အာဆင်နယ်အသင်းဟာ ဆမ်ဒိုးရီးယားအသင်းက ကြယ်ပွင့် ကစားသမား ၂ ဦးဖြစ်တဲ့ ဂျိုအာချင် အန်ဒါဆင်နဲ့ ဒန်းနစ် ပရတ်တို့ကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၂ သန်းနဲ့ စတင်ကမ်းလှမ်းလိုက်ပြီဖြစ်တယ်လို့ အီတလီမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ခံစစ်နဲ့ ကွင်းလယ်ပိုင်းမှာ အင်အားဖြည့်တင်းဖို့ ဆန္ဒရှိနေတဲ့ အာဆင်နယ်အသင်းဟာ အန်ဒါဆင်နဲ့ ပရတ်တို့ကို ပြီးခဲ့တဲ့ ရာသီကတည်းက ကင်းထောက်တွေ စေလွှတ်ပြီး အနီးကပ်စောင့်ကြည့်မှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ စတင် ကမ်းလှမ်းမှုပြုလုပ်ခဲ့တာဖြစ်တယ်လို့ Tuttosport က ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အသက် ၂၃…

reading now

နာနီဟာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဖလား (၄)လုံး ရယူဖူးတဲ့ တောင်ပံကစာသမားဟောင်း လူးဝစ် နာနီက လက်ရှိမန်ယူအသင်းကို ကြည့်ပြီး နာကျင်နေရတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ကြောင်း Express သတင်းစာက ဖော်ပြခဲ့ပါတယ်။ "ကျွန်တော် အခုချိန်ထိ ယူနိုက်တက်ပွဲတွေကို ကြည့်နေဆဲပါ၊ ဒါက ကျွန်တော့်ကို ၀မ်းနည်းနာကျင်စေပါတယ်၊ လာမယ့်ရာသီမှာ သူတို့တွေက အခုထက်ပိုကောင်းအောင် ပြုလုပ်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" လို့ Omnisport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ နာနီက ပြောခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ပြီးခဲ့တဲ့ရာသီမှာ အဆင့် (၆)နေရာသာ ရရှိခဲ့ပြီး…

reading now

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်း လူးဝစ် ဗန်ဟားလ်က မန်ယူအသင်းရဲ့ နည်းပြ အက်ဒ် ဝုဒ်ဝါ့ဒ်ဟာ ဘောလုံးအကြောင်းကို နကန်းတစ်လုံးမှ နားမလည်တဲ့သူဖြစ်တယ်လို့ ဝေဖန်ပြောဆိုလိုက်ကြောင်း Sky Sports သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ "သူ့ (ဝုဒ်ဝါ့ဒ်) ရဲ့ ဘောလုံးအပေါ် နားလည်မှုက သုညပါ။ ဘိုင်ယန်မှာဆို ဦးဆောင်သူတွေက ဘောလုံးလောကသားတွေပါ။ ဒီလို လုပ်ဆောင်တာမျိုးကို ကျွန်တော် အမြဲ အသိအမှတ်ပြုပါတယ်။ မန်ယူမှာတော့ တစ်စိမ်းတစ်ယောက်ရဲ့ လက်ထဲမှာပါ။" လို့ ဗန်ဂါးလ်က ဂျာမန်မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ 11 Freunde နဲ့…

reading now

[ZawGyi] အာဆင်နယ်အသင်းရဲ့ နောက်ခံလူ လစ်ခ်ျစတိုင်နာဟာ အမ်းမရိတ်မြေကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း တရားဝင် အတည်ပြု ကြေညာသွားခဲ့ပါတယ်။ အသက် (၃၅)နှစ်သားဟာ ပြီးခဲ့တဲနှစ် နွေရာသီကမှ ဂန်းနားတို့ထံ ဂျူဗင်တပ်အသင်းဆီကနေ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး (၁)နှစ် စာချုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီအတွင်းမှာ အာဆင်နယ်အသင်းရဲ့ အဓိကညာနောက်ခံလူ ဟက်တာဘယ်လာရင် ဒဏ်ရာကြောင့် ကာလရှည်ကြာ နားခဲ့ရပေမယ့်လည်း ဆွစ်ဇာလန်သားအနေနဲ့ ကစားခွင့်မရရှိခဲ့ဘဲ မူစတာဖီ၊ မစ်လန်းနိုင်းစ်တို့သာ ညာနောက်ခံနေရာမှာ ပွဲထွက်ခဲ့ကြပါတယ်။ ယူရိုပါလိဂ်ဖလားဗိုလ်လုပွဲစဉ်မှာလည်း အရံခုံပေါ်မှာသာ အချိန်ကုန်ဆုံးခဲ့ရတဲ့ လစ်ခ်ျစတိုင်နာကတော့ အသင်းဖော်တွေကို လာမယ့်ရာသီမှာ အကောင်းဆုံးဖြစ်ပါစေကြောင်း တောင်းဆုပြုပေးခဲ့ပါတယ်။…

