အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကွင်းလယ်လူဟောင်း ရောဘတ် ပီရက်စ်က သူကိုယ်တိုင်နဲ့ အွန်နရီအပါအဝင် ဂန္တဝင်တွေဟာ လူငယ်ကြယ်ပွင့်လေး မက်တီယို ဂွမ်ဒူဇီကို အကြံပေးမှုတွေ အတွေ့အကြုံမျှဝေမှုတွေ ပြုလုပ်နေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အွန်နရီနဲ့ ပီရက်စ်တို့ဟာ အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ဟောင်းတွေဖြစ်ကြသလို မကြခန လေ့ကျင့်ရေးကွင်းကို လာရောက်ပြီး အသင်းသားတွေကို အတွေ့အကြုံတွေ မျှဝေပေးလေ့ရှိကြသူတွေလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မတိုင်ခင်တုန်းက အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ လာရောက်လေ့ကျင့်ပေးသွားတဲ့ ပီရက်စ်က “အာဆင်နယ် ကစားသမားတစ်ယောက်အနေနဲ့ ဆိုရင် သူတို့အနေနဲ့ ဘယ်အသင်းမှာ ကစားနေတယ်ဆိုတာကို နားလည်ထားဖို့ လိုအပ်ပါတယ်။ ဒီကလပ်ဟာ အရေးကြီးတဲ့…

reading now

ပူကီဟာ နော်ဝှစ်ခ်ျအတွက် လေးပွဲကစားအပြီးမှာ ငါးဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး နာမည်ကျော်ကစားသမားတွေကို ကျော်ဖြတ်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရာသီအစမှာ ထင်မှတ်မထားတဲ့ ခြေစွမ်းတွေကို ပြသနေပြီး ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ နော်ဝှစ်ခ်ျတိုက်စစ်မှူးတီမူပူကီဟာ သြဂုတ်လရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆန္ဒမဲအများဆုံးနဲ့ ဆွတ်ခူးသွားခဲ့ပြီဖြစ်ပါတယ်။ ပူကီဟာ နော်ဝှစ်ခ်ျအတွက် လေးပွဲကစားအပြီးမှာ ငါးဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ 90 min ရဲ့ ဖော်ပြချက်အရ ပူကီအနေနဲ့ ပြိုင်ဘက်ကောင်းတွေကို ကျော်ဖြတ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ နယူးကာဆယ်နဲ့ပွဲမှာ ဟက်ထရစ်သွင်းယူပေးခဲ့ပြီး လီဗာပူးလ်၊ ချယ်လ်ဆီးတို့ကိုလည်း တစ်ဂိုးစီသွင်းယူပေးနိုင်ခဲ့တဲ့အတွက် ပူကီက အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်မှာ…

reading now

၁။ အာဆင်နယ်အသင်းနဲ့ နော်တင်ဟမ် ဖောရက်စ်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ်အတွက် အသေးစိတ်အချက်အလက်တွေကို အာဆင်နယ်အသင်းဘက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဆိုပါပွဲစဉ်ကို စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၇:၄၅ (မြန်မာစံတော်ချိန် ၂၅ ရက်နေ့ မနက် ၁:၁၅) မှာ ကစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ၂။ အာဆင်နယ်အသင်းက စပါးအသင်းကို ချေပဂိုးသွင်းယူခဲ့ချိန်မှာ အရံခုံတန်းက ကစားသမားတွေအားလုံး အောင်ပွဲခံခဲ့ကြပေမယ့် လူးကပ်စ် တော်ရဲယားတစ်ယောက် အေးတိအေးစက်နဲ့ ထိုင်နေခဲ့တာကြောင့် အသင်းမှာ မပျော်မရွှင်ပြန်ဖြစ်နေပြီလားလို့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။…

