[ZawGyi] ၁။ ချယ်လ်ဆီးအသင်းဟာ နည်းပြဆာရီတယောက် အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းကို လာမယ့်ရက်ပိုင်းအတွင်း အတည်ပြုကြေညာလိမ့်မယ်လို့ သိရပါတယ်။ ၂။ နည်းပြဆာရီအနေနဲ့ ဂျူဗင်တပ်နည်းပြရာထူးကို တရားဝင်လက်ခံရယူပြီးခဲ့ရင် ပထမဆုံးခေါ်ယူမယ့် ကစားသမားဟာ စပါးအသင်းရဲ့ အင်္ဂလန်နောက်ခံလူ ထရစ်ပီယာဖြစ်ကြောင်း Daily Star က ဖော်ပြခဲ့ပါတယ်။ ၃။ သတင်းရင်းမြစ်များစွာရဲ့ဖော်ပြချက်အရတော့ နည်းပြဆာရီရဲ့နေရာကိုအစားထိုးမယ့် နည်းပြသစ်အဖြစ် ဂျူဗင်တပ်နည်းပြဟောင်း အယ်လီဂရီက ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ၄။ ဂျူဗင်တပ်ကွင်းလယ်ကစားသမား ဘာနာဒက်စ်ခီကတော့ နည်းပြဆာရီဟာ တူရင်မြေကို ကောင်းကောင်းဦးဆောင်နိုင်စွမ်းရှိတဲ့ နည်းပြတဦးဖြစ်ကြောင်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ ၅။…

reading now

[ZawGyi] ၁။ နည်းပြဟောင်း လူးဝစ်ဗန်ဟားလ်ကတော့ အေဂျက်စ်လူငယ်ကြယ်ပွင့်လေး ဒီလစ်ခ်ျအနေနဲ့ မန်ယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတွေကို ငြင်းပယ်ပြီး မန်စီးတီးအသင်းဆီကိုသာ ပြောင်းရွှေ့သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။ ၂။ အင်တာမီလန်အသင်းဟာ မန်ယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူး လူကာကူကို ခေါ်ယူချင်နေပေမယ့် ပြောင်းရွှေ့ကြေးကြောင့် အခက်တွေ့နေရပါတယ်။ ဆန်စီရိုအသင်းအနေနဲ့ ပေါင်သန်း (၄၀)ထက်ပိုသုံးခဲ့မယ်ဆိုရင် FFP စည်းမျဉ်းနဲ့ ညိစွန်းနိုင်တဲ့အတွက် ပေါင် (၆၂)သန်း ဈေးသတ်မှတ်ထားတဲ့ ဘယ်လ်ဂျီယံသားကို ခေါ်ယူရခက်ခဲနေတာ ဖြစ်ပါတယ်။ ၃။ မန်ယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်နဲ့ ဥရောပပြိုင်ပွဲတွေမှာ အောင်မြင်မှုဆီ အရောက်လှမ်းနိုင်ဖို့ဆိုရင် ကမ္ဘာ့အဆင့်ကစားသမား အရခေါ်ယူနိုင်ဖို့ လိုအပ်ကြောင်း…

reading now

[ZawGyi] ချယ်လ်ဆီးနည်းပြဟောင်းမော်ရင်ညိုကတော့ သူ့အနေနဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျကို ပြန်လာမယ်ဆိုတဲ့သတင်းတွေကို ဖြေရှင်းငြင်းဆန်သွားခြင်း မရှိခဲ့ပါဘူး။ ပေါ်တူဂီသားဟာ စနေနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ကို အာဆင်နယ်ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးနဲ့အတူ ပွဲသုံးသပ်သူအနေနဲ့ Bein Sport မှာ ဆောင်ရွက်သွားခဲ့ပါတယ်။ နည်းပြဆာရီကို ဂျူဗင်တပ်အသင်းထံ လက်လွှတ်ရတော့မယ့် ခြင်္သေ့ပြာတို့အနေနဲ့ အစားထိုးရမယ့် နည်းပြသစ်တဦးရှာဖွေနေတဲ့အတွက် အသက် (၅၆)နှစ်သားဟာလည်း သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာလကတည်းက မန်ယူနိုက်တက်နည်းပြအဖြစ်ကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ မော်ရင်ညိုဟာ အဆိုပါသတင်းတွေနဲ့ပတ်သက်လို့ တစုံတရာ မှတ်ချက်ပေးမသွားခဲ့တာပါ။ ချယ်လ်ဆီးအသင်းကို ပြန်လာမယ်ဆိုတဲ့ သတင်းတွေအပေါ်…

