပေါင် သန်း ၁၀၀ တန် ကမ်းလှမ်းချက်ကို ချယ်လ်ဆီးဘက်က ပယ်ချထားတယ်လို့ အဆိုပါသတင်းက ဆက်လက်ဖော်ပြခဲ့ပါတယ်။

၃။ နယူးကာဆယ်အသင်းနည်းပြ ရာဖယ် ဘင်နီတက်ဇ်ဟာ ရိုးမားအသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေပေမယ့် ကာယကံရှင်ကတော့ အဆိုပါ ရာထူးကို ရယူဖို့ စိတ်ပါဝင်စားမှု မရှိဘူးလို့ Gazzetta Dello Sport က ဖော်ပြခဲ့ပါတယ်။

၄။ အက်သလက်တီကို မက်ဒရစ်အသင်းဟာ ဘာစီလိုနာ ခံစစ်မှူး နယ်လ်ဆင် ဆေမီဒိုကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ယူရို ၃၅ သန်း ပေးချေဖို့ လိုအပ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဆေမီဒိုဟာ ဘာစီလိုနာအသင်းနဲ့ ယူရို သန်း ၁၀၀ တန် စာချုပ်ဖျက်သိမ်းခ ရှိနေပေမယ့် ဘာစီလိုနာဘက်ကတော့ ယူရို ၃၅ သန်း ရရှိရင် လက်လွှတ်သွားဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

၅။ နာပိုလီအသင်းရဲ့ ဥက္ကဌ အော်ရယ်လီယို ဒီ လော်ရန်းတစ်က သူတို့အသင်းဟာ အပြောင်းရွှေ့ဈေးကွက်ထဲမှာ ထိပ်တန်းတိုက်စစ်မှူး တစ်ဦးရှာဖွေနေတယ်လို့ Sky Italia ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် လောရန်းတစ်က သူတို့ဟာ အမ်ပိုလီ ညာနောက်ခံလူ ဂီယိုဗန်နီ ဒီလော်ရန်ဇိုကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့လည်း အတည်ပြုပြောဆိုခဲ့ပါတယ်။

၆။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ် ရိုဒရီဂွက်ဇ်ဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားဖို့ စိတ်ဆန္ဒမရှိဘူးဖြစ်နေတယ်လို့ Marca ရဲ့ သတင်းကဆိုပါတယ်။ ရိုဒရီဂွက်ဇ်ဟာ နာပိုလီအသင်း ဒါမှမဟုတ် ဂျူဗင်တပ်အသင်း ထံ ပြောင်းရွှေ့ဖြစ်လိမ့်မယ်လို့ သတင်းကြီးနေပါတယ်။

၇။ အင်တာမီလန်အသင်းဟာ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ မက်ဆီဒိုးနီးယား လူငယ်ကြယ်ပွင့် အယ်ယစ်ဖ် အယ်မာစ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ဖီနာဘာချီအသင်းမှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့တဲ့ အယ်လ်မာ့စ်ကို လာဇီယိုအသင်းနဲ့ နာပိုလီအသင်းတွေကလည်း ခေါ်ယူဖို့ မျက်စိကျနေပြီး တူရကီကလပ်ရဲ့ ဥက္ကဌ အလီ ကော့ခ် ကတော့ အင်တာမီလန်အသင်းထံ ယူရို ၁၁ သန်းနဲ့ ရောင်းချဖို့ ဆွေးနွေးနေပါတယ်။

၈။ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းဟာ စီးရီးအေကနေ တန်းဆင်းသွားခဲ့ပြီဖြစ်တဲ့ အမ်ပိုလီအသင်းက လူငယ်ကြယ်ပွင့်တွေဖြစ်ကြတဲ့ ကွင်းလယ်လူ ဟာမတ် ဂျူနီယာ ထရာအိုရေးနဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အစ္စမေးလ် ဘန်နန်ဆာတို့ကို ခေါ်ယူဖို့ ပြစ်မှတ်ထားကြိုးပမ်းနေပေါတယ်။ တခြားတစ်ဖက်မှာလည်း ဘန်နန်ဆာကို စီးရီးအေကလပ် ရိုးမားအသင်းက ပစ်မှတ်ထားနေသလို ထရာအိုရေးဟာလည်း ဖီအိုရင်တီးနားအသင်းကို ပြောင်းရွှေ့ဖြစ်မယ်လို့ ရေပန်းစားနေပါတယ်။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!