reading now

၁။ ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ ဒူး ဒါဏ်ရာပြဿနာကြောင့် ပြင်သစ်လက်ရွေးစင်အသင်းလူစာရင်းကနေ နှုတ်ထွက်လိုက်ပါတယ်။ မန်ယူအသင်းရဲ့ ကြေညာချက်မှာတော့ အသင်းရဲ့ အေယွန် လေ့ကျင့်ရေးကွင်းမှာ ပေါ့ဘာရဲ့ ဒါဏ်ရာကို စစ်ဆေးမှုပြုလုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။ ၂။ မန်ယူအသင်းက လူငယ် ခံစစ်မှူး ကင်မရွန် ဘော့သ်ဝစ်ခ်-ဂျက်ဆင်ဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာပဲ လိဂ်-၁ ကလပ် ထရမ်မဲရ် ရိုဗာစ်အသင်းထံ ပြောင်းရွှေ့သွားခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဘယ်နောက်ခံလူလေးဟာ လိဂ်-၁ ကလပ်မှာ တစ်ရာသီ အငှားသွားရောက်ကစားမှာဖြစ်ပါတယ်။ ၃။ မန်ယူအသင်းဟာ…

reading now

အာဆင်နယ်အသင်းရဲ့ ဂိုးသမား ဘန်းန်ဒ် လီနိုက သူတို့အသင်းရဲ့ တိုက်စစ်ဟာ ဘယ်လို ပြိုင်ဘက်မျိုးကိုမဆို ဖြတ်ကျော်ဂိုးသွင်းနိုင်စွမ်းရှိနေပြီလို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲမှာ သွင်းဂိုး ၆ ဂိုး သွင်းယူထားပြီး အူဘာမီယန်းက ၃ ဂိုး လာကာဇက်က ၂ ဂိုး သွင်းယူထားသလို ကစားသမားသစ်တွေဖြစ်ကြတဲ့ စီဘာယော့စ်က ဂိုးဖန်တီးမှု ၂ ကြိမ်နဲ့ ပပ်ပေက ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ လီနိုက…

reading now

၁။ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်အသင်းဟာ နော်ဝေချန်ပီယံ ရိုဆင်ဘော့အသင်းက ဒိန်းမတ်တိုက်စစ်မှူး နစ်ကလပ်စ် ဘန့်ဒ်နာကို ၆ လ စာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ၂။ မန်ချက်စတာ စီးတီးအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတွေဟာ နော်ဝေကလပ် အက်ဖ်ကေ ဘိုဒို/ဂလင့်မ်က လူငယ်ကစားမသား ဟာကွန် အန်ယန်ကို ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေကြပါတယ်။ အဆိုပါ မန်ချက်စတာ မြို့ခံ နှစ်သင်းလုံးဟာ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲမှာ ၉ ဂိုးသွင်းယူကာ ၄ ဂိုးဖန်တီးပေးထားတဲ့ နော်ဝေ ယူ-၂၀ ကြယ်ပွင့်လေးကို လက်ရှိမှာ ကင်းထောက်စောင့်ကြည့်မှုပြုလုပ်နေပြီး ဇန်နဝါရီမှာ…

reading now

မန်ချက်စတာ ယူနိုက်တက်အသင်းက လက်ရှိရာသီအစမှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေးချေ ခေါ်ယူထားတဲ့ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက အသင်းရဲ့ ကစားပုံကို ဝေဖန်ခဲ့ပြီး ဘောလုံးထိမ်းချုပ်ပုံတိုးတက်အောင် လုပ်ဖို့ လိုအပ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးမှာ မက်ဂွိုင်းယားက ခုလို ပြောဆိုခဲ့တာဖြစ်ပြီး အသင်းရဲ့ အားနည်းချက်ကို ပွင့်ပွင့်လင်းလင်း ထောက်ပြဝေဖန်ခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့ ဘောလုံးကို ခပ်ဝေးဝေးကို ရောက်အောင်ပို့နိုင်ဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ အဲဒီနေရာမှာ တိုးတက်မှုပြသနိုင်ဖို့ လိုအပ်နေပါတယ်။ ကျွန်တော်တို့ရဲ့ ဘောလုံးအပေါ် အသာစီးဆန်ဆန်ကစားနိုင်စွမ်းနဲ့ ဘောလုံးကို ယုံကြည်မှုရှိရှိကစားနိုင်စွမ်းကို ပြသနိုင်ဖို့…