reading now

၁။ အာဆင်နယ်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ ယူရိုပါလိဂ် ဖိုင်နယ်ပွဲစဉ်တုန်းက အိုဇေးလ်ရဲ့ အပြုအမူကို အကြီးအကျယ် စိတ်ဆိုးဒေါသထွက်နေကြတယို့ Daily Star သတင်းစာက ဖော်ပြခဲ့ပါတယ်။ အိုဇေးလ်ဟာ အသင်းရှုံးနိမ့်နေချိန် နည်းဗျူဟာ အပြောင်းအလဲအတွက် လူစားလဲခံချန်မှာ ကွင်းထဲက အလျှင်အမြန် ထွက်ခွာခဲ့ခြင်းမရှိပဲ စိတ်ပျက်လက်ပျက် အမူအရာနဲ့ ဖြေးဖြေးခြင်းလမ်းလျှောက်ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။ အိုဇေးလ်ရဲ့ အဆိုပါအပြုအမူကို ပရိတ်သတ်တွေနဲ့ ဂန္တဝင်တွေကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ ၂။ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ အရည်အသွေးမြင့် ကြယ်ပွင့် ကစားသမား ဇေဗီယာ အမေချီကို လက်လွှတ်ရဖို့ နီးစပ်လာနေပြီဖြစ်တယ်လို့…

reading now

အာဆင်နယ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပစ်မှတ်ကစားသမား အေဒရီယန် ရာဘီယော့ဟာ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းကို ပြောင်းရွှေ့ဖို့ ဆွေးနွေးနေတယ်လို့ Goal သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့် ကွင်းလယ်လူ အေဒရီယန် ရာဘီယော့ဟာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၁ လသာလိုတော့တဲ့ ကစားသမားဖြစ်ပြီး အလွတ်ပြောင်းရွှေ့ခွင့် နဲ့ ပြောင်းရွှေ့ခွင့် ရှိနေပေမယ့် လက်ရှိအချိန်အထိ အသင်းသစ် ရှာဖွေနိုင်သေးခြင်းမရှိသေးသူဖြစ်ပါတယ်။ ရာဘီယော့ဟာ ပြီးခဲ့တဲ့ရာသီဝက်ကတည်းက ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်အစရှိတဲ့ ထိပ်တန်းအသင်းကြီးတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် အဆင်ပြေမှုမရှိခဲ့သလို လက်ရှိမှာ အာဆင်နယ်၊ မန်ယူတို့နဲ့…

reading now

ဘာစီလိုနာအသင်းဟာ လာလီဂါပြိုင်ဘက် ဗလင်စီယာအသင်းက စပိန်လက်ရွေးစင် တိုက်စစ်မှူး ရိုဒရီဂိုကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ Goal သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီဟာ ရိုဒရီဂိုရဲ့ ခြေစွမ်းကို အထူး သဘောကျနှစ်သက်သူဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီကတည်းက ခေါ်ယူဖို့ စိတ်ဆန္ဒရှိနေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ကာတလန်ကလပ်တာဝန်ရှိသူတွေဟာ နည်းပြစိတ်ကြိုက်ကစားသမားဖြစ်တဲ့ အဆိုပါ စပိန်တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် ဗလင်စီယာအသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုပြုလုပ်နေပြီး အရေးပါတဲ့ အဆင့်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဗလင်စီယာအသင်းဟာ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရိုဒရီဂိုရဲ့ စာချုပ်ဖျက်သိမ်းခကို ယူရို…