reading now

အာဆင်နယ်ကြယ်ပွင့်ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ ပြီးခဲ့တဲ့အပတ်က ချယ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မှာ နည်းပြ အမ်မရီကို စော်ကားတဲ့စကားလုံးတွေကို ပြောကြားတာကြောင့် အသင်းကနေ ထွက်ခွာရဖို့ ပိုမိုသေချာခဲ့ပြီဖြစ်တယ်လို့ တူရကီ မီဒီယာ Fanatik ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး The Sun က ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဘာကူမှာ ချယ်ဆီးအသင်းရဲ့ ၄ ဂိုး ၁ ဂိုးနဲ့ ချေမှုန်းခြင်းကို ခံခဲ့ရပြီး ယခုရာသီကို ဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရသလို လာမယ့်ရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်မရဘဲ ယူရိုပါလိဂ်ပြိုင်ပွဲကိုသာ ၃ နှစ်ဆက်…

reading now

၁။ ချယ်လ်ဆီးအသင်းက လူငယ်တိုက်စစ်မှူး တင်မီ အေဗရာဟမ်ဟာ အသင်းကနေ ထွက်ခွာရဖို့ သေချာနေပြီဖြစ်တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း ရရှိရင် အေဗရာဟမ်ကို ရောင်းထုတ်တော့မှာဖြစ်ပြီး အက်စတွန်ဗီလာအသင်းက ခေါ်ယူဖို့ ညှိနှို်းနေပြီဖြစ်ပါတယ်။ ၂။ ထိပ်တန်းအသင်းတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ မာရီယို ဂေါ့ဇီတစ်ယောက်အသင်းကနေထွက်ခွာဖို့ အစီအစဉ်မရှိဘူးလို့ ဒေါ့မွန်အသင်းရဲ့ အမှုဆောင်အရာရှိ ဟန်းစ်-ဂျိုအာချင် ဝတ်ဇ်ကီက ပြောဆိုလိုက်ပါတယ်။ ဂေါ့ဇီဟာ အသင်းက ထွက်ခွာခွင့်အတွက် တောင်းဆိုထားတာမျိုးမရှိသလို အသင်းကလည်း သူ့ကို ရောင်းချဖို့…

reading now

[ZawGyi] ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကြယ်ပွင့် ဖီလစ်ပီကော်တင်ညိုဟာ မန်ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့ဆီက စိတ်ဝင်စားမှုကို ရရှိနေပေမယ့် ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ ဘရာဇီးလ်သားဟာ နူးကမ့်မှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရသူဖြစ်ပြီး ကတ်တလန်ကလပ်အသင်းအနေနဲ့လည်း ပေါင် (၁၄၂)သန်းသာ ရရှိခဲ့ပါက ရောင်းထုတ်သွားဖို့ ပြင်ဆင်နေပါတယ်။ အေဒင်ဟာဇက်ကို ရီးယဲလ်မက်ဒရစ်အသင်းထံ ရောင်းထုတ်ရဖို့ နီးစပ်နေတဲ့ ခြင်္သေ့ပြာတို့အနေနဲ့ ကော်တင်ညိုကို ပစ်မှတ်ထားနေသလို တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းချင်နေတဲ့ မန်ယူနိုက်တက်ကလည်း ချိန်ရွယ်နေတာပါ။ ဒါပေမယ့်လည်း စပိန်သတင်းစာ Sport ကတော့ အသက် (၂၆)နှစ်သားဟာ အင်္ဂလန်မြေမှာ…