reading now

၁။ နောက်ခံလူ မက်တီယို ဒါမီယန်ဟာ အသင်းမှာ လူပိုဖြစ်နေတယ်လို့ ပြောဆိုခံခဲ့ရတာကြောင့် အသင်းကနေ ထွက်ခွာသွားခဲ့တာဖြစ်တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားဟာ မက်တီယို ဒါမီယန်အနေနဲ့ သူ့ အသင်းရဲ့ အစီအမံတွေမှာ ပါဝင်တော့မှာမဟုတ်ဘူးလို့ ပွင့်ပွင်းလင်းလင်း အသိပေးခဲ့ပြီး အသင်းကနေ ထွက်ခွာသွားဖို့ တောင်းဆိုခဲ့တယ်လို့ အဆိုပါသတင်းက ဖော်ပြခဲ့ပါတယ်။ မန်ယူအသင်းဟာ ပါးမားဘက်က ဒါမီယန်ကို ပြန်လည်ရောင်းချမယ်ဆိုရင် ပြောင်းရွှေ့ကြေးရဲ့ တစ်စိတ်တစ်ဒေသကို မန်ယူအသင်းကို ပေးချေမယ်ဆိုတဲ့ သဘောတူညီချက် ထည့်သွင်းခဲ့တယ်လို့လည်း သိရပါတယ်။ ၂။ အင်တာမီလန်တိုက်စစ်မှူး…

reading now

အာဆင်နယ်အသင်းဟာ တောင်ပံလူ ဟင်းနရစ် မီခီတာရီးယန်းကို ရိုးမားအသင်းထံ တန်ကြေး ပေါင် ၂.၇ သန်းနဲ့ တစ်ရာသီ အငှား ချထားလိုက်ပြီဖြစ်ပါတယ်။ Football London ရဲ့ ဖော်ပြချက်အရတော့ အာဆင်နယ်အသင်းရဲ့ နည်းပြ အူနိုင်း အမ်မရီဟာ အသင်းက လူငယ်ကြယ်ပွင့် ဂါဘရီယယ်လီ မာတီနယ်လီကို အစားထိုး အခွင့်အရေးပေးဖို့ ဆုံးဖြတ်ထားတာကြောင့် ရိုးမားအသင်းဆီက ကမ်းလှမ်းမှုရလာချိန်မှာ ချက်ခြင်းလက်ခံလိုက်တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ မီခီတာရီးယန်းဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတုန်းက အလက်ဆစ် ဆန်းချက်ဇ်နဲ့ တိုက်ရိုက်လဲလှယ်မှုအဖြစ် အာဆင်နယ်အသင်းထံ ရောက်ရှိလာသူဖြစ်ပြီး…

reading now

အာဆင်နယ် အသင်းက ပြီးခဲ့တဲ့ စပါးနဲ့ ပွဲမှာ အူဘာမီယန်း၊ လာကာဇတ် နဲ့  ပေပေ တို့ က ပထမဆုံး အတူတွဲပြီး ကစားခဲ့ကြပါတယ်။ ပေပေ က လာကာဇတ် ချေပဂိုးအတွက် ပံ့ပိုးခဲ့သလို ၂ ဂိုးစီ သရေကျမယ့် ဂိုးကိုတော့ အူဘာမီယန်းက သွင်းယူခဲ့ပါတယ်။ သူတို့  တိုက်စစ် အတွဲနဲ့  ပတ်သက်ပြီး မော်ရင်ညိုက "သူတို့ က အင်မတန် ကောင်းမွန်တဲ့ အတွဲပါ။ သူတို့ …

reading now

error: Content is protected !!