reading now

၁။ လက်စတာစီးတီးအသင်းဟာ အာဆင်နယ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပစ်မှတ်ထားခြင်းခံနေရတဲ့ ၎င်းတို့ရဲ့ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းရာရဲ့ တန်ကြေးကို ပေါင် သန်း ၉၀ သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ ခံစစ်အားဖြည့်ဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်အသင်းနဲ့ မန်ယူအသင်းတို့ဟာ မက်ဂွိုင်းယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် ယခုသတ်မှတ်လိုက်တဲ့ ဈေးကြောင့် ၂ သင်းလုံး နောက်ဆုတ်သွားကြဖွယ် ရှိနေပါတယ်။ လက်စတာ သတ်မှတ်လိုက်တဲ့ ဈေးနဲ့သာ အရောင်းအဝယ်ဖြစ်ခဲ့မယ်ဆိုရင် မက်ဂွိုင်းယားဟာ ဘောလုံးသမိုင်းတစ်လျှောက် ဈေးအကြီးဆုံး နောက်ခံလူဖြစ်လာမှာဖြစ်ပါတယ်။ ၂။ ဂျူဗင်တပ်အသင်းဟာ ရက်ဒ်ဘူးလ် ဆာလ်ဘာ့ဂ်အသင်းက ကွင်းလယ်တိုက်စစ်ကစားသမား…

reading now

အာဆင်နယ်အသင်းကနေ ထွက်ခွာလာခဲ့တဲ့ အတွက် သူ့ရဲ့ ကစားသမားဘဝဟာ တိုးတက်မှု ရှိလာခဲ့တယ်လို့ ယုံကြည်ကြောင်း ချယ်လ်ဆီးတိုက်စစ်မှူး အိုလီဗီယာ ဂျရူးက ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ ဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးမှာ ဂျရူးက ခုလို ပြောဆိုခဲ့တာဖြစ်ပြီး ချယ်လ်ဆီးမှာ ကစားရတာဟာ ဆုဖလားရဖို့ အခွင့်အလမ်းပိုများတယ်လို့ သူကဆိုခဲ့ပါတယ်။ “အာဆင်နယ်ကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့နိုင်ခဲ့တာကြောင့် တိုးတက်မှုတွေ ရှိလာပါတယ်။ ဒီမှာက ဆုဖလားရနိုင်ချေ အခွင့်အလမ်းပိုများပါတယ်။ ကမ္ဘာ့ဖလား ရပြီး တစ်နှစ်အကြာမှာ ယူရိုပါလိဂ်ဖလားကို ဆက်ပြီး ဆွတ်ခူးနိုင်ခဲ့တာက ကျွန်တော့်အတွက် ကြီးကျယ်တဲ့ အောင်မြင်မှုပါ”…

reading now

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့အသင်းကနေ ထွက်ခွာဖို့ နီးစပ်လာနေတဲ့ စပိန်လက်ရွေးစင် ဂိုးသမား ဒေးဗစ် ဒီဂီယာအတွက် ပြောင်းရွှေ့ကြေး တန်ဖိုးကို သတ်မှတ်လိုက်ပြီဖြစ်ကြောင်း Goal သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဆိုပါ သတင်းဖော်ပြချက်အရ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ ဒီဂီယာအတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၇၅ သန်းလို့ မန်ယူအသင်းက သတ်မှတ်လိုက်တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဒီဂီယာကို ရောင်းချလိုခြင်းမရှိပေမယ့် ကစားသမားတောင်းဆိုတဲ့ တစ်ပတ် လုပ်ခ ပေါင် ၅ သိန်းကို ပေးချေဖို့ အခက်တွေ့နေသလို စပိန်သားရဲ့…

reading now

အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူဟောင်း ပက်ထရစ် ဗီယာရာဟာ ချယ်လ်ဆီးနည်းပြသစ် ရာထူးအတွက် ရေပန်းစားသူတွေစာရင်းမှာ တစ်ဦးအပါအဝင်ဖြစ်လာပြီဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ဥရောပအောင်မြင်မှုနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တွေ ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ ဆာရီကို ဂျူဗင်တပ်အသင်းထံ လက်လွှတ်ရဖို့ သေချာနေပြီဖြစ်ပြီး နည်းပြသစ်ရှာဖွေနေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လက်ရှိမှာ ဒါဘီကောင်တီနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ချယ်လ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်း လမ်းပတ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပေမယ့် လမ်းပတ်ကိုယ်တိုင်က ချယ်လ်ဆီးကို လက်ရှိအချိန်မှာ ကိုင်တွယ်ဖို့ ဆန္ဒမရှိသေးကြောင်း ပြောဆိုထားတာကြောင့်…

reading now

error: Content is protected !!