reading now

[ZawGyi] အာဆင်နယ်အသင်းနဲ့ စပိန်ကစားသမား အန်တိုနီယိုရေးယက်စ်ရဲ့ ရုပ်အလောင်းကို (တနင်္လာနေ့) ဒီမနက်မှာပဲ အိမ်ကို ပြန်လည်သယ်ဆောင်လာခဲ့ပါတယ်။ အသက် (၃၅)နှစ်သာရှိသေးတဲ့ ရေးယက်စ်ဟာ စနေနေ့မှာပဲ သူ့ရဲ့မာစီးဒီးစ်ကားကို တနာရီ (၁၄၇)မိုင်နှုန်းနဲ့ စီးနှင်းမောင်းနှင်ရာကနေတဆင့် အရှိန်လွန်မှောက်သွားခဲ့ပြီး အကြွေစောခဲ့တာ ဖြစ်ပါတယ်။ ဆီဗီလာကစားသမားဟောင်းရဲ့ ရုပ်အလောင်းကို ယူထရီယာမြို့တောင်ခန်းမကနေတဆင့် ဆန်တာမာရီယာချက်ဘုရားကျောင်းဆီ ရွှေ့ပြောင်းသယ်ဆောင်ခဲ့တာဖြစ်ပြီး လမ်းတလျှာက်မှာ ပရိသတ်ပေါင်းများစွာက ဝမ်းနည်းမျက်ရည်တွေနဲ့အတူ လေးစားဂုဏ်ပြုခဲ့ကြပါတယ်။ ပရိသတ်တွေဟာ ရေးယက်စ်ရဲ့ရုပ်အလောင်း သယ်ဆောင်လာသူရှေ့ရောက်ရင် ငြိမ်သက်စွာ ဝမ်းနည်းမှုပြသခဲ့ကြပြီးကြတဲ့နောက်မှာတော့ လက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ကြတာကိုလည်း တွေ့ခဲ့ရပါတယ်။ မြို့တော်ခန်းမအပြင်ဘက်တဝိုက်မှာ ဆုမွန်ကောင်းတောင်းပေးနေကြတဲ့ ပရိသတ်တွေ…

reading now

၁။ ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာအသင်းက ကွင်းလယ်လူ ဖီလစ်ပီ ကော်တင်ဟိုကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ စတင်ကြိုးပမ်းနေပြီဖြစ်ပါတယ်။ ဒါ့အပြင် ရာသီကုန်မှာ အပြီးသတ်ခေါ်ယူခွင့် သဘောတူညီချက်ပါ ထည့်သွင်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ Mail သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ၂။ ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့အသင်းက အသက် ၂၂ နှစ်အရွယ် လူငယ်နောက်ခံလူ ဆာဂျီယို ရီဂူလွန်ကို ရောင်းချသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ရီဂူလွန်ဟာ နည်းပြဟောင်း ဆိုလာရီလက်ထက်တုန်းက ပွဲထွက်ခွင့်အခွင့်အရေး ရရှိခဲ့ပေမယ့် တကျော့ပြန် နည်းပြ ဇီဒန်းကတော့ သူ့ကို နှစ်သက်သဘောကျခြင်းမရှိဘူးလို့…

reading now

[ZawGyi] ၁။ ဆွစ်ဇာလန်သား ဇာဒါန်ရှာကီရီကတော့ လီဗာပူးလ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်အတွက် ဆက်လက်တိုက်ပွဲဝင်သွားလိုနေပြီး အန်းဖီးလ်မှာသာ ဆက်ကစားဖို့ ဆန္ဒရှိနေတယ်လို့ Express သတင်းစာက ဖော်ပြခဲ့ပါတယ်။ ၂။ ချန်ပီယံလိဂ်ဖလားရ အောင်ပွဲအဖြစ် လီဗာပူးလ်အသင်းဟာ အမိုးဖွင့်ဘတ်စ်ကားနဲ့အတူ မြို့တွင်းလှည့်လည်အောင်ပွဲခံမှု ပြုလုပ်ခဲ့ပြီး ပရိသတ်ပေါင်းများစွာ လာရောက်ပူးပေါင်းခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ လီဗာပူးလ်သားတွေအတွက် ချိုမြိန်တဲ့ ရက်သတ္တပတ်တခုပါပဲ။ ၃။ လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ပူပူနွေးနွေး ရယူပေးထားတဲ့ နည်းပြကလော့ပ်ကို တနှစ်လုပ်ခ ပေါင် (၁၀)သန်းအထိ တိုးမြှင့်ပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ၄။…

reading now

error: Content is protected !!